ကြာတော့လည်းကြာခဲ့ပါဘီ.......
ဒါပေမယ့်ဦးနှောက်ဆိုတာကလည်း ကွန်ပျူတာတစ်လုံး momory stick တစ်ခုလို လိုတာတွေဖယ် မလိုတာတွေ ဖြုတ်လုပ်လို့မရလေတော့ သတိမရချင်ပါဘူးဆိုတဲ့ အကြောင်းအရာတွေကလည်း အလိုလိုပေါ်လာ တက်တာ မျိုးဘဲလေ....

သူမကတော့ ဒီအချိန်မှာ ဒီအကြောင်းအရာတွေကို သတိရချင်မှရတော့မှာပေါ့ သတိရတော့မည် လည်းမထင်ပါ အရင်တစ်ချိန်ထဲက အမှတ်တရ မရှိခဲ့တာမျိုးလည်ဖြစ်နိုင်ပါသည်။

သူမကိုစတွေ့ခဲ့တဲ့ ညနေခင်းတစ်ခုဟာ တခြားသောညနေခင်းတွေနဲ့ ဘာမှပိုလို့ထူးခြားသောညနေခင်း တစ်ခု တော့မဟုတ်တာသေချာပါသည်။ သူမကြောင့်တော့ ညနေခင်းအကြောင်းကို မပြောချင်ဘူးဆိုပါတော့.... သို့သော် ထိုညနေခင်းလေး သည်ကျနော့်အတွက်တော့ အမှတ်တရ ဖြစ်ခဲ့တာ အသေအချာပင် ... ညနေခင်းတစ်ခုဆိုတာထက် ထိုညနေခင်းရဲ့ပြယုဒ်တို့ကို ပိုလို့ အမှတ်ရ နေခြင်းဘဲဆိုပါတော့...

ထိုညနေက သူမကို ကွန်ပျူတာတစ်လုံးအရှေ့တွင် စတင်ဆုံတွေ့ခဲ့ဖူးခြင်း ဖြစ်လေသည်။ အတိကျ ဆိုပါမူ ကွန်ပျူတာ သင်တန်းတစ်ခုဆိုပါတော့... ပထမဆုံး သတိထားမိလိုက်တာက တော့ သူမရဲ့ မျက်ဝန်းတွေပင် ဖြစ်လိမ့်မည်။ ကွန်ပျူတာ မော်နီတာပေါ်တွင် ဖြတ်ပြေးသွားသော သူမ၏ မျက်ဝန်း အရိပ်တွင်စိုးထိတ်မှုတွေ တွေ့နေရသည်။ သူနှုတ်ခမ်းတစ်စုံမှ အန်ကျလာသော မေးခွန်းကလဲ မှန်းဆမှုကို ပိုမိုတိကျစေရန် သက်သေခံလိုက်သည့်အလားပင် ....'' ကျမက ကွန်ပျူတာ မသုံးဖြစ်တာကြာဘီ အခုချိန်မှလေ့လာ လျှင်အဆင် ပြေပါ့မလား'' ဆိုတဲ့မေးခွန်းလေး လေ

မေးခွန်းထက်သူမဆီ က ချိုမိန်သာယာသော အသံသည် ကျနော့်ရဲ့ အကြားအာရုံကိုပိုမိုရစ်မူးစေတာမျိုးလည်းဖြစ် နိုင်ပါသည်။ ဒီနေ့အထိ ကျနော်ကြားဖူးသမျှ အသံတို့တွင် ထိုအသံသည် အချိုမိန်ဆုံးပင်....

ပုံစံလေးကိုလည်းကြည့်အုံးလေ ခာတ်ဆန်းသလားဆိုတော့လည်း သနပ်ခါးလေးက ပါးကွက်ကြားလေးနဲ့ ခောတ်နောက် ကျန်ခဲ့လားဆိုတော့လည်း ဂျင်းဘောင်ဘီ အရှည်တွေကို သူမရဲ့ကျစ်လစ်တဲ့ ကိုယ်ခန္ဓာလေးနဲ့ လိုက်ဖက် ညီစွာ ၀တ်ဆင်တက်ပြန်ရော ဒါကျနော်သူ့ကိုပထမဆုံးတွေ့ခဲ့တဲ့ ဆင်ယင်ထုံးဖွဲ့မှုတွေလေ....

အော် အခုတော့လည်း သူမနှင့်မတွေ့ဖြစ်တာ ၁ နှစ်နှင့် ၂ လပြည့်ဖို့ရက်ပိုင်းသာလိုတော့ပါလား.....
၁ နှစ်ကျော်ဟူသောအချိန်သည် လူတစ်ယောက်ကို များစွာပြောင်းလဲသွားစေနိုင်သည်ဘဲလေ.... ရောမ ကိုရောက် ရင်ရောမလိုကျင့်ရတယ်ဆိုသော သူ့စကားနဲ့ အတူ သနခါးနံ့ လေးတွေလည်း သူ့ပါး ပြင်ထက်ခိုကပ်ခွင့်မရတာ ကြာခဲ့ပါပေါ့...အော်ဒီအချိန်မှာ သူမကို ရှင်မတောင်သနပ်ခါးပင် တွေအကြောင်း ပြောပြနေလို့ကော ဘာ ထူးတော့မှာလဲ....
ကျနော်တွေခဲ့ဖူးတဲ့ သူ့ရဲ့မျက်ဝန်းတွေလည်း အရောင်ပြောင်းသွားနိုင်ပါသည်... သို့သော် မျက်ဝန်းဟောင်းတွေကို စွဲစွဲထင်ထင်ရှိနေသော ကျနော့် နှလုံးသားကိုတော့ ဒီနေရာမှာ ကျေးဇူး တင်ပါသည်။ သူမကတော့ ဒီအကြောင်း
တွေသိမည်မထင် သိလျှင် လည်း သတိရတော့မည်မထင်....

သို့သော်သူသည်သူဖြစ်ပြီး ကျနော်သည် ကျနော်ဖြစ်သောကြောင့် သူမသတိမရ သော်လည်း ကျနော် သတိရနေသည် သူမတွေး သော်လည်းကျနော်တွေးနေသည်ကံကောင်းခြင်းတစ်ခုကတော့ အလှဆုံးအသံ နဲ့ အလှဆုံးအကြည့်တို့ကိုကျနော်မြင်ဖူးခဲ့ခြင်းဖြစ်သည် ... သို့သော် ထိုအရာ သည်ကျနော်ပိုင်ဆိုင်ခွင့် မရနိုင်သော အရာများ ဖြစ်လို့နေ ပါသည်သို့သော်တိုးတိတ်စွာမျှော်လင့်နေမိသည်ကတော့ အမှန်ပင် ဒေါ်လာစား မဟုတ်ဘဲ ထိုအရာများကို မျှော်လင့်သောဇာတ်ကောင်သည် ၂၁ ရာစု၏ သွပ်သွပ်ခါရူးသွပ်နေသောသူ ဖြစ်ပါလိမ့်မည်.....

ဘာဘဲဖြစ်ဖြစ်ပေါ့လေ ကျနော်မြတ်နိုးသော အရာများကို ဘာနှင့်မှ တန်ဖိုးမဖြတ်ချင်ပါ....
ကိုယ်ရိပ်သဏ္ဍန် ညီအာနန်နှင့်
မြတ်မွန်ထွဋ်ထား၊ တို့ဘုရားသည်
တပါးသောခါ၊ ဒေသစာဖြင့်
တိုက်တာလှည့်ကာ ကြည့်သတဲ့
ကျီးသံသဲ့သဲ့၊ ယင်မဲ့မဲ့ဖြင့်
မွဲပြာညစ်ရောင်၊ ကျောင်းတစ်ဆောင်ကို
ဘုန်းခေါင်ဘုရား၊ ၀င်ကာသွားသော်
သနားစဖွယ်၊ ကျောင်းအလယ်တွင်
ကျင်ငယ်ကျင်ကြီး၊ တင်းကြမ်းစီးလျက်
ကိုယ်ထီးလျောင်းရှာ၊ ထေရ်သူနာကို
မြတ်စွာဘုရား တွေ့ပါသတည်း၊

အမိသည်သား ပြုသောလားသို့
ဘုရားမြတ်မွန် ညီအာနန်ကို
ချိုးရန်ရေတောင်း စောင်ပါတောင်းလျက်
သွန်းလောင်းသုတ်သင် ပြီးစီးလျင်မူ
ခေါင်းတွင်ဘုရား လက်တော်ထား ကာ
ညီဘွားခြေက ပြိုင်တူမလျက်
မြတ်လှနေရာ ညောင်စောင်းသာတွင်
ကောင်းစွာအိပ်စက်စေသတည်း။

ထို့နောက်ရှင်တော် စည်းဝေးခေါ်ကာ
မြွတ်ဖော်စကား မိန့်တော်ကြား၏
မိခြားဖဝေး တရပ်ကျေးတွင်
ချိုအေးကြည်သာ တရားရှာသည်
များစွာအပေါင်း ရဟန်းကောင်းတို့
ညံပျောင်ကြည်ဖြူ နာသောသူကို
ငါ့တူကြင်နာ ပြုစုပါက
မြတ်ရာရောက်လိမ့် ဧကန်တည်း။ ။

ဘုရားကတောင်သူနာပြုလုပ်တဲ့ ကဗျာလေးပါ ကြိုက်လို့တင်လိုက်တာ ရေးတာက တော့ မင်းသုဝဏ်ပါ ဗျာ ဒီအချိန်မှာ လိုအပ်နေတာ မြတ်ဗုဒ္ဓလိုနှလုံးသားနဲ့လူတွေပါ နေရာပေါင်းများစွာမှာလိုအပ်နေတာပါ ...
(ပုံကို ကိုညီလင်းဆက် ဘလော့မှ ကူးယူဖော်ပြပါသည်)
ဘ၀မှာ နှစ်နှစ်ဆယ်ကျော် ဖြတ်သန်းရှင်သန်လာပြီးတဲ့အချိန်မှာ မျက်ဝန်းပေါင်းမြောက်များစွာကို မြင်တွေခဲ့ဖူး ခဲ့လေဘီလေ..... လူတွေကပြောကြတယ်မလားမျက်လုံးဆိုတာ စိတ်ရဲ့ ပြတင်းပေါက်တဲ့လေ... လူတစ်ယောက်ဝမ်း သာရင်ဘဲဖြစ်ဖြစ် ၀မ်းနဲရင်ဘဲဖြစ်ဖြစ် သူ့ရဲ့ ခံစားမှုအရိပ်စစ်တွေကတော့ထိုမျက်ဝန်းတွေမှာပေါ်လာတက်တာ အားလုံးသိတဲ့အတိုင်းဘဲဆိုပါတော့.... ဒါပေမယ့် အကြည့်ပေါင်းမြောက်များစွာကိုမည်မျှပင်မြင်ဖူး တွေ့ဖူးနေပါစေ လူတစ်ယောက်ရဲ့ နှလုံးသားကို ကိုင်လှုပ်နိုင်စွမ်းရှိသော မျက်ဝန်းတစ်စုံကိုတွေ့ရဖို့ဆိုတာကတော အတော်ကိုခက် ခဲတယ်ဆိုတာ အားလုံးသိတယ်မလား မယုံရင် ပြန်စဉ်းစာကြည့်လေ အဲလိုကြုံခဲ့တာဘယ်နှစ်ခုရှိလို့လဲ... ဒါပေမယ့်
လွန်ခဲ့သော ၃ တူညီတဲ့ခံစားချက် တစ်ခုဆီကနေ ရိုက်ခက်လိုက်တဲ့ ပဲ့တင်သံတွေကတော့ ကျုပ်နှလုံးသားကို ထိခိုက်စေခဲ့တယ်ဗျာ...


