သူနာပြုဘုရား

ကိုယ်ရိပ်သဏ္ဍန် ညီအာနန်နှင့်
မြတ်မွန်ထွဋ်ထား၊ တို့ဘုရားသည်
တပါးသောခါ၊ ဒေသစာဖြင့်
တိုက်တာလှည့်ကာ ကြည့်သတဲ့
ကျီးသံသဲ့သဲ့၊ ယင်မဲ့မဲ့ဖြင့်
မွဲပြာညစ်ရောင်၊ ကျောင်းတစ်ဆောင်ကို
ဘုန်းခေါင်ဘုရား၊ ၀င်ကာသွားသော်
သနားစဖွယ်၊ ကျောင်းအလယ်တွင်
ကျင်ငယ်ကျင်ကြီး၊ တင်းကြမ်းစီးလျက်
ကိုယ်ထီးလျောင်းရှာ၊ ထေရ်သူနာကို
မြတ်စွာဘုရား တွေ့ပါသတည်း၊

အမိသည်သား ပြုသောလားသို့
ဘုရားမြတ်မွန် ညီအာနန်ကို
ချိုးရန်ရေတောင်း စောင်ပါတောင်းလျက်
သွန်းလောင်းသုတ်သင် ပြီးစီးလျင်မူ
ခေါင်းတွင်ဘုရား လက်တော်ထား ကာ
ညီဘွားခြေက ပြိုင်တူမလျက်
မြတ်လှနေရာ ညောင်စောင်းသာတွင်
ကောင်းစွာအိပ်စက်စေသတည်း။

ထို့နောက်ရှင်တော် စည်းဝေးခေါ်ကာ
မြွတ်ဖော်စကား မိန့်တော်ကြား၏
မိခြားဖဝေး တရပ်ကျေးတွင်
ချိုအေးကြည်သာ တရားရှာသည်
များစွာအပေါင်း ရဟန်းကောင်းတို့
ညံပျောင်ကြည်ဖြူ နာသောသူကို
ငါ့တူကြင်နာ ပြုစုပါက
မြတ်ရာရောက်လိမ့် ဧကန်တည်း။ ။

ဘုရားကတောင်သူနာပြုလုပ်တဲ့ ကဗျာလေးပါ ကြိုက်လို့တင်လိုက်တာ ရေးတာက တော့ မင်းသုဝဏ်ပါ ဗျာ ဒီအချိန်မှာ လိုအပ်နေတာ မြတ်ဗုဒ္ဓလိုနှလုံးသားနဲ့လူတွေပါ နေရာပေါင်းများစွာမှာလိုအပ်နေတာပါ ...
(ပုံကို ကိုညီလင်းဆက် ဘလော့မှ ကူးယူဖော်ပြပါသည်)
ဘ၀မှာ နှစ်နှစ်ဆယ်ကျော် ဖြတ်သန်းရှင်သန်လာပြီးတဲ့အချိန်မှာ မျက်ဝန်းပေါင်းမြောက်များစွာကို မြင်တွေခဲ့ဖူး ခဲ့လေဘီလေ..... လူတွေကပြောကြတယ်မလားမျက်လုံးဆိုတာ စိတ်ရဲ့ ပြတင်းပေါက်တဲ့လေ... လူတစ်ယောက်ဝမ်း သာရင်ဘဲဖြစ်ဖြစ် ၀မ်းနဲရင်ဘဲဖြစ်ဖြစ် သူ့ရဲ့ ခံစားမှုအရိပ်စစ်တွေကတော့ထိုမျက်ဝန်းတွေမှာပေါ်လာတက်တာ အားလုံးသိတဲ့အတိုင်းဘဲဆိုပါတော့.... ဒါပေမယ့် အကြည့်ပေါင်းမြောက်များစွာကိုမည်မျှပင်မြင်ဖူး တွေ့ဖူးနေပါစေ လူတစ်ယောက်ရဲ့ နှလုံးသားကို ကိုင်လှုပ်နိုင်စွမ်းရှိသော မျက်ဝန်းတစ်စုံကိုတွေ့ရဖို့ဆိုတာကတော အတော်ကိုခက် ခဲတယ်ဆိုတာ အားလုံးသိတယ်မလား မယုံရင် ပြန်စဉ်းစာကြည့်လေ အဲလိုကြုံခဲ့တာဘယ်နှစ်ခုရှိလို့လဲ... ဒါပေမယ့်
လွန်ခဲ့သော ၃ တူညီတဲ့ခံစားချက် တစ်ခုဆီကနေ ရိုက်ခက်လိုက်တဲ့ ပဲ့တင်သံတွေကတော့ ကျုပ်နှလုံးသားကို ထိခိုက်စေခဲ့တယ်ဗျာ...


ဘယ်လိုမျက်ဝန်းတွေလို့ ခင်ဗျားထင်ပါသလဲ။ ကျနော်ဗျာ လွန်ခဲ့တဲ့ ၃ ရက်လောက်က မုန်တိုင်ဒဏ်ခံခဲ့ရတဲ့ ဒေသ တွေထဲက မြို့ကလေးတစ်ခုကို ကျနော်သွားခဲ့တယ်လေ... နာဂစ်မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ ဒီမြို့ငယ် လေးကိုမရောက်ခင် ကျနော်တို့သွားရာလမ်းတစ်လျှောက်မှာ ရွာငယ်လေးတွေကို ဖြတ်သန်းသွားခဲ့ကြ ရတယ်လေ.... ဒီရွာငယ်ကလေးတွေလဲ မုန်တိုင်းဒဏ်နဲ့ဘယ်ကင်းပါလိမ့်မလဲ..... ဒီတော့ နေစရာအိမ်မရှိတော့တဲ့ ထောင်ပေါင်းများစွာသောလူလားတွေဟာ ဒီလမ်းတစ်လျှောက်မှာ ၀ါးတိုင်ချိနဲ့ ရိုင်ယွဲ့ယွဲ့ တဲငယ်လေးတွေဆိုတာ လဲ ရာပေါင်းများစွာပေါ့လေ သူတို့မှာ စားစရာကလဲ မရှိ လုပ်စရာအလုပ်ကလဲခက်နဲ့ ဒုက္ခပေါင်းများစွာနဲ့ပါဗျာ ..... အဲဒီလူသားတွေထဲမှာ တခြားဘယ်သူတွေပါသေသလဲလို့ဆိုတော့ ဘ၀ရဲ့ အစိတ် ပိုင်းပေါင်းများစွာဖြူစင်ကြရှာတဲ့ နုနယ်သောကလေးတွေဘဲလေ.....

ကျနော်တို့ကားလေးဖြတ်ရာ လမ်းတစ်လျှောက်မှာ မျှော်လင့်ချက်တစ်စုံတစ်ရာအတွက် အားကိုးအားထားတစ်ခု အနေနဲ့ကမ်းလင့်လိုက်တဲ့ သူတို့ရဲ့မျက်ဝန်းတွေ အားငယ်နေတဲ့သူတို့ရဲ့ မျက်ဝန်းတွေ ဟာ ကျနော်တို့သွားရာလမ်းတစ်လျှောက်မှာ နေရာတွေသာ ပြောင်းသွားတယ် ကလေးငယ်တွေသာ ပြောင်းသွားတယ် အကြည့်တွေက တော့ ထပ်တူဘဲလေ.... ဒီလိုအချိန်မှာဘဲ ကျနော့်စိတ်ထဲကို အမျိုးအမည်မသိ တစ်ခါမှ မခံစားဖူးတဲ့ ဖတ်သော ဖတ်သတ် ဝေဒနာတစ်ခုကို ခံစားလိုက်ရတယ်..... ဒါကတော့ ကျနော်တင်မဟုတ်ပါဘူး လူသားချင်းစာနာတက်တဲ့ ဘယ်သူမဆို ဒီလို ခံစားမှုမျိုးကိုကြုံတွေ့ရမှာပါ... ဘာလို့ဒီဝေဒနာခံစားမိသလဲဆိုတော့ သူတို့လေးတွေရဲ့ အနာဂါတ်တွေဟာ ဘယ်လိုတွေဖြစ်ကုန်နိုင်မလဲလို့ စဉ်း စားလိုက်တိုင်း ဒီခံစားမူလေးကို ဖြစ်ကိုဖြစ်သွားတော့တာပါဘဲ..... ကဲ ဒါတွေဟာ ဘယ်သူ့မှာ တာဝန်ရှိလို့ဘယ်သူတွေဘာလုပ်ပေးသင့်သလဲ.... တကယ်တော
အိပ်မက်ပျောက်သောဒီမျက်ဝန်း
လေးတွေကိုဖြင့် ဘယ်လို့ပြန်လည်အသက်သွင်းကြမလဲဆိုတာ တွေးတောရင်း


