Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

စစ်မွေ


လှပစိမ်းစို သစ်ပင်ပျိုလည်း
ယမ်းခိုးငွေ့ လျှံ စစ်ရဲ့ ဒဏ်ကြောင့်
ဖုန်ဆိုးမြေမှာ ခြောက်သွေ့ ပြီ

ခက်ထန်မုန်းပွား အတ္တများကြောင့်
ချစ်သားလည်းသေ ဆွေမျိုးသေ၍
ရတက်ပွေငိုကြွေး မျက်ရည်သွေးတပ်ကြီးတစ်ခု

မမြင်ရမ်းကား ယမ်းတောင့်များကြောင့်
လက်ကျိုးပေါင်ပျက်
ချိုင်းထောက်ဖက်သည့်
ဒုက္ခိတ တစ်ကြီးကတစ်တပ်

စစ်ရဲ့ ကြွင်းကျန် လက်နက်မာန်ဖြင့်
ခိုးဆိုးလုယက် ခြောက်လှန့်တက်သည့်
ဓားပြတပ်ကြီးက တစ်တပ်

စစ်၏်ကျွင်းကျန်
၃ တပ်ဒဏ်ကြောင့်
ငါတို့ကမ္ဘာ ငါတို့မြေမှာ
နှလုံးသားများစွာ
ဒဏ်ရာရရှိခဲ့ပါပြီ။ ။

1 ဝေဖန်ခဲ့ပါပြီ:

    အစ်ကိုရေ။ ကိုကဒေါင်းညွန်ပြမှုနဲ့ အစ်ကို ကဗျာ လာဖတ်မိတာ အရမ်းကောင်းပါတယ်ခင်ဗျာ။