လွတ်လပ်ခွင့်တို့ လွတ်လပ်မှုတို့ဆိုတာ လူသားအားလုံးနှစ်သက်တဲ့ စကားလုံးတွေဗျ ။ ဒီ အကြောင်းမရေးခင်ကျ
နော်အတော်ကိုစဉ်းစားတယ် ......ဘာလို့လဲဆိုတော့ Blogger တွေထဲမှာကျနော်ထက်ပိုပြီး နားလည်တက်ကျွမ်း
သူတေလွတ်လပ်ခွင့်ကိုကျနော်ထက်ပိုပြီးဆွေးနွေးနိုင်သူတွေအများကြီင်္းရှိမှာပေါ့။သူတို့သိတဲ့အသိကအသည်းနှလုံးမှာ ကျွဲပခုံးထလောက်အောင်သိမှာပေါ့ကျနော်သိတဲ့ အသိက အရည်ပြားပေါ်မှာ အယားပြေသလောက်ရှိမှာပေါ့အဲ ဒါကိုသွားပြီးလူတက်ကြီးလုပ်နေရင်ရွှေဖလားကိုငွေနားကွပ်သလိုရွှေနာရုံဘဲရှိမှာပေါ့။ အဲဒါကြောင့်ကျနော်သိသ လောက်ကလေးကိုဆွေနွေးခြင်းဖြစ်ကြောင်း အားလုံးကိုကြိုတင်တောင်းပန်ပါရစေ။

ကျနော်တို့လူသားတွေဟာ``လွတ်လပ်ခွင့်´´ကိုမြတ်နိုးကြတယ် နောက်ပြီးလွတ်လပ်ခွင့်အတွက်ဆိုပြီးလည်းမ
ကြာခဏကြွေးကြော်တက်ကြတယ်။ ဒါပေမယ့်ဗျာ လွတ်လပ်ခွင့် ဆိုတဲ့စကားလုံးကို ကိုင်ပြီးကြွေးကြော်နေကြသူ
တွေကလွတ်လပ်ခွင့်ကိုဘယ်လောက်မြတ်နိုးကြပါသလဲ..........ဥပမာဆိုပါတော့ဗျာ သူတို့မှာ မိသာစုတစ်ခုရှိမယ်
ဒါမှ မဟုတ်သူတို့ရဲ့ချစ်ခင်သူတွေရှိတယ်ဆိုပါစို့ ..................သူတိုဘယ်လောက်များထိုသူတွေအပေါ်လွတ်လပ်
ခွင့်ပေးကြပါသလဲ များသောအားဖြင့်ဗျာ လူတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ချစ်တဲ့ခင်တဲ့သူအပေါ်
ဒါမှမဟုတ် ကိုယ်မုန်းတဲ့သူအပေါ် ကိုယ်ရဲ့ပြိုင်ဘက်တွေအပေါ်မှာ ချုပ်ကိုင်နိုင်ဖို့ ကြိုးစာတက်ကြတယ်ဗျ။

သမီးရည်းစာတွေဆိုပါစို့ များသောအားဖြင့်ဘယ်လိုဖြစ်တက်ကြသလဲဆိုတော့ တစ်ယောက်နဲ့တစ်ယောက်ချုပ်
ိကိုင်ဖို့ကြိုးစားတက်ကြတယ် ။ တစ်ယောက်ကလည်း မင်းမကြိုက်တာ ငါ မလုပ်ဘူး ငါမကြိုက်တာလဲမင်းမလုပ်နဲ့
ဆိုတာမျိုးပေါ့ ။ ဒါပေမယ့် တကယ့်လက်တွေ့ မှာက တစ်ယောက်အကြိုက်ကိုတစ်ယောက်လိုက်ပြီးနေနိုင်ဖို့ဆို
တာအတော်ကိုခက်ခဲတဲ့ အလုပ် ။ နောက်ဆုံးမှာသူတို့ ကတစ်ယောက်နဲ့တစ်ယောက် မသိမသာ ချုပ်ခြယ်သ
လိုခံစားရတယ် နောက်ဆုံးမှာ ပြသနာတွေတက်ကြတယ်။တကယ်တော့တစ်ယောက်နဲ့တစ်ယောက်သာဒီလို
နည်းနဲ့ မချုပ်ချယ်ဘဲနားလည်မှုပေးနိုင်ရင်.........

အားကစားပွဲတစ်ခုဆိုပါတော့ ဘောလုံးကန်ကြတယ် အဓိပ္ပါယ်ကရှင်းရှင်းလေး သူဂိုးပေါက်ဝင်အောင်သွင်း ကိုယ့်ဂိုပေါက်မ၀င်စေနဲ့ ဒါဘဲ ။ သူဂိုးပေါက်ထဲဂိုးဝင်သွားတော့ရော ဘာဖြစ်လဲ ဆန်ရေစပါး အထွက်တိုးလားသ
လားဘာမှ မဖြစ်ဘူး ဒါပေမယ့်အဲဒါကိုဘဲ ကမ္ဘာမှာအသည်းအသန် ကိုဖြစ်နေတာ ။ ဘာကြောင့်လဲဆိုတော့ လူ
တို့သည်အားပြိုင်မှုကိုနှစ်သက်ကြကုန်၏ ။ အဘယ်ကြောင့်ဆိုသော် အဘယ်ကြောင့်မှန်းမသိ ဟုတ်တယ်လေအ
ဘယ်ကြောင့်မှန်းမှမသိတာ။ နောက်ဆုံးဘာဖြစ်လာသလဲဆိုတော့ ဒီဘောလုံးပွဲမှာ ဘောလုံးကိုယ့်ဆီရောက်ရေး
တစ်ဘက်အားကစား သမားတွေကိုချုပ်ကိုင်ထားနိုင်ရေးကြိုးပမ်းရတဲ့ အနေထားတွေဖြစ်သွားတယ်။ တစ်ဘက်
ကလည်းဒီလိုဘဲ ကိုယ်အချုပ်ကိုင်မခံရရေး တစ်ဘက်လူကို ချုပ်ကိုင်ကစားနိုင်ရေး ကြိုးပမ်းရတယ်။

အဲဒီတော့သမီးရည်းစားဘဲကြည့်ကြည့် အားကစားပြိုင်ပွဲတွေမှာဘဲ ကြည့်ကြည့် ဘာကြောင့်တစ်ယောက်နဲတစ်
ယောက်ချုပ်ကိုင်ချင်တာလဲဆိုတာကို ပြန်တွေးကြည့်လိုက်ရင် ချုယ်ချယ်ချင်မှုအားလုံးဟာ ကြောက်စိတ်မှာ အ
ခြေခံတယ်လို့ ကျနော်က ယူဆတယ်။ ဘာကြောင့်လဲဆိုတော့ သမီးရည်းစားတွေဆိုရင်လည်းကိုယ်ကိုပစ်ပယ်
သွားမှာ စသဖြင့်ပေါ့လေ မသိစိတ်မှာဖြစ်ပေါ်နေသော ကြောက်စိတ်ကြောင့် ချုပ်ချယ်ချင်တာ နောက် အားက
စားပြိုင်ပွဲဆိုရင်လဲ ဒီလိုဘဲ ပြိုင်ဘက်ကို ကြောက်စိတ်ကြောင့် ချုပ်ခြယ်ချင်တာ ဘာကြောင့် ဒီလို ကြောက်စိတ်
တွေဖြစ်သလဲ သမီးရည်းစာဆိုရင်လဲကိုယ်ကသိပ်ချစ်တယ် ဒါကြောင့်ဆုံးရှုံရမှာကို စိုးရိမ်တယ် တစ်ချို့လည်းရှိ
သေးတယ် ကိုယ့်ကိုစအဖြတ်ခံရရင် ပါတ်ဝန်းကျင်မှာ သိက္ခာ ကျစရာလို့ ယူဆတာမျိုး ပေါ့ ဒီတော့ဗျာ ရိုးရိုးလေး
ဘဲတွေကြည့် သူကကိုယ့်ကိုချစ်တဲ့ အချိန်မှာ ပျော်ရွှင်စရာ အကောင်းဆုံးအချိန်တွေကိုသူနဲ့ အတူ ဖြတ်သန်းခဲ့ရ
ပြီး သူကိုယ့်ကိုမချစ်နိုင်တော့လို့စွန့်ခွာသွားမယ့် အချိန်မှာ ကိုယ်ကအခြေနေမှန်ကို ရိုးရိုးလေးလက်ခံလိုက်ရင်...
................ဒါမှမဟုတ် အားကစားပြိုင်ပွဲတစ်ခုမှာ ဘာကြောင့်ရှုံးနိမ့်မှာကို စိုးရိမ်သလဲဆိုရင် ထိုအရှုံးဟာ ကိုယ်
ဂုဏ်သိ့က္ခာတွေကိုထိခိုက်နိုင်တယ်ဆိုတဲ့ မသိစိတ်ရဲ့လွမ်းမိုမှုတွေကြောင်ဘဲ ............ ကျနော်တို့ဟာ အရှုံကို
ဂရုမထားဘဲ ရှုံးနိမ့်မှုဖြစ်ခဲ့ရင် အကောင်းဆုံးသင်ခန်းစာတွေအဖြစ်မြင်နိုင်ကြပါလျှင်..........

နောက်ဆုံးမှာတော့ဗျာ ကျနော်တစ်ခုတွေးကြည့်လိုက်တာက တစ်စုံတစ်ယောက်ကများ ကျနော်တို့ကို ချုပ်ချယ်
ဖိုကြိုးစားခဲ့တယ်ဆိုရင် ထိုသူသည်ကျနော်တို့ကို တစ်နည်းနည်းနှင့်ကြောက်ရွံ့ နေသူများဖြစ်သည်ဟု တွေကြည့်ကောင်းတွေးကြည့်မိပါလျှင် .......................


ကဗျာသို့

အို ကဗျာ.........................
မျှော်လင့်ချက်တွေ အိပ်မောကျနေရရှာတဲ့
ကမ္ဘာ့မြေလွှာပေါ်က ကလေးများစွာအကြောင်း
နှောင်းလူတွေကို ပြောပြပါ.....

အို ကဗျာ ..........................
လွတ်လပ်စွာထုတ်ဖော်ခွင့်မရလို့
အချုပ်ကျခဲ့ရတဲ့ စကားလုံးတွေအကြောင်း
နှောင်းလူတွေကိုပြောပြပါ.....

အို ကဗျာ........................
ချစ်သူ၏ငြင်းပယ်ခြင်းကြောင့်
မေတ္တာတရား၏ ခြေတော်ရင်းမှာ
ဝပ်စင်းခဲ့ရရှာသော
အပြစ်မဲ့ နှလုံးသားများ အကြောင်း
နှောင်းလူတွေကိုပြောပြပါ.......

ကောင်မလေး တစ်ယောက်ကို ပြောလိုက်ချင်တာလေးတွေပါ တစ်နေရာကနေ ကျနော့် blog ကိုဖတ်ဖြစ်ရ င်တော့သူသိတန်ကောင်းပါရဲ့ နော်.............

ကောင်မလေးရေ........

မြန်မာပြည်ကနေ ဝေးကွာတဲ့နေရာတစ်ခုကိုမင်းမျှော်လင့်ချက် မင်းအိပ်မက်တွေအတွက်ထွက်ခွာသွားခဲ့တာ အခုဆိုရင် ၁ လနဲ့ ၁၁ရက် ရှိခဲ့ပြီနော် ။ အခုဆိုရင်မင်းလည်း နေရာသစ်မှာအထိုက် လျှောက်တော့  နေသား တစ်ကျရှိလောက်ရောပေါ့။ မင်ရောက်နေတဲ့နေရာမှာ မတော်တဆများ မြန်မာတို့ရဲ့မျက်ရည်တွေကိုတွေ့ခဲ့ရင် သုတ်မပြစ်လိုက်ပါနဲ့နော် ။ ဒါဟာ သူတို့ဘ၀ရဲ့ အမှတ်တရသက်သေတွေ ဖြစ်ကောင်ဖြစ်နေမှာမို့ပါ။

