Showing posts with label အတွေးအမြင်. Show all posts
Showing posts with label အတွေးအမြင်. Show all posts
အိပ်မရတဲ့ ညတွေမှာ ဘာရယ်မဟုတ် ဟိုတွေဒီတွေး ဟိုငေးဒီငေးနဲ့ အိပ်ရာထက်မှာ လဲလျောင်းရင်း မျက်နှာ ကျက်ဖြူဖြူ တွေကို အကြောင်းမဲ့ ကြည့်နေ ခဲ့မိတယ်..... မနေ့ညက ဆိုပါတော့ ။ ဒါနဲ့ ဘဲ ပထမဆုံး ကျနော့်ရဲ့ မြင် ကွင်းထဲကို ၀င်လာတာက တော့ အိမ်မြှောင်လေးတစ်ကောင်ဗျ .... ဒီကောင့်ပုံစံကြည့်ရတာ တစ်ဆုံတစ်ရာကို ရှာ ဖွေနေဟန်တူရဲ့ ဘာကိုရှာဖွေနေတာကိုတော့မသိပါ သို့သော် သိတော့သိချင်လာပါသည် .... ထို့ကြောင့် အားနေ သောမျက်လုံးနှစ်လုံးကို အိမ်မြှောင် စောင့်ကြည့်ရေးတာဝန်ပေးလိုက် သည် ။ ထိုအိမ်မြှောင်သည်ငတက်ပြား ခြေလှမ်းဖြင့် ကျနော့် မြင်ကွင်းဆီမှ တဖြည်းဖြည်းထွက်ခွာရန်ဟန်ပြင်နေသည်.... တစ်စုံတစ်ရာဆီသို့ ဦးတည်ရွေ့ လျားနေသည် ဟုထင်ရသည် ထိုတစ်စုံတစ်ရာသည် ဘာလဲ ဘာလဲ ဟူသော သိချင်သည့်ဆန္ဒသည် ပိုမို အားပြင်း လာလေလေ ကျနော်ရဲ့ အကြည့်တို့ကို ထိုအိမ်မြှောင်ဆီသို့ တွန်းပို့ထားလေလေ ....... ထိုသို့ နှင့် ကျနော့် အကြည့် စက်ကွင်းဆီသို့ ဒုတိယမိ တစ်စုံတစ်ရာ ၀င်လာလေသည်..... ထိုတစ်စုံတစ်ရာသည်ကား ထူးထူးခြားခြားမဟုတ်ပါ ပိုးကောင်ငယ်လေးတစ်ကောင်ပါ ဘာ ပိုးကောင်မှန်းတော့ မသိပါ ပိုးကောင်ငယ်တစ်ကောင်ဆိုသည်မှာ တော့သေချာသည် ဘာပိုးကောင်လေးလဲ ကျနော်တွေးနေစဉ် ခဏလေးမှာပင် ထိုပိုးကောင်ငယ်လေးသည် မြင်ကွင်းထက်မှကိုရောင်ဖျောက်သွား လေသ လားမသိ ပျောက်ချင်းမလှပျောက်သွားတော့သည်...... တွေ့ပါပြီ ပိုးကောင်ကလေးပျောက်သွားရသည့်အဖြေကို အိမ်မြှောင်ငယ် တစ်ညတာ ၀မ်းစာအတွက်စတေးခဲ့ရသည်ကို ........ ထို့နောက်အိမ်မြှောင်သည်လည်းကျနော့် မြင်ကွင်းဆီမှ တစ်ရွေ့ရွေ့ထွက်ခွာသွားတော့သည် ကျနော်လည်း ဘယ်ကိုထွက်သွားသည်ကို ဆက်ကြည့်မနေ တော့ ...... ကြည့်စရာလည်းလိုမှမလိုတော့တာဘဲ.....

ဒါပေမယ့်ကျနော်နဲနဲတော့ ဆက်တွေမိပါသည် အိပ်မပျော်လို့တွေးမိတာလည်းဖြစ်ချင်ဖြစ်မည်..... ကျနော်တို့ ၏ ရှင်သန်ရပ်တည်မှုအတွက် တစ်စုံတစ်ရာကို တရားမျှတခြင်းကင်းမဲ့စွာ စတေးခိုင်းမိလျှင် ထိုသို့သောရှင်သန်မှု မျိုးကိုတော့ ကျနော်တို့လိပ်ပြာလုံနိုင်မည်လား ခင်ဗျာတို့ကော လိပ်ပြာလုံနိုင်မည်လား သို့သော် အိမ်မြှောင်သည် အိမ်မြှောင်ဖြစ်သလို ပိုးကောင်သည်လည်းပိုးကောင်ဖြစ်ပါသည်..... ထိုအိပ်မြှောင် ကိုသွားဆုံးမနေလျှင် ကျနော် သည်ပင်မိုက်မဲရာကျပါလိမ့်မည် သို့သော်ကျနော်သည်လည်းကျနော်ပင်ဖြစ်ပါသည်........

၂၀၀၇ နှင့်စကားစမြည်

၂၀၀၇ ရေ ငါတို့ခွဲခွာရတော့မယ်။ ငါတို့ဝေးကွာရတော့မယ်......မင်းနေဖို့ရက်သိပ်မကျန်တော့ဘူးဆိုတာ မင်းသိသလို ငါလည်းသိပါတယ်.... ဘာဘဲဖြစ်ဖြစ်လေ မင်းဟာငါနဲ့ ရက်ပေါင်း ၃၀၀ ကျော်လက်တွဲ ခဲ့တဲ့ မိတ်ဆွေတွေဘဲ လေ .... ဒါပေမယ့်ကွာ မင်းဘာကိုမှ စိတ်မကောင်းမဖြစ်ပါနဲ့ ....ငါတို့ဆိုရင် ကိုယ့်နောက်ဆုံးအချိန်ကို မင်းလိုကြိုသိခွင့် ရတာမှမဟုတ်တာ....
မင်းရင်ခုန်သံတွေရပ်သွားပြီး အခြားစက္ကန့်တစ်ခုကို ခုန်လိုက်တာနဲ့ မင်းကိုကြိုခဲ့သလို ငါတို့လည်း အခြားသက္ကရာဇ် တစ်ခုကို ကြိုဆိုရအုံးမယ်ကွာ..... မင်းနေရာမှာ အစားထိုး တာဝန်ထမ်းဆောင်မယ့် မင်းရဲ့ မျိုးဆက်သစ်ဆိုပါတော့ .... ဒီအတွက်လည်း မင်းစိတ်မကောင်းမဖြစ်ပါနဲ့ သူငယ်ချင်း...... နေရာ တစ်ခုဆိုတာ ကိုယ်အမြဲတမ်းဆုပ်ကိုင် ထားစရာမှ မလိုတာဘဲ ..... အချိန်တစ်ခုကိုရောက်ရင် လွှဲပြောင်းသင့်တဲ့ သူကိုလွှဲပြောင်းပေးရတာပါဘဲံလေ.... မင်းလဲ ၂၀၀၆ ဆီက တာဝန်ပြောင်းယူခဲ့သလို ပေါ့ ..... ပြောသပြောရတာ မင်းကတော့ သက္ကရာဇ် အသစ်ကို နေရာပေးဖို့ အဆင်သင့်ဆိုတာ ငါသိပြီးသားပါ .... တို့လူတွေသာ အဲဒီမှာ ပြဿနာတက်တက်နေကြတာ ။ ခင်ဗျားမရှိတော့ပေမယ့် ခင်ဗျားရေးခဲ့တဲ့ ဒိုင်ယာရီ စာအုပ်ကိုဖတ်ပြီး သင်ခန်းစားတွေ ယူကြမယ့် မျိုးဆက်သစ်တွေကတော့ လက်ချိုးမရေ နိုင်အောင်ကိုရှိနေမှာ မို့ ခင်ဗျား ဂုဏ်ယူ လိုက်စမ်းပါ ဗျာ.... ခင်ဗျားလျှောက်ခဲ့တဲ့ သက်တမ်းမှာ အမှားတွေ ပါခဲ့ရင်တောင် ခင်ဗျားရဲ့ ဒိုင်ယာရီမှာ ရိုးရိုး သား သား မှတ်တမ်းတင်ခဲ့လိုက်ပါ..... ဒါမှဘဲ သက္ကရာဇ် အသစ်တွေဟာ ခင်ဗျားလို အမှားတွေထပ်မမှား မှာပေါ့ တကယ်တော့ သွားလေသူတွေဟာ ပြီးဆုံးသွားသူတွေမဟုတ်ဘူး လမ်းပြခဲ့သူတွေလေ .......
ခင်ဗျားလဲ ခင်ဗျားရဲ့ မျိုးဆက်သစ်အတွက် ခင်းဗျား ဒီုင်ယာရီလေးကို လက်စသပ်ပါတော့ .... ပြီးရင်တော့ အေးအေးချမ်းချမ်း အနားယူနိုင်ပါစေဗျာ..........

သေတမ်းစာ essay

သိပ်မကြာခင်တစ်ရက်က ကျနော်အကျွမ်းတ၀င် ရှိတဲ့ လက်ရေး နဲ့ ရေးထားတဲ့ စာအိတ်တစ်လုံး ကျနော့်အိမ် တံခါး ၀ဆီကို မဖိတ်ခေါ်ဘဲ အလည်ရောက်လာခဲ့တယ်လေ။ ထိုစာကို ကျနော်ဖောက်ဖတ်ဖို့ အားမထုတ်ပါ ။ ဖတ်ချင်စိတ်လည်းမရှိပါ။ ဒီကမ္ဘာပေါ်မှာ ကျနော် မသိသော အရာများစွာရှိပါသည်။ ဒီတော့ ဒီစာထဲမှာ ဘာတွေပါသည်ကို သိခြင်းမသိခြင်းသည် ကျနော့် အတွက်သိပ်ထူးထူးခြားခြားမရှိပါ ။ မသိခြင်းများစွာထဲမှာ တစ်ခုပိုလာခြင်းသည် ဘာများထူးခြားသွားမည်လဲ..... ထိုစာအိပ်ထဲမှာ ၀မ်းသာခြင်းလား ၊ ၀မ်းနည်းခြင်းလား ၊ ပျော်ရွင်ကြည်နူးခြင်းလား သို့တည်းမဟုတ် အမုန်းတွေလား တစ်ခုခုတော့ ပါပါသည်ဟု ကျနော် အတက်ပြော နိုင်ပါသည်။ ဒီအတွက် စိတ်လှုပ်ရှားမှု တစ်စုံတစ်ရာဖြင့် ဒီစာအိတ်ကို ဖောက်မဖတ်ချင်တော့ပါ .... ထို့ကြောင့်မဖတ်တော့ဘူးဟု ဆုံးဖြတ်လိုက်ပါသည်.....
ကျနော်သည်လူတစ်ယောက်ဖြစ်သည်... လူသားအားလုံးသည်သေကြရမည်... ထို့ကြောင့်ကျနော် လည်း သေရမည်သာဖြစ်ပါသည်။ ကျနော်မသေခင်မှာ အားလုံးနှင့် သင့်သင့် မြတ်မြတ်ရှိချင်သည် စာထဲမှာဘာတွေပါသည်ထက် သူနှင့်ကျနော်ပြန်တွေ့သောနေ့တွင် လူသားပီသသော အပြုံးတို့ကို နွေးနွေး ထွေးထွေး ပြုံးပြချင်ပါသည်။ သူတင်မဟုတ်ကျနော် အားလုံးကို ရိုးရိုးသားသား ပြုံးပြချင် ပါသည်။ သို့သော် ကျနော်တစ်ခါတစ်ခါ မျက်စိ လျှမ်းတက်ပါသည်။ လမ်းမှာတွေ့လို့ ပြုံးမပြမိလျှင်တကယ်မတွေ့ခြင်းဖြစ်ပါသည်။ ဒီအတွက်အားလုံးကိုတောင်း ပန်ပါသည်။ ခင်ဗျားတို့သေလျှင် ကျနော်လိုက်ပို့ပါမည်။ ခင်ဗျားတို့နောက်ဆုံးခရီး စည်စည်ကားကားဆိုတော့ ခင်ဗျားဆွေမျိုးတွေ ဂုဏ်ရှိတာပေါ့ ။ ကျနော်သေလျှင်တော့ ခင်ဗျားတို့ လိုက်မပို့ ကြပါနှင့် ။ ခင်ဗျာ တို့အလှည့်မှာ ကျနော်လိုက်မပို့နိုင်တော့ သည်မှာ အားနာစရာကောင်းလှပါသည်။ စာအိတ်ပိုင်ရှင်ကိုတွေ့လျှင်ပြောလိုက်ပါ.......
သူအရင်သေလျှင်ကျနော် လိုက်ပို့မည့် အကြောင်းနှင့် လမ်းမှာတွေ့လျှင်နှုတ်ဆက်မည့်အကြောင်း သူ့စာကို ကျနော်ဖောက်မဖတ်ဖြစ်သည့် အကြောင်းတို့ကိုပေါ့......ကျနော်နောက်ဆုံးမှာခဲ့ချင်သည်မှာ ဒီနေ့လားမနက်ဖြန် လား ကျနော်သေပါမည် သိပ်တော့မသေချာပါ သေတာတော့သေပါမည် ကျနော်မသေခင် အာလုံးနှင့် သင့်သင့် မြတ်မြတ်ရှိစေချင်ချင်သည်......

တွေးစရာလေးတွေ

တစ်ခါတစ်ခါလည်းဗျာ ဟိုတွေး ဒီတွေးတွေးမိတဲ့ ဟာတွေ စဉ်းစားရင်းနဲ့ပေါ့လေ ဟုတ်တာတွေရော မဟုတ် တဟုတ် တွေရော ဘလောက်ပေါ်မှာ ရေးမိတက် သဗျ ။ ဒီတော့လည်း လွန်တာရှိရင်လည်း တောင်းပန်တယ်ဗျာ ဒီနေ့လည်း စဉ်းစားမိတာလေး နဲနဲတော့ရေးလိုက်ဦးမယ်.........

ကျနော်တို့ဆီမှာပေါ့မြန်မာစာ စာမေးပွဲတွေမှာ ဖြေရတဲ့ဟာ စာစီစာကုံးဆိုပါတော့ ဒီမှာက စစ်ရင် ဘယ်လိုစစ်သလဲလို့ဆိုတော့ လက်ရေးဘယ်လောက်လှရင် ဘယ်နှစ်မှတ် အကြောင်းရာနဲ့ ဆီလျှော်တဲ့ ဥပမာတွေ ပေးနိုင်ရင် ဘယ်နှစ်မှတ် ၀ါကျဖွဲ့ထုံးမှန်ရင်ဘယ်နှစ်မှတ် စသဖြင့်ပေါ့လေ အမှတ်ပေးကြတယ် ဒီတော့ မြန်မာစာ စာစီစာကုံး ရေးသားခြင်းမှာက လက်ရေးလှပြိုင်ပွဲဝင်သလိုဖြစ်နေတယ် ပေါ့လေ ။ အဲ ဒီဟာ ဗျာ အတော်ကိုစိတ်ပျက်ဖို့ကောင်းတယ်လို့ ကျနော်ကတော့ထင်တာဘဲ.... ဘာလို့လဲဆိုတော့ မြန်မာစာ လက်ရေးလှခြင်းမလှခြင်းက မြန်မာစာ တက်ခြင်းမတက်ခြင်းနဲ့ ဘာမှမဆိုင်ဘူးလို့ထင်တာဘဲ နောက်တစ်ခု ကပေါ့လေ ခေါင်းစဉ်နဲ့ ဆီလျှော်တာကိုအကိုးအကားတွေ နဲ့ ရေးတဲ့ ဟာ တကယ်တော့ သိပ်ပြီးတော့ အရေးမကြီးလှဘူးဗျ ဘာလို့လဲ ဆိုတော့ အဲ ဒါဟာ စာစီစာကုံးရေးတဲ့ သူတစ်ယောက်ရဲ့ talent နဲ့ ပေါ့ ဘာမှ ဆိုင်တဲ့ အချက်အလက်တွေမဟုတ်ဘူး ကျနော်ဗျာ စာအုပ်တစ်အုပ်ဖတ်လိုက်ရတယ် ဆရာကျော်ဝင်း ဘာသာပြန်တဲ့ ဟားဗတ်အကြိုက် အက်ဆေးများဆိုတဲ့ ဟာပေါ့ သူတို့ဆီကပေါ့လေ ကျောင်းသားတွေရေးတဲ့ စာစီစာကုံးတွေက ဗျာ တစ်ကယ့်ကိုတိုတို လေးတွေဗျ ။ ဒါပေမယ့် ထိတာတော့တစ်ကယ်ထိတယ် နော် သူတို့ ရဲ့ အမှတ်ပေး စည်းမျည်းကိုက ကြည့်လေ သတ်ပုံမှားတာတွေ လက်ရေးလှတာ မလှတာတွေက အဓိက ထား ပြီး အမှတ်မပေးပါဘူးတဲ့ အဲဒီလို သတ်ပုံမှားတာတွေသိပ်များမှ အမှတ်က နဲ နဲဘဲ လျော့တယ်တဲ့ သူတို့ ကတဲ့ သူတို့ ပေးလိုက်တဲ့ ခေါင်းစဉ်ကိုပေါ့လေ ကျောင်းသား အနေနဲ့ သူ့ရဲ့ ပင်ကိုယ်အရည်အသွေးနဲ့ပြန်ပြီးတော့ တုံ့ပြန်တဲ့ရှုထောင့်တွေကို အဓိကထားပြီတော့ သုံးသပ်ပါတယ်တဲ့ ....... ကဲ အဓိက ထားတဲ့ အချက်တွေက ဘယ်လောက်ကွာသွားသလဲ ကျုပ်တို့ဆို ရေးလိုက်ရတာ စာစီစာကုံးတစ်ပုဒ်ဆို စာမျက်နှာပေါင်းများစွာ ဒါပေမယ့် ဘာတွေများအကျိုးရခဲ့သလဲ ......စာရေးတယ်ဆိုတာ ကိုယ်ပေးချင်တဲ့ message ကို တခြားလူ တွေ နားလည်အောင် ပေးခြင်းလေ စာဖတ်ရတာ အဆင်ပြေပြီးနားလည်ဖို့ ကအဓိက အပြင်မှာ ဘယ်သူက များ သဒ္ဒါမှန် အောင်စာရေးနေလို့လဲ
ဒီမှာက စာသင်တဲ့ ဟာက ထားရမယ့် ဦးတည်ချက်တွေက primary and secondary လွဲနေတဲ့ဟာတွေက အတော်လေးကိုများတယ်လို့ ကျနော်ထင်တယ်ဗျာ ......
