အလွမ်း

သူငယ်ချင်းတွေကြုံဖူးတယ်
အပြုံးတွေနဲ့နှစ်သိမ့်လိုက်တယ်
စကားလုံးတွေနဲ့
ဖြေသိမ့်ပေးလိုက်တယ်
ဘာမှန်းတော့သိပ်မသိပါဘူး
လူမှုရေးအရပါ။

ငါ့ရှေ့မှာ
အခြားတစ်ယောက်နဲ့
လက်တွဲသွားတယ်
မျက်နှာတစ်ဘက်လွှဲသွားတယ်
ငါ့ရင်ဘတ်ရေနဲနဲငတ်သွားတယ်
စကားလုံးတွေအဆိပ်မိသွားတယ်
အပြုံးတွေအနေတည်သွားတယ်
ဘာမှန်းတော့သိပ်မသိပါဘူး။
ဒါပေမယ့်
လူမှုရေးအရတော့မဟုတ်ဘူး။ ။

1 ဝေဖန်ခဲ့ပါပြီ:

    On June 9, 2007 at 11:23 PM Anonymous said...

    ငါ့ရင်ဘတ် ရေနဲနဲ ငတ်သွားတယ်တဲ့

    စာကြောင်းလေး သိပ်ကြိုက်တယ်ဗျို့ ။