သမိုင်းဆိုတာ အတိတ်ရဲ့ ဖြစ်ရပ်တွေ၊ အတိတ်လူသားတွေရဲ့ အဆိုးအကောင်း လုပ်ရပ်တွေကို မှတ်တမ်းတင်ထားတဲ့ နေရာလို့ဘဲကျနော်ကတော့ နားလည် ထားတယ်ဗျာ။ ဒါတွေကို နောက်လူတွေက လေ့လာမယ် ပြီးရင် အဆိုးအ ကောင်းတွေဝေဖန်မယ်။ ပြီးတော့ခောတ်ဟောင်းရဲ့ အဖြစ်အပျက် တွေကို မှန်းဆကြမယ် စသဖြင့်ပေါ့လေ မှန်းဆပြီး ရင် ဘာဆက်လုပ်ကြမလဲ ဆိုတော့ အဲဒီခောတ်တွေရဲ့ အဆိုးအကောင်းတွေကို သုံးသပ်ပြီး ယနေ့ အချိန်အတွက် ပြုပြင်သင့်တာတွေကို ပြုပြင်ကြမယ်ပေါ့ ။ ကျနော်ကတော့ အပေါ်မှာရေးခဲ့သလို နားလည်မှုမျိုးနဲ့ သမိုင်းစာအုပ်တွေ ကိုဖတ်ဖြစ်တယ် ပေါ့လေ.......

ကျနော်ကမြန်မာ့သမိုင်းကိုဖတ်တဲ့အခါမှာ ကိုယ့်ဘာသာကိုယ် ခပ်တည်တည်ဘဲ နှစ်ပိုင်းခွဲလိုက်တယ် ကိုယ်က ဘာ ပညာရှင်မှမဟုတ်တာ ကိုယ်ဘာသာကိုယ်နှစ်ပိုင်းခွဲတော့လဲ ဘယ်သူကလာဝေဖန်မှာမှတ်လို့နော် အေး ဆေးဘဲ..... ဟဲ ...ဟဲ .... ဘယ်လိုခွဲလိုက်သလဲဆို တော့ ပုဂံ၊ ပင်းယ ၊ အင်းဝ ခောတ်လိုဟာမျိုးဆိုရင် ရှေးဟောင်း အဖွဲထဲထည့်လိုက်တယ် သီပေါမင်းပါတော်မူပြီး နောက်ပိုင်းကိုတော့ ခောတ်သစ်သမိုင်ထဲကို ထည့်လိုက်တယ် ပေါ့လေ။ အဓိက ကတော့ ကျနော်ကခောတ်သစ်သမိုင်း ကိုပိုဖတ်ဖြစ်ပါတယ်။ ဒါပေမယ့် လူတွေ နဲ့တွေရင် နဲနဲအာရိုက်လို့ရအောင် ခောတ်ဟောင်းသမိုင်းတွေကိုလည်း နည်းနည်းပါးပါးတော့ ဟိုဖတ်ဒီဖတ်လုပ် ကြည့်တယ်ပေါ့ဗျာ.........

