ပြင်သစ်ဘာသာစကားမှာ အရာဝတ္ထုတွေကို အထီးအမခွဲလေ့ရှိသည်။ ဥပမအိမ်ဆိုရင် အမ ဒါကြောင့် la maison
လို့သုံးတယ် ခဲတံဆိုရင်အထီး ဒါကြောင့် le crayon လို့သုံးတယ်။ ဒါနဲ့ ပြင်သစ်သင်တန်းတစ်ခုမှာ သင်တန်း သားကဆရာမကိုမေးလိုက်တယ် ။ ကွန်ပျူတာက အထီးလားအမလားပေါ့။ ဆရာမကလဲကွန်ပျူတာက အထီး လားအမလားမသိ။အဘိဓာန်ရှာကြည့်တော့လဲ မပါ ။

ဒါနဲ့ဆရာမက သင်တန်းမှာရှိတဲ့သင်တန်းသားတွေကို ယောင်္ကျားလေး၊ မိန်းကလေးခွဲလိုက်ပြီးတော ကွန်ပျူတာအထီးဖြစ်သင့်ကြောင်း အမဖြစ်သင့်ကြောင်းအဆိုနှစ်ခုတင်ခိုင်းတယ်။ အဖွဲနှစ်ဘက်စလုံးက အကြောင်းပြချက်လေးခု တင်သွင်းရမယ်တဲ့

ယောင်္ကျားများအဖွဲ့က ကွန်ပျူတာဟာ အမဖြစ်သင့်တယ်လို့တင်သွင်းတယ်
ဘာလို့လဲဆိုတော့

(၁) ကွန်ပျူတာတွေကို တီထွင်သူများသာလျှင်ကွန်ပျူတာများရဲ့ အတွင်းသဘောကိုကောင်းစွာနားလည်နိုင်ပြီး မိန်းမများရဲ့အတွင်းသဘောကိုကောင်းစွာနားလည်နိုင်သူမှာ မိန်းမများကို ဖန်ဆင်းသော ထာဝရ ဘုရားသခင် သာလျှင်ဖြစ်နိုင်သည်။ ထို့ကြောင့်ကွန်ပျူတာသည် အမသာဖြစ်သင့်သည်။
(၂) တခြားကွန်ပျူတာတွေနဲ့ ဆက်သွယ်ရာမှာသုံးတဲ့ သူတို့ရဲ့ ဘာသာစကားကို တခြားဘယ်သူမှ နားမလည် နိုင်သလို မိန်းမသားအချင်းချင်းနားလည်နိုင်တဲ့ ဘာသာစကားကိုလည်း တခြားဘယ်ယောင်္ကျားမှ နားမလည် နိုင်ပါဘူး ။ထို့ကြောင့်ကွန်ပျူတာသည် အမသာဖြစ်သင့်သည်။
(၃) ဘယ်လောက်သေးငယ်တဲ့အမှားမျိုးပင်ဖြစ်လင့်ကစားလိုအပ်လျှင်ပြန်အစဖော်လို့ရအောင် ကွန်ပျူတာရဲ့ မှတ်ဥာဏ် ထဲမှာသိမ်းထားနိုင်သလို မိန်းမသားတွေရဲ့ မှတ်ဥာဏ် ထဲမှာလဲ လိုအပ်ရင် အစဖော်နိုင်အောင် အမှားသေးသေးလေးတွေကို ရေရှည်သိမ်းထားတက်တယ်။ ထို့ကြောင့်ကွန်ပျူတာသည် အမသာဖြစ်သင့်သည်။
(၄) ကွန်ပျူတာတစ်လုံးဝယ်လိုက်တာနဲ့ နောက်ပိုင်း အပိုပစ္စည်းပေါင်း သောင်းခြောက်ထောင်အတွက်လိုက်ရတဲ့ ငွေပမာဏကများသလို မိန်းမတစ်ယောက်ယူလို့ ထပ်ကုန်ရတဲ့ငွေ ပမာဏကလဲများတယ်လေ။ ထို့ကြောင့် ကွန်ပျူတာသည် အမသာဖြစ်သင့်သည်။

အဲသလိုယောက်င်္ကျားတွေ အဆိုတင်သွင်းပြီးချိန်မှာ မိန်းမတွေဘက်က အကြောင်းပြချက်တွေကတော့

(၁) ကွန်ပျူတာက ကိုယ့်ဆီအာရုံရောက်လာအောင်ခလုပ်ဖွင့်မှရသလို ယောင်္ကျားတွေ အာရုံကိုယ့်ဆီ စိုက်အောင် သူတို့ရဲ့ ရာဂ ခလုပ်ကိုဖွင့်ရတယ်။
(၂) ကွန်ပျူတာထဲမှာ သတင်းအချက်လက်တွေရှိပေမယ့် သူ့ဘာသူ အလုပ်မလုပ်သလို ယောင်္ကျာတွေဟာလည်း သိတာတွေများပေမယ့် သူတို့ဘာသူတို့ဆို ဘာမှမလုပ်တက်ဘူး
(၃) ကွန်ပျူတာဟာ ပြဿနာတွေ ရှင်းပေးနိုင်ပေမယ့် သူတို့ကိုယ်တိုင်က ပြဿနာ အထုပ်ကြီးဖြစ်နေသလို ယောကျာင်္းတွေ ကလည်းပြဿနာကိုရှင်းမလိုလိုနဲ့ သူတို့ကိုယ်တိုင် ပြဿနာထုပ်ဖြစ်နေတယ်တာရယ်
(၄) ကွန်ပျူတာတစ်လုံးဝယ်ပြီးကာမှာ လက်ထဲရောက်ရောက်ချင်း နောင်တရတက်တာက နည်းနည်း လေးသာ စောင့်လိုက်ရင် ဒီထက်ကောင်းတဲ့ ကွန်ပျူတာရမှာဘဲဆိုတာ သိလာရသလို ယူပြီးမကြာခင်မှာဘဲ နဲနဲလေးသာ စောင့်လိုက်ရင်ဆိုတဲ့ အတွေးမျိုးပေါ်လာနိုင်တာမို့ ကွန်ပျူတာသည် အထီးသာဖြစ်သင့်ပါတယ်ဆိုဘဲ

ပြင်သစ်ဘာသာစကားမှာတော့ နိုင်နေကျအဖွဲ့က နိုင်တာမို့ ကွန်ပျူတာသည်အမသာဖြစ်သွားပါတယ်။ စာဖတ်သူတွေကတော့ဘယ်မှာ ထားချင်ပါသလဲကွန်ပျူတာကို ဟတ် ဟတ် အထီးလားအမလား

မိန်းမတွေနိုင်တာမဆန်းပါဘူး သူတို့က လေးနှစ်တစ်ကြိမ်တောင် အမျိုးသမီးထုကြီးရဲ့ သဘော တူညီချက်နဲ့ဖေဖေါ်ဝါရီမှာ တစ်ရက်တိုးပြီးစကားပြောတာကို ဟုတ်တယ်မလား



3 ဝေဖန်ခဲ့ပါပြီ:

    အမ လို့ပြောတာ မှန်တယ်ထင်တယ်..
    ကျွန်တော်တို့အတွက်လေ....
    အမြဲတမ်း သုံးနေရလို့ .. မရှိမကောင်း ရှိမကောင်း .. :P

     

    ပြင်သစ်စကားမှာ အထီးအမခွဲလေ့ရှိတယ်လို့ ကြားဖူးတုန်းက ကွန်ပျူတာကိုလည်း အထီးသတ်မှတ်လား အမသတ်မှတ်လား ဆိုပြီးတွေးမိဖူးပါတယ်။ အခုတော့ အဖြေတစ်ခုရသွားလို့ ကျေးဇူးတင်ပါတယ် ကိုဝေရေ။ ဘာပဲဖြစ်ဖြစ် အမဖြစ်တယ်ဆိုတဲ့ အဖြေအတွက် နည်းနည်းတော့ ကျေနပ်သလိုပါပဲး))

     
    On July 31, 2008 at 2:42 PM Anonymous said...

    အထီးမဟုတ် အမမဟုတ် နပုလ္လိင်ရော မဖြစ်နိုင်ဘူးလားဟင်။ ပြင်သစ်စကားမှာတော့ အထီး၊ အမပဲ ရှိပေမယ့် ဂျာမန်စကားမှာကျ အဲဒီ ဟိုမရောက် ဒီမရောက် လိင်ပါ ပါတယ်ဆိုပဲ။ အဲဒီအကြောင်း ကြားပြီးကတည်းက ဂျာမန်စကားကို တစ်သက်လုံး မသင်ဖို့ ဆုံးဖြတ်လိုက်တာပဲ။ ဟုတ်တယ်လေ.. အထီး အမ ပြဿနာနဲ့တင် ခေါင်းအတော်စားနေပြီ။