နာဂစ် အမှတ်တရ

ဒီတစ်ခါမြန်မာပြည်မှာ ဖြစ်ခဲ့တဲ့မုန်တိုင်းကတော့ အတော်ကြီးကိုပြင်းထန်ခဲ့တာ အားလုံးလဲ အသိပါဘဲ ။ တကယ်တော့အားလုံးရေးပြီးမှ ကျနော် ဒီပို့စ်ကို ဘာလို့တင်သလဲလို့ဆိုရင် ကျနော့်မြို့ကနေ ကျနော်မနေ့ကမှပြန်ရောက်လာလို့ပါ။ ကျတော်တို့နေတဲ့မြို့လေးက ဧရာဝတီတိုင်းထဲက
မြို့သေးသေးလေးတစ်ခုပါ မုန်တိုင်းဒါဏ်ကို အတော်လေးခံခဲ့ရတဲ့မြို့ကလေးဆိုပါတော့ ဒါပေမယ့် မြို့ပေါ်မှာတော့ လူအသေအပျောက်မရှိသလောက် ပါဘဲ ဒါပေမယ့် ကျနော် တို့မြို့ကလေးနားက ရွာပေါင်းများစွာက လူပေါင်းများစွာကတော့ သေကြေပျက်စီးခဲ့ကြပြီဆိုပါတော့ .... ဒီအတွက်လဲ ကျနော်
အတော်ကလေးစိတ်မကောင်းဖြစ်သလို အားလုံးလဲစိတ်မကောင်းဖြစ်နေကြမယ်ဆိုတာကို သိနိုင်ပါတယ်.... ပြီးတော့ ကျနော့်မြို့ကလေးကိုပျက်စီး
ဘီအမှတ်နဲ့ ကျနော့်အတွက်ဝမ်းနဲပေးကြတဲ့ကျနော့်ရဲ့ မိတ်ဆွေ အပေါင်းအသင်းအားလုံးကိုလဲကျေးဇူးတင်ပါတယ်....
နောက်တစ်ခုက ဒီလိုနာဂစ်မုန်တိုင်းမှာ သေကြေပျက်စီးခဲ့တဲ့ အပြစ်မဲ့ လူသန်းပေါင်းများစွာအတွက် ကဗျာလေးတစ်ပုဒ်နဲ့ဝမ်းနဲ့ကြောင်းရေးခဲ့ပါရစေ....

ယမန်နေ့က ဒီနေရာဟာ
စည်ကားသာယာ
ရွာကြီးတစ်ရွာရှိခဲ့တယ်

ဒီကနေ့တော ဒီနေရာဟာ
လူသူချောက်ကပ်
ငိုသံစွက်လို့ ရွာပျက်ကြီးဘဲကျန်တော့တယ်

မုန်တိုင်းကပွေ ရေကမွှေလို့
ဒီရွာချောင်ဖျား ဒေသနားဟာ
သုသာန်အလားဖြစ်ခဲ့တယ်

ကျန်သည့်သူငယ် ဥမမယ် လည်း
ဘယ်လိုနေထိုင်စားရမယ်
(ဘယ်သူဘာလုပ်ပေးသင့်တယ်)၂
လိုအပ်တာတွေ လုပ်ကြမယ်
တက်နိုင်သလောက်ဝိုင်းကူကွယ်..........

ကယ်စယ်ရေးအတွက်ကြိုးပမ်းနေကြသော အဖွဲ့စည်းများနှင့် လေဘေးသင့် လူသားများအတွက်ရည်ရွယ်ပါသည်....... ထိုကဗျာခေါင်စဉ်ကို ကြိုက်သလို တပ်နိုင်ပါသည်......

