ပြောချင်တာလေးတွေ

ဟောဒီလောကကြီးမှာပေါ့လေ ကိုယ့်နှလုံးသားကို တုန်လှုပ်အောင်အလုပ်နိုင်ဆုံးဟာလည် မင်းပါဘဲ ....... ရယ်မော
ပျော်ရွင်အောင်အစွမ်းဆောင်နိုင်ဆုံးဟာ လည်းမင်းပါဘဲ ဘာလို့လဲဆိုတော့ ကိုယ့်နှလုံးသား အလည်ဗဟိုမှာ မင်းဘဲရှိတာကိုး.......ဟောဒီမာနကြီးလှပါတယ်ဆိုတဲ့ လောကကြီးကိုရင်ဆိုင်နိုင်ဖို့ အတွက် မင်းဆီက မျှော်လင့် ချက်ကလေးတွေဘဲ လိုအပ်တာပါ ......ဒါပေမယ့်ပေါ့လေ .....မင်းစိတ်ချမ်းသာမယ်ဆိုရင် အရာရာကိုရင်ဆိုင်ဖို့ အသင့်ပါဘဲ ဒီတော့လဲငါ့ မျှော်လင့်ချက်တွေကို နေရာဟောင်းမှာဘဲ သိပ်ထားလိုက်ပါ့မယ်.....
တကယ်တော့ ပေါ့လေ.....
မင်းကိုချစ်မိ အပြစ်ရှိရင်
ဝဋ်ရှိသမျှ ကြေပါစေ
လူဆိုတာ ကိုယ့်ဝါဒနဲ့ကိုယ်
ငါမှန်တယ်ထင်တယ်လို့ ငါလုပ်တာ
ငါ့သမိုင်းနဲ့ငါ
ဝေဖန်တာဟာ မင်းတို့အလုပ်
ဟုတ်ဟုတ်မဟုတ်ဟုတ် ဘာကိုမှမတုန်လုပ်ဘူး

ဟစ်တလာမဖြစ်ချင်ဘူး မာသာထရီဇာ မဖြစ်ချင်ဘူး
နပိုလီယံမဖြစ်ချင်ဘူး အိုင်စတိုင်းမဖြစ်ချင်ဘူး
ငါဆိုတာ ငါပါဘဲ
သူလိုလူမျိုးပါဆိုတာနဲ့ အကျော်ကြားခံချင်တဲ့ အထဲမှာ
ငါမပါဘူး.......

ငါဆိုတဲ့ငါ ငါ့ဘာသာရပ်တည်
ဒုက္ခနဲ့ ကြုံတဲ့အခါ တော့ ချစ်သူ့လက်ကို
တွဲထားချင်မိသား ဒါလည်း
အိုမာခရမ်ကို သဘောကျတာ မဟုတ်ပါဘူး......

သူ့ အယူအဆမှာ
ငါ့လက်ကိုဖေးမပေးချင်စိတ်မရှိရင်
ဒီအတိုင်ဘဲ ထားလိုက်ပါ
လူဆိုတာ ကိုယ်ဝါဒနဲ့ကိုယ်ပါဘဲ.................

တွေးစရာလေးတွေ

တစ်ခါတစ်ခါလည်းဗျာ ဟိုတွေး ဒီတွေးတွေးမိတဲ့ ဟာတွေ စဉ်းစားရင်းနဲ့ပေါ့လေ ဟုတ်တာတွေရော မဟုတ် တဟုတ် တွေရော ဘလောက်ပေါ်မှာ ရေးမိတက် သဗျ ။ ဒီတော့လည်း လွန်တာရှိရင်လည်း တောင်းပန်တယ်ဗျာ ဒီနေ့လည်း စဉ်းစားမိတာလေး နဲနဲတော့ရေးလိုက်ဦးမယ်.........

ကျနော်တို့ဆီမှာပေါ့မြန်မာစာ စာမေးပွဲတွေမှာ ဖြေရတဲ့ဟာ စာစီစာကုံးဆိုပါတော့ ဒီမှာက စစ်ရင် ဘယ်လိုစစ်သလဲလို့ဆိုတော့ လက်ရေးဘယ်လောက်လှရင် ဘယ်နှစ်မှတ် အကြောင်းရာနဲ့ ဆီလျှော်တဲ့ ဥပမာတွေ ပေးနိုင်ရင် ဘယ်နှစ်မှတ် ၀ါကျဖွဲ့ထုံးမှန်ရင်ဘယ်နှစ်မှတ် စသဖြင့်ပေါ့လေ အမှတ်ပေးကြတယ် ဒီတော့ မြန်မာစာ စာစီစာကုံး ရေးသားခြင်းမှာက လက်ရေးလှပြိုင်ပွဲဝင်သလိုဖြစ်နေတယ် ပေါ့လေ ။ အဲ ဒီဟာ ဗျာ အတော်ကိုစိတ်ပျက်ဖို့ကောင်းတယ်လို့ ကျနော်ကတော့ထင်တာဘဲ.... ဘာလို့လဲဆိုတော့ မြန်မာစာ လက်ရေးလှခြင်းမလှခြင်းက မြန်မာစာ တက်ခြင်းမတက်ခြင်းနဲ့ ဘာမှမဆိုင်ဘူးလို့ထင်တာဘဲ နောက်တစ်ခု ကပေါ့လေ ခေါင်းစဉ်နဲ့ ဆီလျှော်တာကိုအကိုးအကားတွေ နဲ့ ရေးတဲ့ ဟာ တကယ်တော့ သိပ်ပြီးတော့ အရေးမကြီးလှဘူးဗျ ဘာလို့လဲ ဆိုတော့ အဲ ဒါဟာ စာစီစာကုံးရေးတဲ့ သူတစ်ယောက်ရဲ့ talent နဲ့ ပေါ့ ဘာမှ ဆိုင်တဲ့ အချက်အလက်တွေမဟုတ်ဘူး ကျနော်ဗျာ စာအုပ်တစ်အုပ်ဖတ်လိုက်ရတယ် ဆရာကျော်ဝင်း ဘာသာပြန်တဲ့ ဟားဗတ်အကြိုက် အက်ဆေးများဆိုတဲ့ ဟာပေါ့ သူတို့ဆီကပေါ့လေ ကျောင်းသားတွေရေးတဲ့ စာစီစာကုံးတွေက ဗျာ တစ်ကယ့်ကိုတိုတို လေးတွေဗျ ။ ဒါပေမယ့် ထိတာတော့တစ်ကယ်ထိတယ် နော် သူတို့ ရဲ့ အမှတ်ပေး စည်းမျည်းကိုက ကြည့်လေ သတ်ပုံမှားတာတွေ လက်ရေးလှတာ မလှတာတွေက အဓိက ထား ပြီး အမှတ်မပေးပါဘူးတဲ့ အဲဒီလို သတ်ပုံမှားတာတွေသိပ်များမှ အမှတ်က နဲ နဲဘဲ လျော့တယ်တဲ့ သူတို့ ကတဲ့ သူတို့ ပေးလိုက်တဲ့ ခေါင်းစဉ်ကိုပေါ့လေ ကျောင်းသား အနေနဲ့ သူ့ရဲ့ ပင်ကိုယ်အရည်အသွေးနဲ့ပြန်ပြီးတော့ တုံ့ပြန်တဲ့ရှုထောင့်တွေကို အဓိကထားပြီတော့ သုံးသပ်ပါတယ်တဲ့ ....... ကဲ အဓိက ထားတဲ့ အချက်တွေက ဘယ်လောက်ကွာသွားသလဲ ကျုပ်တို့ဆို ရေးလိုက်ရတာ စာစီစာကုံးတစ်ပုဒ်ဆို စာမျက်နှာပေါင်းများစွာ ဒါပေမယ့် ဘာတွေများအကျိုးရခဲ့သလဲ ......စာရေးတယ်ဆိုတာ ကိုယ်ပေးချင်တဲ့ message ကို တခြားလူ တွေ နားလည်အောင် ပေးခြင်းလေ စာဖတ်ရတာ အဆင်ပြေပြီးနားလည်ဖို့ ကအဓိက အပြင်မှာ ဘယ်သူက များ သဒ္ဒါမှန် အောင်စာရေးနေလို့လဲ