ဘယ်လိုမျက်ဝန်းတွေလို့ ခင်ဗျားထင်ပါသလဲ။ ကျနော်ဗျာ လွန်ခဲ့တဲ့ ၃ ရက်လောက်က မုန်တိုင်ဒဏ်ခံခဲ့ရတဲ့ ဒေသ တွေထဲက မြို့ကလေးတစ်ခုကို ကျနော်သွားခဲ့တယ်လေ... နာဂစ်မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ ဒီမြို့ငယ် လေးကိုမရောက်ခင် ကျနော်တို့သွားရာလမ်းတစ်လျှောက်မှာ ရွာငယ်လေးတွေကို ဖြတ်သန်းသွားခဲ့ကြ ရတယ်လေ.... ဒီရွာငယ်ကလေးတွေလဲ မုန်တိုင်းဒဏ်နဲ့ဘယ်ကင်းပါလိမ့်မလဲ..... ဒီတော့ နေစရာအိမ်မရှိတော့တဲ့ ထောင်ပေါင်းများစွာသောလူလားတွေဟာ ဒီလမ်းတစ်လျှောက်မှာ ၀ါးတိုင်ချိနဲ့ ရိုင်ယွဲ့ယွဲ့ တဲငယ်လေးတွေဆိုတာ လဲ ရာပေါင်းများစွာပေါ့လေ သူတို့မှာ စားစရာကလဲ မရှိ လုပ်စရာအလုပ်ကလဲခက်နဲ့ ဒုက္ခပေါင်းများစွာနဲ့ပါဗျာ ..... အဲဒီလူသားတွေထဲမှာ တခြားဘယ်သူတွေပါသေသလဲလို့ဆိုတော့ ဘ၀ရဲ့ အစိတ် ပိုင်းပေါင်းများစွာဖြူစင်ကြရှာတဲ့ နုနယ်သောကလေးတွေဘဲလေ.....

ကျနော်တို့ကားလေးဖြတ်ရာ လမ်းတစ်လျှောက်မှာ မျှော်လင့်ချက်တစ်စုံတစ်ရာအတွက် အားကိုးအားထားတစ်ခု အနေနဲ့ကမ်းလင့်လိုက်တဲ့ သူတို့ရဲ့မျက်ဝန်းတွေ အားငယ်နေတဲ့သူတို့ရဲ့ မျက်ဝန်းတွေ ဟာ ကျနော်တို့သွားရာလမ်းတစ်လျှောက်မှာ နေရာတွေသာ ပြောင်းသွားတယ် ကလေးငယ်တွေသာ ပြောင်းသွားတယ် အကြည့်တွေက တော့ ထပ်တူဘဲလေ.... ဒီလိုအချိန်မှာဘဲ ကျနော့်စိတ်ထဲကို အမျိုးအမည်မသိ တစ်ခါမှ မခံစားဖူးတဲ့ ဖတ်သော ဖတ်သတ် ဝေဒနာတစ်ခုကို ခံစားလိုက်ရတယ်..... ဒါကတော့ ကျနော်တင်မဟုတ်ပါဘူး လူသားချင်းစာနာတက်တဲ့ ဘယ်သူမဆို ဒီလို ခံစားမှုမျိုးကိုကြုံတွေ့ရမှာပါ... ဘာလို့ဒီဝေဒနာခံစားမိသလဲဆိုတော့ သူတို့လေးတွေရဲ့ အနာဂါတ်တွေဟာ ဘယ်လိုတွေဖြစ်ကုန်နိုင်မလဲလို့ စဉ်း စားလိုက်တိုင်း ဒီခံစားမူလေးကို ဖြစ်ကိုဖြစ်သွားတော့တာပါဘဲ..... ကဲ ဒါတွေဟာ ဘယ်သူ့မှာ တာဝန်ရှိလို့ဘယ်သူတွေဘာလုပ်ပေးသင့်သလဲ.... တကယ်တော
အိပ်မက်ပျောက်သောဒီမျက်ဝန်း
လေးတွေကိုဖြင့် ဘယ်လို့ပြန်လည်အသက်သွင်းကြမလဲဆိုတာ တွေးတောရင်း