တကယ်တော့ကောင်မလေးရယ် မင်ထွက်မသွားခင်မှာ ငါတားလိုက်ချင်ပါတယ်။ ဒါပေမယ့် အရာအားလုံး
ဟာနောက်ကျခဲ့ပြီဘဲ ငါဘာများတက် နိုင်တော့မှာလဲ။ မင်နဲ့တို့နဲ့တွေ့ဆုံခဲ့တဲ့ နောက်ကျမှုတွေကိုဘဲ အပြစ်တင်
ရမလား ။ ငါကတော့ ဘာကိုမှ အပြစ်မတင်ပါဘူး ဘာလို့လဲဆိုတော့ တားပိုင်ခွင့်ရှိရင်တောင် ငါမင်းကိုမတား ပါ ဘူး ငါ့ကိုယ်ငါ မေးခွန်းလေးနှစ်ခုမေးမိလို့ပါ.......

(၁)ကိုယ့်ရဲ့အညံ့စား အတ္တတွေကြောင့် မင်းကိုတားဆီးချင်တာလား
(၂) ဒါဟာမင်းရဲ့လွတ်လပ်တဲ့ဆုံးဖြတ်ပိုင်ခွင့် လူငယ်တစ်ယောက်ရဲ့ အိပ်မက် တွေလေ

မင်းပြောပါ ငါဟာလွတ်လပ်ခြင်းကို မြတ်နိုးသူဆိုရင် ငါဘယ်လိုတားရက်ပါ့မလဲ..........

ငါတားဆီးချင်မှု မှာငါ့အတ္တတွေမပါဘူးဆိုတာ ရိုးသားစွာ ၀န်ခံပါတယ်။ ဒါပေမယ့် မင်းရဲ့ အိပ်မက်သတ်သူ
ဖြစ်မှာစိုးလို့ ငါစကားလုံးတွေကို ငါမျိုချခဲ့တာ အခါခါပေါ့။ မင်းထွက်သွားတဲ့နေ့ကပေါ့ လေယာဉ်ကွင်းကို ငါကိုယ်
တိုင်လိုက်ပို့ချင်ပေမယ့် မင်ကတားဆီးခဲ့တယ်နော်။

မင်းစိတ်ချမ်းသာဖို့အတွက်ငါ့ ဆန္ဒတွေကိုမျိုသိပ်ခဲ့ပါတယ်။ မနက်ဖြန်ဆိုတာ ဘာမှ မသေချာ တာမို့ မင်းပြန် လာမလာဆိုတာရယ် ပြန်လာခဲ့ရင်တောင်တွေ့ခွင့်သာမသာဆိုတာရယ်ကိုငါ မသိနိုင်ပါဘူး ။ ဒါ ပေမယ့် ကောင် မလေးရယ် မြန်မာပြည်မှာ မင်းပြန်အလာကိုစောင့်ကြို နေကြသူ ၁၀ ရှိရင် မင်း ၁ ထပ် ပေါင်း လိုက်ပါ။

မင်းပျော်ရွင်သလောက်မင်းဆန္ဒရှိသလောက်မင်လျှောက်ချင်သမျှလမ်းတွေကိုမင်းလျှောက်လှမ်းလှည့်ပါ
ဒါပေမယ့်မင်းမောပန်းနွမ်းနယ်လာတဲ့တစ်နေ့မှာ ငါ့ရင်ခွင်ဟာမင်းအတွက် နားခိုရာတစ်ခုဘဲဆိုပါတော့။ အချစ်
ဆိုတာ အသစ် အသစ်တွေ မွေးဖွားနိုင်ပါတယ် အင်း အချစ်စစ်ကိုမတွေ့ခင် အထိပေါ့။ မင်းနဲ့တွေ့ပြီးတဲ့ အချိန် ကစပြီး ငါဘ၀မှာ အချစ်သစ်တွေ သေဆုံးသွားခဲ့ပြီလေ။


