Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

သမိုင်းဟူသည်မှာ အနာဂါတ်အတွက် မျက်လုံးများဖြစ်သည် ဟုပြောကြပါသည်။ ထို့ကြောင့် ကျွန်တော်သည်သမိုင်းကိုစိတ်ဝင်စားပါသည်။ ကျောင်းသင်ခန်းစာများမှ သမိုင်းများကို စိတ်
ဝင်တစားဖတ်ဖြစ်ခဲ့သလို သမိုင်းစာအုပ်များကိုလည်း အချိန်ရလျှင်ရသလို လေ့လာဖြစ်ပါ
သည်။ သမိုင်းကို မှတ်တမ်းတင်သူသည် ရိုးသာရရုံသာမက Ovjective point of view မှ
မြင်တက်သူဖြစ်ရပေလိမ့်မည်။ ဥပမာ ဂျပန်ခေတ် သမိုင်းကြောင်းကိုရေးသားမည့် သူသည်
ဂျပန်ခေတ်၏ ဆိုရွားသော အခြေအနေ မှန်သမျှကို လွတ်လပ်စွာ ရေးသားနိုင်ပါသည်။
သို့သော် ထိုသို့ဆိုးဝါးသော ရက်စက်ကြမ်းကြုတ်သော စသည့် မည်သည့် ဝေဖန်မှုမျိုးကို
မှ မရေးသင့်ပါ။ ထိုအချက်များကို လေ့လာသူများ လွတ်လပ်စွာဆုံးဖြတ်လိမ့်မည်။
လူမျိုးတစ်စုကို ချစ်တက်အောင်သင်ပေးသောသမိုင်းများထက် သမိုင်အမှားများကို
သင်ခန်းစာယူကာ အနာဂါတ်ကမ္ဘာအတွက် လူသားအားလုံးကိုအကျိုးပြုသော သမိုင်များ
ပေါ်ထွန်းနိုင်ပါလျှင်.......

0 ဝေဖန်ခဲ့ပါပြီ: