Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

ငါက အမှန်တရားအတွက်
ဖိနပ်ပါးခံရတာကို ဂုဏ်သိက္ခာလို့ ထင်တာကို.....

တောင်းစားမှကောင်းစားတဲ့ ခောတ်မှာ
တောင်းရမှာရှက်တဲ့ငါ
ကောင်းစားစရာမှမရှိတာ....

သူငယ်ချင်းက ပြောသွားတယ်
လူမဖြစ်မယ့်ကောင်တဲ့
ချစ်သူက တော့
မေ့လိုက်ပါတော့ဆိုဘဲ ဟား ဟား
ထားလိုက်ပါ ထားလိုက်ပါ
ငါတောင်ငါ့ကိုယ်ငါချစ်လို့
သူ့ကိုချစ်ခဲ့တာဘဲ
သူလဲသူ့ ကိုယ်သူချစ်လို့
ငါ့ကိုပစ်သွားတာ အဲဒါအပြစ်မှမဟုတ်တာ....
ခင်ဗျားတို့လဲ မကြိုက်ရင် ဒီကဗျာကို
ပိတ်လိုက်လို့ရတယ်....

အယူဆမတူလို့ ဖြစ်ကြတဲ့
ရိုက်ပွဲတွေကို ငါမုန်းတယ် .....
အဲဒီလိုဖြစ်နေကြမယ့်အစား
ငါ့ကိုသာ လာသတ်သွားကြတော့ ဟေ့

1 ဝေဖန်ခဲ့ပါပြီ:

    ကျွန်တော်လဲ ပါမယ်ဗျို့

    myohan006@gmail.com