ကောင်မလေးရေမင်းရဲ့ရွေးချယ်မယ့်သူဟာငါဖြစ်ပါစေလို့ဆုမတောင်ပါဘူး ဘာလို့လဲဆိုတော့မင်ရဲ့ဘေး
မှာ ငါ့ထက်ပိုပြီးမင်းကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်သူတွေ ရှိရင်လည်းရှိနေမှာကို ဒါပေမယ့်ကောင်မလေး
ရယ် မင်းဘ၀မှာ မောပန်းလာတဲ့အခါ လူပေါင်းများစွာရဲ့မျက်လုံးတွေနဲ့ရင်ဆိုင်ရတဲ့အခါမှာတော့ မင်းဘေးမှာ

ဘယ်အချိန် ဘယ်နေရာမဆို ထာဝရ ရပ်တည်ပေးမယ့်သူပါ.............

သုငယ်ချင်းသို့

ဒီကဗျာလေးကတော့ဗျာ ကျောင်းသာဘ၀က သူငယ်ချင်းများအတွက် အမှတ်တရ လေးပါ ။ ကျနော်တိုတတွေကွဲ
ကွာခဲ့ရတဲ့ အချိန်ကလေးတွေမှာ ဘယ်တွေကိုရောက်နေကြပြီလဲ ဘာတွေလုပ်နေကြသလဲ

အိုသူငယ်ချင်း
မင်းတို့နဲ့ငါ မတွေ့ရတာ
နှစ်လများစွာကြာခဲ့ပြီင်္ ။

တော်ဝင်လမ်းက ကဗျာ
ဖယ်ရီတွေပေါ်က ကဗျာ
တို့ကျောင်းတော်က ရင်တွင်းဖွဲ့ဝေဒနာ
ကဗျာစာအုပ်လေး
မင်းတို့ဆီမှာ ရှိနေသေးရဲ့လား

ဘ၀ထဲမှာ
မုဆိုးတစ်လှည့် သားကောင်တစ်လှည့်
မျက်တောင်တချက် ခက်ဖို့တောင်ခက်
တရားမမှတ်နိုင်သေးပေမယ့်
ထိသိသတိနဲ့ပြေလွား
စဉ်းစားမိသည်
မင်းတို့ဘယ်မှာရှိမယ်ပေါ့

တစ်ချိန်ချိန်မှာ မင်းတို့နဲ့ငါ
ပြန်တွေ့ရရင်
ဘ၀အမောတွေကြား
ကဗျာလေးတွေရှိပါ့မလား......................

စစ်မွေ


လှပစိမ်းစို သစ်ပင်ပျိုလည်း
ယမ်းခိုးငွေ့ လျှံ စစ်ရဲ့ ဒဏ်ကြောင့်
ဖုန်ဆိုးမြေမှာ ခြောက်သွေ့ ပြီ

ခက်ထန်မုန်းပွား အတ္တများကြောင့်
ချစ်သားလည်းသေ ဆွေမျိုးသေ၍
ရတက်ပွေငိုကြွေး မျက်ရည်သွေးတပ်ကြီးတစ်ခု

မမြင်ရမ်းကား ယမ်းတောင့်များကြောင့်
လက်ကျိုးပေါင်ပျက်
ချိုင်းထောက်ဖက်သည့်
ဒုက္ခိတ တစ်ကြီးကတစ်တပ်

စစ်ရဲ့ ကြွင်းကျန် လက်နက်မာန်ဖြင့်
ခိုးဆိုးလုယက် ခြောက်လှန့်တက်သည့်
ဓားပြတပ်ကြီးက တစ်တပ်