ဘ၀အမောများ

ဘ၀ဟာ တစ်ခါတစ်ခါ အူကြောင်ကြားနိုင်တယ်
ကြယ်တစ်ခြမ်းလတစ်ခြမ်း အိပ်မက်တွေကိုစီးပြီးမှ
နေပူမရှောင်မိုးရွာမရှောင်ပြေးလွားနေရတယ်
ကဗျာရေးတဲ့သူဟာ တခြားကဗျာတွေကို
ခံစားပေးနိုင်စရာမလိုပါဘူး
ကိုယ်ကဗျာနဲ့ ကိုဘ၀ ကိုယ့်ရသ
အချိုးတကျရှိရင်ပြီးတာဘဲ
ကိုယ့်ချစ်သူက မိုင်ပေါင်းထောင်ချီတဲ့နေရာမှာ
ငါရေးတာက သူ့အတွက်ကဗျာ
ခက်တာက သူကဗျာမကြိုက်တာဘဲ
အင်းလေ တစ်ခါတစ်လေ အလိုက်အထိုက် ဆက်ဆံရေးထက်
ပွင့်လင်းမှုကိုအသားပေးတာ ကောင်ပါတယ်
သူမကြိုက်တက်ပေမယ့် သူ့အတွက်ကဗျာတွေ
ငါပိုင်တဲ့စာမျက်နှာမှာ ရေးခြစ်ခွင့်ရှိတယ်လေ
လိုချင်တာတွေများတဲ့ငါနဲ့
တောင်းဆိုသမျှကို ခါးခါးပြင်းပြင်းငြင်းတဲ့ လောက
နောက်တစ်ခါတွေ့မှ နားရင်းရိုက်ပြစ်မယ်
နောက်ဆုံတော့သေရင်ကိုယ်နောက်မပါမှာသိပါတယ်
ရှင်တုန်းမှာတော့ လူဆို တာ ဘီဂိတ်ထက်ချမ်းသာချင်ကြတာဘဲမဟုတ်လား
ဘာကိုမှ ရခွင့်မရှိရင်တောင်မှာ
ချစ်သူရဲ့ မျက်ဝန်းလေး ရယ် အပြုံးလေးရယ်ကို
ငါမသေခင် တွယ်တွယ်တာတာကြည့်ချင်တယ်

ဖူးစာရှင်ဘယ်သူလဲ

ဖူးစာရှင်ကို ကြိုကြည့်ရအောင်


ဖတ်ဖူးတာလေး တစ်ခု ပါ ဒါပေမယ့် ကိုယ်တိုင်တော့လည်း မစမ်းဖူးဘူးဗျ .... ဘာလို့လဲဆိုတော့ သူက မိန်းကလေးတွေဘဲ လုပ်လို့ရတာ ဆိုတော့လေ..... ရိုးရာယုံကြည်မှုလေးတစ်ခုပေါ့ .... ကိုယ်ကကောင်လေး ဖြစ်နေရင်လည်း ကိုယ့်ကောင်မလေးကို လုပ်ခိုင်းပြီး မနက်ကျ ကိုယ့်ကို အိပ်မက် မက်မမက်ပြန်မေးကြည့် ပေါ့နော်

လုပ်ရမှာကဇန်န၀ါရီ ၂၁ ရက်နေ့ညမှာဆိုပါတော့ St .Agnes နေ့ညပေါ့လေ


လုပ်ရမှာကလည်း လွယ်လွယ်လေးပါ ပင်အပ်နှစ်ချောင်းကိုယူ ပြီးရင် ကိုယ့်ဆံပင်နှစ်ပင်ကိုယူ ပြီးရင် ပင်အပ်နှစ်ချောင်းကို ကိုယ့်ဆံပင်နဲ့ တွဲ ချည်ပြီး ကိုယ်အိပ်မဲ့ ခေါင်းအုံးအောက်မှာထားအိပ်... မအိပ်ခင် ချစ်သော St.Agnes ကိုယ့်အိမ်ထောင်ဖက်ဖြစ်လာမယ့်သူကို ဒီည မြင်ခွင့်ပေးပါ လို့ ဆုတောင်းအိပ်ရုံပါဘဲ


ကဲ့ ကိုယ်အိမ်ထောင်ဘက်ဘယ်သူဆိုတာ ကြိုသိနိုင်ကြပါစေ .......

အိုင်ဒီယာ ဘယ်သူသတ်

ကျနော်ဘလောက်မရေးဖြစ်တာ ကြာတော့လည်းကြာခဲ့ပါဘီ ဘာလို့ ကြာသလဲလို့ဆိုတော့ ရေး စရာ အကြောင်းမရှိတာလဲပါတယ် မအားတာလဲပါတယ် ဗျ ... ရေးစရာ အကြောင်းမရှိတာ ကတော့ရှင်းပါတယ် ဘာလို့လဲဆိုတော့ကျနော်က ဘလောက်မှာ content က အသက်ဆိုတာ ကိုမယုံဘူးဗျာ ဘာလို့လဲဆိုတော့ ကိုယ့်ဘလောက်ကလေးကို လူတွေလာဖတ်တဲ့ အခါမှာ စာအသစ်ကလေးတွေတွေ့ရအောင်ဆိုပြီး အတင်းရေးနေတာဟာ အဓိပါယ်မရှိဘူထင်တယ် အဲဒါကြောင့်လဲပါတယ်ဆိုပါတော့ အခုတော့ စဉ်းစားမိတာလေးတစ်ခုကို ရေးချင်တာနဲ့ ရေးလိုက် တာပါ ....

ကျနော်စာလေးတစ်ပုဒ်ဖတ်လိုက်ရတယ်ဗျ အဲဒီမှာ ဘာရေးထားလဲဆိုတော့ ကလေးတွေဟာတဲ့ ကျောင်းကိုမရောက်ခင်အချိန်အထိ တီထွင်ဥာဏ်သိပ်ကောင်းကြပြီး ကျောင်းရောက်လို့ ဆရာက သင်တဲ့ စာတွေကို ဖတ်ဟယ်မှတ်ဟယ်နဲ့ လုပ်လိုက်တဲ့အချိန်မှာ တော့ သူတို့ရဲ့ တီထွင်နိုင်တဲ့ စွမ်းရည်လေးတွေ တစ်နည်းအားဖြင့်ထွင်ဥာဏ်လေးတွေ ဟာ အသုံးပြုချိန်မရလောက်အောင်ဖြစ်ပြီး ပျောက်ဆုံးကုန်ရတယ်ဆိုဘဲ .....