ကျန်တာကို အသာထား အင်္ဂလိပ်စာ သင်တဲ့ ဟာပေါ့ သူငယ်တန်းထဲက သင်လိုက်တာတက္ကသိုလ်သာ ပြီးရော အင်္ဂလိပ်စာကိုကောင်းကောင်းမတက်ဘူး ..... A ဆိုရင် တစ်ခု တစ်ကောင် တစ်ယောက် ဆိုတာ မျိုးလောက်နဲ့ဘဲပြီးနေရတာကို ....တကယ်တော့ A ကိုပေါ့ လေ အများကိန်းမှာလဲ သုံးတယ် ဆိုတာကို .... သိတဲ့ သူကခပ်ငယ်ငယ်ကျောင်းသားဘ၀မှာ အတော်ကိုနည်းတာ A dog is an animal. ဆိုပါတော့ ခွေး ဆိုတာ တိရစ္ဆာန်ဘဲ လို့ပြောတာပေါ့ ........ ကျနော်တို့မှာ က အင်္ဂလိပ်စာ သင်တဲ့ ဟာအင်္ဂလိပ်စာ တက်ဖို့ပေါ့ ရှင်းရှင်းလေး ကျောင်းသားစိတ်ဝင်စားမယ့် ဟာ ထည့်ပေါ့အိုဗျာ ခပ်ရိုင်းရိုင်းပြောရ ရင် သင်ရိုးမှာ ကမ္ဘာကျော် ရည်း စား စာများကို ထည့်တော့ရောဘာဖြစ်တုန်း ...... အခုတော့ ဒီမှာ သွားပြီးတော့ ကျောင်းသားက လည်း စာအုပ်မြင်တာနဲ့စိတ်ကုန်ရတဲ့ စာမျိုးဆိုလည်းဟုတ်သေးဘူးထင်တာဘဲ.....
သင်္ချာသင်တယ် ဗျာ ကျနော်တို့ကို ဂျီသြမေထရီ သင်တဲ့ ဟာ လမ်းဖြတ်ကူးဖို့ သင်တာမဟုတ်ဘူး စဉ်း စားနည်းကိုသင်တာ ဟုတ်တယ်မလား ....လမ်းဖြတ်ကူတာက တည့်တည့်ကူးရင်မြန်မြန်ရောက်တယ် တစောင်းကူးရင်နှေးတယ်ဆိုတာ လူမပြေနဲ့ခွေး တောင် သိတယ် ဒါပေမယ့် ကိုယ့်ဘာသာကို ဘာကြောင့် အသင်ခံရမှန်းမသိတဲ့ ဘ၀နောက်ရှိသေးတယ် ဘာရှိတ် တို ဘာဂရိတ် တို့ ကျူပ်တို့ မှာ စာမေးပွဲအမှတ်ကောင်း
အောင်သာ တွက်ခဲ့ရတာ အခုထိကျောင်းသာ ပြီးသွားတယ် ဘယ်မှာ သုံးရမှန်းကိုမသိဘူးကဲ အမှတ်ကောင်းတာ နဲ့ စာတော်တယ်ဆိုတာဟာ တစ်ခြားစီဗျ ။ အဲ ဒီလိုဟာတွေကို အမှန်အကန် သိပြီး တော့ တက်တဲ့ ဟာက မှ တကယ်စာတော်တာ အခုတော့ ဗျာ အမှတ်ကောင်းတယ် သွားဂျောင်းဆေးကျောင်း ၊ အမှတ်နဲတယ် သွား သင်္ချာ ... ရူပဗေဒ ဒီလောက်ခက်တဲ့ ဟာတွေကိုဗျာ အမှတ်နဲ့တဲ့ ဟာ သွားထားတယ်ဆိုတော့ အကုန်လုံးပြီးရောပေါ့..........ကဲမောပြီဗျာ ....ရေတစ်ခွက်လောက်
(ဝေဖန်မှုနှင့် ထောက်ပြမှုများကိုကြိုဆိုလျှက်)

leader and manager (2)

ကင်းမြီးကောက်နဲ့ဖားပုံပြင်လေး ကြားဖူးကြမယ် ထင်တယ်နော်မကြားဖူးလည်း ထပ်ပြောတာပေါ့ဗျာ။ တစ်ခါ တုန်း ကပေါ့ဗျာ ကင်းမြီးကောက်နဲ့ဖားတစ်ကောင်ဟာ ဘော်ဒါဖွဲ့ပြီးနေကြတယ်တဲ့ ။ တစ်နေ့တော့ ဒီဘဲနှစ်ဗွေ က ချောင်းတစ်ခုကိုဖြတ်ပြီးခရီးသွားဖို့ ကြုံရောတဲ့ဗျာ။ အဲဒီမှာ ကင်မြီးကောက်က ပြောတာပေါ့ ဟေ့ကောင် ငါကတော့ရေမကူးတက်ဘူး အဲတော့မင်းက ကျောပေါ်မှာငါ့ကိုတင် ပြီးတော့ကူးပေး အဲဒါမှအဆင် ပြေမှာ....ဆိုတော့ .......ဖားက ဟ ငါကမင်းကို တင်ခေါ်တာတော့ဟုတ်ပြီ ဒါပေမယ့်မင်းငါ့ကို အမြီနဲ့ထိုးလို့တော့မဖြစ်ဘူး မင်းရေထဲမှာငါ့ ကိုအမြီးနဲ့ထိုးရင် ငါကအဆိပ်တက်မှာ အဲဒါဆို ရေဆက်မကူးနိုင်ဘူးဖြစ်မှာ ငါသေရင် မင်းလဲရေမကူးတက်တော့ မင်းပါသေမှာ ။ ကင်းမြီးကောက်က အေးပါကွာ မထိုးပါဘူးဆိုတော့ ဖားက သူ့ကျောပေါ်တင်ပြီး မြစ်ကိုကူးလိုက်တာ မြစ်လည်လည်းရောက်ရော ကင်းမြီးကောက်က ဖားရဲ့ကျောကို အမြီးနဲ့ထိုးပါလေရော ....ဖား က ဟာ မင်းဘာလုပ်တာလဲ အခုငါအဆိပ်တက်ပြီ မင်းပါသေမှာ ဟငါက ကင်းမြီးကောက်ဘဲ အဲဒီတော့ထိုးရမှာဘဲ.......

