Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
အမှားနဲနဲနဲ့ ဘ၀ကိုရင်ဆိုင်ခဲ့တဲ့အထဲမှာ
ငါမပါခဲ့ဘူးထင်ပါရဲ့ ......

မှန်တယ်ထင်တာတွေမှား မှားတယ်ထင်တာတွေမှန်တယ်လို့
ငါ့ကိုယ်ငါ ပြန်ထင်ခဲ့တဲ့အခါ
ငါ့ခြေထောက်အောက်မှာ ဆယ်စုနှစ် နှစ်ခုစာလောက်
ကျိုးပျက်ကြေမွသွားခဲ့ပေါ့

ဒါပေမယ့်ဗျာ အမှားဆိုတာပါမှ
ဘ၀ဆိုတဲ့ဝါဒဟာ အရသာရှိလှတာကို
သွားမှရောက် မေးမှသိမယ်မှန်းသိပေမယ့်
မသွားလို့မရောက်တဲ့ခရီးတွေ
မမေးလို့မသိတဲ့အသိတွေနဲ့
ငါ့ရင်ဘက်ဟောက်ပက်ဖြစ်နေတုန်း

ဒုက္ခနဲ့တစ်ခါကြုံတိုင်း ချစ်သူလက်ကို
တစ်ခါကိုင်ပါရစေတဲ့
ရေးလို့တော့လှပါတယ် အိုမာခရမ်ရေ
ဒုက္ခဘေးမှာ အေးအေးလေးရပ်နေပေးတဲ့
ချစ်သူဆိုတာရှိလို့လား.....

ကိုယ်ဖြစ်ကိုယ်ခံ မတောင်းပန်နဲ့လို့ပြော
ဆောရီးဆိုပြီးခွာသွားမှာ ၁၀၀% သေချာတယ်

သွားမှရောက်မယ်မှန်းသိရင် ငါ့ခရီးငါ
ထီးထီးသွားမယ်
မေးမှသိမယ်မှန်းသိရင် ငါ့မေးခွန်းတွေဟာ
အားမနာရှာမကျိုးဘဲလေ
နောက်ဆုံးတော့ ငါဟာ ခင်ဗျားတို့ရဲ့ကြားမှာ
လွယ်အိတ်တစ်လုံးဖြစ်သွားတာပါဘဲ
အဲဒီလွယ်အိတ်ထဲမှာ အမှားတွေ
ခိုက်ရန်ဖြစ်ပွားနေလေရဲ့ .......
မှောင်တစ်ချက်လင်းတစ်ဝက်နဲ့
ဘ၀ကိုပက်လက်လှန်ပြီး
ရေစုန်မျှောလာလိုက်တာ
စာတက်ပေတက်မဟုတ်ပေမယ့်
စာလေးဘာလေးတော့ဖတ်တက်ခဲ့ပါရဲ့

“က” နဲ့ “အ” ကြား စကားလုံး အတက်အကျတွေမှာ
ဖြစ်တည်မှုဝါဒတွေပါပါရဲ့
လူအချင်းချင်းရိုင်းပင်းရမယ်လို့မြင်ဖူးပါရဲ့
လူသားခြင်းစာနာရမယ်လို့ ကြားဖူးပါရဲ့

ဒါပေမယ့်အမေရယ်
ကျနော်တကယ် တွေ့ ခဲ့ရတာဆိုလို့
လူသားချင်းချောက်ချ
ဘ၀တွေကို ကမောက်ကမဖြစ်အောင်လုပ်
ငါတစ်အုပ်ကောင်းစားရေးအတွက်
ဘ၀တွေကိုနင်းခြေ
လူလူချင်းအပျင်းပြေကစား
သြော်လူဆိုတာ
မျိုးတူသားကို ပါးစပ်နဲ့မစားတဲ့
ဇာတ်တူသားစား သတ္တ၀ါတွေပါလား ......

တရားခြင်းမတရားခြင်း
မှန်ခြင်းမှားခြင်းကြား
ငါမှန်တယ် သူမှားတယ်
သူမှားတယ် ငါမှန်တယ်
အတ္တအသွယ်သွယ်နဲ့
ဘ၀ကိုဖလှယ်ခဲ့တာဆိုလို့
နှစ် ၂၀ ကျော်ကြာခဲ့ပေါ့။

ဒင်္ဂါးတစ်ပြားမှာ ခေါင်းနဲ့ပန်းရှိသလို့
ခင်ဗျားတို့နဲကျူပ်က မတူတဲ့ရှုထောင့်တွေမှာ
ခွထိုင်ခဲ့မိကြတာကို။

တစ်ခါတစ်ခါခက်နေတာက
အများမကြိုက်တဲ့ တဲ့စာကားကိုမှာ
ဟာတိုက်ပါးရိုက်ပြောခဲ့မိတဲ့အခါ
ငါဆိုတဲ့ငါဟာ လူကြိုက်နဲတဲ့သတ္တ၀ါ
ဖြစ်လာပါလေရော။

အများညီလည်း ဤဟာ ဤ ပါဘဲဆိုတော့လဲ
ခင်ဗျားတို့နဲ့ကျုပ်ဟာ ဘယ်မှာလာ သဟဇာတဖြစ်မှာလဲ
အများမကြိုက်တဲ့စကားလုံး တွေကိုအန်ချမိတဲ့ငါ...
အန်ဖတ်ဆိုတာချဉ်စော်နံတယ်လေ
တကယ်တော့ငါဟာလူချဉ်ဖတ်ဆိုပါတော့...။ ။


ဘ၀ကလဲညစ်ပါတ်စုပ်ပြတ်နေလိုက်တာ
နှစ်နှစ်ဆယ်ကျော်လောက်
မလျှော်ဖွတ်ဘဲ ထားခဲ့မိတာကို
ငါဖမ်းလို့မမိတဲ့စကားလုံးတွေက
ငါ့ကိုပြန်လိုက် ပြေးလိုက်ရတာ
ဟောဟဲလိုက်နေဘီ
ငါ့အဘိဓာန်နဲ့ငါဆိုပြီး
လျှောက်လိုက်တဲ့လမ်းတွေ
တစ်ခါတစ်ခါဘယ်ရောက်နေမှန်းမသိ
ငါကလူတွေကိုရယ်မောတယ်
လူတွေကငါ့ကိုရယ်မောတယ်
ဒီလိုနဲ့ဘဲ သူမှန်သလိုကိုယ်မှန်သလို
ငါကတော့ ငါမှန်တယ်ထင်နေတုန်း
လူတွေကငါမှားတယ်ပြောကြတုန်း
.......

သူနာပြုဘုရား

ကိုယ်ရိပ်သဏ္ဍန် ညီအာနန်နှင့်
မြတ်မွန်ထွဋ်ထား၊ တို့ဘုရားသည်
တပါးသောခါ၊ ဒေသစာဖြင့်
တိုက်တာလှည့်ကာ ကြည့်သတဲ့
ကျီးသံသဲ့သဲ့၊ ယင်မဲ့မဲ့ဖြင့်
မွဲပြာညစ်ရောင်၊ ကျောင်းတစ်ဆောင်ကို
ဘုန်းခေါင်ဘုရား၊ ၀င်ကာသွားသော်
သနားစဖွယ်၊ ကျောင်းအလယ်တွင်
ကျင်ငယ်ကျင်ကြီး၊ တင်းကြမ်းစီးလျက်
ကိုယ်ထီးလျောင်းရှာ၊ ထေရ်သူနာကို
မြတ်စွာဘုရား တွေ့ပါသတည်း၊

အမိသည်သား ပြုသောလားသို့
ဘုရားမြတ်မွန် ညီအာနန်ကို
ချိုးရန်ရေတောင်း စောင်ပါတောင်းလျက်
သွန်းလောင်းသုတ်သင် ပြီးစီးလျင်မူ
ခေါင်းတွင်ဘုရား လက်တော်ထား ကာ
ညီဘွားခြေက ပြိုင်တူမလျက်
မြတ်လှနေရာ ညောင်စောင်းသာတွင်
ကောင်းစွာအိပ်စက်စေသတည်း။

ထို့နောက်ရှင်တော် စည်းဝေးခေါ်ကာ
မြွတ်ဖော်စကား မိန့်တော်ကြား၏
မိခြားဖဝေး တရပ်ကျေးတွင်
ချိုအေးကြည်သာ တရားရှာသည်
များစွာအပေါင်း ရဟန်းကောင်းတို့
ညံပျောင်ကြည်ဖြူ နာသောသူကို
ငါ့တူကြင်နာ ပြုစုပါက
မြတ်ရာရောက်လိမ့် ဧကန်တည်း။ ။

ဘုရားကတောင်သူနာပြုလုပ်တဲ့ ကဗျာလေးပါ ကြိုက်လို့တင်လိုက်တာ ရေးတာက တော့ မင်းသုဝဏ်ပါ ဗျာ ဒီအချိန်မှာ လိုအပ်နေတာ မြတ်ဗုဒ္ဓလိုနှလုံးသားနဲ့လူတွေပါ နေရာပေါင်းများစွာမှာလိုအပ်နေတာပါ ...
နှုတ်ဆက်မှတော့ ဝေရတော့မည်
ကိုယ်သာသိလည်း ကိုယ့်ရင်ထဲမှာ..............
ပြန်လာမည့်ရက် တွက်ဆစ်ရေချိုး
နွေမိုးဆောင်းတို့ ပြောင်းခဲ့ပြီ.....

ရာသီဝန်းစက် ဘယ်လိုသွက်သွက်
မေ့မရစဲ တမ်းတဆဲမို့
ဖုန်းထဲကသူ့ အသံ ပြန်ပြန်ကြားမိသလိုလို
တစ်ခါတုန်းက သူ့အကြည့် ပြန်ပြန်မြင်မိသလိုလို

ပါတ်စပို့စ်အရွယ် ဓာတ်ပုံငယ်ကို
ခါခါထုတ်ကြည့် သူမသိလည်း
ရင်ထဲကဝေဒနာ ဖြေသာမလားရယ်လို့ပေါ့

အလွမ်းတဆစ်ဆစ်နဲ့ ဒီဖင်ဘာ
သူမရှိတဲ့ဒီဖင်ဘာ မှာ
သူအတွက်ကဗျာကို
သူလက်ဆောင်ပေးတဲ့
ဖောင်တိန်လေးနဲ့ရေးခဲ့တယ်...
ချယ်ရီတောမှာ သူပျော်မောပါစေ............

ဆုတောင်း

ဒီနေ့တော့ ရေးစရာပိုစ့်က လည်း သိပ်ထွေထွေထူးထူးမရှိ ရေးကလည်းရေးချင် အဲဒီတော့ ထူးပါဘူးဆိုပြီး ကျောင်း သားဘ၀တုန်းက ရေးခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ဘဲတင်ပေးလိုက်တော့မယ် ကဗျာနာမည်ကတော့ ဆုတောင်းတဲ့

ဆုတောင်း
မချစ်ဘူးမုန်းတယ်
နှုတ်လွယ်လွယ်နဲ့
ငြင်းတက်ကြတဲ့
မိန်းမတွေ
ဖဲသမားနဲ့ ငြားပါစေ ။ ။
တဲ့ ဟတ် ဟတ်
---မိန်းမဟူသည့် ထို
ဣတ္ထိက မရှိမကောင်း ရှိမကောင်းတည်း---
အလင်းထဲက ခံစားမှုတွေ
အမှောင်မကျရင် တော်ပါဘီ.......

မှန်တယ်ထင်လို့
လွတ်လွတ်လပ်လပ်ပြောမိတာ
ခွင့်ပြုပေးပါခင်ဗျာ
အမှားပါရင်လည်း ဝေဖန်နိုင်ပါတယ်....

ခင်ဗျားနဲ့ကျနော်
သဘောထားကွဲလွဲတဲ့အခါ
လက်ဘက်ရည်သောက်ရင်း
ဆွေးနွေးကြည့်ကြတာပေါ့..........

ညှိမရတော့လဲ လက်ဆွဲနှုတ်ဆက်
မိတ်ဖွဲနိုင်ပါတယ်
ဘာဘဲဖြစ်ဖြစ်ဗျာ လူထဲကလူတွေဘဲ
ခင်ဗျားနဲ့ ကျနော်လည်း
လွတ်လပ်စွာသဘောထားကွဲလွဲမှာပေါ့....

အရေးကြီးတာက
မနက်ဖြန်မှာ ခင်ဗျားနဲ့ကျနော်
အလုပ်အကြောင်းပြန်ဆွေးနွေးဖို့ပါဘဲ.....
ကဲကဲ နောက်ဆုံး လက်ကျန်
လဘက်ရည်လေး အေးတော့မယ်.....
လူဆိုတာ ကိုယ့်ဝါဒနဲ့ကိုယ်
ငါမှန်တယ်ထင်တယ်လို့ ငါလုပ်တာ
ငါ့သမိုင်းနဲ့ငါ
ဝေဖန်တာဟာ မင်းတို့အလုပ်
ဟုတ်ဟုတ်မဟုတ်ဟုတ် ဘာကိုမှမတုန်လုပ်ဘူး

ဟစ်တလာမဖြစ်ချင်ဘူး မာသာထရီဇာ မဖြစ်ချင်ဘူး
နပိုလီယံမဖြစ်ချင်ဘူး အိုင်စတိုင်းမဖြစ်ချင်ဘူး
ငါဆိုတာ ငါပါဘဲ
သူလိုလူမျိုးပါဆိုတာနဲ့ အကျော်ကြားခံချင်တဲ့ အထဲမှာ
ငါမပါဘူး.......

ငါဆိုတဲ့ငါ ငါ့ဘာသာရပ်တည်
ဒုက္ခနဲ့ ကြုံတဲ့အခါ တော့ ချစ်သူ့လက်ကို
တွဲထားချင်မိသား ဒါလည်း
အိုမာခရမ်ကို သဘောကျတာ မဟုတ်ပါဘူး......

သူ့ အယူအဆမှာ
ငါ့လက်ကိုဖေးမပေးချင်စိတ်မရှိရင်
ဒီအတိုင်ဘဲ ထားလိုက်ပါ
လူဆိုတာ ကိုယ်ဝါဒနဲ့ကိုယ်ပါဘဲ.................
ဘယ်လောက်ဝေးဝေး
အတွေးထဲမှာ မင်းဘဲရှိတယ်

ဘယ်သူတွေဘယ်လိုလှလှ
အတိတ်တုန်းက အရိပ်ပြုံးတွေ
ငါ့ရင်ကိုလွှမ်းမိုးဆဲ ......

မင်းဘယ်နေရာ ဘယ်မှာရှိရှိ
ငါ့ရင်ထဲမှာမင်းအမြဲရှိတယ်
(မင်းရင်ထဲမှာ ငါရှိမရှိ
အရေးတကြီးမဆွေးနွေးပါဘူး)

အိုကွယ် ရှင်းရှင်းပြောရရင်
ချစ်နေဆဲ ချစ်နေမြဲ
အဆုံးထိ မမုန်းသည့်အချစ်တွေ နဲ့ပေါ့

ကဗျာဆိုတာ စကားလုံးတွေပါလို့တော့
မဆိုလိုက်နဲ့လေ
ငါ့ကဗျာတွေဟာ ရင်ထဲက အမှန်တရား
နှလုံးသားနဲ့ထုဆစ်ခဲ့တာ

ဟိသစ္စံ .......
မှန်သောစကား မေတ္တာအားကြောင့်
သည်ကဗျာအား ချစ်သူခံစားတက်ပါစေ.......

(ကဗျာမနှစ်သက်သော သူမအတွက် ကဗျာမမည် စာမပြီသော အလွမ်းစာစုအား ရေးဖွဲ့ခဲပါသည်။ အဝေး မှသူခံစားနိုင်ပါစေသား...............)
ငါက အမှန်တရားအတွက်
ဖိနပ်ပါးခံရတာကို ဂုဏ်သိက္ခာလို့ ထင်တာကို.....

တောင်းစားမှကောင်းစားတဲ့ ခောတ်မှာ
တောင်းရမှာရှက်တဲ့ငါ
ကောင်းစားစရာမှမရှိတာ....

သူငယ်ချင်းက ပြောသွားတယ်
လူမဖြစ်မယ့်ကောင်တဲ့
ချစ်သူက တော့
မေ့လိုက်ပါတော့ဆိုဘဲ ဟား ဟား
ထားလိုက်ပါ ထားလိုက်ပါ
ငါတောင်ငါ့ကိုယ်ငါချစ်လို့
သူ့ကိုချစ်ခဲ့တာဘဲ
သူလဲသူ့ ကိုယ်သူချစ်လို့
ငါ့ကိုပစ်သွားတာ အဲဒါအပြစ်မှမဟုတ်တာ....
ခင်ဗျားတို့လဲ မကြိုက်ရင် ဒီကဗျာကို
ပိတ်လိုက်လို့ရတယ်....

အယူဆမတူလို့ ဖြစ်ကြတဲ့
ရိုက်ပွဲတွေကို ငါမုန်းတယ် .....
အဲဒီလိုဖြစ်နေကြမယ့်အစား
ငါ့ကိုသာ လာသတ်သွားကြတော့ ဟေ့

...မေးခွန်းဟောင်း...

ကြွေခွင့်မရတဲ့ရင်ခုန်သံတွေ
အညောင်းမိနေတာ အတော်ကြာပြီ.....

မင်းကိုချစ်မိ အပြစ်ရှိလား.......
စဉ်းတော့စဉ်း စားဖူးပါရဲ့
သင်ရိုးမှာမပါတဲ့မေးခွန်းနဲ့
ကျခွင့်ရခဲ့တဲ့စာမေးပွဲ
“မင်းကိုဘာကြောင့်ချစ်တာလဲ” တဲ့
မေးခွန်းကိုက ....

ဖြေဖို့တော့စဉ်းစားသား
နှာခေါင်းပြားပြားလေးကိုလား
မျက်လုံးပြူးပြူးလေးကိုလား
ဇွတ်တရွတ်အမူရာလေးကိုလား
ငါ့ဘာငါေ၀၀ါး အဖြေကများ
ကဲ ဒီလိုဖြစ်မှတော့ ငါဘာသွားဖြေရမှာလဲ

တကယ်တော့ ချစ်တယ်ဆိုတာ
အကြောင်းပြချက်ရှာစရာမလိုလို့
ကျေကျေနပ်နပ် ပြန်ထပ်လိုက်တဲ့
အဖြူရောင်စာရွက်အတွက်
လွတ်လပ်စွာစာမေးပွဲချလိုက်ပါ...............

ခပ်ညံ့ညံ့ ကျောင်းသားအတွက် ......

မုန်းတီးမှုများနေ့စဉ်စားသုံးရင်း...........ခွန်အားသစ်တွေဖြစ်ခဲ့သည်...နှစ်နှစ်ဆယ်ကျော်ကြာခဲ့တဲ့ မီးလျှံများလေတိုက်စားရင်းငြိမ်းလုပြီချော်သွားတဲ့နာရီများ အတွက်အိမ်မက်တွေကိုရှက်တိုင်း အနက်ရှိုင်းဆုံးဆိုတဲ့ သောကများ ဘုရားတရင်း စိမ်ခေါခဲ့ရပြီ........
အမှန်တရားတွေကြေ မွပြီး စီးထားတဲ့ ဖိနပ်အောက်ရောက်သွားရင် ဘ၀ဆိုတာကောလဟလ တစ်ခုပါလား....
ရွှေရှာသူများ ငွေရှာသူများ နေရာယူသူများ အားလုံးရဲ့နောက်မှာ ငါ တစ်ခါ တစ်ခါ လေဆာရောင်ခြည်သေနတ်နဲ့လူသတ်ချင်တယ်။
ဒါပေမယ့် ဘာမှတွေးမနေ နဲ့ တော့ တိမ်တွေရဲ့ကိစ္စ၊ ရာသီတွေရဲ့ကိစ္စ လောကကိုမတောင်းဆိုလိုက်နဲ့ အိနြေ္ဒ ကြီးတဲ့ကောင်းကင်လိုဘဲနေလိုက်ပေါ့ကွယ်.....
ကျနော့်ဘလောက်မှာတင်ပေးပါဆိုပြီး ကျနော့်ညီမတစ်ဦးက ပြောလို့တင်ပေးလိုက်တဲ့ ကဗျာလေးပါ ဘယ်သူရေးလဲတော့မသိဘူး သေချာတာတော့ သူရေးတာမဟုတ်ဘူးဆိုတာပါဘဲ မကြိုက်ရင်လဲသူ့ကိုဘဲ အပြစ်တင်ပေါ့ ကျနော်ကတော့ရေးစရာကုန်ကြမ်းကုန်နေလို့ ဆားချက်လိုက်တာပါ

ကိုတာရာသို့

မနေ့ညကပေါ့
လူနံပါတ် ၁၃ တဲ့ ခင်ဗျားရေးတဲ့ စာအုပ်
ကိုတာရာ ခင်ဗျားကတော့ သွားရှာပြီ........

