အမှားနဲနဲနဲ့ ဘ၀ကိုရင်ဆိုင်ခဲ့တဲ့အထဲမှာ
ငါမပါခဲ့ဘူးထင်ပါရဲ့ ......

မှန်တယ်ထင်တာတွေမှား မှားတယ်ထင်တာတွေမှန်တယ်လို့
ငါ့ကိုယ်ငါ ပြန်ထင်ခဲ့တဲ့အခါ
ငါ့ခြေထောက်အောက်မှာ ဆယ်စုနှစ် နှစ်ခုစာလောက်
ကျိုးပျက်ကြေမွသွားခဲ့ပေါ့

ဒါပေမယ့်ဗျာ အမှားဆိုတာပါမှ
ဘ၀ဆိုတဲ့ဝါဒဟာ အရသာရှိလှတာကို
သွားမှရောက် မေးမှသိမယ်မှန်းသိပေမယ့်
မသွားလို့မရောက်တဲ့ခရီးတွေ
မမေးလို့မသိတဲ့အသိတွေနဲ့
ငါ့ရင်ဘက်ဟောက်ပက်ဖြစ်နေတုန်း

ဒုက္ခနဲ့တစ်ခါကြုံတိုင်း ချစ်သူလက်ကို
တစ်ခါကိုင်ပါရစေတဲ့
ရေးလို့တော့လှပါတယ် အိုမာခရမ်ရေ
ဒုက္ခဘေးမှာ အေးအေးလေးရပ်နေပေးတဲ့
ချစ်သူဆိုတာရှိလို့လား.....

ကိုယ်ဖြစ်ကိုယ်ခံ မတောင်းပန်နဲ့လို့ပြော
ဆောရီးဆိုပြီးခွာသွားမှာ ၁၀၀% သေချာတယ်

သွားမှရောက်မယ်မှန်းသိရင် ငါ့ခရီးငါ
ထီးထီးသွားမယ်
မေးမှသိမယ်မှန်းသိရင် ငါ့မေးခွန်းတွေဟာ
အားမနာရှာမကျိုးဘဲလေ
နောက်ဆုံးတော့ ငါဟာ ခင်ဗျားတို့ရဲ့ကြားမှာ
လွယ်အိတ်တစ်လုံးဖြစ်သွားတာပါဘဲ
အဲဒီလွယ်အိတ်ထဲမှာ အမှားတွေ
ခိုက်ရန်ဖြစ်ပွားနေလေရဲ့ .......