ဒီမှာက စာသင်တဲ့ ဟာက ထားရမယ့် ဦးတည်ချက်တွေက primary and secondary လွဲနေတဲ့ဟာတွေက အတော်လေးကိုများတယ်လို့ ကျနော်ထင်တယ်ဗျာ ......
ကျန်တာကို အသာထား အင်္ဂလိပ်စာ သင်တဲ့ ဟာပေါ့ သူငယ်တန်းထဲက သင်လိုက်တာတက္ကသိုလ်သာ ပြီးရော အင်္ဂလိပ်စာကိုကောင်းကောင်းမတက်ဘူး ..... A ဆိုရင် တစ်ခု တစ်ကောင် တစ်ယောက် ဆိုတာ မျိုးလောက်နဲ့ဘဲပြီးနေရတာကို ....တကယ်တော့ A ကိုပေါ့ လေ အများကိန်းမှာလဲ သုံးတယ် ဆိုတာကို .... သိတဲ့ သူကခပ်ငယ်ငယ်ကျောင်းသားဘ၀မှာ အတော်ကိုနည်းတာ A dog is an animal. ဆိုပါတော့ ခွေး ဆိုတာ တိရစ္ဆာန်ဘဲ လို့ပြောတာပေါ့ ........ ကျနော်တို့မှာ က အင်္ဂလိပ်စာ သင်တဲ့ ဟာအင်္ဂလိပ်စာ တက်ဖို့ပေါ့ ရှင်းရှင်းလေး ကျောင်းသားစိတ်ဝင်စားမယ့် ဟာ ထည့်ပေါ့အိုဗျာ ခပ်ရိုင်းရိုင်းပြောရ ရင် သင်ရိုးမှာ ကမ္ဘာကျော် ရည်း စား စာများကို ထည့်တော့ရောဘာဖြစ်တုန်း ...... အခုတော့ ဒီမှာ သွားပြီးတော့ ကျောင်းသားက လည်း စာအုပ်မြင်တာနဲ့စိတ်ကုန်ရတဲ့ စာမျိုးဆိုလည်းဟုတ်သေးဘူးထင်တာဘဲ.....
သင်္ချာသင်တယ် ဗျာ ကျနော်တို့ကို ဂျီသြမေထရီ သင်တဲ့ ဟာ လမ်းဖြတ်ကူးဖို့ သင်တာမဟုတ်ဘူး စဉ်း စားနည်းကိုသင်တာ ဟုတ်တယ်မလား ....လမ်းဖြတ်ကူတာက တည့်တည့်ကူးရင်မြန်မြန်ရောက်တယ် တစောင်းကူးရင်နှေးတယ်ဆိုတာ လူမပြေနဲ့ခွေး တောင် သိတယ် ဒါပေမယ့် ကိုယ့်ဘာသာကို ဘာကြောင့် အသင်ခံရမှန်းမသိတဲ့ ဘ၀နောက်ရှိသေးတယ် ဘာရှိတ် တို ဘာဂရိတ် တို့ ကျူပ်တို့ မှာ စာမေးပွဲအမှတ်ကောင်း
အောင်သာ တွက်ခဲ့ရတာ အခုထိကျောင်းသာ ပြီးသွားတယ် ဘယ်မှာ သုံးရမှန်းကိုမသိဘူးကဲ အမှတ်ကောင်းတာ နဲ့ စာတော်တယ်ဆိုတာဟာ တစ်ခြားစီဗျ ။ အဲ ဒီလိုဟာတွေကို အမှန်အကန် သိပြီး တော့ တက်တဲ့ ဟာက မှ တကယ်စာတော်တာ အခုတော့ ဗျာ အမှတ်ကောင်းတယ် သွားဂျောင်းဆေးကျောင်း ၊ အမှတ်နဲတယ် သွား သင်္ချာ ... ရူပဗေဒ ဒီလောက်ခက်တဲ့ ဟာတွေကိုဗျာ အမှတ်နဲ့တဲ့ ဟာ သွားထားတယ်ဆိုတော့ အကုန်လုံးပြီးရောပေါ့..........ကဲမောပြီဗျာ ....ရေတစ်ခွက်လောက်
(ဝေဖန်မှုနှင့် ထောက်ပြမှုများကိုကြိုဆိုလျှက်)
ဘယ်လောက်ဝေးဝေး
အတွေးထဲမှာ မင်းဘဲရှိတယ်

