ကျနော် အိမ်မြှောင် ပိုးကောင် နှင့် အိပ်မရသောည
Sunday, December 30, 2007 by KO WAI
ဒါပေမယ့်ကျနော်နဲနဲတော့ ဆက်တွေမိပါသည် အိပ်မပျော်လို့တွေးမိတာလည်းဖြစ်ချင်ဖြစ်မည်..... ကျနော်တို့ ၏ ရှင်သန်ရပ်တည်မှုအတွက် တစ်စုံတစ်ရာကို တရားမျှတခြင်းကင်းမဲ့စွာ စတေးခိုင်းမိလျှင် ထိုသို့သောရှင်သန်မှု မျိုးကိုတော့ ကျနော်တို့လိပ်ပြာလုံနိုင်မည်လား ခင်ဗျာတို့ကော လိပ်ပြာလုံနိုင်မည်လား သို့သော် အိမ်မြှောင်သည် အိမ်မြှောင်ဖြစ်သလို ပိုးကောင်သည်လည်းပိုးကောင်ဖြစ်ပါသည်..... ထိုအိပ်မြှောင် ကိုသွားဆုံးမနေလျှင် ကျနော် သည်ပင်မိုက်မဲရာကျပါလိမ့်မည် သို့သော်ကျနော်သည်လည်းကျနော်ပင်ဖြစ်ပါသည်........