Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts
ဒီရက်ပိုင်း ဘော်ဒါအပေါင်းဆီကနေ ဇွတ်ကြီးရော အတင်းကြီးရော အမေးခံနေရတဲ့မေးခွန်းတစ်ခုရှိတယ်ဗျ။ ငြင်းလို့ လဲမရ ပြောလို့လည်းမယုံ ဘယ်လိုပုံဘယ်လိုနည်းနဲ့ ဖြေရှင်းရမှန်းကို တိတော့ဘူး ချိတ်ညစ်တယ်....ကိုဝေ အသည်း ကွဲနေလားတဲ့ မကွဲဘူးဆိုလည်းမရ ဇွတ် .... ဟုတ်ပါဘူးဆိုတာတောင် ဟုတ်ရင်လည်းရှက်ဆရာမလိုပါဘူး ဆိုတဲ့ ကျနော် အစ်ကိုလိုခင်ရတဲ့ ဆရာကပါသေး ဂျီတော့ မက်ဆေ့တွေ ဒါမှမဟုတ် ဘလောက်က ကဗျာတွေ စာတွေ ကြောင့်ဖြစ်မယ်ထင်ပါရဲ့ ဂျီတော့က စာတွေကတော့ သီချင်းစာသားတွေကို ခပ်တည်တည်နဲ့ကူးထည့်ထားတာပါ ဟတ် ဟတ် စိုးရိမ်တာကိုတော့ကျေးဇူးဗျား.......နော် တကယ်တော့ လူတစ်ဦးရဲ့ ဘ၀ အထူးသဖြင့် အမျိုးသားတွေမှာပေါ့ မိန်းကလေးတွေနဲ့ပါတ်သက်ပြီး ဖြတ်သန်းရတဲ့ အဆင့် (၃) ဆင့်ရှိသတဲ့......( ပြင်ညာရှိစကား မှတ်သားထားနော် ဟတ် ဟတ် ) (၁) ... ပထမအဆင့်က အမျိုးသမီးတစ်ယောက်က အမျိုးသားတစ်ယောက်ကို ၀မ်းနည်းအောင်လည်းလုပ်နိုင် .......................................တယ် ၀မ်းသာအောင်လည်းလုပ်နိုင်တယ်ဆိုတဲ့အဆင့်မျိုးပေါ့ဗျာ ..... (၂) ... ပထမအဆင့်က အမျိုးသမီးတစ်ယောက်က အမျိုးသားတစ်ယောက်ကို ပျော်ရွင်အောင်သာ ဖန်းတီနိုင် .......................................ပြီး စိတ်ဆင်းရဲစရာ ၀မ်းနဲစရာ အဖြစ်မျိုးတွေကို ဖန်တီးနိုင်မှုမရှိတဲအဆင့်ပေါ့.... (၃) ... တတိယအဆင့် မှာတော့ ၀မ်းနဲအောင်ကော ၀မ်းသာအောင်ကော မလုပ်နိုင်တော့ဘူးဆိုတဲ့ အဆင့် မျိုး ပေါ့ဗျာ အင်မတန်ရင့်ကျက်တဲ့ အဆင့်ပေါ့..... ဒီလိုအဆင့် (၃) ဆင့်ကို ဖြတ်သန်းရလေ့ရှိတယ်ဗျ အဲဒီ အဆင့်(၃) ဆင့်နဲ့ရင်ဆိုင်တဲ့ အခါမှာ အသက်အရွယ်ထက် ပြဿနာတစ်ခုကို ဖြေရှင်းတဲ့နေရာ သို့မဟုတ် ဆုံးရှုံးမှုကိုကြုံတွေ့ရတဲ့ အခါမှာ ထားလေ့ထားထရှိတဲ့ ထိုသူရဲ့ စိတ်နေစိတ်ထားအ အဓိက ကျတယ်ဆိုပါတော့ တစ်ချို့ဆိုရင် စီးပွားရေး မှာလဲအောင်မြင်ပါရဲ့ အသက်တွေလည်း လူငယ်သက်တမ်းတွေကို ဖြတ်သန်းလာပါ ရက်ကယ်နဲ့ ပထမ အဆင့်ကို မကျော်နိုင်တဲ့သူတွေရှိတယ်ဗျ....တတိယ အဆင့်သမားတော့ မတွေ့ဖူးသေးဘူး ဗျ .... ဒါပေမယ့် ဒုတိယ အဆင့်လောက်မှာတော့ရှိမှ နေသာထိုင်သာရှိတာ ဟေ့ မဟုတ်လို့ကတော့ လွယ်ဘူး ... ကျနော်ကော ဘယ်အဆင့်မှာလို့ သူငယ်ချင်းတို့ထင်လဲဗျ ကိုယ့်ကိုကိုယ်တော့ ... ဟတ် ဟတ် ဟတ်
ရည်းစာရှိသူနှင့် အမျိုးသမီးများဖတ်ရန်မလို လူပျိုစစ်စစ်များအတွက်သာ.....
ကျနော့်မှာအပြင်းအထန်ကန့်ကွက်ခဲ့တဲ့ အယူအဆ တစ်ခုရှိတယ်ဗျ ။ ဘာလဲဆိုတော့ ယောင်္ကျားလေး တစ်ယောက်အနေနဲ့ အသက်ကြီးတဲ့အမျိုးသမီးနဲ့ မကြိုက်သင့်ဘူးဆိုတာပေါ့ဗျာ ။ ဟုတ်တယ်လေ ခင်ဗျား စဉ်းစားကြည့် အသက်ကြီးတဲ့လူနဲ့ ချစ်သူဖြစ်တဲ့ယောင်္ကျားတစ်ယောက်က နဲနဲနောနော ဒုက္ခတွေမဟုတ်နော် ကျနော် နဲနဲပြောပြမယ်ဗျာ.........