ပြသနာက အဲဒီမှာစတာဘဲ ကျနော်က သမိုင်းစာအုပ်လေးတွေ ဖတ်တဲ့အခါမှာ ဘာသွားတွေ့ရသလဲ လို့ဆိုတော့ သမိုင်းလေ့လာသူတွေရဲ့ ဝေဖန်ချက်တွေပေါ့ သူတို့ က အဲဒီခောတ်ရဲ့ မင်းဆိုးလိုဟာမျိုးဆိုရင် ဝေဖန်မှုလေး တွေက သိပ်မဆိုးလှပေမယ့် မင်းကောင်းလို့ သူတို့အနေနဲ့ ယူဆတဲ့ဟာမျိုးဆိုရင် တယ်အမွှန်းတင်တာကို နောက် အမွှန်းတင်ခံရတဲ့ပုဂ္ဂိုလ်တွေက လည်း ဘယ်လိုလူမျိုးတွေလဲဆိုတော့ အဲဒီခောတ်ကစစ်အောင်နိုင်သူ တွေပေါ့လေ ဒါမျိုးတွေဘဲများတယ်။ ဥပမာကျန်စစ်သား ပေါ့သူ့အကြောင်းဆိုရင်သမိုင်းက အမွှန်းအတော်တင် ကြတယ်။ ဒါပေမယ့် အတော်ကိုမိန်းမရှုပ်ခဲ့တဲ့ သူ။ ဒီတော့ပြောစရာရှိမယ်ပေါ့ ဘုရင်တွေက ဒီလိုဘဲယူကြတာဘဲ ဆိုတာမျိုးတွေ ဟုတ်တယ်ဘုရင်တွေက ဒီလိုဘဲယူကြတယ်ဆိုတာ။ ဒါပေမယ့် မဏိစန္ဒာ နဲ့ကတော့မဖြစ်သင့်ဘူး လေ။ ဘာလို့လဲဆိုတော့ ဟိုက သူ့သခင်ကို ဆက်သလိုက်တဲ့ဟာကို နော် ကျန်တာတွေယူတာ တော့မပြောပါ ဘူး မိန်းမများများယူတာ အပြစ်မှမဟုတ်တာ..... အဓိကကတော့ စောင့်ထိန်းသင့်တဲ့သူကို မစောင့်ထိန်းတဲ့ဟာ အပြစ်ပေါ့ဗျာ ပြီတော့ပေါ့လေ အလောင်းစည်သူမင်း ကိစ္စ ဦးပေါင်းကျားနဲ့မြင်းကျားရှင်မှာ စဉ်းစာကြည့်ဗျာ အသက် ၈၀ လောက်ရှိတဲ့ အဘိုးကြီးကို လူငယ် စစ်သူကြီးအမတ်လေးယောက်က ၀ိုင်းဖမ်းတာမမိဘူးတဲ့ ကဲ စဉ်း စား ကြည့်အဓိပ္ပ်ါယ်ကိုမရှိတဲ့ ဟာ။ ဘုရင်မှန်းသိလို့ လျှော်ပေးလိုက်တာနေမှာပေါ့ ဗျာ။ အဲဒါကို ဘဲ အလောင်းစည် သူက ငါမအိုသေးလို့ကြွေးကြော်တာနဲ့ဘဲ သမိုင်းမှာလူငယ်တွေကို စွတ်ရွတ်ယုံခိုင်း တဲ့စာမျိုးတွေ ကောက်ချက်ချခဲ့ သင့်လား မသင့်လားဆိုတာ စဉ်းစာကြည့်လေဗျာ ။ သမိုင်း ဆိုတာသမိုင်းရေးတဲ့သူတွေ ရဲ့ ကောက်ချက်ကို ကို ဖြုတ်ကြည့်နိုင်မှဘဲ အမှန်ကိုတွေ့နိုင်တာမျိုးလေ အဲဒီလိုမဟုတ်လို့ကတော့ ....

နောက်တစ်ခုက သမိုင်းသမားတွေပြောလေ့ပြောထရှိတယ်။ သူတို့ ပြောပြတဲ့ ပုဂံကစေတီပုထိုးတွေရဲ့ သမိုင်တွေ ကိုလေ့လာ မိတဲ့သူတွေကပြောကြတယ်ပေါ့လေ။ သူတို့ ရေးခဲ့တဲ့သမိုင်းတွေကိုဖတ်လိုက်တော့ မှဆရာရယ် ကျနော်တို့ကျမတို့မှာ မြန်မာဖြစ်ရတာအခုမှ ဂုဏ်မငယ်မှန်းသိရတော့တယ်ဆိုတာ မျိုးတွေပေါ့ ကျနော်ကတော့ ရှင်းရှင်းဘဲ အဲဒီစေတီပုထိုးတွေ နောက်အဲဒီခောတ်ရဲ့သမိုင်းတွေကို လေ့လာတိုင်းလေ့လာတိုင်း ကိုယ့်ကိုယ်ကို ရှက်မိတယ် ဟုတ်တယ်လေသူတို့ခောတ်မှာဒီလိုလုပ်သွားတယ် ကျူပ်တို့ခောတ်မှာက နောက်ဘာမယ် နှစ်များစွာကျရင် နောက်မျိုးဆက်တွေ ကျနော်တို့လိုကြွားနိုင်ဖို့ ကျနော်ဘာလုပ်ပေးခဲ့လဲ......

“တို့ဘိုးဘွားအမွေစစ်မို့ချစ်မြတ်နိုးပေ တို့ဘာတို့တော့ဘာမှမလုပ်တက်ပါဘူးလေ” ဆိုတာမျိုးလိုပေါ့ ။ ဒီသမိုင်း တွေကကြွားဖို့ကိုမဟုတ်ဘူးလေနော် လေ့လာဖို့ဘဲ ဟုတ်တယ်မလား။ နောက် အဲဒီခောတ်ကဘုရင်တွေပေါ့ နယ် ချဲ့တဲ့ဟာ တဲ့တဲ့ရေးရင်နယ်ချဲ့တာဘဲ အောင်မာသဘောကျတဲ့ဘုရင်ကျတော့တိုင်းပြည်တည်ဆောက်တာတဲ့ ကဲ လုပ်ပုံက မကြိုက်တဲ့ကောင်ကျတော့ကျူးတျော်တာတဲ့ ထားပါတော့ သူတို့က သူတို့ပြည်သူတွေအတွက်အလုပ် လုပ်တာဆိုတော့ ဟိုဘက်အကျူးကျော်ခံရတဲ့ တိုင်းပြည်ကကောင်တွေက လူမဟုတ်တာကျနေတာဘဲ ဗျာ ဒီတော့ သူတို့ လုပ်ခဲ့တာတွေကိုဒီခောတ်နဲ့တည့်တည့်တွေးကြည့်ရင် အသုံးမတည့်တဲ့အတွေးခေါ်တွေက တစ်ပုံ ကြီးဗျ နော် ။ သူတို့ကိုအကြည်ညိုမလွန်ဘဲ တည့်တည့်ကြည့် မှသိလိမ့်မယ် နော် အခုခောတ်မှာကိုယ့်တိုင်းပြည် တစ်ခုထဲကောင်းဖို့အတွက် အခြားတိုင်းပြည့်ကို နှိပ်ကွပ်လို့မရဘူးလေ ဂလိုဘယ်လိုက်ဇေးရှင်းမှာ အားလုံးက ကွန်ယက်ပုံစံဆက်နွယ်နေတာကို ဟိုတလောကအမေရိကန်ရဲ့စတော့ရှယ်ယာဈေးကွက် ကမောက်ကမဖြစ် တော့ဘဲကြည့်လေ ကျန်တဲ့နိုင်ငံတွေ ဘယ်လောက်ရိုက်ခတ်သွားလဲ ဟုတ်တယ်နော်.......

သမိုင်းမှာဂျပန်စစ်ဗိုလ်ချုပ်တွေပေါ့ ဂျပန်နယ်ချဲ့ ခဲ့တဲ့ကာလမှာတော့ သူတို့ဟာ တိုင်းပြည်ရဲ့စစ်သူရဲကောင်းတွေ ဒါပေမယ့် အခုတော့စစ်သင်္ချိုင်းတစ်ခုမှာ အထီကျန်နေတယ် ကမ္ဘာ့ရဲ့ရာဇ၀တ်ကောင်တွေအနေနဲ့ပေါ့လေ ...... ဒါပေမယ့် တိုင်းပြည်ရဲ့ဝန်ကြီးချုပ် ကိုအိဇုမိက အဲဒီ စစ်ရာဇ၀တ်ကောင်တွေရဲ့ ရာကူဇူနီ စစ်သင်္ချိုင်းကို သွား အလေးပြုတော့အားလုံးက၀ိုင်းကန့်ကွက်ခဲ့တယ် ကျနော်ကလည်းမလုပ်သင့်ဘူးလို့မြင်တယ် တကယ်တော့ လူမျိုးစွဲ ကြီးမားမှုတွေကို မွေဖွားပေးခြင်း ဟာ ယနေ့ခောတ်ရဲ့ သိက္ခာရှိတဲ့ ပြယုတ်မဟုတ်ဘူး လေ.......

သမိုင်းဟောင်းကိုကိုင်ပြီး ခောတ်မမှီတဲ့ အတွေးခေါ်တွေနဲ့ မျက်ကန်းမျိုးချစ်တွေ မွေးပေးမယ်ဆိုရင် တော့ရှေးဟောင်းသမိုင်းကိုကိုင်ပြီး ခောတ်သစ်သမိုင်းကိုဖျက်စီးသူများဟာ ဘယ်သူတွေလဲ
တကယ်တော့ “သမိုင်းသင်တယ် ဆိုတာ မအအောင် လို့” ဆို တဲ့ ဆရာကြီးဒေါက်တာသန်းထွန်း ရဲ့စကားလေးကို တွေး တောရင်းးးး...............နဲ့ဘဲ........ အဆုံးသတ်လိုက်ပါရစေ ........

ကျနော်အခုဘာစာတွေဖတ်ချင်သလဲလို့မေးရင် ကျုပ်တို့တိုင်းပြည် မကောင်းကြောင်းရေးထားတဲ့စာ တွေ ဖတ်ချင် နေတယ် ဗျာ ဒါမှကိုယ်မကောင်းတာသိမှာပေါ့ လူဆိုတာကိုယ့်ဘက်ကိုယ်တစ်ကွက်ချန်တက် တယ်လေ ကျနော့်ကိုလက်သီးကြီးနဲ့ ထိုးလို့ ကျနော်ကဓားလေးနဲ့ ပြန်ထိုးလိုက် ပါတယ် ဆိုတာမျိုးလုပ်ချင်တဲ့ သူမျိုးမလို့လေ ကိုယ်ဘာသာကြည့်ရင် တစ်ကွက်ချန်မိမှာစိုးလို့ပါ ဒီလို စာအုပ်လေးများရှိရင် ငှာကြပါ.......

3 ဝေဖန်ခဲ့ပါပြီ:

    မြန်မာ့သမိုင်းဖတ်စာအုပ်ကို လေ့လာနေတာလားဗျ။
    စာမေးပွဲဖြေရင် အမှတ်ရမဲ့ ခုနှစ်သက္ကရာဇ်တွေ တွေ့ရလိမ့်မယ်။ ကလေးငယ်ငယ်တွေကို ပြောပြခဲ့တဲ့ ပုံပြင်မျိုးကို အသွင်ပြောင်းထားတဲ့ လူကြီးပုံပြင်တွေ တွေ့ရလိမ့်မယ်။ ဒါပါပဲဗျာ။ “မအ“ အောင် သင်ရတဲ့ သမိုင်းဆိုတာမျိုးက ဒီလိုသမိုင်းမျိုးကို ဆိုလိုတာမဖြစ်နိုင်ပါဘူး။ ဒီလိုသမိုင်းစာအုပ်မျိုး နောက်ကနေပြောင်းပြန် ပြန်ရွတ်နိုင်အောင် ကျေညက်နေလဲ နှစ်ခါပြန် “အ“ တာပဲ အဖတ်တင်မယ်ထင်တယ်။
    မြန်မာနိုင်ငံအကြောင်း မကောင်းရေးထားတဲ့စာအုပ်တွေတော့ ရှိမယ်မထင်ဘူး။ အဖြစ်မှန်တွေရေးထားတာတော့ ရှိနိုင်တယ်။ အမှန်တွေရေးရင်း မကောင်းအောင် တမင်ရေးသလိုဖြစ်သွားတာမို့လို့ပါ။

    ကလူသစ်

     

    သမိုင်းဆရာတွေကလိမ်တာမဟုတ်ပဲဦးပေါင်းကျားက လူငယ်ဓားရေးထက်တဲ့ တစ်ယောက လူစားငှားပြီး ဦးပေါင်းကျားကလိမ်တာရောမဖြစ်နိုင်ဘူးလား..ပဒေသရာဇ်ခေတ်မှာဘုရင်ကလက်ညိုးညွှန်ရာရေ ဆိုတော့ စဉ်းစားကြည့်တာပါ….သုံးသပ်ပုံကောင်းပါတယ်…စာအုပ်တွေတော့ရှိတယ်…ငှားဖို့ တော့မလွယ်….

     

    သမိုင်းဆိုတာ အောင်မြင်သူတို့ရဲ့ မှတ်တမ်းလို့လည်း ပြောကြတယ်။ အပြည့်အ၀ကြီး ယုံလို့မရတာတော့ အမှန်ပဲ။ ဝေဖန်သုံးသပ်ပြီး ပညာယူတတ်ဖို့ အရေးကြီးတယ်။
    မြန်မာနိုင်ငံဟာ ဗိုလ်ချုပ်တို့ခေါင်းဆောင်တဲ့ လွတ်လပ်ရေး ကြိုးပန်းသူတွေသာ ရှုံးနိမ့်ခဲ့ပြီး ခုချိန်ထိ အင်္ဂလိပ်အစိုးရ လက်အောက်ခံဖြစ် ကိုလိုနီနိုင်ငံ ဖြစ်နေဦးမယ်ဆိုရင် ဆရာစံကတော့ သေချာတယ် ဘုရင်ရူး တစ်ယောက်အဖြစ်ပဲ မှတ်တမ်းတင်ခံရမှာ။ ဗိုလ်ချုပ်တို့သမိုင်းတောင် ဘယ်လိုရေးကြမလဲမသိဘူး။
    လွတ်လပ်ပြီးခေတ်မှာရော ကွန်မြူနစ်ပါတီသာ အနိုင်ရခဲ့ရင် တပ်နီတော် ဆိုတာ ဂုဏ်ယူစရာ မြန်မာ့တပ်မတော်ကြီးလို့ ကျက်ရင်ကျက်နေရမှာ။
    ကျွန်တော်ကတော့ သမိုင်းစာအုပ်ထဲက အကြောင်းအရာတစ်ခုကို စိတ်ထဲရှိတဲ့အတိုင်းဝေဖန်မိလို့ အပြောအဆိုတွေ ခံလိုက်ရတယ်။ ကိုဝေရေးထားတာကောင်းတယ်။ ဆက်အားပေးနေတယ်ဗျို့။