“သူ” ဆိုတာကျနော့်ရဲ့ လက်တွေ့ဘ၀ထဲကိုဘယ်တော့မှ ၀င်ရောက်မလာတော့မယ် “သူ” ဆိုပါတော့ ။ သူနဲ့ပါတ် သက်ရင် ကျနော့်မှာ ပြောစရာအကြောင်းအရာတွေ ပြောပြစရာတွေအဆုံးစမဲ့ရှိနေတယ်လေ။ ဒါပေမယ့်သူက တော့ ကျနော့်ကိုအကြိမ်ကြိမ်ငြင်းပါယ်ခဲ့ပါတယ်။ ဒါပေမယ့်ကျနော်ကတော့ ကျနော့်နှလုံးသားရဲ့ အခန်းလွတ်တစ် ခုကို သူ့ အတွက် ယနေ့ထက်တိုင်ဖယ်ထားဆဲပါ မည်သူ့ကိုမှနေရာမပေးဝင်ခွင့်မပေးဘဲ သော့ခတ်ထားဆဲ ဆိုတာတော့ သူသိချင်မှလဲသိမှာပေါ့လေ။

သူ ဘယ်လိုပင်ငြင်းပယ်နေပါစေ သူဒီတိုင်းပြည်ကထွက်ခွာသွားသည့်အချိန်ကနေ ယနေ့အထိ Internet သုံးလို့
ရတဲ့ အချိန်တိုင်း ကာလတိုင်းမှာ သူ့အတွက် မနက်ခင်းဆုမွန်ကောင်းလေးတွေတောင်းပေးဖို့ မပျက်ကွက်အောင်
ကျိုးစားခဲ့တယ်။ ဘာကိုမှရစေတော့ရယ်လို့ ဆိုတဲ့ မျှော်လင့်ချက်မျိုးနဲ့ လုပ်ခဲ့တာ မဟုတ်ပါဘူး။ သူ့အနေနဲ့
မြန်မာပြည်နဲ့ အဝေးဆုံးမှာရှိနေတဲ့အချိန်မှာ သူ့ကို အမြဲသတိရနေတဲ့မိတ်ဆွေတစ်ယောက်က ထာဝရ ဆုလေး တွေတောင်းပေးနေတယ်ဆိုတဲ့ ခံစားချက်ကလေးနဲ့ သူကို့နွေးထွေးစေချင်ယုံသက်သက်ပါဘဲ....

ဒါပေမယ့်ဗျာ ကျနော်နောက်ဆုံးရလိုက်တဲ့ ရလဒ်ကတော့ သူ့ ဆီကစကားလုံးကြမ်းကြမ်းတွေပါဘဲ ။ သူ့ကို အငြိုး ကြီးကြီးနဲ့ ဒုက္ခပေးဖို့ လိမ်နေတာဆိုတဲ့ စကားလုံးမျိုးအထိကို ရက်ရက်စက်စက်ပြောလာတဲ့အထိဘဲလေ။ တကယ်တော့သူဘယ်လိုမှာ စိတ်ကူးလို့မရတဲ့ လူတစ်ယောက်ဆီက ဒီလိုအပြုမူတွေဟာ သူ့အတွက်စိတ် အနှောက်အယှက်ဖြစ်စရာတွေ ဆိုတာဖြစ်ခဲ့ရင် ကျနော့်ကြောင့် သူ့မနက်ခင်းတွေ အုံ့မှိုင်းခဲ့တယ်ဆိုရင် ကျနော် တကယ်ကိုစိတ်မကောင်းပါဘူးဗျာ။ ယောင်္ကျားမှန်ရင်မျက်ရည်မကျရဘူးဆိုတဲ့ ဘယ်သကောင့်သားက ချမှတ်ခဲ့ မှန်းမသိတဲ့ စည်းမျဉ်းကြီးသားမရှိခဲ့ရင် သူ့ဆီက စကားလုံးတွေကြားရတဲ့နေ့က......

တကယ်တော့ဒီကနေ့အထိ သူ့ဘက်ကမှန်ခဲ့ပါတယ်။ ပြတ်ပြတ်သားသားလဲ ပြောသင့်တာကို ပြောခဲ့ပါတယ် ။ ဒီအတွက်လဲ ကျနော်ကကျေးဇူးတင်ပါတယ် ချစ်ဟန်ဆောင်ပြီးကြိုးရှည်ရှည်နဲ့လှန်ထားတာထက်စာရင် အများကြီး ကောင်းတာဘဲလေ.....ဒါပေမယ့် မေတ္တာတရားဆိုတာ စီးပွားရေးလုပ်သလို ဒီလုပ်ငန်းကိုရှုံူးမယ်မှန်း သိနေလို့ နောက်လုပ်ငန်းတစ်ခုနဲ့ ကာမိအောင်လုပ်လို့ရတာမျိုးမှမဟုတ်ဘဲ။ အရှုံးမြတ်တွက်လို့ရတာမျိုးမှ မဟုတ်ဘဲလေ။ သူ့ဘက်က မဖြစ်နိုင်ဘူးဆိုပေမယ့် အစားထိုးခွင့်မပေးတဲ့ ကျနော့်ခံစားမှုကို ကျနော်က ဘယ်လို ပြောင်းလို့ရမလဲ။ ဒီတော့လဲဗျာ အတင်းအစားထိုးနေမယ့်အစား နှလုံးသားရဲ့ အခန်းငယ်တစ်ခုကို မပြန်လာမှန်း သိတဲ့သူအတွက် ထာဝရ ဖယ်ထားလိုက်တာ အကောင်းဆုံးဘဲမဟုတ်လား။ ကျနော်က တော့ သူ့အတွက် ဒီအခန်းလေးကို ထားဝရ သန့်စင်ထားလျှက်ပါ။

အိုဗျာ ရှင်းရှင်းပြောရရင် သူအိမ်ထောင်ပြုခဲ့ရင်တောင်မှ သေတစ်ချက်၊ ကွဲတစ်ချက်တော့ မျှော်လင့်လို့ရပါသေး တယ် ..... ဒီလိုဆုတောင်းတာမဟုတ်ဘူးနော် ဆုလဲဆုမတောင်းကောင်းပါဘူး ဒီလိုဖြစ်ခဲ့ရင်တောင်မှ သူချစ်တဲ့ သူနဲ့ ထာဝရ ပျော်ရွင်နိုင်ပါစေလို့ဆုတောင်းရင်းနဲ့ဘဲ ကျနော့်နှလုံးသား အခန်းငယ်ကို သူ့အတွက်ဖယ်ထားပေး နေမှာပါ.......

6 ဝေဖန်ခဲ့ပါပြီ:

    အိုဗျာ ရှင်းရှင်းပြောရရင် သူအိမ်ထောင်ပြုခဲ့ရင်တောင်မှ သေတစ်ချက်၊ ကွဲတစ်ချက်တော့ မျှော်လင့်လို့ရပါသေး တယ် .....
    ချစ်တော့ချစ်တယ်... မုဆိုးမတို့၊ တခုလတ်တို့တော့ မယူချင်ပေါင်...ဟီးးးးးးးးးးးးးး

     

    အချစ်......ဆိုတာ ဘာလဲ...
    သိသလို မသိသလို နဲ့....တစ်ခါတစ်လေလည်း...
    သိလိုက်မသိလိုက် ပါဘဲ...
    သတိလေးထားမိတော့မှ....အလွမ်းတွေက စာတွေဖြစ်လို့နေပေါ့....။ ဟူးးးးးးးးးးး........။

     

    မျှားနတ်မောင်တို့ ကတော့ချစ်တတ်တယ်ဂျာ.....:D

     

    “သူ”ဆိုတဲ့ ကောင်မလေး တော်တော်ကံကောင်းပါတယ်။ ဒီပို့စ်ကိုဖတ်ရင်း အချစ်ဆိုတာထက် ပိုတန်ဖိုးကြီးတဲ့ မေတ္တာကိုပါ ဖြတ်ကနဲ မြင်လိုက်ရပါတယ်း)

     

    လာခံစား သွားပါတယ်ဗျာ ။ အဖြစ်ချင်းတူနေလို့ ခံစားရတာကပိုပြီး ရှတတနိုင်တယ် ။
    သူမှ မချစ်တာ ဆိုပြီး အပြစ်တော့ မပြောပါဘူး ။ လောကကြီးမှာက ဖြစ်သင့်ပေမယ့် ဖြစ်မလာတတ်တာတွေကလည်း များသားလားဗျာ ။
    သူမအတွက် ဆိုပြီး ဘ၀ကို မြုပ်နှံထားခဲ့ တဲ့ ယောက်ကျားတစ်ယောက်ကို သူမှ ချစ်မရတာလေဗျာ ။
    ကြာလာတော့ ချစ်ရတဲ့ ကိုယ်က သူ့ကို စိတ်ဆင်းရဲစေသူ ဖြစ်လာတယ်။ ဘ၀ကလည်း ဆိုးပဗျာ ။
    မချစ်ရင် နေပါ မမုန်းပါနဲ့လို့ပဲ တောင်းပန်ရတော့မယ် ။ ခုထိ၊ နောင်ကာလ များစွာအထိ ရင်ထဲမှာ တော့ သူပဲ လင်းလက်နေဆဲဆိုတာ
    ယုံထားစေချင်တာပါပဲဗျာ။ ချစ်ခြင်းဆင်းရဲဆိုတာကလည်း မေ့ပစ်မရတော့ ပိုဆိုးတယ်ဗျ။
    အဆင်ပြေ ပျော်ရွှင်ပါစေဗျာ ။

     

    အချစ်ကထူးဆန်းတယ်။

    ဒီလောက်တော့ မချစ်ဖူးသေးဘူး။ သူငယ်ချင်းတယောက်က သူနဲ့ ဘဝတူတွေရှိတယ်ဟ ဆိုပြီး ပျော်ပျော်ကြီး လမ်းညွှန်တာနဲ့ ရောက်လာတယ်။ သူ့ကိုဆို ကောင်မလေးတစ်ယောက်ကို မဖြစ်နိုင်မှန်းသိရက်နဲ့ ဘာလို့ ဒီလောက်စွဲလမ်းနေလည်း။ မေ့လိုက်ပါပြောတာ မေ့မရဘူးဆိုပဲ။ ငါတော့ မကြုံဖူးဘူးကွာလို့ ပြောထားလို့ အခုဘဝတူတွေ့ ပြီဆိုပြီး သူကတော့ ပျော်နေလေရဲ့။