  • အရင်ဆုံး သူနဲ့ကြိုက်ကြလို့ ချစ်သူချင်းစိတ်ကောက်ပြီထား ။ ချစ်သူချင်းစိတ်ကောက် ပြီဆိုရင် တစ်ယောက်က စိတ်ကောက်ရင် တစ်ယောက်က ချော့ရတာက သဘာဝဘဲလေ ။ ဒါပေမယ့်ဗျာ သူကကိုယ်ထက်ကလဲ အသက်ကကြီးတော့ သူစိတ်ကောက်တဲ့ ဟာကြီးကိုထိုင် ချော့ရမယ့်ဟာ ဘယ်လိုလုပ်ပြီးခံစားလို့ရမှာလဲ........
  • နောက်ပြီးသူကကြီးတယ်ဆိုပြီးတော့ ဟိုမသွားရဘူးတို့ ဟိုဟာမလုပ်တော့ဘူးတို့ ဆိုပြီး လူလည်က လာလာ လုပ်ဦးမယ် ဟုတ်တယ်မဟုတ်လား စိတ်ပျက်စရာဘယ်လောက်ကောင်းလိုက်သလဲ
ဒါတောင်အစဘဲရှိသေးတာနော် နောက်ပိုင်းပြဿနာတွေက အများကြီး .......
  • သူ့ဘက်က သိပ်နားလည်မှုပေးတက်တဲ့လူမျိုးဆိုရင်လည်းအားနာရပြန်ရော ....
  • နောက်အသက်ကြီးတော့ သူကိုမြန်မြန်ယူပါဆိုရင်လည်း အဲဒါက ပြဿနာ........ယူပြီးတော့လည်း ယောင်္ကျားက ငယ်နေရင်စိတ်မချဖြစ်ရော ဒီတော့ ကလေးမြန်မြန်ယူပြီးတော့ ကိုယ့်ကို အိမ်မြဲအောင်လည်းထိန်းချုပ်မယ် ....
  • နောက်သူက အသက်က ကြီးတော့ သူကိုပြစ်သွားပြီး အခြားတစ်ဦးဦး နဲ့များဆိုတဲ့ အတွေးတွေကလည်း ၀င်လာပြီဆိုရင် အိမ်ပြန်လာတာနဲ့ သင်္ကာမကင်းတဲ့ မျက်လုံးတွေနဲ့နေ့တိုင်းအကြည့်ခံရတဲ့ဒုက္ခတွေ ကဲနဲသလား.......
အဲ ငယ်တဲ့ဘက်လှည့်တော့လဲ သက်သာမယ်တော့မထင်နဲ့နော် ကိုယ့်လူ....
  • ခဏခဏ စိတ်ကောက်ပြမယ် ဟိုဟာပူစာ ဒီဟာပူဆာတွေလုပ်မယ် အလိုက်ကမ်းဆိုးမသိ အားမှန်းမသိ မအား မှန်းမသိ ဖုန်းတွေ တဂွမ်ဂွမ်ဆက်မယ် .......
  • ကိုယ်က အငယ်တွေကြား မသွားချင်လည်း သူ့သူငယ်ချင်းတွေနဲ့ ခေါ်မိတ်ဆက်ပေးမယ်.....
  • သူ့ ကိစ္စအသေးအဖွဲတွေကို အရေးကြီးခွင်ကျယ် လုပ်ပြီးတော့တိုင်ပင်မယ် ကိုယ်ကလည်း အားနာပါးနာနဲ့ စိတ်မ ၀င်စားဘဲ စိတ်ဝင်စားချင်ယောင်ဆောင်ရမယ် ........
ရွယ်တူကြတော့လဲ တစ်မျိုးဆိုးပြန်ရော....
  • ကိုယ့်ကို အသက်ကြီးတဲ့ မမကြီးတွေရဲ့ ကြင်ကြင်နာနာဆက်ဆံမှုမျိုးတွေရဖို့ ခက်တယ် ........
  • ကိုယ်နဲ့အပြိုင်အဆိုင်တွေလုပ်မယ်...... ကန့်လန့်လုပ်မယ် ...
  • ကနွှဲ့ကလျ စိတ်မကောက်တက်ဘဲ စိတ်ဆိုးရင် နင်နဲ့ငါ နဲ့ဘုတွေပြောမယ် ခဏခဏ ဒေါသထွက်ရမယ် ......သူငယ်ချင်တွေရှေ့လည်းမရှောင်ဘဲ သူကိုယ့်ကိုပြောချင်တာတွေပြောမယ်....
အကြောင်းသိဆိုရင်တော့ဝေးဝေး ကရှောင်နော် ....... သူအကြောင်းကိုယ်အကြောင်းများများသိလေ ပြဿနာနဲ့
နီးစပ်လေဘဲ......

