ငွေ ငွေ ငွ

ငွေငွေငွေ လောကမှာ ငွေဟာလေ တဲ့ ခောတ်ဟောင်သီချင်း တစ်ပုဒ်ထဲကအသံ
လောကမှာ ငွေမရှိရင်သေတက်သကွ ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ အသံ ............. ဟုတ်တော့လည်းဟုတ်သလိုလို စဉ်းစားကြည့်လေ လောကမှာ ကုလို့ရတဲ့ရောဂါတွေကို မကုနိုင်လို့ ကုစရာ ငွေ မရှိ တာနဲ့ သေခဲ့ ရတာတွေတစ်ပုံ ကြီးလေ သိတယ် မဟုတ်လား ....... ပိုက်ဆံရှိရင်မသေနိုင်ဘူးဆိုတာမျိုးမဟုတ်ပေမယ့် သေမင်း ကို လဒ်ထိုးလို့ ရတယ်ဆိုတာတွေ့ တယ် နော် ။
ဒါပေမယ့်တစ်ခုတော့ရှိတယ် (တစ်ဝက်တော့မတောင်းကြေးနော်)။ ငွေ ငွေ နေရာတိုင်မှာ အရေးပါနေပြီ လား .......... စဉ်းစားကြည့်ရအောင်ဗျာ ကျနော်ဖတ်ဖူးတဲ့ အထဲ က သိပ်ကြိုက်တာလေးတစ်ခုပါ “ ဆီဦးထောပတ် လာကျွေးတဲ့ အခါ ဇွန်းနဲ့ဖြစ်ဖြစ် လက်နဲ့ဖြစ်ဖြစ်စားခွင့်မရှိဘဲ နှုတ်သီးနဲ့ထိုးဟပ်ပြီး စားရမယ်ဆိုရင် နတ်သုဓာ လောက် ကောင်းနေပါစေ မစားသင့်ဘူတဲ့” ဟုတ်တယ်လေ ခွေးလိုဟပ်ပြီးစားရမှ တော့ ဗျာ ဒီ အစားသောက် ကဘယ်မှာ လာ အရသာရှိတော့မှာလဲ ဒါပေမယ့်ဗျာ လောကမှာ လူသိက္ခာကို မာန
မထားဘဲစားဘို့လောက်ဘဲမဲနေတဲ့ သူတွေက လည်းအများသား ဒီကြားထဲ မှာ ကျနော်ကလူမိုက်များဖြစ်သွားပြီ လား ဟား......ဟား ................ ဒီလိုတွေးမိတော့ ကျနော် ကဗျာလေးတစ်ပုဒ် ရေးပြချင်တယ် ဗျာ ဖတ်ဖူးတာလေး
ပါ ကဲ အားလုံးဖတ်ချင်ချင်မချင် ရေးပြီဗျာ ( ကျနော်ကဗျာ တော့ ဟုတ်ဝူးနော်)

ပိုက်ဆံရှိရင်အိမ်ဝယ်လို့ရတယ်
ဒါပေမယ့်နားခိုရာကိုငွေနဲ့ဝယ်လို့မရဘူး
ပိုက်ဆံရှိရင်နာရီဝယ်လို့ရတယ်
ဒါပေမယ့်အချိန်ကိုငွေနဲ့ဝယ်လို့မရဘူး
ပိုက်ဆံရှိရင်စာအုပ်ဝယ်လို့ရတယ်
ဒါပေမယ့် ပညာကိုငွေနဲ့ဝယ်လို့မရဘူး
ပိုက်ဆံရှိရင်သွေးဝယ်လို့ရတယ်
ဒါပေမယ့်အသက်ကိုငွေနဲ့ဝယ်လို့မရဘူး
ပိုက်ဆံရှိရင်အပျော်ရှာလို့ရတယ်
ပိုက်ဆံရှိရင်စားစရာဝယ်လို့ရတယ်
ဒါပေမယ့်ခံတွင်းလိုက်အောင်ငွေနဲ့လုပ်လို့မရဘူး
ဒါပေမယ့် အချစ်ကိုငွေနဲ့ဝယ်လို့မရဘူး
ပိုက်ဆံရှိရင်လူရာဝင်တယ်
ဒါပေမယ့်လူရိုသေအောင်ငွေနဲ့လုပ်လို့မရဘူး

တွေ့တယ်နော်?
ငွေရှိတိုင်ဖြစ်လို့လား .................. ဒါပေမယ့်ပေါ့ဗျာ ငွေ ငွေ ငွေ လောက မှာငွေ ဟာ လေ............

အလွမ်း

သူငယ်ချင်းတွေကြုံဖူးတယ်
အပြုံးတွေနဲ့နှစ်သိမ့်လိုက်တယ်
စကားလုံးတွေနဲ့
ဖြေသိမ့်ပေးလိုက်တယ်
ဘာမှန်းတော့သိပ်မသိပါဘူး
လူမှုရေးအရပါ။

ငါ့ရှေ့မှာ
အခြားတစ်ယောက်နဲ့
လက်တွဲသွားတယ်
မျက်နှာတစ်ဘက်လွှဲသွားတယ်
ငါ့ရင်ဘတ်ရေနဲနဲငတ်သွားတယ်
စကားလုံးတွေအဆိပ်မိသွားတယ်
အပြုံးတွေအနေတည်သွားတယ်
ဘာမှန်းတော့သိပ်မသိပါဘူး။
ဒါပေမယ့်
လူမှုရေးအရတော့မဟုတ်ဘူး။ ။

သတ္တိ

ဖတ်ဖူးတာလေးကို ပြန်ရေးကြည့်တာပါ တော်ကြာ အထင်တွေစွတ်ကြီးနေမှာ စိုးလို့။
လောကမှာ
“စည်းစိမ်ဥစ္စာဆုံးရှုံးလျှင်များစွာဆုံးရှုံး၏
အဆွေခင်ပွန်းဆုံးရှုံး လျှင် ပို၍ဆုံးရှုံး၏
သတ္တိဆုံးရှုံးလျှင် အားလုံးကုန်ပါလေပြီတဲ့”

“သတ္တိဆိုတာဟာ တဲ့ ဂုဏ်ဟူသမျှတို့ ရဲ့ အခြေခံရေသောက်မြစ်တဲ့ ”
လူတိုင်းက အတိုင်းတာတစ်ခုအထိတော့ သတ္တိရှိ ကြတယ်ဗျ ဒါပေမယ့် သတ္တိ ဟာတစ်ယောက်နဲ့တစ်ယောက် တော့မတူဘူးဗျ ခံနိုင်ရည်အားကွာတယ်။ ဒီကောင်က ဘက်ထရီင်္ အားဖြည့်သလိုဘဲဗျ တစ်ခါတစ်ခါသုံးရင်းနဲ့ လည်းကုန်သွားတက်သေးတယ် ................ ဥပမာတိုက်ပွဲတစ်ခုဖြစ်ပြီဆိုပါတော့ အဲဒီမှာ ရန်သူနဲ့ကိုယ်တပ်နဲ့ ကချကြရော အဲဒီမှာ ရန်သူက ပစ်လိုက်တဲ့ ဟာ ကိုယ့်ဘက်ကကောင်တစ် ကောင်ကို ရှပ်ထိသွားရော ဒါနဲ့ ပါလာတဲ့ ဆေးမှုးက ဆေးတွေဘာတွေစည်းပေးထား ညကြတော့ ဒီကောင်က အဖျားတက် ပြီးတော့ တဟင်းဟင်း ငြီးနေ ရော ....ဒီကောင်ငြီးနေတဲ့ အသံကို ကျန်တဲ့ကောင်တွေကညည်းသံကိုကြားနေရတယ် အဲဒီအချိန်မှာ ဘယ်သူ မှ ငါများထိလိုက်ရင်လို့ မတွေးမိတဲ့လူမရှိ ဘူး ။ အကုန်လုံးတွေမိတယ် တွေးမိလိုက်တာနဲ့တပြိုင်နက် အဲဒီကောင် သတ္တိကို ထုတ်သုံးလိုက်ရပြီ အဲဒီမှာ သတ္တိ နဲတဲ့ကောင်က ခဏလေးနဲ့ကုန်သွားတယ် သတ္တိများတဲ့ကောင်က ကြာရှည်ခံတယ်။ သတ္တိကုန်လာတဲ့ ဟာ ဘယ်လိုပြသလဲဆိုရင်တဲ့ အလွယ်တကူစိတ်တိုတတ်လာတယ်တဲ့ သူထမင်းစားနေရင်းနဲ့ ထမင်းပန်ကန်ထဲကို သဲလေးနဲနဲမတော်တဆ၀င်သွားတယ် ဒါမျိုးတွေကိုသူသည်းမခံနိုင်တော့ ဘူး ၊ ဒီထက်နဲနဲပိုဆိုးလာရင် ဒီကောင်ငေါင်စင်းစင်းနဲ့တစ်ယောက်ထဲတွေနေလာမယ် ၀တ်တာ နေတာ မသပ် မရပ်ဖြစ်လာမယ် အဲဒါဆို ဒီကောင့်ကိုနောက်တန်းကို ၆ လလောက်ပြန်ပို့လိုက် ဒါဆိုပြန် 0k သွားရော......... တစ်ခါတစ်လေတိုက်ပွဲတွေမှာ
ကြုံတက်တယ် ကိုယ့်ဘက်က အရမ်းအရေးနိမ့်လာတဲ့ အခါမျိုးမှာ ပေါ့ ဒီကောင်တွေကွာ ဆိုပြီး အတင်းမတ်တပ် ရပ် ထပစ်တာမျိုး အဲဒီတော့ဒီကောင်ထလည်းပစ်ကော ဟိုက ထုန်းဆို ဆော်လိုက် သေရော ဒါမျိုးတွေပေါ့ အဲဒါ သတ္တိကောင်းတာ မဟုတ်ဘူတဲ့ ခဏ ရူသွပ်သွားတာတဲ့ ။

တစ်ခါက ဗိုလ်ချုပ်ကြီး ဆလင်းက ပြောဖူးတယ် မြန်မာပြည်ကနေ စစ်ရေူး အရေးနိမ့်လို့ဆုတ်ခွာတဲ့ အခါကျ တော့ သူတပ်သားတွေက ဟိမ၀န္တာတောင်တန်းကြီးကိုဖြစ်ပြီးတော့ တပ်ဆုတ်ရတယ် အင်တာဗျူးတစ်ခုမှာ သူကိုမေးတော့ သူတဲ့ဒီလိုအပင်ပန်းဆင်းရဲခံနိုင်တဲ့ သူ့ရဲ့စစ်သားတွေကို ချီးကျူပါတယ်တဲ့ ဒါပေမယ့်တဲ့ အခုချိန်ထိ သူမျက်လုံးထဲကနေမထွက်တဲ့ မြင်ကွင်းက သူ့စစ်သားတွေ မဟုတ်ဘူးတဲ့ ခလေးတစ်ယောက်ကိုခါး မှာချီ ကလေးတစ်ယောက်က ဆာရီစကို ဆွဲပြီး အပေါ်က ဂျပန်လေယာဉ်ပျံ အောက်က အင်္ဂလိပ်သေနက် ကြား မှာ ဟိမ၀န္တာ တောအုပ်ကိုဖြတ်ပြီး အမိ အန္ဒိယပြည်အထိ မကြောက်မရွံ့ ရောက်အောင်ပြန်ခဲ့တဲ့ ကုလားမတွေကိုတဲ့ ခင်ဗျားတို့ ရယ်ရင် ရယ်လိမ့်မယ် ကျ နော်က တော့မရယ်ဘူး ဘာလို့လဲဆိုတော့ မိန်းကလေး တွေလည်းတော်သတ္တိရှိပါတယ် ကလေးမွေးရဲတယ်ဆိုတာ ကိုက နဲနဲ နောနောသတ္တိမှမဟုတ်တာ...

နောက် ဗျာ သတ္တိကို ခွဲမယ်ဆိုရင် အပိုင်းနှစ်ပိုင်းခွဲနိုင်တယ်ဗျ။ ကာယသတ္တိ နဲ့ စိတ်ဓာတ်သတ္တိဆိုပါတော့ ကာယ
သတ္တိကတော့မွေးမြူလို့ရတယ် ဥပမာ ဗျာ ရန်မဖြစ်ရဲတဲ့တစ်ယောက်ကို ဂျူဒိုတို့ ဘာတို့ကောင်းကောင်းသင်ပေး လိုက် ဒီကောင်ရန်ဖြစ်ရဲတယ် နိုင်မယ်မှန်သိရင်လူတိုင်းရန်ဖြစ်ရဲပါတယ် ဒါပေမယ့်စိတ်ဓာတ်သတ္တိကိုမွေးမြူဖို့က တော့နဲနဲလေးခက်တယ် ကိုယ်မရသင့်တဲ့ အခွင့်အရေးကို မယူဘူးဆိုတဲ့စိတ်ဓာတ်မျိုးပေါ့ ။ ကမ္ဘာပေါ်မှာ စိတ်ဓာတ်သတ္တိအင်အား ကြီးမားသူတွေများမှသာလျှင် မနက်ဖြန်များသာသာယာယာရှိပေလိမ့်မည်........

ကဲမိတ်ဆွေရောမည်သို့မြင်ပါသနည်း ............................





ကဗျာနာမည်တော့ မမှတ်မိတော့ပါ ကဗျာဆရာကတော့ မောင်စိန်ဝင်း (ပုတီကုန်း) ပါ ကျနော်ကြိုက်တာနဲ့ တင် ပေးလိုက်ပါတယ် ။ မျှဝေပေးတဲ့သဘောပေါ့ ဖတ်ကြည့်ပါဦး ......................

တစ်ပွင့်ပျက်လို့ပင့်သက်ချခဲ့ရတယ်ခင်
တင်ပင်ငြိုးလို့ ရင်ကျိုးခဲ့ရဖူးတယ်ခင်
တစ်ပွင့်သာမင်တစ်ပင်သာတွေ့
အလေ့ကျပန်း ငြိုး၍ နွမ်းကြွေ
အပင်သေသော်
ကျနော်လိုမျိုး ပန်းမြတ်နိုးသူ
စိတ်ငြိုးပူပန်ရတယ်ခင်။

ပန်းပွင့်ရှိလျှင် အပင်ရှင်၏
အပင်ရှိက အပွင့်ရ၏
အဘိဓမ္မာရုပ်သစ္စာ ကို
လေ့လာထိတွေ့ သည်ယနေ့တွင်
အလေ့ကျပန်း ငြိုးခွေနွမ်းလျှင်
အဆန်းလုပ်၍ မငိုချင်။ ။