Mamager တွေက ဖားတွေလိုဘဲစဉ်းစားတယ် သူတို့ကပြောင်းလဲလို့ရမယ်လို့ထင်တယ် လူတွေရဲ့ သဘာဝ တွေကိုပြောင်းလဲဖို့ကြိုးစားတယ်။ သူတို့သာ အစွမ်းကုန်ကြိုးစားရင် ဘယ်သူ့ကိုမဆို သူတို့ပြောင်း လဲ ချင်တဲ့ ပုံစံအတိုင်း ပြောင်းလဲရမယ်ထင်တယ်။ နောက်ဆုံးတော့လဲ အားလုံးကိုမကျေနပ်ဘဲ ပြီးဆုံး သွားရသူမျိုးတွေပေါ့......

Leader တွေကတော့ အယူဆဟောင်းတွေကို စွန့်လွှတ်ပြီး လူတွေရဲ့မတူညီတဲ့အရည်သွေးလေးတွေကို ကိုင်တွယ်ပြီး မတူညီတဲ့နည်လမ်းလေတွေနဲ့ သူတို့ အရည်ချင်းတွေကိုထုပ်ဖော်ချင်လာအောင် Motivate လုပ်ပြီး ပန်းတိုင်ကိုသွားနိုင်သူတွေပေါ့ ။ လူတွေကိုများများမပြောင်းနိုင်ဘူးဆိုတော့ သူတို့ဆီက ထုပ်ယူတဲ့နည်းကိုဘဲသုံးတဲ့သူတွေပေါ့......

မန်နေဂျာတွေက လူရွေးတဲ့အခါမှာ experience တို့ Intellegence တို့ determination တို့ ကိုအဓိက ထားစဉ်းစားတက်တယ်။ သူရွေးတဲ့သူတွေလုပ်ငန်းခွင်ထဲရောက်တာနဲ့လုပ်ရမှာတွေကိုတန်းစီ ပြောပြ သင်ပြပေးတော့တာဘဲ။ သူ့လူတွေရဲ့အားနည်းချက်တွေကို ဖြည့်စွက်ဖို့ကြိုးစားတယ် သူတို့မှာမရှိတာ တွေကိုထည့်လို့ရမယ်ထင်တဲ့ဖားတွေပေါ့ဗျာ ။ ရာထူးတိုးပေးပြီး လူတွေကို develope ဖြစ်အောင် လုပ်ပေးတယ်....

leader တွေကတော့ လူတွေကိုရွေးတဲ့ အခါမှာ experience ,ntellegence ,determination ထက် Talent ကိုဘဲ အဓိကထားပြီးရွေးတယ် သူ့လူတွေရဲ့ သက်ဆိုင်ရာ Talent ကိုယုံကြည်ရတော့ ဘာလိုချင်တယ်ဆိုတာဘဲပြောတယ်။ သူတို့ရဲစွမ်းဆောင်ရည်ကိုလွတ်လွတ်လပ်လပ်ဖော်ထုပ်ခွင့်ပေးတဲ့သဘော
ပေါ့။ သူ့လူတွေကို develope ဖြစ်ဖို့အတွက်ရာထူးတိုးပေးတာထက် သက်ဆိုင်နေရာတွေမှာ အံဝင်ခွင်ကျဖြစ်အောင်ဖန်တီးပေးတယ်.....

အဲဒီနေရာမှာ ရာထူးတိုးပေးခြင်းနဲ့နေရာမှန်ပို့ခြင်းက သိပ်ကွာတယ်နော် ဆိုကြပါစို့ ကလေးအထူးကု တစ်ယောက် သိပ်တော်တယ် ဒီတော့ရာထူးတိုးပေးပြီး ညွှန်ချူပ်ခန့်လိုက်တယ်။ သူက ဆေးကုတော်တာ လေ management ကောင်းချင်မှ ကောင်းမှာပေါ့ သူက ညွှန်ချူပ်ဘ၀မှာ မလုပ်တက်မကိုင်တက်နဲ့ဆိုရင် သူ့ departmene ရဲ့ရည်ရွယ်ချက်လဲပျက် ပြီသူ့နေရာကိုရောက်တဲ့ကလေးဆရာဝန် ကလည်းမလုပ်တက် မကိုက်တက်ဆိုရင် ကဲကဲနေရာမှန်လူမှန် နဲ့ အကောင်းဆုံးသော leader တွေနဲ့တွေပါစေ ...... ယင်းပိုစ့်အတွက်ဝေဖန်လေကန်မှုများကိုကြိုဆိုလျှက်.......

leader နှင့် Manager (၁)

ဒီပိုစ့်လေးကတော့ ဗျာ မနေ့က ဟောပြောပွဲသွားတက်ရင်းနဲ့ ကြားခဲ့တာလေးတွေကို ကိုယ့်ဘာသာကိုယ် နဲနဲ လျှာ ရှည်ပြီးဖောက်သည်ပြန်ချတဲ့ သဘောပါ

လူတွေဟာတဲ့ တခြားသူတွေကိုပြောင်းလဲအောင်လုပ်ချင်ကြတယ် အဲဒါဟာ လုံးဝမှားတယ် ဘာလို့လဲ ဆိုတော့တခြားသူတွေကိုပြောင်းလဲအောင်လုပ်လို့ကိုမရဘူး ဆိုကြပါစို့ဗျာ ခင်ဗျား သိပ်ခင်တဲ့သူ တစ် ယောက်ကို အနုပညာလောက မှာ သိပ်အောင်မြင် စေချင်တယ် အထူးသဖြင့် အဲဒီလူကို အဆိုတော်တစ်ယောက်ဖြစ်စေချင်တဲ့ ဟာ ဒီကောင်က သူ့ အသံကိုက မကောင်းဘူး ဗျာ နောက်ပြီးတော့ တခြားသူတစ်ယောက်က ဆိုငါးပေါက်သံနဲ့ဆိုထားတဲ့ သီချင်းကိုသူကခြောက်ပေါက်သံနဲ့ ကြားတယ်ဗျာ ကဲ ဒီတော့သူကဆိုရင်ခြောက်ပေါက်သံနဲ့ဘဲဆိုမယ် အဲဒီတော့ ဒီကောင်ဘယ်လိုလုပ်အဆိုတော်ဖြစ်နိုင်မလဲ ဟုတ်တယ်နော် လူတစ်ဦးချင်းဆီမှာ Talent တစ်မျိုးဆီရှိတယ် ကမ္ဘာမှာဗျာ လူဦးရေ သန်းခြောက်ထောင်ကျော် ရှိတယ် အဲဒီထဲ မှာခင်ဗျားနဲ့တူတဲ့သူတစ်ယောက်ကိုမရှာနဲ့ ရှိကိုမရှိဘူး ....ခင်ဗျားဟာ ခင်ဗျားဘဲ .........

အဲဒီနေရာမှာ Manager နဲ့ Leader နဲ့ ကွာသွားတော့တာဘဲ မန်နေဂျာတွေက ဘာလုပ်သလဲဆိုတော့ သူ့
Mission အောင်မြင်ဖို့အတွက် လိုအပ်ချက်တွေကိုရှာတဲ့ နေရာမှာ သူ့အောက်မှာ ရှိတဲ့ဝန်ထမ်းတွေရဲ့အားနည်းချက်တွေကိုလိုက်ရှာတက်တဲ့ အကျင့်ရှိတယ်.... ဘာလို့လဲဆိုတော့ သူလူတွေရဲ့အား
နည်းချက်တွေကို ဖြည့်စွက်ပေးဖို့အတွက်ဆိုပါတော့ဗျာ ..... အဲဒီလိုအပ်ချက်တွေအတွက်သင်တန်းတွေ ပေးတယ် ဗျာ တကယ်တော့ အဲဒီကောင်မှာ တကယ့်Talent တွေ မရှိတဲ့ဟာမျိုးဆိုရင် ဘယ်လိုသင်တန်းပေးပေး
မရဘူးဗျ စင်ပေါ်ကိုတက်ကိုပြောနိုင်စွမ်းမရှိတဲ ဟာမျိုး ကိုသွားပြီးဘာမှ သင်တန်းမပေးနဲ့ မရဘူး အလကားဘဲ
အချိန်ကုန်သွားမယ် ဒါပေမယ့် အဲဒါဟာ လုပ်နေကြတာဘဲ

Leader ကောင်းတစ်ယောက်ဆိုရင်တော့ သူ့ Mission အောင်မြင်နိုင်ဖို့အတွက် သူ့ လူတွေမှာရှိတာတွေကိုဘဲထုတ်သုံးဖို့ကြိုးစားတယ် သူ့လူတွေရဲ့မတူညီတဲ့ အရည်အချင်းတွေကို သင့်လျှော်သလိုထုတ်သုံးပြီး အောင်မြင်အောင် ဆောင်ရွက်နိုင်တယ်.....

မန်နေဂျာဆိုတာကတော့ဗျာ ကျားကစားတဲ့သူတွေနဲ့တူတယ် သူကရှင်းတယ်လေ သမရိုးကျဘဲ ကျားခုံမှာ အဖြူကွက်တွေအမဲကွက်တွေပါတယ် အဲဒီထဲကမှ သူ့ကျားကောင်လေးတွေကို သမရိုးကျအတိုင်းဘဲ တစောင်းလေးတွေတက်သွားမယ် သူ့မှာဘာမှ သိပ်ဖန်တီမှုမရှိဘူး

