Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

ကဗျာနာမည်တော့ မမှတ်မိတော့ပါ ကဗျာဆရာကတော့ မောင်စိန်ဝင်း (ပုတီကုန်း) ပါ ကျနော်ကြိုက်တာနဲ့ တင် ပေးလိုက်ပါတယ် ။ မျှဝေပေးတဲ့သဘောပေါ့ ဖတ်ကြည့်ပါဦး ......................

တစ်ပွင့်ပျက်လို့ပင့်သက်ချခဲ့ရတယ်ခင်
တင်ပင်ငြိုးလို့ ရင်ကျိုးခဲ့ရဖူးတယ်ခင်
တစ်ပွင့်သာမင်တစ်ပင်သာတွေ့
အလေ့ကျပန်း ငြိုး၍ နွမ်းကြွေ
အပင်သေသော်
ကျနော်လိုမျိုး ပန်းမြတ်နိုးသူ
စိတ်ငြိုးပူပန်ရတယ်ခင်။

ပန်းပွင့်ရှိလျှင် အပင်ရှင်၏
အပင်ရှိက အပွင့်ရ၏
အဘိဓမ္မာရုပ်သစ္စာ ကို
လေ့လာထိတွေ့ သည်ယနေ့တွင်
အလေ့ကျပန်း ငြိုးခွေနွမ်းလျှင်
အဆန်းလုပ်၍ မငိုချင်။ ။





0 ဝေဖန်ခဲ့ပါပြီ: