ဘ၀အမောများ

ဘ၀ဟာ တစ်ခါတစ်ခါ အူကြောင်ကြားနိုင်တယ်
ကြယ်တစ်ခြမ်းလတစ်ခြမ်း အိပ်မက်တွေကိုစီးပြီးမှ
နေပူမရှောင်မိုးရွာမရှောင်ပြေးလွားနေရတယ်
ကဗျာရေးတဲ့သူဟာ တခြားကဗျာတွေကို
ခံစားပေးနိုင်စရာမလိုပါဘူး
ကိုယ်ကဗျာနဲ့ ကိုဘ၀ ကိုယ့်ရသ
အချိုးတကျရှိရင်ပြီးတာဘဲ
ကိုယ့်ချစ်သူက မိုင်ပေါင်းထောင်ချီတဲ့နေရာမှာ
ငါရေးတာက သူ့အတွက်ကဗျာ
ခက်တာက သူကဗျာမကြိုက်တာဘဲ
အင်းလေ တစ်ခါတစ်လေ အလိုက်အထိုက် ဆက်ဆံရေးထက်
ပွင့်လင်းမှုကိုအသားပေးတာ ကောင်ပါတယ်
သူမကြိုက်တက်ပေမယ့် သူ့အတွက်ကဗျာတွေ
ငါပိုင်တဲ့စာမျက်နှာမှာ ရေးခြစ်ခွင့်ရှိတယ်လေ
လိုချင်တာတွေများတဲ့ငါနဲ့
တောင်းဆိုသမျှကို ခါးခါးပြင်းပြင်းငြင်းတဲ့ လောက
နောက်တစ်ခါတွေ့မှ နားရင်းရိုက်ပြစ်မယ်
နောက်ဆုံတော့သေရင်ကိုယ်နောက်မပါမှာသိပါတယ်
ရှင်တုန်းမှာတော့ လူဆို တာ ဘီဂိတ်ထက်ချမ်းသာချင်ကြတာဘဲမဟုတ်လား
ဘာကိုမှ ရခွင့်မရှိရင်တောင်မှာ
ချစ်သူရဲ့ မျက်ဝန်းလေး ရယ် အပြုံးလေးရယ်ကို
ငါမသေခင် တွယ်တွယ်တာတာကြည့်ချင်တယ်

ဖူးစာရှင်ဘယ်သူလဲ

ဖူးစာရှင်ကို ကြိုကြည့်ရအောင်


ဖတ်ဖူးတာလေး တစ်ခု ပါ ဒါပေမယ့် ကိုယ်တိုင်တော့လည်း မစမ်းဖူးဘူးဗျ .... ဘာလို့လဲဆိုတော့ သူက မိန်းကလေးတွေဘဲ လုပ်လို့ရတာ ဆိုတော့လေ..... ရိုးရာယုံကြည်မှုလေးတစ်ခုပေါ့ .... ကိုယ်ကကောင်လေး ဖြစ်နေရင်လည်း ကိုယ့်ကောင်မလေးကို လုပ်ခိုင်းပြီး မနက်ကျ ကိုယ့်ကို အိပ်မက် မက်မမက်ပြန်မေးကြည့် ပေါ့နော်

လုပ်ရမှာကဇန်န၀ါရီ ၂၁ ရက်နေ့ညမှာဆိုပါတော့ St .Agnes နေ့ညပေါ့လေ


လုပ်ရမှာကလည်း လွယ်လွယ်လေးပါ ပင်အပ်နှစ်ချောင်းကိုယူ ပြီးရင် ကိုယ့်ဆံပင်နှစ်ပင်ကိုယူ ပြီးရင် ပင်အပ်နှစ်ချောင်းကို ကိုယ့်ဆံပင်နဲ့ တွဲ ချည်ပြီး ကိုယ်အိပ်မဲ့ ခေါင်းအုံးအောက်မှာထားအိပ်... မအိပ်ခင် ချစ်သော St.Agnes ကိုယ့်အိမ်ထောင်ဖက်ဖြစ်လာမယ့်သူကို ဒီည မြင်ခွင့်ပေးပါ လို့ ဆုတောင်းအိပ်ရုံပါဘဲ


ကဲ့ ကိုယ်အိမ်ထောင်ဘက်ဘယ်သူဆိုတာ ကြိုသိနိုင်ကြပါစေ .......

အိုင်ဒီယာ ဘယ်သူသတ်

ကျနော်ဘလောက်မရေးဖြစ်တာ ကြာတော့လည်းကြာခဲ့ပါဘီ ဘာလို့ ကြာသလဲလို့ဆိုတော့ ရေး စရာ အကြောင်းမရှိတာလဲပါတယ် မအားတာလဲပါတယ် ဗျ ... ရေးစရာ အကြောင်းမရှိတာ ကတော့ရှင်းပါတယ် ဘာလို့လဲဆိုတော့ကျနော်က ဘလောက်မှာ content က အသက်ဆိုတာ ကိုမယုံဘူးဗျာ ဘာလို့လဲဆိုတော့ ကိုယ့်ဘလောက်ကလေးကို လူတွေလာဖတ်တဲ့ အခါမှာ စာအသစ်ကလေးတွေတွေ့ရအောင်ဆိုပြီး အတင်းရေးနေတာဟာ အဓိပါယ်မရှိဘူထင်တယ် အဲဒါကြောင့်လဲပါတယ်ဆိုပါတော့ အခုတော့ စဉ်းစားမိတာလေးတစ်ခုကို ရေးချင်တာနဲ့ ရေးလိုက် တာပါ ....

ကျနော်စာလေးတစ်ပုဒ်ဖတ်လိုက်ရတယ်ဗျ အဲဒီမှာ ဘာရေးထားလဲဆိုတော့ ကလေးတွေဟာတဲ့ ကျောင်းကိုမရောက်ခင်အချိန်အထိ တီထွင်ဥာဏ်သိပ်ကောင်းကြပြီး ကျောင်းရောက်လို့ ဆရာက သင်တဲ့ စာတွေကို ဖတ်ဟယ်မှတ်ဟယ်နဲ့ လုပ်လိုက်တဲ့အချိန်မှာ တော့ သူတို့ရဲ့ တီထွင်နိုင်တဲ့ စွမ်းရည်လေးတွေ တစ်နည်းအားဖြင့်ထွင်ဥာဏ်လေးတွေ ဟာ အသုံးပြုချိန်မရလောက်အောင်ဖြစ်ပြီး ပျောက်ဆုံးကုန်ရတယ်ဆိုဘဲ .....

ဒီစာလေးကိုဖတ်လိုက်ရတော့ ကျနော့်စိတ်ထဲမှာ တစ်မျိုးဖြစ်သွားတယ် .... ခံစားမှုအသစ်တစ် မျိုးဆိုပါတော့ ဘယ်လိုဆိုတာပြောပြဖို့ကို အတော်ခက်တယ် စိုးရိမ်မှုတွေ ရော ကြောက်လန့်မှုတွေရော ရောပြွန်နေတဲ့ ခံစားမှုမျိုးဆိုပါတော့ .... ကျနော်တွေးကြည့်တယ်လေ ဒီကနေ့ မူုကြိုကျောင်းရဲ့ စာသင်ခန်းထဲမှာ အနာဂါတ်ကိုဖန် တီးမယ့် ချာတိတ်တွေ ၀လုံး ၀ိုင်းဝိုင်းလေးတွေရေးနေကြတယ်ဆိုတာ သေချာတယ်ဗျာ ....
ဒါပေမယ့်ပေါ့ တကယ်တန်းမှာ ဒီ် ၀လုံးဝိုင်းဝိုင်းလေးတွေဟာ မနက်ဖြန်အတွက်တည်ထွင်နိုင် စွမ်းအားသူတို့ရဲ့ ထွင်ဥာဏ်ကလေးတွေကို ဘယ်လောက်များအထောက်ကူပြုသလဲဆိုတာ တော့ နဲနဲသံသယ စိတ်ကလေးဝင်မိတယ်ဗျ ... ဒီတော့ကလေးတွေကိုစာသင်ခန်းမပို့လို့ ကလဲ ဖြစ်တာမျိုးတော့မဟုတ်ဘူးလေ....... ဒါပေမယ့်ဒီနေရာမှာထိုင်ပြီး ရေးနေတဲ့ သူတို့ရဲ့ စိတ်ညစ်နေတဲ့ ၀လုံးဝိုင်းဝိုင်းလေးတွေဟာ တကယ်တမ်း သူတို့လေးတွေရဲ့ထွင်ဥာဏ်လေး တွေကိုသာသတ်ပြစ်ခဲ့တယ်ဆိုရင်တော့ မနက်ဖြန်တွေဟာ မတွေးဝံ့စရာဘဲဆိုပါတော့ ....
ဒါပေမယ့်လူကြီးဆိုတာမျိုးက တယ်လဲလောဘကြီးတက်တာမျိုးမဟုတ်လား ဒီတော့ ၂၁ ရာစုလို အပြိုင်အဆိုင်အင်မတန်မှ များပြားတဲ့ ခောတ်ကာလ ထဲမှာ သူတို့ရဲ့ သားသမီးတွေကို အားလုံးထက်တော်စေ တက်စေ ထက်စေချင်တာကို တော့ အပြစ်ပြောလို့ဘယ်ရမလဲနော်..... ဒါပေမယ့် ဒီလိုမျိုးပေါ့လေ ဖြစ်စေချင်တဲ့ လူကြီးတွေရဲ့ စိုးရိမ်လွန်ကဲမှုတွေ ကြောင့် ဒီကလေးငယ်တွေရဲ့ထွင်ဥာဏ်ကလေးတွေသေဆုံးခဲ့မယ်ဆိုရင် ဘယ်သူ့ကိုအပြစ်တင်ရမလဲ ...... ဒီကလေးတွေရဲ့ အိုင်ဒီယာသတ်သူဟာ ဘယ်သူလဲ ....
မူကြိုပညာရေးစနစ်ကြီးလား....
ဖြစ်စေမှုလွန်ကဲတဲ့မိဘတွေလား.....
ဘယ်သူလဲ ဘယ်သူလဲ တရားခံဘယ်သူလဲ .....
အနာဂါတ်ရဲ့ ကလေးငယ်တွေ ၂၁ ရာစုရဲ့ အိုင်ဒီယာ ခမ်းခြောက်ချောက်ကမ်းပါထဲကိုကျဖို့ လက်နှစ်လုံးလောက်အလိုမှာ ကျနော်တို့ ဘယ်လိုကယ်တင်ကြမလဲ ..... ပြောင်းလဲသင့်တာတွေကိုပြောင်းလဲဖို့သူရဲဘောကြောင်နေမယ်ဆိုရင်တော..............