Leader ဆိုတာကတော့ စစ်တုရင်ကစားတာနဲ့ တူတယ် သူလက်အောက်က အကောင်တိုင်းမှာ မတူညီတဲ့ အရည်အသွေးတွေရှိတယ် ဒီအရည်အသွေးတွေကို ထိရောက်စွာ အသုံးချပြီး တဖက်ကစား သမားကို တစ်ဘက်ပြိုင်ဘက်ကိုယှဉ်ပြိုင်ရတယ် တကယ်တော့လူတွေဟာ ကျားကောင်တွေနဲ့ မတူဘူး စစ်တုရင်ရုပ်တွေလို မတူညီတဲ့အရည်သွေးတွေရှိနေတယ် ဒီမှာခဏနားပြီးစိတ်ဝင်စားကြရင်တော့ ဒုတိယပိုင်:ဆက်၇န်ပေါ့ဗျာ........
တစ်စုံတစ်ရာကို ကြောက်ရွံ့နေရခြင်းသည်ကောင်းပါသလားလို့ အမေးခံရမည်ဆိုပါစို့ ..... ကဲဘယ်လို အ ဖြေမျိုး တွေများ ဖြေကြမည်ဟုထင်ပါ သနည်း အဖြေက ရိုးရှင်းပါသည် မကောင်းပါ လုံးဝမကောင်းပါလို့ တစ်ညီ တစ်ညွတ်တည်းဖြေကြမည်ပေါ့ ....... ဟုတ်သည်လေ မိတ်ဆွေလည်း မကြောက်ရွံ့ချင်ပါ မိတ်ဆွေတို့လိုဘဲ ကိုဝေဆိုတဲ့ ငနဲ လည်းမကြောက်ရွံ့ချင်ပါ သို့သော် ကျနော်တို့ မကြောက်ရွံြု့ကဘူးလားဘယ်ဟုတ်မလဲ ကြောက်ရွံ့ ခဲ့ကြသည်ပေါ့ ငယ်ဘ၀မှာ ဒေဝေါကြီးလာနေပြီဆိုသည်ကိုလည်းဘာရယ်ညာရယ်မဟုတ် ကြောက် ခဲ့ဖူးပါသည်။ ကျောင်းနေစဉ် ဘ၀မှာ လေပေါ်မှာ တရွမ်းရွမ်း ခတ်ပြနေသော ဆရာရဲ့ ကြိမ်လုံးကို ကြောက်ခဲ့ ဖူးသည်။ ဒီတော့ အကြောက်တရားနှင့်အတူ မည်သည့် အရာတွေကို ပူးတွဲ လက်ခံလိုက်ရပါသနည်း။ ကျနော်တို့ သည်အမှားအမှန်ခွဲခြားနိုင်စွမ်းကိုပါဆုံးရှုံးသွားစေသည်ဟု ကျနော်ပြောလျှင်မိတ်ဆွေလက်ခံပါမည်လား.... စိုးရိမ်ထိတ်လန့်နေရသောနှလုံးသားတစ်စုံ သည် အမှန်တရားကိုဝေဖန်နိုင်စွမ်းရှိနိုင်ပါဦ်းမည်လား.....ကျနော် မောင်သစ်ဆင်းရဲ့ကြောက်စိတ် ဆိုသောစာအုပ်ထဲမှ ဥပမာလေးတစ်ကိုခုအကျဉ်းချုပ်လေးပြောပြပါရစေ.......

မင်းတုန်းမင်းနှင့်ငါးခြောက်ပြားပုံပြင်လေးကြားဖူးတယ်နော်.... နဲနဲလောက်ပြန်ပြောမယ်ဗျာမင်းတုန်းမင်း ငလွင် ဘ၀က စံကျောင်းဆရာတော်ဆီမှာ စာသင်နေတုန်းတစ်နေ့မှာ အင်းသားကြီးငကြူက ငခြောက်ပြား ကြီး လာ လှူတယ်တဲ့ ဒါနဲ့ ငလွင်ကိုခေါ်ပြီးသိမ်းခိုင်လိုက်ရောဆိုပါစို့ နောက်တစ်နေ့ဆရာတော်ဆွမ်းဘုန်းပေး ချိန်မှာ ငခြောက်ဖုတ်ခိုင်တော့ ငခြောက်ကျပျောက် ငလွင်ကရှာ တပြိုင်ထဲမှာ ဆရာတော်ကလည်း တောပဲဆီ သန့်သန့် လေးနဲ့ရောက်လာမယ့်ငခြောက်ဖုတ်ကိုစောင့်နေတာပေါ့ဗျာ ငခြောက်သိပ်ကြိုက်တဲ့ဆရာတော်ကိုး နောက်ဆုံး တော့ ငခြောက်ပျောက်သွားတဲ့ အကြောင်းကို ဆရာတော်ကိုမျက်နှာငယ်လေးနဲ့လျှောက်တော့ ဆရာတော် ကလည်း ဟဲ့ငလွင် လာခဲ့ဆိုပြီး “ နင်ကဘုရင့်သား အကြောင်းညီညွတ်ရင်နိုင်ငံကိုအုပ်ချုပ်ရမယ့်သူ ဒီငခြောက်ပြားလေးတောင်မစောင့်ရှောက်နိုင်ဘဲနိုင်ငံကို ဘယ်လို အုပ်ချုပ်မှာလဲ”ဆိုပြီး ထားဝယ် ကြိမ် ကိုဆွဲ အချက်ပေါင်းများစွာရိုက်ပါသတဲ့... ဒီဆောင်ပါးကိုသင်ပြီးလို့ မေးခွန်းတွေလည်းဖြေခိုင်ရော စံကျောင်း ဆရာတော်ရဲ့ ဆုံးမပုံကိုကြိုက်ပါသလားဆိုတဲ့မေခွန်းလေးပါလာတယ်တဲ့ နောက်တစ်နေ့မြန်မာစာ ချိန်ရောက် တော့ ဆရာဟာအတန်းကိုခြေသံပြင်းပြင်းနဲ့ဝင်လာ ပြီး ကျောင်းသားတစ်ရောက်ရဲ့နာမည်ကိုခေါ်....
“ဒါမင်းအဖြေလား” “ဟုတ်တယ်ဆရာ” “တစ်တန်းလုံးကြားအောင်ဖတ်ပြစမ်း” ဆိုပြီး ဖတ်ခိုင်းပါ
သတဲ့ ကျောင်းသားရဲ့ အဖြေက
“ စံကျောင်းဆရာတော်ရဲ့ဆုံးမမှုကို မကြိုက်ကြောင်း သဘောထားကို သံသယဖြစ်မိကြောင်း အဲဒီအ
ချိန် ဆရာတော်စိတ်ခံစားမှုဟာ တပည့်အပေါ်လမ်းညွန်ချင်တာထက် မိမိနှစ်သက်တာကိုဘုန်းမပေး
ရတဲ့ အတွက်ဒေါသစိတ်ကပို လွှမ်းမိုးနေနိုင်ကြောင်း နားလည်အောင်ဆုံးမလျှင်ရပါလျှက်သေရာ ပါ
အမာရွတ်ထင်အောင်ရိုက်နှက်ခြင်းဟာ သံသယဖြစ်ဘွယ်ရှိကြောင်း ဘုရားသားတော်တို့မည်သည်
ရသတဏှာဖြင့် ဆွမ်းဘုန်းမပေးသင့်ကြောင်း ဆရာတော်ကိုယ်တိုင်က ဒီဝိနည်းကိုမလိုက်နာနိုင်ဘဲ
တပည့်ကိုဆုံးမခြင်းသည် စဉ်းစားဖွယ်ဖြစ်ကြောင်း မင်းတုန်းမင်းလက်ထက်မှာ အောက်မြန်မာပြည်
ကိုထိုးပေးလိုက်ရတဲ့အတွက်ဒီဆုံးမနည်းဟာမအောင်မြင်ကြောင်း ”စသဖြင့် ဖြေထားတယ်ဗျ။ ကျောင်း
သားတွေကလည်း တခွိခွိနဲ့ရယ်လေ ဆရာကဒေါသထွက်လေပေါ့ နောက်ဆရာက မေတယ်
“မင်ငါ့ကိုနောက်တာလား ” “မဟုတ်ဘူးဆရာ ကျနော်မေးခွန်းကိုဖြေတာပါ” “ကဲတစ်ယောက်စီ မေး
မယ် အားလုံးသူဖြေတာကိုလက်ခံသလား” “ပထမဆုံး အမေးခံရတဲ့ကျောင်းသားက အဖြေရှင်ကို
ကြည့်လိုက် ဆရာကိုကြည့်လိုက် ဘေးဘီကိုကြည့်လိုက်နဲ့ပါတဲ့ ” ဆရာက ဟေ့ကောင်ဖြေလေကွာ
ဆိုတော့ အဖြေရှင်ကျောင်သားကို တချက်ခိုးကြည့်ပြီးသူဖြေတာမှားပါတယ်လို့ဖြေလိုက်တယ်တဲ့ ဒါပေ
မယ့်တဲ့ ဆရာမောင်သစ်ဆင်းက ဘာပြောလဲဆိုတော့ အဲဒီတုန်းက အဲဒီကျောင်းသားရဲ့ အဖြေကိုတဲ့
တန်းလုံးကြိုက်နေကြပါတယ်တဲ့ သူ့လိုလဲခံစားရတယ် သူ့လိုထောင့်စေ့အောင်မတွေးတက်တာလေးတစ်
ခုပါဘဲတဲ့ ကျန်တဲ့ကျောင်းသားတွေလည်းသူ့လိုဘဲခံစားနေရပါတယ် တဲ့ မျက်နှာတွေမှာ ကြည့်လိုက်ရင်
သိပ်သိသာနေတာပါတဲ့ ဒါပေမယ့် ကျောင်းသားအားလုံး အဖြေရှင်ရဲ့မျက်နှာကို မကြည့်ဘဲသူဖြေတာ
မှားပါတယ်လို့ ခေါင်းငုံ့ပြီးဖြေလိုက်ကြတယ်တဲ့ တကယ်တော့ ဆရာက မှန်သလားမှားသလားမေးခွန်းကို
မေးနေတယ်ဆိုပေမယ့် အမူရာလေသံ တွေက “မှားတယ်လို့ဖြေစမ်း မဖြေရင်ကြိမ်းလုံး”လို့ပြော ပြီးသား
ဆိုတာမျိုးပေါ့ ကျောင်းသားအားလုံးကိုမေးပြီးတော့ ဆရာက အဖြေရှင်ကျောင်းသားကိုရိုက်ပါတယ်တဲ့
ကြိမ်လုံးသံကြားတိုင်း ကျနော်ကိုယ်တိုင်အရိုက်ခံရသလိုနာကျင်ပါသတဲ့