ဒီစာလေးကိုဖတ်လိုက်ရတော့ ကျနော့်စိတ်ထဲမှာ တစ်မျိုးဖြစ်သွားတယ် .... ခံစားမှုအသစ်တစ် မျိုးဆိုပါတော့ ဘယ်လိုဆိုတာပြောပြဖို့ကို အတော်ခက်တယ် စိုးရိမ်မှုတွေ ရော ကြောက်လန့်မှုတွေရော ရောပြွန်နေတဲ့ ခံစားမှုမျိုးဆိုပါတော့ .... ကျနော်တွေးကြည့်တယ်လေ ဒီကနေ့ မူုကြိုကျောင်းရဲ့ စာသင်ခန်းထဲမှာ အနာဂါတ်ကိုဖန် တီးမယ့် ချာတိတ်တွေ ၀လုံး ၀ိုင်းဝိုင်းလေးတွေရေးနေကြတယ်ဆိုတာ သေချာတယ်ဗျာ ....
ဒါပေမယ့်ပေါ့ တကယ်တန်းမှာ ဒီ် ၀လုံးဝိုင်းဝိုင်းလေးတွေဟာ မနက်ဖြန်အတွက်တည်ထွင်နိုင် စွမ်းအားသူတို့ရဲ့ ထွင်ဥာဏ်ကလေးတွေကို ဘယ်လောက်များအထောက်ကူပြုသလဲဆိုတာ တော့ နဲနဲသံသယ စိတ်ကလေးဝင်မိတယ်ဗျ ... ဒီတော့ကလေးတွေကိုစာသင်ခန်းမပို့လို့ ကလဲ ဖြစ်တာမျိုးတော့မဟုတ်ဘူးလေ....... ဒါပေမယ့်ဒီနေရာမှာထိုင်ပြီး ရေးနေတဲ့ သူတို့ရဲ့ စိတ်ညစ်နေတဲ့ ၀လုံးဝိုင်းဝိုင်းလေးတွေဟာ တကယ်တမ်း သူတို့လေးတွေရဲ့ထွင်ဥာဏ်လေး တွေကိုသာသတ်ပြစ်ခဲ့တယ်ဆိုရင်တော့ မနက်ဖြန်တွေဟာ မတွေးဝံ့စရာဘဲဆိုပါတော့ ....
ဒါပေမယ့်လူကြီးဆိုတာမျိုးက တယ်လဲလောဘကြီးတက်တာမျိုးမဟုတ်လား ဒီတော့ ၂၁ ရာစုလို အပြိုင်အဆိုင်အင်မတန်မှ များပြားတဲ့ ခောတ်ကာလ ထဲမှာ သူတို့ရဲ့ သားသမီးတွေကို အားလုံးထက်တော်စေ တက်စေ ထက်စေချင်တာကို တော့ အပြစ်ပြောလို့ဘယ်ရမလဲနော်..... ဒါပေမယ့် ဒီလိုမျိုးပေါ့လေ ဖြစ်စေချင်တဲ့ လူကြီးတွေရဲ့ စိုးရိမ်လွန်ကဲမှုတွေ ကြောင့် ဒီကလေးငယ်တွေရဲ့ထွင်ဥာဏ်ကလေးတွေသေဆုံးခဲ့မယ်ဆိုရင် ဘယ်သူ့ကိုအပြစ်တင်ရမလဲ ...... ဒီကလေးတွေရဲ့ အိုင်ဒီယာသတ်သူဟာ ဘယ်သူလဲ ....
မူကြိုပညာရေးစနစ်ကြီးလား....
ဖြစ်စေမှုလွန်ကဲတဲ့မိဘတွေလား.....
ဘယ်သူလဲ ဘယ်သူလဲ တရားခံဘယ်သူလဲ .....
အနာဂါတ်ရဲ့ ကလေးငယ်တွေ ၂၁ ရာစုရဲ့ အိုင်ဒီယာ ခမ်းခြောက်ချောက်ကမ်းပါထဲကိုကျဖို့ လက်နှစ်လုံးလောက်အလိုမှာ ကျနော်တို့ ဘယ်လိုကယ်တင်ကြမလဲ ..... ပြောင်းလဲသင့်တာတွေကိုပြောင်းလဲဖို့သူရဲဘောကြောင်နေမယ်ဆိုရင်တော..............

ဖောက်ခွဲမိတဲ့ စာ

မင်းတို့အကြိုက် ရေးမိတဲ့ ငါ့ကဗျာ ငါ့စာတွေကိုလည်း ငါစိတ်ကုန်တယ်
ကဗျာ မကြိုက်တက်တဲ့သူ့ကိုလည်း တစ်တစ်တစ်ခါစိတ်ကုန်တယ်
သူ့ကိုမှမေ့လို့မရတဲ့ ငါ့ကိုငါလည်း စိတ်ကုန်တယ်
သူဖုန်းဆက်တက်တဲ့ အချိန်တိုင်း ဖုန်းဘေးနားမှာ ထိုင်နေမိတဲ့
ငါ့ကိုငါလည်းစိတ်ကုန်တယ် .... တစ်ခါတစ်ခါ ငါ့စိတ်နဲ့ ငါနေခွင့်မရတဲ့
ဘ၀ ဆိုတဲ့ အနှောင်ဖွဲ့တစ်ခုကိုလည်းစိတ်ကုန်တယ် ဖြစ်နိုင်ရင်
အားလုံးကို ငါသတ်ပစ်ပြီး ငါ့ကိုငါလည်းသတ်သေလိုက်ချင်တယ်
မလုပ်ရဲလို့ ဟတ် ဟတ်