ဘ၀ကလဲညစ်ပါတ်စုပ်ပြတ်နေလိုက်တာ
နှစ်နှစ်ဆယ်ကျော်လောက်
မလျှော်ဖွတ်ဘဲ ထားခဲ့မိတာကို
ငါဖမ်းလို့မမိတဲ့စကားလုံးတွေက
ငါ့ကိုပြန်လိုက် ပြေးလိုက်ရတာ
ဟောဟဲလိုက်နေဘီ
ငါ့အဘိဓာန်နဲ့ငါဆိုပြီး
လျှောက်လိုက်တဲ့လမ်းတွေ
တစ်ခါတစ်ခါဘယ်ရောက်နေမှန်းမသိ
ငါကလူတွေကိုရယ်မောတယ်
လူတွေကငါ့ကိုရယ်မောတယ်
ဒီလိုနဲ့ဘဲ သူမှန်သလိုကိုယ်မှန်သလို
ငါကတော့ ငါမှန်တယ်ထင်နေတုန်း
လူတွေကငါမှားတယ်ပြောကြတုန်း
.......

1 ဝေဖန်ခဲ့ပါပြီ:

    ဒါမျိုးနာလည်းရေးတယ် ဟီိးးးးးးးးး

    ကောင်းတယ်...ဒါမျိုးလေးတွေများများရေး...:D