ငါက အမှန်တရားအတွက်
ဖိနပ်ပါးခံရတာကို ဂုဏ်သိက္ခာလို့ ထင်တာကို.....

တောင်းစားမှကောင်းစားတဲ့ ခောတ်မှာ
တောင်းရမှာရှက်တဲ့ငါ
ကောင်းစားစရာမှမရှိတာ....

သူငယ်ချင်းက ပြောသွားတယ်
လူမဖြစ်မယ့်ကောင်တဲ့
ချစ်သူက တော့
မေ့လိုက်ပါတော့ဆိုဘဲ ဟား ဟား
ထားလိုက်ပါ ထားလိုက်ပါ
ငါတောင်ငါ့ကိုယ်ငါချစ်လို့
သူ့ကိုချစ်ခဲ့တာဘဲ
သူလဲသူ့ ကိုယ်သူချစ်လို့
ငါ့ကိုပစ်သွားတာ အဲဒါအပြစ်မှမဟုတ်တာ....
ခင်ဗျားတို့လဲ မကြိုက်ရင် ဒီကဗျာကို
ပိတ်လိုက်လို့ရတယ်....

အယူဆမတူလို့ ဖြစ်ကြတဲ့
ရိုက်ပွဲတွေကို ငါမုန်းတယ် .....
အဲဒီလိုဖြစ်နေကြမယ့်အစား
ငါ့ကိုသာ လာသတ်သွားကြတော့ ဟေ့

အလုံးအတွက် love help desk

ဘလောက်ဂါ ဘော်ဒါတို့ရေ
ပထမတော့ အချစ်ကူညီရေးစင်တာကို ကျနော့် ဘလောက်မှာဘဲ လုပ်မလို့ နောက်တော့ ကိုမင်းယွန်းသစ်ကလည်း အကြံပေးတာနဲ့ အားလုံးပါဝင် ဆွေးနွေးနိုင်အောင် ပေါ့ ဘလောက်ဂါတွေလည်း ပိုပြီး ချစ်ချစ်ခင်ခင်နဲ့ ရင်းရင်းနှီးနှီး
ငြင်းရခုန်ရအောင်ပေါ့ ဟဲ ဟဲ love helpdesk ကို http://myarnatmaung.blogspot.com မှာအားလုံးဝင်ရောက် ဆွေးနွေးနိုင်အောင် ဖိတ်ခေါ်ပါတယ် ပါဝင်လိုသူများ ကွန်မန့် တွင်ဝင်ရောက်ပွတ်သွားပါက ကျနော် Invite လုပ်ပေး ပါမယ်ခင်ဗျာ ...... အာလုံးပျော်ပျော်ပါးပါးဝင်ရောက်ရေးသားကြပါစို့..........

ကျန်တဲ့ ရောင်းရင်းများကိုလည်း လက်တို့ပေးကြပါဦး နော် အားလုံးကိုဖိတ်ခေါ်ပါတယ် ....
အင်း ဘလောက်ဂါတွေ ကို ကောင်းရာကောင်ကြောင်းရော မကောင်းရာမကောင်းကြောင်း ရော ဟုတ်ကဟုတ်က ရော မဟုတ်က မဟုတ်ကရော လမ်းညွန်ပေးမလို့ပါ ...... ဟဲ ဟဲ အချစ်နဲ့ ပါတ်သက်လို့ စိတ်ညစ်စရာ တိုင် ပင် စရာရင်ဖွင့်စရာ ရှိရင် အကြံ ဥာဏ် ဟောင်းလေးတွေ နဲ့ ဂျောက်ချ မယ် ဘလောက်ဂါ တို့အတွက် LOVE Helpdesk ပါ တိုင်ပင်လိုသည်များရှိပါ က ကွန်မန့်တွင်ဝင်ရေးပြီး ၀ိုင်းဝန်းဆွေးနွေး နိုင်အောင် ဖိတ်ခေါ်ပါသည် ။
တစ်ခါလောက်တော့ ကြွခဲ့နော် ဟဲ ဟဲ..........
အကြံပေဖို့ စောင့်နေတယ်

...မေးခွန်းဟောင်း...

ကြွေခွင့်မရတဲ့ရင်ခုန်သံတွေ
အညောင်းမိနေတာ အတော်ကြာပြီ.....

မင်းကိုချစ်မိ အပြစ်ရှိလား.......
စဉ်းတော့စဉ်း စားဖူးပါရဲ့
သင်ရိုးမှာမပါတဲ့မေးခွန်းနဲ့
ကျခွင့်ရခဲ့တဲ့စာမေးပွဲ
“မင်းကိုဘာကြောင့်ချစ်တာလဲ” တဲ့
မေးခွန်းကိုက ....

ဖြေဖို့တော့စဉ်းစားသား
နှာခေါင်းပြားပြားလေးကိုလား
မျက်လုံးပြူးပြူးလေးကိုလား
ဇွတ်တရွတ်အမူရာလေးကိုလား
ငါ့ဘာငါေ၀၀ါး အဖြေကများ
ကဲ ဒီလိုဖြစ်မှတော့ ငါဘာသွားဖြေရမှာလဲ

တကယ်တော့ ချစ်တယ်ဆိုတာ
အကြောင်းပြချက်ရှာစရာမလိုလို့
ကျေကျေနပ်နပ် ပြန်ထပ်လိုက်တဲ့
အဖြူရောင်စာရွက်အတွက်
လွတ်လပ်စွာစာမေးပွဲချလိုက်ပါ...............

ခပ်ညံ့ညံ့ ကျောင်းသားအတွက် ......

ရည်းစာရှိသူနှင့် အမျိုးသမီးများဖတ်ရန်မလို လူပျိုစစ်စစ်များအတွက်သာ.....
ကျနော့်မှာအပြင်းအထန်ကန့်ကွက်ခဲ့တဲ့ အယူအဆ တစ်ခုရှိတယ်ဗျ ။ ဘာလဲဆိုတော့ ယောင်္ကျားလေး တစ်ယောက်အနေနဲ့ အသက်ကြီးတဲ့အမျိုးသမီးနဲ့ မကြိုက်သင့်ဘူးဆိုတာပေါ့ဗျာ ။ ဟုတ်တယ်လေ ခင်ဗျား စဉ်းစားကြည့် အသက်ကြီးတဲ့လူနဲ့ ချစ်သူဖြစ်တဲ့ယောင်္ကျားတစ်ယောက်က နဲနဲနောနော ဒုက္ခတွေမဟုတ်နော် ကျနော် နဲနဲပြောပြမယ်ဗျာ.........