စစ်၏်ကျွင်းကျန်
၃ တပ်ဒဏ်ကြောင့်
ငါတို့ကမ္ဘာ ငါတို့မြေမှာ
နှလုံးသားများစွာ
ဒဏ်ရာရရှိခဲ့ပါပြီ။ ။
ကျနော့်မှာ သိပ်ခင်ဖို့ကောင်းတဲ့ မူကြိုဆရာမ သူငယ်ချင်းလေး တစ်ယောက်ရှိတယ်ဗျ။ ဒါနဲ့ တစ်နေ့ သူအိမ်
ကိုသွားလည်ဖြစ်တော့ သူကျူရှုင်သင်နေတာနဲ့သွားကြုံတယ်ဗျ၊ ကလေးတွေကျောင်းဆင်ခါနီးပြီင်္ ဟ ခဏ စောင့်
နင့်ကိုမုန့်လိုက်ကျွေးမယ်ဆိုတာနဲ့ ကျနော်လည်းသူ့ကို ခဏစောင့်နေလိုက်တယ်။ သူစာသင်နေတာကိုလည်း
ုကြည့်နေရင်းနဲ့ပေါ့.....သူကစာသင်နေရင်းနဲ့ကလေးတွေကိုမေးခွန်းတစ်ခုမေးလိုက်တယ်ဗျ၊သားတို့ကြီးလာရင်
ဘာလုပ်မလဲတဲ့ ............မေခွန်းကတော့ရိုးရိုးလေးပါ။ ဒါနဲ့ကလေးတွေကလည်းပြန်ဖြေကြတယ်ဆရာဝန်ကြီးလုပ်မယ်တို့ အင်ဂျင်နီယာကြီး လုပ်မယ်တို့ ကျောင်း
ဆရာမ ကြီး လုပ်မယ်တို့ ပေါ့ဗျာ။ သူတို့လေးတွေကတော့ သူတို့အိပ်မက် ကလေးတွေကိုပြောပြပြီး ကျောင်းဆင်သွားကြပြီ၊ သိပ်လှတဲ့အိပ်မက်လေးတွေပါ.................
ဒါပေမယ့် သူတို့လေးတွေရဲ့အဖြေအောက်မှာငေါင်စင်းစင်းကြီးကျန်ခဲ့တာကကျနော်ဗျ။သူတို့တွေ ဆရာဝန်ဘာ လို့ဖြစ်ချင်ကြလဲလို့ မေးလိုက်ရင် လူတွေကိုဆေးကုပေးချင်လို့ပေါ့ အင်ဂျင်နီယာကြီးဘာကြောင့် ဖြစ်ချင်ကြသလဲလို့မေးရင်ကမ္ဘာကြီးအတွက်တီထွင်မှုတွေလုပ်ပေးချင်လို့ပေါ့ ကျနော်ထင်ပါတယ် သူတို့
လေးတွေကို "ဘာကြောင့်" ဆိုတဲ့ မေခွန်းကို မေးလိုက်ရင် သူတို့ရဲ့အဖြေတွေမှာစကားလုံးတွေလှချင်မှလှ
လိမ့်မယ်...ဒါပေမယ့်ကျနော်အပေါ်မှာတွေးခဲ့တဲ့ အဖြေတွေနဲ့ တူညီတဲ့အဖြေလေးတွေသူတို့ဆီကရမှာပါ
အဲဒီမှာတင်ကျနော် အရမ်းအံ့သြသွားတယ်ဗျ ဘာလို့လဲဆိုတော့ ကလေးငယ်တွေရဲ့အဖြူရောင်နှလုံးသား
လေးတွေအောက်မှာ ပညာနဲ့ငွေရှာဖို့ထက် ကမ္ဘာမြေအတွက် ပညာရှာချင်တဲ့ဆန္ဒလေးတွေကပိုလို့ပိုလို့ 
ပေါ့ဗျာ...........
ဒါပေမယ့်ဗျာ အိုစမာဘင်လာဒင်လို လူမျိုးတွေဘာကြောင့်များကမ္ဘာမြေပေါ်မှာ မွေးဖွားခဲ့ရတာလဲ.....
ဟူစိန်လိုလူမျိုးတွေ ဟာ ကမ္ဘာမြေကိုဘာလို့သွေးစွန်းစေခဲ့တာလဲ........
သူတို့သူတို့တွေရဲ့နောက်မှာသူတို့အတွက် အသေခံပေးသူတွေဘာကြောင့်များ ရှိနေပါလိမ့်
သူတို့သူတို့တွေကကောငယ်ရာကကြီးခဲ့ကြတာမဟုတ်လို့လား..........ကျနော်ကိုယ်တိုင်ကောဒီ ကနေ့မှာ
ကမ္ဘာမြေအတွက် ဘာလုပ်ပေးဖို့စဉ်းစားနေလဲ .........ကျနော်ငယ်ငယ်ကကော ဘာလုပ်ပေးဖို့စဉ်းစား
ခဲ့သလဲ..........ကျနော်ပြန်စဉ်းစားကြည့်သည်.........ကျနော်ဟာ မေ့လွယ်တက်သူလား.........
ခင်ဗျားတို့ကော ........................