ဆုတောင်း

ဆုတောင်း

ဝေးကွာတော့မည်မှန်းသိလျှက်နှင့်
မမေ့ရက်နိုင်ခဲ့ပါ
အတွေ့ခက်မည်မှန်သိလျှက်နှင့်
တွေ့ မည့်ရက်ကိုတိုးတိတ်တမ်းတ
ရေတွက်ရ
ဝေးမည်သိလျှက်တွေ့ ခက်ကို
သိပါလျှက်နှင့်
တစ်နေ့တက်ရက် တစ်မနက်မျှ
မုန်းမေ့မရ စိတ်ဆန္ဒက
သိပ်တန်းတ
ဟိသစ္စံ
မှန်သောစကား သစ္စာအားကြောင့်
ဘုရားတပည့်တော်၏
ချစ်ရဆုံးသူ
သူ သူ သူသည်
အပူဟူ သမျှ မြူမျှမတွေ့
စိတ်ချမ်းမြေ့ ပါစေသား။ ။
(၁) မိန်းကလေးများနှင့်စကားပြောလျှင် ရှက်ကိုရှက်ကန်းဖြစ်တက်ခြင်း(အမှန်ကလူရိုးလေးလို့အထင်ခံရစေချင်၍)
(၂) အိပ်မရတဲ့ ညတွေမှာ သူငယ်ချင်းများဆီ ၁၂ နာရီ ၁ ချက် ဖုန်းဆက်၍ အိပ်မရလို့ဆိုကာ ခေါ်နှိုးတက်ခြင်း
(၃) အရည်မရ အဖတ်မရ အတွေးများကို လျှောက်တွေပြီး ဘလောက်ပေါ်တွင်ရေးတက်ခြင်း
(၄) ရေးပြီးသမျှကိုလည်း ဖတ်ချင်မှန်း မသိ မဖတ်ချင်မှန် မသိ ဘလောက်ဂါဘော်ဘော်များကိုအတင်းခေါ်ဖတ်ခိုင်း
ခြင်း (ဒါကြောင့် ဘာညာတို့ မဂျူလိုင်တိုဆိုလျှင် ကိုဝေ ဘလောက်ပို့စ် အသစ်တက်လျှင် အလုပ်များချင်ရောင်
ဆောင်နေခြင်း)
(၅) တစ်ခါတစ်ခါ ကဗျာများရေးပြီး မကျေနပ်သည်များကိုဖောက်ခွဲတက်ခြင်း (အဓိကကတော့ အပြင်မှာ ပေါ်တင်
သွားမချဲရဲ၍လည်းပါသည်။)
(6) တစ်ခါတစ်ခါ စကားများများပြောရမည်ကို အင်မတန်စိတ်ပျက်မိသည် (သို့သော်တစ်ခါတစ်ခါသာဖြစ်သည်)
(၇) ဘယ်အိမ်မွေးတိရစ္ဆာန်များကို ဘယ်သတ္တ၀ါကိုမှ မချစ်တက် ပါ ။ ( မှတ်ချက်၊ ။ လူများပပါပေ၊)
(၈) အမှန်တရားနှင့် လွတ်လပ်ခြင်းကိုမြတ်နိုးသည် ဟု လူတွေရှေ့ မှာ ပြောတက်သော်လည်းတစ်ခါတစ်ခါ
ကိုယ်ကိုတိုင်မှားနေတက်သည်မို့ ကိုယ့်ကိုကိုမုန်းမိသည်လည်း အခါခါ၊
(၉) မှန်တယ်ထင်လျှင်ဇွတ်ငြင်းတက်သည်မို့ မျက်မုန်းကျိုးကြည့်မရသူများ အတော်များများရှိသည်။ (လမ်းသွား
လျှင် အထူသတိထား၍သွားရသည်)
(၁၀) မန်လည်ဆရာတော်ကြီး၏ မာဃဒေ၀ စာအုပ်ထဲမှစာသားများကို မကြာခဏရွတ်ပြတက်သဖြင့် မိန်းက
လေးသူငယ်ချင်းများ၏ မျက်စောင်းထိုးချင်းကို မကြာခဏခံရပေသည်၊

ဘယ်သူ့ကိုဆက်တက်ရမှန်မသိသဖြင့် စိတ်ကူပေါက်မှဆက်တက်ပါမည်။ ။

ခွင့်ပြုပါ

သက်ဆိုင်သူအတွက်ပါ ဒါပေမယ့် သူသိဖို့ဆိုတာကတော့.............
ကိုယ်တိုင်ရွယ်စူး
ခူးလိုတဲ့ပန်းတစ်ပွင့်
ပန်းအပွင့်မှာဖြင့်
တစ်ယောက်သူ
နောက်လူက
လှမ်းလင့်ခဲ့ပြီမို့
ပန်းအခြွေ
နွမ်းအကြွေမှာဖြင့်
တပည့်တော်အား
မြတ်မြတ်နိုးနိုး
နမ်းရှိုက်ခွင့်ပြုပါ ဘုရား။ ။