  • အရင်ဆုံး သူနဲ့ကြိုက်ကြလို့ ချစ်သူချင်းစိတ်ကောက်ပြီထား ။ ချစ်သူချင်းစိတ်ကောက် ပြီဆိုရင် တစ်ယောက်က စိတ်ကောက်ရင် တစ်ယောက်က ချော့ရတာက သဘာဝဘဲလေ ။ ဒါပေမယ့်ဗျာ သူကကိုယ်ထက်ကလဲ အသက်ကကြီးတော့ သူစိတ်ကောက်တဲ့ ဟာကြီးကိုထိုင် ချော့ရမယ့်ဟာ ဘယ်လိုလုပ်ပြီးခံစားလို့ရမှာလဲ........
  • နောက်ပြီးသူကကြီးတယ်ဆိုပြီးတော့ ဟိုမသွားရဘူးတို့ ဟိုဟာမလုပ်တော့ဘူးတို့ ဆိုပြီး လူလည်က လာလာ လုပ်ဦးမယ် ဟုတ်တယ်မဟုတ်လား စိတ်ပျက်စရာဘယ်လောက်ကောင်းလိုက်သလဲ
ဒါတောင်အစဘဲရှိသေးတာနော် နောက်ပိုင်းပြဿနာတွေက အများကြီး .......
  • သူ့ဘက်က သိပ်နားလည်မှုပေးတက်တဲ့လူမျိုးဆိုရင်လည်းအားနာရပြန်ရော ....
  • နောက်အသက်ကြီးတော့ သူကိုမြန်မြန်ယူပါဆိုရင်လည်း အဲဒါက ပြဿနာ........ယူပြီးတော့လည်း ယောင်္ကျားက ငယ်နေရင်စိတ်မချဖြစ်ရော ဒီတော့ ကလေးမြန်မြန်ယူပြီးတော့ ကိုယ့်ကို အိမ်မြဲအောင်လည်းထိန်းချုပ်မယ် ....
  • နောက်သူက အသက်က ကြီးတော့ သူကိုပြစ်သွားပြီး အခြားတစ်ဦးဦး နဲ့များဆိုတဲ့ အတွေးတွေကလည်း ၀င်လာပြီဆိုရင် အိမ်ပြန်လာတာနဲ့ သင်္ကာမကင်းတဲ့ မျက်လုံးတွေနဲ့နေ့တိုင်းအကြည့်ခံရတဲ့ဒုက္ခတွေ ကဲနဲသလား.......
အဲ ငယ်တဲ့ဘက်လှည့်တော့လဲ သက်သာမယ်တော့မထင်နဲ့နော် ကိုယ့်လူ....
  • ခဏခဏ စိတ်ကောက်ပြမယ် ဟိုဟာပူစာ ဒီဟာပူဆာတွေလုပ်မယ် အလိုက်ကမ်းဆိုးမသိ အားမှန်းမသိ မအား မှန်းမသိ ဖုန်းတွေ တဂွမ်ဂွမ်ဆက်မယ် .......
  • ကိုယ်က အငယ်တွေကြား မသွားချင်လည်း သူ့သူငယ်ချင်းတွေနဲ့ ခေါ်မိတ်ဆက်ပေးမယ်.....
  • သူ့ ကိစ္စအသေးအဖွဲတွေကို အရေးကြီးခွင်ကျယ် လုပ်ပြီးတော့တိုင်ပင်မယ် ကိုယ်ကလည်း အားနာပါးနာနဲ့ စိတ်မ ၀င်စားဘဲ စိတ်ဝင်စားချင်ယောင်ဆောင်ရမယ် ........
ရွယ်တူကြတော့လဲ တစ်မျိုးဆိုးပြန်ရော....
  • ကိုယ့်ကို အသက်ကြီးတဲ့ မမကြီးတွေရဲ့ ကြင်ကြင်နာနာဆက်ဆံမှုမျိုးတွေရဖို့ ခက်တယ် ........
  • ကိုယ်နဲ့အပြိုင်အဆိုင်တွေလုပ်မယ်...... ကန့်လန့်လုပ်မယ် ...
  • ကနွှဲ့ကလျ စိတ်မကောက်တက်ဘဲ စိတ်ဆိုးရင် နင်နဲ့ငါ နဲ့ဘုတွေပြောမယ် ခဏခဏ ဒေါသထွက်ရမယ် ......သူငယ်ချင်တွေရှေ့လည်းမရှောင်ဘဲ သူကိုယ့်ကိုပြောချင်တာတွေပြောမယ်....
အကြောင်းသိဆိုရင်တော့ဝေးဝေး ကရှောင်နော် ....... သူအကြောင်းကိုယ်အကြောင်းများများသိလေ ပြဿနာနဲ့
နီးစပ်လေဘဲ......

ကဲကဲ ခုဘယ်လိုရွေးချယ်ရရင်ကောင်းမလဲ......... သိရင်ပြောခဲ့ကြပါ.....

တစ်ခါတစ်ခါ လူတစ်ယောက်ရဲ့ စိတ်ဟာ အတော်ကိုဆန်းကျယ်တယ်ဗျာ ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့လပေါင်းများ စွာက အမှန်လို့ထင်ခဲ့တဲ့ အရာတွေ အမှန်လို့ထင်ခဲ့တဲ့ အယူအဆတွေဟာ အခုအချိန်မှာ ပြောင်းလဲချင်ပြောင်းလဲ သွားတက်တယ်လေ ......... ကျနော်လဲ နဲနဲတော့ ပြောင်းလဲချင်နေတယ် ဟဲ ဟဲ

မမကြီးတွေအပေါ်ဘဲ အမြင်ပြောင်းရမလား..........?
ညီမလေးတွေ အပေါ်ဘဲ အမြင်ပြောင်းရမလား............?
ရွယ်တူတွေ အပေါ်ဘဲ အမြင်ပြောင်းရမလာ...........?
ရှုပ်ပါတယ်ဗျာ အားလုံး အပေါ်ဘဲ အမြင်ပြောင်းလိုက်ရင်ကောင်းမလား.......?



