ထောင်ချောက်

ဘလောက်ကလဲ ရေးချင်ပေမယ့်ကော်နက်ရှင်က မကောင်း ကော်နက်ရှင်ကောင်းတော့လဲ ဘာရေးရမှန်းမသိ ဒီလိုနဲ့ဘဲ ကျနော်ကြိုက်တဲ့ ကဗျာလေးကိုဘဲ ရေးပေးလိုက်တော့မယ် ကြိုက်တယ်ဆိုထဲက ခံစားချက် ချင်း တိုက်ဆိုင်လို့ နေမှာပေါ့နော် မောင်လှမျိုးရဲ့ ကဗျာလေးပါ ကဗျာခေါင်စဉ်ကတော့ ကျနော်ပေးလိုက်တာပါ

ချစ်သလားမေးတော့ မချစ်ပါဘူးတဲ့ရှင်
မုန်းသလားမေးတော့ မမုန်းတက်ပါဘူးတဲ့ရှင်

အဖြူအမဲ မသဲကွဲရင်
အသည်းမကွဲခင်လှည့်ပြန်ပါရစေဆိုတော့
မမုန်းမချစ် မောင်နှမချစ်နဲ့ဘဲ
ဆက်နေရအောင်နော်တဲ့

ဒီလိုနဲ့ သူ့ရဲ့ ကြားနေရေးထောင်ချောက်
ကျရောက်မိပါပေါ့။ ။

0 ဝေဖန်ခဲ့ပါပြီ: