ဧပြီ (ပယ်) တမ်းချင်း


ပိတောက်တွေဝေတော့မည်။ ထိုကာလသို့ရောက်လေတိုင်း အဝေးရောက်
သူငယ်ချင်းများကို သတိရသလိုလို.... သြော် ... ဒီအချိန်ဆိုရင်ဖြင့် သူ
တို့တွေ မြန်မာပြည်ကနွေကိုသတိရပေလိမ့်မည်.......
သင်္ကြန်ရေကိုတမ်းတပေလိမ့်မည်...... တချို့ကတော့ဆိုပေလိမ့်မည်
သူတို့တွေကတိုင်းပြည်ကိုခြေစုံကန်ခဲ့သူများလို့ပေါ့ ကျွန်တော့မိတ်ဆွေ
ဘာညာဘာညာ ဟူသည့်blogger ကြီးတစ်ဦးပင်လျှင် တိုင်းတပါးသွားသူများကို
ရက်ရက်စက်စက် ဝေဖန်ခဲ့သည်ကို ကျနော်ဖတ်ခဲ့ရပါသည်။
ကျနော်ကတော့ထိုသူများကို ကိုယ့်တိုင်းပြည်ကိုမချစ်သူများလို့ အပြစ်
မဆိုရက်ပါ။ (တစ်ချို့တစ်ဝက်တော့ရှိကောင်ရှိနိုင်ပါသည်။) ဒီမှာနေသူတိုင်း
ဒီမြေချစ်သူများ မဟုတ်ကြသည်ကိုသင်မြင်နိုင်ပါလျှင် ...............
မိသားစု ၀မ်းခါးအတွက် အဝေးရောက်နှလုံးသာများ ကြားမှ အလွမ်းများ ကို
သင်တွေ့နိုင်ပါလျှင်.......................................................
အနာဂါတ်သည် လူငယ်များရဲ့လက်ထဲတွင်ရှိသည် ဆိုသည်ကိုသင်လက်ခံ
နိုင်ပါလျှင် သင်တို့ရဲ့နေ၀င်ချိန်များသည် ထိုလူငယ်များ၏ လက်ထဲတွင်
ရှိနေသည်ကိုပါ မိတ်ဆွေတို့လက်ခံရပေမည်....
ကျိုကြောင်းဆင်ခြင်မှုမဲ့သော မျိုဆက်သစ်များ ဖြစ်အောင်သင်တို့
လမ်းပြခဲ့လျှင်မူ သင်တို့၏ နေ၀င်ချိန်သည်..........
သမိုင်းဟူသည်မှာ အနာဂါတ်အတွက် မျက်လုံးများဖြစ်သည် ဟုပြောကြပါသည်။ ထို့ကြောင့် ကျွန်တော်သည်သမိုင်းကိုစိတ်ဝင်စားပါသည်။ ကျောင်းသင်ခန်းစာများမှ သမိုင်းများကို စိတ်
ဝင်တစားဖတ်ဖြစ်ခဲ့သလို သမိုင်းစာအုပ်များကိုလည်း အချိန်ရလျှင်ရသလို လေ့လာဖြစ်ပါ
သည်။ သမိုင်းကို မှတ်တမ်းတင်သူသည် ရိုးသာရရုံသာမက Ovjective point of view မှ
မြင်တက်သူဖြစ်ရပေလိမ့်မည်။ ဥပမာ ဂျပန်ခေတ် သမိုင်းကြောင်းကိုရေးသားမည့် သူသည်
ဂျပန်ခေတ်၏ ဆိုရွားသော အခြေအနေ မှန်သမျှကို လွတ်လပ်စွာ ရေးသားနိုင်ပါသည်။
သို့သော် ထိုသို့ဆိုးဝါးသော ရက်စက်ကြမ်းကြုတ်သော စသည့် မည်သည့် ဝေဖန်မှုမျိုးကို
မှ မရေးသင့်ပါ။ ထိုအချက်များကို လေ့လာသူများ လွတ်လပ်စွာဆုံးဖြတ်လိမ့်မည်။
လူမျိုးတစ်စုကို ချစ်တက်အောင်သင်ပေးသောသမိုင်းများထက် သမိုင်အမှားများကို
သင်ခန်းစာယူကာ အနာဂါတ်ကမ္ဘာအတွက် လူသားအားလုံးကိုအကျိုးပြုသော သမိုင်များ
ပေါ်ထွန်းနိုင်ပါလျှင်.......