ဘယ်သူတွေဘယ်လိုလှလှ
အတိတ်တုန်းက အရိပ်ပြုံးတွေ
ငါ့ရင်ကိုလွှမ်းမိုးဆဲ ......

မင်းဘယ်နေရာ ဘယ်မှာရှိရှိ
ငါ့ရင်ထဲမှာမင်းအမြဲရှိတယ်
(မင်းရင်ထဲမှာ ငါရှိမရှိ
အရေးတကြီးမဆွေးနွေးပါဘူး)

အိုကွယ် ရှင်းရှင်းပြောရရင်
ချစ်နေဆဲ ချစ်နေမြဲ
အဆုံးထိ မမုန်းသည့်အချစ်တွေ နဲ့ပေါ့

ကဗျာဆိုတာ စကားလုံးတွေပါလို့တော့
မဆိုလိုက်နဲ့လေ
ငါ့ကဗျာတွေဟာ ရင်ထဲက အမှန်တရား
နှလုံးသားနဲ့ထုဆစ်ခဲ့တာ

ဟိသစ္စံ .......
မှန်သောစကား မေတ္တာအားကြောင့်
သည်ကဗျာအား ချစ်သူခံစားတက်ပါစေ.......

(ကဗျာမနှစ်သက်သော သူမအတွက် ကဗျာမမည် စာမပြီသော အလွမ်းစာစုအား ရေးဖွဲ့ခဲပါသည်။ အဝေး မှသူခံစားနိုင်ပါစေသား...............)
ကောင်မလေးရယ် မင်းဟာကိုယ့် ရဲ့မရိုးနိုင်တဲ့ ကဗျာလေးတစ်ပုဒ်ဘဲဆိုပါတော့ ။ အဲဒီကဗျာလေးကို ဘယ်နေရာ ဘယ်အချိန်မှာဘဲ ဖတ်ဖတ် အမှတ်တရ များစွာနဲ့ ဝေဒနာ ဒဏ်ရာဟောင်းလေးတွေ ကို မနေ့တစ်နေ့ကလို သတိရစေလို့ဘဲဖြစ်မှာပါ။ အဲဒီကဗျာတွေထဲမှာ လွတ်လပ်တဲ့ မင်းအပြုံးလေးတွေပါတယ် ....ခေါင်းမာတက် တဲ့မင်း အကျင့်စရိုက် လေးတွေလည်း ပါတယ် .... မင်းပါး ပေါ်က သနပ်ခါးစက်တွေပါတယ် ဆိုပါစို့..... ငါသောက်သုံးခွင့်မရခဲ့တဲ့ အဲဒီရနံ့တွေဟာ ကနေ့ အထိ အမှတ်တရ နေရာမှာပါနေတာတော့ ငါ့ကိုယ်ငါတောင် မယုံနိုင်တဲ့ အံ့ဖွယ်ပေါ့ .... အခုတော့လဲ ငါရှိတဲ့နေရာမှာမင်းမရှိ မင်းရှိတဲ့နေရာမှာ ငါမရှိနဲ့ ရာသီညှိလို့မရတဲ့ အလွမ်းတွေ မင်းမသိရင်လဲ ရှိပါစေတော့..... ဒီအချိန်မှာ မင်းနေရာမှာ အစားထိုးစရာ ဆိုလို့ မင်းကိုရည်စူးပြီးရေးခဲ့တဲ့ ကဗျာလေးတွေဘဲရှိပါတော့တယ်......
ငါ့အပေါ်မှာ အစိမ်းရောင်သံသယတွေရှိနေတယ်ဆိုရင်တော့ အရာရာ ကိုအချိန်က အဆုံးဖြတ်ပေးသွား ပါလိမ့်မယ်လို့ဘဲ ပြောလိုက်ပါရစေတော့..... သေချာပါတယ် တစ်နေရာမှာ ကိုယ်နဲ့မင်းပြန်တွေ့ကြရဦးမှာပါ ..... ဘယ်နည်းဘယ်ပုံ ဆုံမယ်ဆိုတာတော့ မသိနိုင်ဘူးပေါ့ အဲဒီအချိန်ဆိုရင်တော့ မင်း မှာလဲသားတွေ သမီးတွေနဲ့ဆိုတာမျိုးဖြစ်နေရောပေါ့ သားလေးမွေးရင်ကိုယ့်နာမည်ပေးပါ လို့ တော့မပြောပါဘူး...... မင်းနဲ့ငါရဲ့ ပြန်ဆုံတွေ့မယ့်နေ့ဟာ မင်းရဲ့လက်ထပ်ဖိတ်စာ ငါ့ဆီကို ပို့မယ့်နေ့ဖြစ်မှာကိုတော့ ငါအကြောက်ဆုံးပါဘဲ ခံစားမှုမပါတဲ့ မျက်နှာကြီးနဲ့ လူတကာရှေ့မှာထိုင်မနေချင်တာမို့ ငါမလာနိုင်တာ မင်းနားလည်ပါ......

ဒီနေ့ အထိ အသေချာပြောနိုင်တာက တော့
အချစ်ဆုံးကို အဆုံးထိ ချစ်သွားမယ်
ဆိုတာဘဲပေါ့.......ယုံတယ်မလား

ကြားဖူးတာလေးပါ အချစ်ဟောင်းဆိုတာ တဲ့ မတော်တော့တဲ့ အင်္ကျီ တစ်ထည်ပါဘဲတဲ့ ကဲတစ်ယောက်ထဲ ပြောရတာ ရှက်တာနဲ့ ကျန်တဲ့ရောင်းရင်တွေကိုပါနဲနဲဒုက္ခပေးလိုက်မယ် ခံပေဦးတော့ အချစ်ဟောင်းသို့  အိတ်ဖွင့်ပေးစာတွေကို ရေးသားဖို့ အဖိတ်ခေါ်ခံရတဲ့ ဘလောက်ဂါများကတော့
(၁) ကိုမျက်လုံး
(၂) ရင်ထဲမှာ ဘာညာဘာညာ
(၃) တက်စလာ
(၄) မယ်လိုဒီမောင်
(၅)တိုလီမိုလီ မင်းယွန်းသစ်
(၆) မျှားပြာ
(ရ)ခွန်မြလှိုင်
(၈) အနှင်း
(၉)လေးမ
(၁၀) မေပျို
(၁၁) ကိုပွတ်
တို့ဘဲဖြစ်ပါတယ် အကုန်ဖိတ်ရင်ကျန်တဲ့လူတွေ ဖိတ်ဆရာမကျန်မှာစိုးလို့ ကဲမရေးရင် တော့ မခင်လို့ဘဲဗျာ

leader and manager (2)