ခင်ဗျားသတင်းကြားတဲ့ နေ့က
ချောင်းနဲနဲဆိုးနေတယ် ခေါင်းနဲနဲကိုက်နေတယ်
အများနဲ့ အတူဝမ်းမနဲနိုင်တာ ခင်ဗျားနားလည်ပေးပါဗျာ

ကျုပ်ဒီလိုပြောတော့
ခင်ဗျားပရိတ်သက်ကတော့ သောက်မြင်ကပ်မှာပေါ့
ကျုပ်လည်းသူတို့လို အတ္တနဲ့လူ လေဗျာ
ဒါပေမယ့်အမှန်တရားကို ကားနဲ့တော့လဲမစီးဘူး
သိက္ခာကို ဈေးမကစားဘူး
ခင်ဗျာအနုပညာမှာ ဒါမျိုးတွေတွေ့ရတယ်
ဒါကြောင့်ကျနော်သဘောကျတာ

ဘာတဲ့ခင်ဗျားပြောခဲ့တာ
(ပလုံ)
ရေထဲကိုကျသွားတာလဲဖြစ်နိုင်တယ်
ရေထဲကပြန်တက်လာတာလဲဖြစ်နိုင်တယ်
အဲဒီလိုအတွေးတေကိုသဘောကျတယ်
ဒီလိုအတွေးတွေနဲ့ခင်ဗျားကို
စကားပြောခွင့်မရတာတော့
စိတ်မကောင်းဖြစ်မိသား

ကိစ္စတော့မရှိပါဘူ အနှေးနဲ့အမြန်
ခင်ဗျာဆီကျနော်လာမှာဘဲလေ ။ ။

ကောင်မလေးသို့

အလွမ်းဆိုတာ ချက်ပြုတ်စားသောက်လို့ရင်
တစ်ဘ၀စာဟင်းလျှာမပူရတော့ဘူး

ယောင်္ကျားမှန်ရင်မျက်ရည်မကျရဘူးဆိုတဲ့
ဘယ်သကောင့်သာက သတ်မှတ်ခဲ့မှန်းမသိတဲ့
ဥပဒေသာမရှိရင် မင်းအတွက်ကျမဲ့မျက်ရည်တွေဟာ
ငါထင်တယ် ကမ္ဘာမှာ ကန္တာရဆိုတာ
အရုပ်ရေးပြရလောက်တယ်

မင်းမသိနိုင်တဲ့ ကဗျာတွေကို
မင်းမရှိတဲ့အရပ်မှာ
ရေးရေးနေရတာ
တစ်ခါတစ်ခါ ငါ့ကိုယ်ငါစိတ်ပျက်မိပါရဲ့
ဒါပေမယ့်
ဒီကဗျာတွေဟာ ဖြေသာစရာ
ဝေဒနာမေ့ဆေးလေးတွေပါဘဲကွယ်။ ။
ဒီနေ့တော့ ကျနော်ချစ်တဲ့ကဗျာလေးတစ်ပုဒ်တင်ပေးလိုက်တယ်နော်သွန်းနေစိုးရဲ့
ကဗျာလေးပါ

မနက်ဖြန်ဆိုတာ ဒီနေ့မှမဟုတ်တာ

ဘုရားဟောရှိတယ်နောင်ဘ၀ဟာ
မနက်ဖြန်ထက်နီးသတဲ့

တော်ကြာ မချစ်လိုက်ရဘဲနေဦးမယ်
ကိုယ့်ကို အဖြေပေးပါတော့ကွယ်..............

အကြိုက်မတူရင်တော့ တက်နိုင်ဝူး
အတ္တအဟောင်းများ
လျှော့ဈေးနှင့်ရောင်းရန်ရှိသည်

နှလုံးသား အကွဲများ
ဖာထေးပြုပြင်ပေးသည်

အသည်းခွဲတက်သူများ
အသုံးပြုသော အပြုံးတုများ
ဈေးကောင်းပေး၍၀ယ်လိုသည်

ဒေါ်လာနှင့်လဲလှယ်ရန်
(ကောင်မလေးတစ်ယောက်တွင်)
နှလုံးသားသစ်တစ်ခုရှိသည်

ဤကဏ္ဍကိုအကြောင်းပြု၍ဖြစ်ပေါ်လာသော အရောင်းဝယ်များတွင်
အကျိုးဆောင်ခပေးရန်မလိုပ

---သို့ပြောချင်တာလေး

အချစ်ကိုယ့်ကိုမချစ်ပေမယ့်
ကိုယ်ကအချစ်ကိုချစ်တယ်

မေ့ပစ်ဖို့ပြောခဲ့ရင်တောင်
မေ့ချင်ရောင်ဆောင်ပေးပါ့မယ်
ကောင်မလေးရယ်
မင်းစိတ်ချမ်းသာမယ်ဆိုရင်ပေါ့

မင်းဘက်ကငြင်းခွင့်ရှိသလို
ငါ့ဘက်ကချစ်ခွင့်ရှိသမျှ
တိုးတိတ်တိတ်ရင်ခုန်ပါရစေ

မင်းဝိညာဉ်ကြွေပျက်ခဲ့ရင်တောင်
မင်းရှိတယ်ဆိုတဲ့ အမှတ်နဲ့
ဆက်လက်ရှင်သန်ခွင့်ပြုပါ

မနက်ဖြန်ခါ
ငါသေခဲ့သည်ရှိသော်
ငါ့ဝိညာဉ်အား
ချစ်သူရဲ့ထံပါးတွင်
ထာဝရ ခစားခွင့်ပြုပါ.........

တမ်းချင်း

မဂျစ်ပြောမှ သတိရတယ် ဘလောက်ဂါတွေ က တစ်ကမ္ဘာလုံးမှာဆိုတော့ အချိန်လေးတော့သတ်မှတ် ဖို့လိုတာ
ပေါ့နော် မြန်မာစံတော်ချိန်ကိုဘဲ စံသတ်မှတ်လိုက်ရင်ကော င်းမယ်နော် အားလုံးသဘောတူမယ်ဆိုရင်ပေါ့ နောက် မသန္တာကလည်းတိုင်ဝက်အလံလွှင့်ဖို့ တိုက်တွန်းထားတယ် ဘလောက်ဂါတွေထဲ က ဒီ ဇိုင်းလေးဆွဲပြီး အကူညီပေးရင် အတော်အဆင်ပြေမယ် ကျနော်က ဒီဇိုင်းသိပ်မရ လို့ ဗျ။ ဒီနေ့ဘဲ ဗိုလ်ချုပ်တို့ကိုဂုဏ်ပြုတဲ့ ကဗျာလေးတစ် ခါထဲတင်လိုက်ပါရစေနော်

တမ်းချင်း

အဲဒီနေ့ က
ရွက်စိမ်း (၉) ရွက်
လွင့်ပြတ်ကြွေခဲ့တယ်

စနေကောင်းကင်ကြီးက
ငိုကြီးချက်မနဲ့
မျက်ရည် ဖြိုင်ဖြိုင် ကျခဲ့တယ်

ကြာတော့လည်းကြာခဲ့ပါပြီ
ဒါပေမယ့် ဒါပေမယ့်ပေါ့လေ
မီးကျိုးမောင်းပျက် စနေ
အကျည်းတန်ခဲ့ဖူးတဲ့ စနေ
အထီးကျန်အလွမ်းတွေနဲ့ စနေ
ငါတို့မေ့မရသေးတဲ့ စနေ
ငါမတွေ့လိုက်ရတဲ့ စနေနဲ့ငါ
ဆုတောင်းလိုက်ပါသည်
ထိုရွက်စိမ်း များ
ကောင်းရာ သုဂတိလားပါစေ
ကောင်းရာသုဂတိလားပါစေ.............

ထောင်ချောက်

ဘလောက်ကလဲ ရေးချင်ပေမယ့်ကော်နက်ရှင်က မကောင်း ကော်နက်ရှင်ကောင်းတော့လဲ ဘာရေးရမှန်းမသိ ဒီလိုနဲ့ဘဲ ကျနော်ကြိုက်တဲ့ ကဗျာလေးကိုဘဲ ရေးပေးလိုက်တော့မယ် ကြိုက်တယ်ဆိုထဲက ခံစားချက် ချင်း တိုက်ဆိုင်လို့ နေမှာပေါ့နော် မောင်လှမျိုးရဲ့ ကဗျာလေးပါ ကဗျာခေါင်စဉ်ကတော့ ကျနော်ပေးလိုက်တာပါ

ချစ်သလားမေးတော့ မချစ်ပါဘူးတဲ့ရှင်
မုန်းသလားမေးတော့ မမုန်းတက်ပါဘူးတဲ့ရှင်

အဖြူအမဲ မသဲကွဲရင်
အသည်းမကွဲခင်လှည့်ပြန်ပါရစေဆိုတော့
မမုန်းမချစ် မောင်နှမချစ်နဲ့ဘဲ
ဆက်နေရအောင်နော်တဲ့

ဒီလိုနဲ့ သူ့ရဲ့ ကြားနေရေးထောင်ချောက်
ကျရောက်မိပါပေါ့။ ။