မုန်းတီးမှုများနေ့စဉ်စားသုံးရင်း...........ခွန်အားသစ်တွေဖြစ်ခဲ့သည်...နှစ်နှစ်ဆယ်ကျော်ကြာခဲ့တဲ့ မီးလျှံများလေတိုက်စားရင်းငြိမ်းလုပြီချော်သွားတဲ့နာရီများ အတွက်အိမ်မက်တွေကိုရှက်တိုင်း အနက်ရှိုင်းဆုံးဆိုတဲ့ သောကများ ဘုရားတရင်း စိမ်ခေါခဲ့ရပြီ........
အမှန်တရားတွေကြေ မွပြီး စီးထားတဲ့ ဖိနပ်အောက်ရောက်သွားရင် ဘ၀ဆိုတာကောလဟလ တစ်ခုပါလား....
ရွှေရှာသူများ ငွေရှာသူများ နေရာယူသူများ အားလုံးရဲ့နောက်မှာ ငါ တစ်ခါ တစ်ခါ လေဆာရောင်ခြည်သေနတ်နဲ့လူသတ်ချင်တယ်။
ဒါပေမယ့် ဘာမှတွေးမနေ နဲ့ တော့ တိမ်တွေရဲ့ကိစ္စ၊ ရာသီတွေရဲ့ကိစ္စ လောကကိုမတောင်းဆိုလိုက်နဲ့ အိနြေ္ဒ ကြီးတဲ့ကောင်းကင်လိုဘဲနေလိုက်ပေါ့ကွယ်.....
ကျနော့်ဘလောက်မှာတင်ပေးပါဆိုပြီး ကျနော့်ညီမတစ်ဦးက ပြောလို့တင်ပေးလိုက်တဲ့ ကဗျာလေးပါ ဘယ်သူရေးလဲတော့မသိဘူး သေချာတာတော့ သူရေးတာမဟုတ်ဘူးဆိုတာပါဘဲ မကြိုက်ရင်လဲသူ့ကိုဘဲ အပြစ်တင်ပေါ့ ကျနော်ကတော့ရေးစရာကုန်ကြမ်းကုန်နေလို့ ဆားချက်လိုက်တာပါ
သမိုင်းဆိုတာ အတိတ်ရဲ့ ဖြစ်ရပ်တွေ၊ အတိတ်လူသားတွေရဲ့ အဆိုးအကောင်း လုပ်ရပ်တွေကို မှတ်တမ်းတင်ထားတဲ့ နေရာလို့ဘဲကျနော်ကတော့ နားလည် ထားတယ်ဗျာ။ ဒါတွေကို နောက်လူတွေက လေ့လာမယ် ပြီးရင် အဆိုးအ ကောင်းတွေဝေဖန်မယ်။ ပြီးတော့ခောတ်ဟောင်းရဲ့ အဖြစ်အပျက် တွေကို မှန်းဆကြမယ် စသဖြင့်ပေါ့လေ မှန်းဆပြီး ရင် ဘာဆက်လုပ်ကြမလဲ ဆိုတော့ အဲဒီခောတ်တွေရဲ့ အဆိုးအကောင်းတွေကို သုံးသပ်ပြီး ယနေ့ အချိန်အတွက် ပြုပြင်သင့်တာတွေကို ပြုပြင်ကြမယ်ပေါ့ ။ ကျနော်ကတော့ အပေါ်မှာရေးခဲ့သလို နားလည်မှုမျိုးနဲ့ သမိုင်းစာအုပ်တွေ ကိုဖတ်ဖြစ်တယ် ပေါ့လေ.......

ကျနော်ကမြန်မာ့သမိုင်းကိုဖတ်တဲ့အခါမှာ ကိုယ့်ဘာသာကိုယ် ခပ်တည်တည်ဘဲ နှစ်ပိုင်းခွဲလိုက်တယ် ကိုယ်က ဘာ ပညာရှင်မှမဟုတ်တာ ကိုယ်ဘာသာကိုယ်နှစ်ပိုင်းခွဲတော့လဲ ဘယ်သူကလာဝေဖန်မှာမှတ်လို့နော် အေး ဆေးဘဲ..... ဟဲ ...ဟဲ .... ဘယ်လိုခွဲလိုက်သလဲဆို တော့ ပုဂံ၊ ပင်းယ ၊ အင်းဝ ခောတ်လိုဟာမျိုးဆိုရင် ရှေးဟောင်း အဖွဲထဲထည့်လိုက်တယ် သီပေါမင်းပါတော်မူပြီး နောက်ပိုင်းကိုတော့ ခောတ်သစ်သမိုင်ထဲကို ထည့်လိုက်တယ် ပေါ့လေ။ အဓိက ကတော့ ကျနော်ကခောတ်သစ်သမိုင်း ကိုပိုဖတ်ဖြစ်ပါတယ်။ ဒါပေမယ့် လူတွေ နဲ့တွေရင် နဲနဲအာရိုက်လို့ရအောင် ခောတ်ဟောင်းသမိုင်းတွေကိုလည်း နည်းနည်းပါးပါးတော့ ဟိုဖတ်ဒီဖတ်လုပ် ကြည့်တယ်ပေါ့ဗျာ.........

ပြသနာက အဲဒီမှာစတာဘဲ ကျနော်က သမိုင်းစာအုပ်လေးတွေ ဖတ်တဲ့အခါမှာ ဘာသွားတွေ့ရသလဲ လို့ဆိုတော့ သမိုင်းလေ့လာသူတွေရဲ့ ဝေဖန်ချက်တွေပေါ့ သူတို့ က အဲဒီခောတ်ရဲ့ မင်းဆိုးလိုဟာမျိုးဆိုရင် ဝေဖန်မှုလေး တွေက သိပ်မဆိုးလှပေမယ့် မင်းကောင်းလို့ သူတို့အနေနဲ့ ယူဆတဲ့ဟာမျိုးဆိုရင် တယ်အမွှန်းတင်တာကို နောက် အမွှန်းတင်ခံရတဲ့ပုဂ္ဂိုလ်တွေက လည်း ဘယ်လိုလူမျိုးတွေလဲဆိုတော့ အဲဒီခောတ်ကစစ်အောင်နိုင်သူ တွေပေါ့လေ ဒါမျိုးတွေဘဲများတယ်။ ဥပမာကျန်စစ်သား ပေါ့သူ့အကြောင်းဆိုရင်သမိုင်းက အမွှန်းအတော်တင် ကြတယ်။ ဒါပေမယ့် အတော်ကိုမိန်းမရှုပ်ခဲ့တဲ့ သူ။ ဒီတော့ပြောစရာရှိမယ်ပေါ့ ဘုရင်တွေက ဒီလိုဘဲယူကြတာဘဲ ဆိုတာမျိုးတွေ ဟုတ်တယ်ဘုရင်တွေက ဒီလိုဘဲယူကြတယ်ဆိုတာ။ ဒါပေမယ့် မဏိစန္ဒာ နဲ့ကတော့မဖြစ်သင့်ဘူး လေ။ ဘာလို့လဲဆိုတော့ ဟိုက သူ့သခင်ကို ဆက်သလိုက်တဲ့ဟာကို နော် ကျန်တာတွေယူတာ တော့မပြောပါ ဘူး မိန်းမများများယူတာ အပြစ်မှမဟုတ်တာ..... အဓိကကတော့ စောင့်ထိန်းသင့်တဲ့သူကို မစောင့်ထိန်းတဲ့ဟာ အပြစ်ပေါ့ဗျာ ပြီတော့ပေါ့လေ အလောင်းစည်သူမင်း ကိစ္စ ဦးပေါင်းကျားနဲ့မြင်းကျားရှင်မှာ စဉ်းစာကြည့်ဗျာ အသက် ၈၀ လောက်ရှိတဲ့ အဘိုးကြီးကို လူငယ် စစ်သူကြီးအမတ်လေးယောက်က ၀ိုင်းဖမ်းတာမမိဘူးတဲ့ ကဲ စဉ်း စား ကြည့်အဓိပ္ပ်ါယ်ကိုမရှိတဲ့ ဟာ။ ဘုရင်မှန်းသိလို့ လျှော်ပေးလိုက်တာနေမှာပေါ့ ဗျာ။ အဲဒါကို ဘဲ အလောင်းစည် သူက ငါမအိုသေးလို့ကြွေးကြော်တာနဲ့ဘဲ သမိုင်းမှာလူငယ်တွေကို စွတ်ရွတ်ယုံခိုင်း တဲ့စာမျိုးတွေ ကောက်ချက်ချခဲ့ သင့်လား မသင့်လားဆိုတာ စဉ်းစာကြည့်လေဗျာ ။ သမိုင်း ဆိုတာသမိုင်းရေးတဲ့သူတွေ ရဲ့ ကောက်ချက်ကို ကို ဖြုတ်ကြည့်နိုင်မှဘဲ အမှန်ကိုတွေ့နိုင်တာမျိုးလေ အဲဒီလိုမဟုတ်လို့ကတော့ ....

နောက်တစ်ခုက သမိုင်းသမားတွေပြောလေ့ပြောထရှိတယ်။ သူတို့ ပြောပြတဲ့ ပုဂံကစေတီပုထိုးတွေရဲ့ သမိုင်တွေ ကိုလေ့လာ မိတဲ့သူတွေကပြောကြတယ်ပေါ့လေ။ သူတို့ ရေးခဲ့တဲ့သမိုင်းတွေကိုဖတ်လိုက်တော့ မှဆရာရယ် ကျနော်တို့ကျမတို့မှာ မြန်မာဖြစ်ရတာအခုမှ ဂုဏ်မငယ်မှန်းသိရတော့တယ်ဆိုတာ မျိုးတွေပေါ့ ကျနော်ကတော့ ရှင်းရှင်းဘဲ အဲဒီစေတီပုထိုးတွေ နောက်အဲဒီခောတ်ရဲ့သမိုင်းတွေကို လေ့လာတိုင်းလေ့လာတိုင်း ကိုယ့်ကိုယ်ကို ရှက်မိတယ် ဟုတ်တယ်လေသူတို့ခောတ်မှာဒီလိုလုပ်သွားတယ် ကျူပ်တို့ခောတ်မှာက နောက်ဘာမယ် နှစ်များစွာကျရင် နောက်မျိုးဆက်တွေ ကျနော်တို့လိုကြွားနိုင်ဖို့ ကျနော်ဘာလုပ်ပေးခဲ့လဲ......

“တို့ဘိုးဘွားအမွေစစ်မို့ချစ်မြတ်နိုးပေ တို့ဘာတို့တော့ဘာမှမလုပ်တက်ပါဘူးလေ” ဆိုတာမျိုးလိုပေါ့ ။ ဒီသမိုင်း တွေကကြွားဖို့ကိုမဟုတ်ဘူးလေနော် လေ့လာဖို့ဘဲ ဟုတ်တယ်မလား။ နောက် အဲဒီခောတ်ကဘုရင်တွေပေါ့ နယ် ချဲ့တဲ့ဟာ တဲ့တဲ့ရေးရင်နယ်ချဲ့တာဘဲ အောင်မာသဘောကျတဲ့ဘုရင်ကျတော့တိုင်းပြည်တည်ဆောက်တာတဲ့ ကဲ လုပ်ပုံက မကြိုက်တဲ့ကောင်ကျတော့ကျူးတျော်တာတဲ့ ထားပါတော့ သူတို့က သူတို့ပြည်သူတွေအတွက်အလုပ် လုပ်တာဆိုတော့ ဟိုဘက်အကျူးကျော်ခံရတဲ့ တိုင်းပြည်ကကောင်တွေက လူမဟုတ်တာကျနေတာဘဲ ဗျာ ဒီတော့ သူတို့ လုပ်ခဲ့တာတွေကိုဒီခောတ်နဲ့တည့်တည့်တွေးကြည့်ရင် အသုံးမတည့်တဲ့အတွေးခေါ်တွေက တစ်ပုံ ကြီးဗျ နော် ။ သူတို့ကိုအကြည်ညိုမလွန်ဘဲ တည့်တည့်ကြည့် မှသိလိမ့်မယ် နော် အခုခောတ်မှာကိုယ့်တိုင်းပြည် တစ်ခုထဲကောင်းဖို့အတွက် အခြားတိုင်းပြည့်ကို နှိပ်ကွပ်လို့မရဘူးလေ ဂလိုဘယ်လိုက်ဇေးရှင်းမှာ အားလုံးက ကွန်ယက်ပုံစံဆက်နွယ်နေတာကို ဟိုတလောကအမေရိကန်ရဲ့စတော့ရှယ်ယာဈေးကွက် ကမောက်ကမဖြစ် တော့ဘဲကြည့်လေ ကျန်တဲ့နိုင်ငံတွေ ဘယ်လောက်ရိုက်ခတ်သွားလဲ ဟုတ်တယ်နော်.......

သမိုင်းမှာဂျပန်စစ်ဗိုလ်ချုပ်တွေပေါ့ ဂျပန်နယ်ချဲ့ ခဲ့တဲ့ကာလမှာတော့ သူတို့ဟာ တိုင်းပြည်ရဲ့စစ်သူရဲကောင်းတွေ ဒါပေမယ့် အခုတော့စစ်သင်္ချိုင်းတစ်ခုမှာ အထီကျန်နေတယ် ကမ္ဘာ့ရဲ့ရာဇ၀တ်ကောင်တွေအနေနဲ့ပေါ့လေ ...... ဒါပေမယ့် တိုင်းပြည်ရဲ့ဝန်ကြီးချုပ် ကိုအိဇုမိက အဲဒီ စစ်ရာဇ၀တ်ကောင်တွေရဲ့ ရာကူဇူနီ စစ်သင်္ချိုင်းကို သွား အလေးပြုတော့အားလုံးက၀ိုင်းကန့်ကွက်ခဲ့တယ် ကျနော်ကလည်းမလုပ်သင့်ဘူးလို့မြင်တယ် တကယ်တော့ လူမျိုးစွဲ ကြီးမားမှုတွေကို မွေဖွားပေးခြင်း ဟာ ယနေ့ခောတ်ရဲ့ သိက္ခာရှိတဲ့ ပြယုတ်မဟုတ်ဘူး လေ.......

သမိုင်းဟောင်းကိုကိုင်ပြီး ခောတ်မမှီတဲ့ အတွေးခေါ်တွေနဲ့ မျက်ကန်းမျိုးချစ်တွေ မွေးပေးမယ်ဆိုရင် တော့ရှေးဟောင်းသမိုင်းကိုကိုင်ပြီး ခောတ်သစ်သမိုင်းကိုဖျက်စီးသူများဟာ ဘယ်သူတွေလဲ
တကယ်တော့ “သမိုင်းသင်တယ် ဆိုတာ မအအောင် လို့” ဆို တဲ့ ဆရာကြီးဒေါက်တာသန်းထွန်း ရဲ့စကားလေးကို တွေး တောရင်းးးး...............နဲ့ဘဲ........ အဆုံးသတ်လိုက်ပါရစေ ........

ကျနော်အခုဘာစာတွေဖတ်ချင်သလဲလို့မေးရင် ကျုပ်တို့တိုင်းပြည် မကောင်းကြောင်းရေးထားတဲ့စာ တွေ ဖတ်ချင် နေတယ် ဗျာ ဒါမှကိုယ်မကောင်းတာသိမှာပေါ့ လူဆိုတာကိုယ့်ဘက်ကိုယ်တစ်ကွက်ချန်တက် တယ်လေ ကျနော့်ကိုလက်သီးကြီးနဲ့ ထိုးလို့ ကျနော်ကဓားလေးနဲ့ ပြန်ထိုးလိုက် ပါတယ် ဆိုတာမျိုးလုပ်ချင်တဲ့ သူမျိုးမလို့လေ ကိုယ်ဘာသာကြည့်ရင် တစ်ကွက်ချန်မိမှာစိုးလို့ပါ ဒီလို စာအုပ်လေးများရှိရင် ငှာကြပါ.......
သူကိုပြောပြချင်တဲ့ပုံပြင်လေးပါ နားထောင်သူမရှိပေမယ့်ဒီနေရာလေးကနေဘဲတိုးတိတ်တိတ်ပြောပြပါရစေတော့ ဆိုင်သူဖတ်စေချင်လိုက်တာ ဒါပေမယ့်သူသိမသိတော့ဘယ်သိမလဲနော်.......