ကဲကဲ ခုဘယ်လိုရွေးချယ်ရရင်ကောင်းမလဲ......... သိရင်ပြောခဲ့ကြပါ.....

တစ်ခါတစ်ခါ လူတစ်ယောက်ရဲ့ စိတ်ဟာ အတော်ကိုဆန်းကျယ်တယ်ဗျာ ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့လပေါင်းများ စွာက အမှန်လို့ထင်ခဲ့တဲ့ အရာတွေ အမှန်လို့ထင်ခဲ့တဲ့ အယူအဆတွေဟာ အခုအချိန်မှာ ပြောင်းလဲချင်ပြောင်းလဲ သွားတက်တယ်လေ ......... ကျနော်လဲ နဲနဲတော့ ပြောင်းလဲချင်နေတယ် ဟဲ ဟဲ

မမကြီးတွေအပေါ်ဘဲ အမြင်ပြောင်းရမလား..........?
ညီမလေးတွေ အပေါ်ဘဲ အမြင်ပြောင်းရမလား............?
ရွယ်တူတွေ အပေါ်ဘဲ အမြင်ပြောင်းရမလာ...........?
ရှုပ်ပါတယ်ဗျာ အားလုံး အပေါ်ဘဲ အမြင်ပြောင်းလိုက်ရင်ကောင်းမလား.......?



သေမှာမကြောက်နဲ့

သေရမှာကိုသိပ်ကြောက်နေသလား ......... ?

မကြောက်ပါနဲ့..........ခင်ဗျား အခုနေကောင်းနေတယ်မဟုတ်လား ? .... ဒါဆိုမသေနိုင်သေးပါဘူးနော်
ဒါပေမယ့် နေမကောင်းရင်တော့ ခင်ဗျားကြောက်ရမယ် ... သေသွားနိုင်တယ်လေ........
ဒါလည်း ခင်ဗျားမကြောက်ပါနဲ့အုံး ခင်ဗျားရိုးရိုးဖျားတာဆိုရင် ဆေးသောက်ရင်ပျောက်သွားမှာ
ဒီတော့မသေနိုင်သေးဘူး ..... အေးဆေးဘဲ......
ခင်ဗျားအပြင်းအထန် ဖြစ်နေတာဆိုရင်တော့ ကြောက်ရမယ် ...... ခင်ဗျားသေသွားနိုင်တယ်........
ဒါလည်းမကြောက်နဲ့အုံး ..... ခင်ဗျားကကောင်းမှုကုသိုလ်လုပ်ထားရင် ကောင်းရာနေရာကိုရောက်မှာ.....
ဒီတော့ ခင်ဗျားကြောက်စရာမလိုဘူး ........
ခင်ဗျားကကောင်းမှု မလုပ်ထားရင်တော့ကြောက်ရတယ် .... ခင်ဗျားကငရဲသွားရမှာကို........
ဒါလည်း ခင်ဗျားစိတ်မဆင်းရဲပါနဲ့ 
ခင်ဗျား အဲဒီကိုရောက်ရင် မိတ်ဟောင်းဆွေဟောင်းတွေနဲ့ တွေ့နေလို့ စိတ်ညစ်ချိန်တောင်
ရှိမှာမဟုတ်ဘူး .............

ခင်ဗျားမှာ သေရမှာကြောက်တဲ့မိတ်ဆွေများရှိရင် ဝေမျှလိုက်ပါ ......