ကင်းမြီးကောက်နဲ့ဖားပုံပြင်လေး ကြားဖူးကြမယ် ထင်တယ်နော်မကြားဖူးလည်း ထပ်ပြောတာပေါ့ဗျာ။ တစ်ခါ တုန်း ကပေါ့ဗျာ ကင်းမြီးကောက်နဲ့ဖားတစ်ကောင်ဟာ ဘော်ဒါဖွဲ့ပြီးနေကြတယ်တဲ့ ။ တစ်နေ့တော့ ဒီဘဲနှစ်ဗွေ က ချောင်းတစ်ခုကိုဖြတ်ပြီးခရီးသွားဖို့ ကြုံရောတဲ့ဗျာ။ အဲဒီမှာ ကင်မြီးကောက်က ပြောတာပေါ့ ဟေ့ကောင် ငါကတော့ရေမကူးတက်ဘူး အဲတော့မင်းက ကျောပေါ်မှာငါ့ကိုတင် ပြီးတော့ကူးပေး အဲဒါမှအဆင် ပြေမှာ....ဆိုတော့ .......ဖားက ဟ ငါကမင်းကို တင်ခေါ်တာတော့ဟုတ်ပြီ ဒါပေမယ့်မင်းငါ့ကို အမြီနဲ့ထိုးလို့တော့မဖြစ်ဘူး မင်းရေထဲမှာငါ့ ကိုအမြီးနဲ့ထိုးရင် ငါကအဆိပ်တက်မှာ အဲဒါဆို ရေဆက်မကူးနိုင်ဘူးဖြစ်မှာ ငါသေရင် မင်းလဲရေမကူးတက်တော့ မင်းပါသေမှာ ။ ကင်းမြီးကောက်က အေးပါကွာ မထိုးပါဘူးဆိုတော့ ဖားက သူ့ကျောပေါ်တင်ပြီး မြစ်ကိုကူးလိုက်တာ မြစ်လည်လည်းရောက်ရော ကင်းမြီးကောက်က ဖားရဲ့ကျောကို အမြီးနဲ့ထိုးပါလေရော ....ဖား က ဟာ မင်းဘာလုပ်တာလဲ အခုငါအဆိပ်တက်ပြီ မင်းပါသေမှာ ဟငါက ကင်းမြီးကောက်ဘဲ အဲဒီတော့ထိုးရမှာဘဲ.......

Mamager တွေက ဖားတွေလိုဘဲစဉ်းစားတယ် သူတို့ကပြောင်းလဲလို့ရမယ်လို့ထင်တယ် လူတွေရဲ့ သဘာဝ တွေကိုပြောင်းလဲဖို့ကြိုးစားတယ်။ သူတို့သာ အစွမ်းကုန်ကြိုးစားရင် ဘယ်သူ့ကိုမဆို သူတို့ပြောင်း လဲ ချင်တဲ့ ပုံစံအတိုင်း ပြောင်းလဲရမယ်ထင်တယ်။ နောက်ဆုံးတော့လဲ အားလုံးကိုမကျေနပ်ဘဲ ပြီးဆုံး သွားရသူမျိုးတွေပေါ့......

Leader တွေကတော့ အယူဆဟောင်းတွေကို စွန့်လွှတ်ပြီး လူတွေရဲ့မတူညီတဲ့အရည်သွေးလေးတွေကို ကိုင်တွယ်ပြီး မတူညီတဲ့နည်လမ်းလေတွေနဲ့ သူတို့ အရည်ချင်းတွေကိုထုပ်ဖော်ချင်လာအောင် Motivate လုပ်ပြီး ပန်းတိုင်ကိုသွားနိုင်သူတွေပေါ့ ။ လူတွေကိုများများမပြောင်းနိုင်ဘူးဆိုတော့ သူတို့ဆီက ထုပ်ယူတဲ့နည်းကိုဘဲသုံးတဲ့သူတွေပေါ့......

မန်နေဂျာတွေက လူရွေးတဲ့အခါမှာ experience တို့ Intellegence တို့ determination တို့ ကိုအဓိက ထားစဉ်းစားတက်တယ်။ သူရွေးတဲ့သူတွေလုပ်ငန်းခွင်ထဲရောက်တာနဲ့လုပ်ရမှာတွေကိုတန်းစီ ပြောပြ သင်ပြပေးတော့တာဘဲ။ သူ့လူတွေရဲ့အားနည်းချက်တွေကို ဖြည့်စွက်ဖို့ကြိုးစားတယ် သူတို့မှာမရှိတာ တွေကိုထည့်လို့ရမယ်ထင်တဲ့ဖားတွေပေါ့ဗျာ ။ ရာထူးတိုးပေးပြီး လူတွေကို develope ဖြစ်အောင် လုပ်ပေးတယ်....