ကျနော့်Blogမှာ Post မတင်ဖြစ်တာတောင်အတော်ကြာပြီဗျ။ဒီကနေ့တော့ဗျာ
ပြောချင်တာလေးရှိတာနဲ့ နဲနဲတော့ဝင်ရေးဦးမှဘဲဆိုပြီးတော့ ရောက်လာတာပါ
ဗျာ။
ကျနော်တစ်ခါတစ်တစ်ခါ ပြန်ပြန်တွေးကြည့်ဖြစ်တယ်ဗျ။ 9/11 အကြောင်း၊
နောက်အီရတ်စစ်ပွဲလိုအကြောင်းမျိုးတွေကိုပေါ့။လူတစ်စုရဲ့ဒေါသတွေ အတ္တှ
တွေကြောင့်လူပေါင်းများစွာရဲ့မျက်ရည်တွေ၊ အထိတ်တလန့်ဖြစ်နေကြတဲ့ လူ
ပေါင်းများစွာရဲ့ မျက်နှာတွေ ပြန်တွေလိုက်စမ်းပါဗျာ ဒါတွေဟာ ရုပ်ရှင်ကားတစ်
ခုရဲ့ ရသဖန်င်္တီးမှုတွေမဟုတ်ဘူးလေ လူပေါင်းများစွာရဲ့ဝေဒနာအစစ်တွေလေ။
တွေးလိုက်တိုင်းတွေးလိုက်တိုင်းဝေဒနာအသစ်အသစ်တွေနဲ့ ကျနော့်ကိုနာကျင်
စေတုန်းဗျ။
အပြစ်မဲ့တဲ့လူငယ်ပေါင်းများစွာ လူကြီးပေါင်းများစွာ ထိုပြဿနာတွေကြား
မှာကမ္ဘာကြီးကိုနှုတ်ဆက်ခဲ့ကြလေပြီ........ကမ္ဘာတစ်နေရာမှာ လူကြီးတစ်
ယောက်နှင့်လူငယ်တစ်ယောက် တို့ကမ္ဘာမြေပေါ်မှထွက်ခွာရမည်ဆိုပါလျှင်
မည်သို့သောဆုံးရှုံးမှုတွေဖြစ်စေနိုင်ပါသနည်း.....တစ်ယောက်က အိပ်မက်
တွေအပြည့်နှင့် တစ်ယောက်ကမမေ့နိုင်စရာ အတွေ့အကြုံ တွေတစ်ပွေတစ်
ပိုက်နှင့်....... ကဲထိုနေရာမှာသင်က တစ်စုံတစ်ယောက်ကိုကမ္ဘာပေါ်မှထွက်
ခွာသွာဖို အမိန့်တစ်ခုကိုသာချမှတ်ရမည်ဆိုလျှင်မည်သူ့ကိုသင်ရွေးချယ်
မည်နည်း...........ကျနော်တွေးကြည့်သည်.......ကျနော်မွန်းကျပ်သွားသည်
...........