ကဗျာဟောင်းလေးတစ်ပုဒ်
Sunday, September 9, 2007 by KO WAI
မုန်းတီးမှုများနေ့စဉ်စားသုံးရင်း........... ခွန်အားသစ်တွေဖြစ်ခဲ့သည်...နှစ်နှစ်ဆယ်ကျော်ကြာခဲ့တဲ့ မီးလျှံများ လေတိုက်စားရင်းငြိမ်းလုပြီချော်သွားတဲ့နာရီများ အတွက်အိမ်မက်တွေကိုရှက်တိုင်း အနက်ရှိုင်းဆုံးဆိုတဲ့ သောကများ ဘုရားတရင်း စိမ်ခေါခဲ့ရပြီ........
အမှန်တရားတွေကြေ မွပြီး စီးထားတဲ့ ဖိနပ်အောက်ရောက်သွားရင် ဘ၀ဆိုတာကောလဟလ တစ်ခုပါလား....
ရွှေရှာသူများ ငွေရှာသူများ နေရာယူသူများ အားလုံးရဲ့နောက်မှာ ငါ တစ်ခါ တစ်ခါ လေဆာရောင်ခြည်သေနတ်နဲ့လူသတ်ချင်တယ်။
ဒါပေမယ့် ဘာမှတွေးမနေ နဲ့ တော့ တိမ်တွေရဲ့ကိစ္စ၊ ရာသီတွေရဲ့ကိစ္စ လောကကိုမတောင်းဆိုလိုက်နဲ့ အိနြေ္ဒ ကြီးတဲ့ကောင်းကင်လိုဘဲနေလိုက်ပေါ့ကွယ်.....
အမှန်တရားတွေကြေ မွပြီး စီးထားတဲ့ ဖိနပ်အောက်ရောက်သွားရင် ဘ၀ဆိုတာကောလဟလ တစ်ခုပါလား....
ရွှေရှာသူများ ငွေရှာသူများ နေရာယူသူများ အားလုံးရဲ့နောက်မှာ ငါ တစ်ခါ တစ်ခါ လေဆာရောင်ခြည်သေနတ်နဲ့လူသတ်ချင
ဒါပေမယ့် ဘာမှတွေးမနေ နဲ့ တော့ တိမ်တွေရဲ့ကိစ္စ၊ ရာသီတွေရဲ့ကိစ္စ လောကကိုမတောင်းဆိုလိုက်နဲ့ အိနြေ္ဒ ကြီးတဲ့ကောင်းကင်လိုဘဲနေလိုက်ပေ
ကျနော့်ဘလောက်မှာတင်ပေးပါဆိုပြီး ကျနော့်ညီမတစ်ဦးက ပြောလို့တင်ပေးလိုက်တဲ့ ကဗျာလေးပါ ဘယ်သူရေးလဲတော့မသိဘူး သေချာတာတော့ သူရေးတာမဟုတ်ဘူးဆိုတာပါဘဲ မကြိုက်ရင်လဲသူ့ကိုဘဲ အပြစ်တင်ပေါ့ ကျနော်ကတော့ရေးစရာကုန်ကြမ်းကုန်နေလို့ ဆားချက်လိုက်တာပါ
အဲဒီကဗျာဘယ်သူရေးလည်း ကျွန်တော်သိနေသလိုပဲ။ နေရာမရရှာတဲ့ ကဗျာပေမယ့် နံမည်ရ ဆရာက ရေးထားတာ အားလုံးသိမှာပါ။ ကိုဝေက နောက်တယ်။
I think this poem is written by Ju.