Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

ကြာတော့လည်းကြာခဲ့ပါဘီ.......
ဒါပေမယ့်ဦးနှောက်ဆိုတာကလည်း ကွန်ပျူတာတစ်လုံး momory stick တစ်ခုလို လိုတာတွေဖယ် မလိုတာတွေ ဖြုတ်လုပ်လို့မရလေတော့ သတိမရချင်ပါဘူးဆိုတဲ့ အကြောင်းအရာတွေကလည်း အလိုလိုပေါ်လာ တက်တာ မျိုးဘဲလေ....

သူမကတော့ ဒီအချိန်မှာ ဒီအကြောင်းအရာတွေကို သတိရချင်မှရတော့မှာပေါ့ သတိရတော့မည် လည်းမထင်ပါ အရင်တစ်ချိန်ထဲက အမှတ်တရ မရှိခဲ့တာမျိုးလည်ဖြစ်နိုင်ပါသည်။

သူမကိုစတွေ့ခဲ့တဲ့ ညနေခင်းတစ်ခုဟာ တခြားသောညနေခင်းတွေနဲ့ ဘာမှပိုလို့ထူးခြားသောညနေခင်း တစ်ခု တော့မဟုတ်တာသေချာပါသည်။ သူမကြောင့်တော့ ညနေခင်းအကြောင်းကို မပြောချင်ဘူးဆိုပါတော့.... သို့သော် ထိုညနေခင်းလေး သည်ကျနော့်အတွက်တော့ အမှတ်တရ ဖြစ်ခဲ့တာ အသေအချာပင် ... ညနေခင်းတစ်ခုဆိုတာထက် ထိုညနေခင်းရဲ့ပြယုဒ်တို့ကို ပိုလို့ အမှတ်ရ နေခြင်းဘဲဆိုပါတော့...

ထိုညနေက သူမကို ကွန်ပျူတာတစ်လုံးအရှေ့တွင် စတင်ဆုံတွေ့ခဲ့ဖူးခြင်း ဖြစ်လေသည်။ အတိကျ ဆိုပါမူ ကွန်ပျူတာ သင်တန်းတစ်ခုဆိုပါတော့... ပထမဆုံး သတိထားမိလိုက်တာက တော့ သူမရဲ့ မျက်ဝန်းတွေပင် ဖြစ်လိမ့်မည်။ ကွန်ပျူတာ မော်နီတာပေါ်တွင် ဖြတ်ပြေးသွားသော သူမ၏ မျက်ဝန်း အရိပ်တွင်စိုးထိတ်မှုတွေ တွေ့နေရသည်။ သူနှုတ်ခမ်းတစ်စုံမှ အန်ကျလာသော မေးခွန်းကလဲ မှန်းဆမှုကို ပိုမိုတိကျစေရန် သက်သေခံလိုက်သည့်အလားပင် ....'' ကျမက ကွန်ပျူတာ မသုံးဖြစ်တာကြာဘီ အခုချိန်မှလေ့လာ လျှင်အဆင် ပြေပါ့မလား'' ဆိုတဲ့မေးခွန်းလေး လေ

မေးခွန်းထက်သူမဆီ က ချိုမိန်သာယာသော အသံသည် ကျနော့်ရဲ့ အကြားအာရုံကိုပိုမိုရစ်မူးစေတာမျိုးလည်းဖြစ် နိုင်ပါသည်။ ဒီနေ့အထိ ကျနော်ကြားဖူးသမျှ အသံတို့တွင် ထိုအသံသည် အချိုမိန်ဆုံးပင်....

ပုံစံလေးကိုလည်းကြည့်အုံးလေ ခာတ်ဆန်းသလားဆိုတော့လည်း သနပ်ခါးလေးက ပါးကွက်ကြားလေးနဲ့ ခောတ်နောက် ကျန်ခဲ့လားဆိုတော့လည်း ဂျင်းဘောင်ဘီ အရှည်တွေကို သူမရဲ့ကျစ်လစ်တဲ့ ကိုယ်ခန္ဓာလေးနဲ့ လိုက်ဖက် ညီစွာ ၀တ်ဆင်တက်ပြန်ရော ဒါကျနော်သူ့ကိုပထမဆုံးတွေ့ခဲ့တဲ့ ဆင်ယင်ထုံးဖွဲ့မှုတွေလေ....

အော် အခုတော့လည်း သူမနှင့်မတွေ့ဖြစ်တာ ၁ နှစ်နှင့် ၂ လပြည့်ဖို့ရက်ပိုင်းသာလိုတော့ပါလား.....
၁ နှစ်ကျော်ဟူသောအချိန်သည် လူတစ်ယောက်ကို များစွာပြောင်းလဲသွားစေနိုင်သည်ဘဲလေ.... ရောမ ကိုရောက် ရင်ရောမလိုကျင့်ရတယ်ဆိုသော သူ့စကားနဲ့ အတူ သနခါးနံ့ လေးတွေလည်း သူ့ပါး ပြင်ထက်ခိုကပ်ခွင့်မရတာ ကြာခဲ့ပါပေါ့...အော်ဒီအချိန်မှာ သူမကို ရှင်မတောင်သနပ်ခါးပင် တွေအကြောင်း ပြောပြနေလို့ကော ဘာ ထူးတော့မှာလဲ....
ကျနော်တွေခဲ့ဖူးတဲ့ သူ့ရဲ့မျက်ဝန်းတွေလည်း အရောင်ပြောင်းသွားနိုင်ပါသည်... သို့သော် မျက်ဝန်းဟောင်းတွေကို စွဲစွဲထင်ထင်ရှိနေသော ကျနော့် နှလုံးသားကိုတော့ ဒီနေရာမှာ ကျေးဇူး တင်ပါသည်။ သူမကတော့ ဒီအကြောင်း
တွေသိမည်မထင် သိလျှင် လည်း သတိရတော့မည်မထင်....

သို့သော်သူသည်သူဖြစ်ပြီး ကျနော်သည် ကျနော်ဖြစ်သောကြောင့် သူမသတိမရ သော်လည်း ကျနော် သတိရနေသည် သူမတွေး သော်လည်းကျနော်တွေးနေသည်ကံကောင်းခြင်းတစ်ခုကတော့ အလှဆုံးအသံ နဲ့ အလှဆုံးအကြည့်တို့ကိုကျနော်မြင်ဖူးခဲ့ခြင်းဖြစ်သည် ... သို့သော် ထိုအရာ သည်ကျနော်ပိုင်ဆိုင်ခွင့် မရနိုင်သော အရာများ ဖြစ်လို့နေ ပါသည်သို့သော်တိုးတိတ်စွာမျှော်လင့်နေမိသည်ကတော့ အမှန်ပင် ဒေါ်လာစား မဟုတ်ဘဲ ထိုအရာများကို မျှော်လင့်သောဇာတ်ကောင်သည် ၂၁ ရာစု၏ သွပ်သွပ်ခါရူးသွပ်နေသောသူ ဖြစ်ပါလိမ့်မည်.....

ဘာဘဲဖြစ်ဖြစ်ပေါ့လေ ကျနော်မြတ်နိုးသော အရာများကို ဘာနှင့်မှ တန်ဖိုးမဖြတ်ချင်ပါ....

2 ဝေဖန်ခဲ့ပါပြီ:

    On June 1, 2008 at 12:07 AM Anonymous said...

    ဘာနဲ့မှ တန်ဖိုးဖြတ် စရာမလိုဘူးလေ။ သန့်သန့်လေး ချစ်တာ ဖြူစင်ပါတယ်ဗျာ။

     

    လမ်းသစ်ဖောက်လို့ လမ်းဆက်လျှောက်သင့်ပြီထင်တယ်လေ....:D