အဲဒီလိုကျောင်းသားပေါင်းမြောက်များစွာရဲ့ရင်ထဲကို အကြောက်တရားတွေထည့်ပေးလိုက်တဲ့ဆရာမျိုး
ကိုပညာတက်လို့ပြောရင်သင့်အနေနှင့်လက်ခံပါမည်လား......
လောကမှာ ကြောက်ဆရာ အကောင်းဆုံးက အကြောက်တရားဘဲတဲ့ နိုင်ငံတိုင်ရဲ့ အဖိုးအထိုက်
တန်ဆုံးရတနာဟာ ရေနံတွေ စိန်တွေမဟုတ်ပါဘူး ကလေးတွေပါတဲ့ အဲဒီလောက် အရေးကြီတဲ့ကလေး
တွေကိုကြောက်စိတ်သွင်းပေးလိုက်တာ ဟာ အနာဂါတ်ကို မီးမြိုက်လိုက်တာပါဘဲ..............

ကိုယ်ပြောတဲ့ အတိုင်း နားထောင်လိုက်တာကို မိဘတွေ ဆရာတွေကသဘောကျကြတယ်။ ဒါကိုတန်ဖိုးလို့
မြင်တယ် မှန်တယ် ချစ်ခင်စိတ်ကလာရင်တော့ဒါဟာတန်ဖိုးပါ ကြောက်ရွံ့စိတ်ကိုအခြေခံရင်တော့ဒါဟာ
စဉ်းစားဆရာပါ ဒီတော့ အကြောက်တရားကင်တဲ့ ကလေးငယ်များစွာက ကမ္ဘာကြီးကိုဆေးချယ်နိုင်ပါ
စေလို့ ဆန္ဒပြုရင်း....................

သမိုင်းသစ်ရဲ့ စာမျက်နှာဟူသော စကာလုံးများကို နိုင်ငံရေးသမားများစွာ
သဘောတွေ့ မနောခွေ့ ပြောဆိုလေ့ရှိသည် ကိုကြားဖူးပါ၏။ ကျွန်တော်ဟာ
ဘယ်ပါတီ ဘယ်အဖွဲ့စည်းကိုမှ တစ်ပေါင်းတစ်နှုတ်မလုပ်ပါ။ ကျွန်တော်တို့
လူငယ်များအတွက် သမိုင်းသစ်တွေထက် သမိုင်းစစ်များကိုချန်ထားပေးခဲ့
လျှင် ပိုလို့ အဖိုးတန်ပေလိမ့်မည်။ ဆရာဦးအောင်သင်း ပြောဖူးတာလေးတစ်ခု
မှတ်သားဖူးပါသည် ။ သမိုင်းကိုလိမ်ခြင်းသည် အနာဂတ်ကို သစ္စာ ဖောက်ခြင်း
ပါတဲ့ ။ မည်သူမျှ အနာဂါတ်ကို သစ္စာဖောက်ချင်ကြမည် မထင်ပါ.........။