မှောင်တစ်ချက်လင်းတစ်ဝက်နဲ့
ဘ၀ကိုပက်လက်လှန်ပြီး
ရေစုန်မျှောလာလိုက်တာ
စာတက်ပေတက်မဟုတ်ပေမယ့်
စာလေးဘာလေးတော့ဖတ်တက်ခဲ့ပါရဲ့

“က” နဲ့ “အ” ကြား စကားလုံး အတက်အကျတွေမှာ
ဖြစ်တည်မှုဝါဒတွေပါပါရဲ့
လူအချင်းချင်းရိုင်းပင်းရမယ်လို့မြင်ဖူးပါရဲ့
လူသားခြင်းစာနာရမယ်လို့ ကြားဖူးပါရဲ့

ဒါပေမယ့်အမေရယ်
ကျနော်တကယ် တွေ့ ခဲ့ရတာဆိုလို့
လူသားချင်းချောက်ချ
ဘ၀တွေကို ကမောက်ကမဖြစ်အောင်လုပ်
ငါတစ်အုပ်ကောင်းစားရေးအတွက်
ဘ၀တွေကိုနင်းခြေ
လူလူချင်းအပျင်းပြေကစား
သြော်လူဆိုတာ
မျိုးတူသားကို ပါးစပ်နဲ့မစားတဲ့
ဇာတ်တူသားစား သတ္တ၀ါတွေပါလား ......

2 ဝေဖန်ခဲ့ပါပြီ:

    ဟုတ်ပ၊မှန်ပ။ မျိုးမတူတဲ့ သတ္တ၀ါ အစားခံရတာထက် အဲ့ဒီလိုမျိုးဇာတ်တူသား အစားခံရတာက ပိုရင်နာဖို့ကောင်းတယ်နော်။

     

    သြော်လူဆိုတာ
    မျိုးတူသားကို ပါးစပ်နဲ့မစားတဲ့
    ဇာတ်တူသားစား သတ္တ၀ါတွေပါလား ......
    ***************
    ကောင်း၏။