leader တွေကတော့ လူတွေကိုရွေးတဲ့ အခါမှာ experience ,ntellegence ,determination ထက် Talent ကိုဘဲ အဓိကထားပြီးရွေးတယ် သူ့လူတွေရဲ့ သက်ဆိုင်ရာ Talent ကိုယုံကြည်ရတော့ ဘာလိုချင်တယ်ဆိုတာဘဲပြောတယ်။ သူတို့ရဲစွမ်းဆောင်ရည်ကိုလွတ်လွတ်လပ်လပ်ဖော်ထုပ်ခွင့်ပေးတဲ့သဘော
ပေါ့။ သူ့လူတွေကို develope ဖြစ်ဖို့အတွက်ရာထူးတိုးပေးတာထက် သက်ဆိုင်နေရာတွေမှာ အံဝင်ခွင်ကျဖြစ်အောင်ဖန်တီးပေးတယ်.....

အဲဒီနေရာမှာ ရာထူးတိုးပေးခြင်းနဲ့နေရာမှန်ပို့ခြင်းက သိပ်ကွာတယ်နော် ဆိုကြပါစို့ ကလေးအထူးကု တစ်ယောက် သိပ်တော်တယ် ဒီတော့ရာထူးတိုးပေးပြီး ညွှန်ချူပ်ခန့်လိုက်တယ်။ သူက ဆေးကုတော်တာ လေ management ကောင်းချင်မှ ကောင်းမှာပေါ့ သူက ညွှန်ချူပ်ဘ၀မှာ မလုပ်တက်မကိုင်တက်နဲ့ဆိုရင် သူ့ departmene ရဲ့ရည်ရွယ်ချက်လဲပျက် ပြီသူ့နေရာကိုရောက်တဲ့ကလေးဆရာဝန် ကလည်းမလုပ်တက် မကိုက်တက်ဆိုရင် ကဲကဲနေရာမှန်လူမှန် နဲ့ အကောင်းဆုံးသော leader တွေနဲ့တွေပါစေ ...... ယင်းပိုစ့်အတွက်ဝေဖန်လေကန်မှုများကိုကြိုဆိုလျှက်.......

leader နှင့် Manager (၁)

ဒီပိုစ့်လေးကတော့ ဗျာ မနေ့က ဟောပြောပွဲသွားတက်ရင်းနဲ့ ကြားခဲ့တာလေးတွေကို ကိုယ့်ဘာသာကိုယ် နဲနဲ လျှာ ရှည်ပြီးဖောက်သည်ပြန်ချတဲ့ သဘောပါ

လူတွေဟာတဲ့ တခြားသူတွေကိုပြောင်းလဲအောင်လုပ်ချင်ကြတယ် အဲဒါဟာ လုံးဝမှားတယ် ဘာလို့လဲ ဆိုတော့တခြားသူတွေကိုပြောင်းလဲအောင်လုပ်လို့ကိုမရဘူး ဆိုကြပါစို့ဗျာ ခင်ဗျား သိပ်ခင်တဲ့သူ တစ် ယောက်ကို အနုပညာလောက မှာ သိပ်အောင်မြင် စေချင်တယ် အထူးသဖြင့် အဲဒီလူကို အဆိုတော်တစ်ယောက်ဖြစ်စေချင်တဲ့ ဟာ ဒီကောင်က သူ့ အသံကိုက မကောင်းဘူး ဗျာ နောက်ပြီးတော့ တခြားသူတစ်ယောက်က ဆိုငါးပေါက်သံနဲ့ဆိုထားတဲ့ သီချင်းကိုသူကခြောက်ပေါက်သံနဲ့ ကြားတယ်ဗျာ ကဲ ဒီတော့သူကဆိုရင်ခြောက်ပေါက်သံနဲ့ဘဲဆိုမယ် အဲဒီတော့ ဒီကောင်ဘယ်လိုလုပ်အဆိုတော်ဖြစ်နိုင်မလဲ ဟုတ်တယ်နော် လူတစ်ဦးချင်းဆီမှာ Talent တစ်မျိုးဆီရှိတယ် ကမ္ဘာမှာဗျာ လူဦးရေ သန်းခြောက်ထောင်ကျော် ရှိတယ် အဲဒီထဲ မှာခင်ဗျားနဲ့တူတဲ့သူတစ်ယောက်ကိုမရှာနဲ့ ရှိကိုမရှိဘူး ....ခင်ဗျားဟာ ခင်ဗျားဘဲ .........