တစ်ခါတုန်းက ကျွန်းလေးတစ်ကျွန်းရှိတယ် အဲဒီကျွန်းလေးပေါ်မှာ အချစ်ရယ် ၊ အလွမ်းရယ် ၊ အပျော်ရယ် ၊ ချမ်းသာရယ် အတူနေထိုင်ကြတယ်တဲ့ တစ်နေ့ကျတော့ ကျွန်းကလေးရေမြုပ်မယ့်သတင်းလဲ ကြားရော အားလုံးဘေးလွတ်ရာ ပြေးကြရတော့တာပေါ့ ။ ဒါပေမယ့် သတင်းကို အချစ်ကတော့ သိပ်မယုံချင်သေးဘူးလေ ဘာလို့လဲဆိုတော့ သူက သစ္စာသမားကို ဒါနဲ့ အားလုံးကျွန်းကလေးကနေ ဘေးလွတ်ရာကိုပြေးကြတော့ အချစ်က လှေငယ်လေးတစ်စင်းနဲ့ နေခဲ့တယ် ကျွန်းလေးပေါ်မှာလေ ...... ကျွန်းလေးလည်း တကယ်ရေမြုပ်ရော အချစ်ခမြာ ဒုက္ခတွေ့ပါလေရော သူ့လှေကလေး ကလည်း လှိုင်းပုတ်လို့ပါသွားပြီး ဒီတော့ ကယ်ပါယူပါ တစ်စာစာနဲ့ေ ပါ့ .......
ဒီအချိန်မှာဘဲ မိုးပျံဘူဖောင်းကြီးနဲ့ အပျော်ကိုတွေ့တော့ အချစ်က၀မ်းသာအားရနဲ့ အကူအညီတောင်းမိတယ် အပျော်ကလှမ်းပြောတယ် အားနာပါတယ်အချစ်ရယ် ငါနဲ့ အတူ ရွေ ငွေတွေ အပြည့်တင်လာတော့ မင်းကိုတင်လို့ မရတော့ဘူး ကွ ဆိုပြီးသူ့ မိုးပျံပူဖောင်းကြီးကိုစီးပြီး ထွက်သွားပါသတဲ့ ......
အလွမ်းကလည်းလှေကလေးနဲ့ဖြတ်လာတော့ အလွမ်းရေကယ်ပါဦးဆိုတော့ အလွမ်းကလှည့်တောင်မကြည့်ဘူး တဲ့ အချစ်နဲ့ အလွမ်းဆိုတာက သိပ်အစေးကပ်တာမဟုတ်ဘူးလေ........
နောက်တော့အပျော်ကိုတွေတော့ အပျော်ရေကယ်ပါဆိုတော့လည်း အပျော်က သူဘာသာသူပျော်နေတာနဲ့ဘဲ အချစ်ခေါ် သံကို မကြားရှာဘူးလေ......
အချစ်ခမျာ ကျွန်းလေးကလည်းမြုပ်ခါနီး ဆိုတော့ ဒုက္ခရောက်နေတော့တာပေါ့ ....
နောက်ဆုံးမှာအဘိုးကြီးတစ်ဦးရောက်လာပြီး အချစ်ကို သူ့လှေလေးနဲ့တင်ခေါ်သွားတယ်တဲ့ အချစ်လည်းမော မောပန်းပန်း နဲ့လှေလေးပေါ်မှာ အိပ်မျော်သွားလိုက်တာ သူ့ရဲ့ အသက်သခင် အဘိုးကြီးက ကျွန်းလေးပေါ်မှာ ချပေးခဲ့တာ တောင်မှမသိဘူးတဲ့ .....
အချစ်လည်းနိုးတော့ အော်ငါ့မှာ ကျေှးဇူးရှင်ရဲ့ နာမည်လေးတောင်မသိလိုက်ရပါလားဆိုပြီး စိတ်မကောင်းဖြစ် သွားတယ်ပေါ့ ......
ဒါနဲ့ သူလိုက်မေးတော့မှာ ဦးဖိုးသိဆိုတဲ့ အဘိုးကြီးက အချစ်ကိုကယ်ခဲ့တဲ့ အဘိုးကြီးရဲ့ နာမည်က အချိန် ပေါ့ကွယ်ဆိုပြီး အချစ်ကိုပြောပြသတဲ့
“တကယ်တော့ အချစ်ရဲ့ အကြောင်းကို အကောင်းဆုံးသိတာ အချိန်ပါဘဲနော်”
အချိန်က ကိုယ့်အချစ်စစ်မစစ် အဆုံးဖြတ်ပေးသွားမှာပါ နော်