နာဂစ် အမှတ်တရ

ဒီတစ်ခါမြန်မာပြည်မှာ ဖြစ်ခဲ့တဲ့မုန်တိုင်းကတော့ အတော်ကြီးကိုပြင်းထန်ခဲ့တာ အားလုံးလဲ အသိပါဘဲ ။ တကယ်တော့အားလုံးရေးပြီးမှ ကျနော် ဒီပို့စ်ကို ဘာလို့တင်သလဲလို့ဆိုရင် ကျနော့်မြို့ကနေ ကျနော်မနေ့ကမှပြန်ရောက်လာလို့ပါ။ ကျတော်တို့နေတဲ့မြို့လေးက ဧရာဝတီတိုင်းထဲက
မြို့သေးသေးလေးတစ်ခုပါ မုန်တိုင်းဒါဏ်ကို အတော်လေးခံခဲ့ရတဲ့မြို့ကလေးဆိုပါတော့ ဒါပေမယ့် မြို့ပေါ်မှာတော့ လူအသေအပျောက်မရှိသလောက် ပါဘဲ ဒါပေမယ့် ကျနော် တို့မြို့ကလေးနားက ရွာပေါင်းများစွာက လူပေါင်းများစွာကတော့ သေကြေပျက်စီးခဲ့ကြပြီဆိုပါတော့ .... ဒီအတွက်လဲ ကျနော်
အတော်ကလေးစိတ်မကောင်းဖြစ်သလို အားလုံးလဲစိတ်မကောင်းဖြစ်နေကြမယ်ဆိုတာကို သိနိုင်ပါတယ်.... ပြီးတော့ ကျနော့်မြို့ကလေးကိုပျက်စီး
ဘီအမှတ်နဲ့ ကျနော့်အတွက်ဝမ်းနဲပေးကြတဲ့ကျနော့်ရဲ့ မိတ်ဆွေ အပေါင်းအသင်းအားလုံးကိုလဲကျေးဇူးတင်ပါတယ်....
နောက်တစ်ခုက ဒီလိုနာဂစ်မုန်တိုင်းမှာ သေကြေပျက်စီးခဲ့တဲ့ အပြစ်မဲ့ လူသန်းပေါင်းများစွာအတွက် ကဗျာလေးတစ်ပုဒ်နဲ့ဝမ်းနဲ့ကြောင်းရေးခဲ့ပါရစေ....

ယမန်နေ့က ဒီနေရာဟာ
စည်ကားသာယာ
ရွာကြီးတစ်ရွာရှိခဲ့တယ်

ဒီကနေ့တော ဒီနေရာဟာ
လူသူချောက်ကပ်
ငိုသံစွက်လို့ ရွာပျက်ကြီးဘဲကျန်တော့တယ်

မုန်တိုင်းကပွေ ရေကမွှေလို့
ဒီရွာချောင်ဖျား ဒေသနားဟာ
သုသာန်အလားဖြစ်ခဲ့တယ်

ကျန်သည့်သူငယ် ဥမမယ် လည်း
ဘယ်လိုနေထိုင်စားရမယ်
(ဘယ်သူဘာလုပ်ပေးသင့်တယ်)၂
လိုအပ်တာတွေ လုပ်ကြမယ်
တက်နိုင်သလောက်ဝိုင်းကူကွယ်..........

ကယ်စယ်ရေးအတွက်ကြိုးပမ်းနေကြသော အဖွဲ့စည်းများနှင့် လေဘေးသင့် လူသားများအတွက်ရည်ရွယ်ပါသည်....... ထိုကဗျာခေါင်စဉ်ကို ကြိုက်သလို တပ်နိုင်ပါသည်......