အဲဒီနေရာမှာ Manager နဲ့ Leader နဲ့ ကွာသွားတော့တာဘဲ မန်နေဂျာတွေက ဘာလုပ်သလဲဆိုတော့ သူ့
Mission အောင်မြင်ဖို့အတွက် လိုအပ်ချက်တွေကိုရှာတဲ့ နေရာမှာ သူ့အောက်မှာ ရှိတဲ့ဝန်ထမ်းတွေရဲ့အားနည်းချက်တွေကိုလိုက်ရှာတက်တဲ့ အကျင့်ရှိတယ်.... ဘာလို့လဲဆိုတော့ သူလူတွေရဲ့အား
နည်းချက်တွေကို ဖြည့်စွက်ပေးဖို့အတွက်ဆိုပါတော့ဗျာ ..... အဲဒီလိုအပ်ချက်တွေအတွက်သင်တန်းတွေ ပေးတယ် ဗျာ တကယ်တော့ အဲဒီကောင်မှာ တကယ့်Talent တွေ မရှိတဲ့ဟာမျိုးဆိုရင် ဘယ်လိုသင်တန်းပေးပေး
မရဘူးဗျ စင်ပေါ်ကိုတက်ကိုပြောနိုင်စွမ်းမရှိတဲ ဟာမျိုး ကိုသွားပြီးဘာမှ သင်တန်းမပေးနဲ့ မရဘူး အလကားဘဲ
အချိန်ကုန်သွားမယ် ဒါပေမယ့် အဲဒါဟာ လုပ်နေကြတာဘဲ

Leader ကောင်းတစ်ယောက်ဆိုရင်တော့ သူ့ Mission အောင်မြင်နိုင်ဖို့အတွက် သူ့ လူတွေမှာရှိတာတွေကိုဘဲထုတ်သုံးဖို့ကြိုးစားတယ် သူ့လူတွေရဲ့မတူညီတဲ့ အရည်အချင်းတွေကို သင့်လျှော်သလိုထုတ်သုံးပြီး အောင်မြင်အောင် ဆောင်ရွက်နိုင်တယ်.....

မန်နေဂျာဆိုတာကတော့ဗျာ ကျားကစားတဲ့သူတွေနဲ့တူတယ် သူကရှင်းတယ်လေ သမရိုးကျဘဲ ကျားခုံမှာ အဖြူကွက်တွေအမဲကွက်တွေပါတယ် အဲဒီထဲကမှ သူ့ကျားကောင်လေးတွေကို သမရိုးကျအတိုင်းဘဲ တစောင်းလေးတွေတက်သွားမယ် သူ့မှာဘာမှ သိပ်ဖန်တီမှုမရှိဘူး

Leader ဆိုတာကတော့ စစ်တုရင်ကစားတာနဲ့ တူတယ် သူလက်အောက်က အကောင်တိုင်းမှာ မတူညီတဲ့ အရည်အသွေးတွေရှိတယ် ဒီအရည်အသွေးတွေကို ထိရောက်စွာ အသုံးချပြီး တဖက်ကစား သမားကို တစ်ဘက်ပြိုင်ဘက်ကိုယှဉ်ပြိုင်ရတယ် တကယ်တော့လူတွေဟာ ကျားကောင်တွေနဲ့ မတူဘူး စစ်တုရင်ရုပ်တွေလို မတူညီတဲ့အရည်သွေးတွေရှိနေတယ် ဒီမှာခဏနားပြီးစိတ်ဝင်စားကြရင်တော့ ဒုတိယပိုင်:ဆက်၇န်ပေါ့ဗျာ........