Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

ဧပြီ (ပယ်) တမ်းချင်း


ပိတောက်တွေဝေတော့မည်။ ထိုကာလသို့ရောက်လေတိုင်း အဝေးရောက်
သူငယ်ချင်းများကို သတိရသလိုလို.... သြော် ... ဒီအချိန်ဆိုရင်ဖြင့် သူ
တို့တွေ မြန်မာပြည်ကနွေကိုသတိရပေလိမ့်မည်.......
သင်္ကြန်ရေကိုတမ်းတပေလိမ့်မည်...... တချို့ကတော့ဆိုပေလိမ့်မည်
သူတို့တွေကတိုင်းပြည်ကိုခြေစုံကန်ခဲ့သူများလို့ပေါ့ ကျွန်တော့မိတ်ဆွေ
ဘာညာဘာညာ ဟူသည့်blogger ကြီးတစ်ဦးပင်လျှင် တိုင်းတပါးသွားသူများကို
ရက်ရက်စက်စက် ဝေဖန်ခဲ့သည်ကို ကျနော်ဖတ်ခဲ့ရပါသည်။
ကျနော်ကတော့ထိုသူများကို ကိုယ့်တိုင်းပြည်ကိုမချစ်သူများလို့ အပြစ်
မဆိုရက်ပါ။ (တစ်ချို့တစ်ဝက်တော့ရှိကောင်ရှိနိုင်ပါသည်။) ဒီမှာနေသူတိုင်း
ဒီမြေချစ်သူများ မဟုတ်ကြသည်ကိုသင်မြင်နိုင်ပါလျှင် ...............
မိသားစု ၀မ်းခါးအတွက် အဝေးရောက်နှလုံးသာများ ကြားမှ အလွမ်းများ ကို
သင်တွေ့နိုင်ပါလျှင်.......................................................

0 ဝေဖန်ခဲ့ပါပြီ: