ရည်းစာရှိသူနှင့် အမျိုးသမီးများဖတ်ရန်မလို လူပျိုစစ်စစ်များအတွက်သာ.....
ကျနော့်မှာအပြင်းအထန်ကန့်ကွက်ခဲ့တဲ့ အယူအဆ တစ်ခုရှိတယ်ဗျ ။ ဘာလဲဆိုတော့ ယောင်္ကျားလေး တစ်ယောက်အနေနဲ့ အသက်ကြီးတဲ့အမျိုးသမီးနဲ့ မကြိုက်သင့်ဘူးဆိုတာပေါ့ဗျာ ။ ဟုတ်တယ်လေ ခင်ဗျား စဉ်းစားကြည့် အသက်ကြီးတဲ့လူနဲ့ ချစ်သူဖြစ်တဲ့ယောင်္ကျားတစ်ယောက်က နဲနဲနောနော ဒုက္ခတွေမဟုတ်နော် ကျနော် နဲနဲပြောပြမယ်ဗျာ.........

  • အရင်ဆုံး သူနဲ့ကြိုက်ကြလို့ ချစ်သူချင်းစိတ်ကောက်ပြီထား ။ ချစ်သူချင်းစိတ်ကောက် ပြီဆိုရင် တစ်ယောက်က စိတ်ကောက်ရင် တစ်ယောက်က ချော့ရတာက သဘာဝဘဲလေ ။ ဒါပေမယ့်ဗျာ သူကကိုယ်ထက်ကလဲ အသက်ကကြီးတော့ သူစိတ်ကောက်တဲ့ ဟာကြီးကိုထိုင် ချော့ရမယ့်ဟာ ဘယ်လိုလုပ်ပြီးခံစားလို့ရမှာလဲ........
  • နောက်ပြီးသူကကြီးတယ်ဆိုပြီးတော့ ဟိုမသွားရဘူးတို့ ဟိုဟာမလုပ်တော့ဘူးတို့ ဆိုပြီး လူလည်က လာလာ လုပ်ဦးမယ် ဟုတ်တယ်မဟုတ်လား စိတ်ပျက်စရာဘယ်လောက်ကောင်းလိုက်သလဲ
ဒါတောင်အစဘဲရှိသေးတာနော် နောက်ပိုင်းပြဿနာတွေက အများကြီး .......
  • သူ့ဘက်က သိပ်နားလည်မှုပေးတက်တဲ့လူမျိုးဆိုရင်လည်းအားနာရပြန်ရော ....
  • နောက်အသက်ကြီးတော့ သူကိုမြန်မြန်ယူပါဆိုရင်လည်း အဲဒါက ပြဿနာ........ယူပြီးတော့လည်း ယောင်္ကျားက ငယ်နေရင်စိတ်မချဖြစ်ရော ဒီတော့ ကလေးမြန်မြန်ယူပြီးတော့ ကိုယ့်ကို အိမ်မြဲအောင်လည်းထိန်းချုပ်မယ် ....
  • နောက်သူက အသက်က ကြီးတော့ သူကိုပြစ်သွားပြီး အခြားတစ်ဦးဦး နဲ့များဆိုတဲ့ အတွေးတွေကလည်း ၀င်လာပြီဆိုရင် အိမ်ပြန်လာတာနဲ့ သင်္ကာမကင်းတဲ့ မျက်လုံးတွေနဲ့နေ့တိုင်းအကြည့်ခံရတဲ့ဒုက္ခတွေ ကဲနဲသလား.......
အဲ ငယ်တဲ့ဘက်လှည့်တော့လဲ သက်သာမယ်တော့မထင်နဲ့နော် ကိုယ့်လူ....
  • ခဏခဏ စိတ်ကောက်ပြမယ် ဟိုဟာပူစာ ဒီဟာပူဆာတွေလုပ်မယ် အလိုက်ကမ်းဆိုးမသိ အားမှန်းမသိ မအား မှန်းမသိ ဖုန်းတွေ တဂွမ်ဂွမ်ဆက်မယ် .......
  • ကိုယ်က အငယ်တွေကြား မသွားချင်လည်း သူ့သူငယ်ချင်းတွေနဲ့ ခေါ်မိတ်ဆက်ပေးမယ်.....
  • သူ့ ကိစ္စအသေးအဖွဲတွေကို အရေးကြီးခွင်ကျယ် လုပ်ပြီးတော့တိုင်ပင်မယ် ကိုယ်ကလည်း အားနာပါးနာနဲ့ စိတ်မ ၀င်စားဘဲ စိတ်ဝင်စားချင်ယောင်ဆောင်ရမယ် ........
ရွယ်တူကြတော့လဲ တစ်မျိုးဆိုးပြန်ရော....
  • ကိုယ့်ကို အသက်ကြီးတဲ့ မမကြီးတွေရဲ့ ကြင်ကြင်နာနာဆက်ဆံမှုမျိုးတွေရဖို့ ခက်တယ် ........
  • ကိုယ်နဲ့အပြိုင်အဆိုင်တွေလုပ်မယ်...... ကန့်လန့်လုပ်မယ် ...
  • ကနွှဲ့ကလျ စိတ်မကောက်တက်ဘဲ စိတ်ဆိုးရင် နင်နဲ့ငါ နဲ့ဘုတွေပြောမယ် ခဏခဏ ဒေါသထွက်ရမယ် ......သူငယ်ချင်တွေရှေ့လည်းမရှောင်ဘဲ သူကိုယ့်ကိုပြောချင်တာတွေပြောမယ်....
အကြောင်းသိဆိုရင်တော့ဝေးဝေး ကရှောင်နော် ....... သူအကြောင်းကိုယ်အကြောင်းများများသိလေ ပြဿနာနဲ့
နီးစပ်လေဘဲ......

ကဲကဲ ခုဘယ်လိုရွေးချယ်ရရင်ကောင်းမလဲ......... သိရင်ပြောခဲ့ကြပါ.....

တစ်ခါတစ်ခါ လူတစ်ယောက်ရဲ့ စိတ်ဟာ အတော်ကိုဆန်းကျယ်တယ်ဗျာ ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့လပေါင်းများ စွာက အမှန်လို့ထင်ခဲ့တဲ့ အရာတွေ အမှန်လို့ထင်ခဲ့တဲ့ အယူအဆတွေဟာ အခုအချိန်မှာ ပြောင်းလဲချင်ပြောင်းလဲ သွားတက်တယ်လေ ......... ကျနော်လဲ နဲနဲတော့ ပြောင်းလဲချင်နေတယ် ဟဲ ဟဲ

မမကြီးတွေအပေါ်ဘဲ အမြင်ပြောင်းရမလား..........?
ညီမလေးတွေ အပေါ်ဘဲ အမြင်ပြောင်းရမလား............?
ရွယ်တူတွေ အပေါ်ဘဲ အမြင်ပြောင်းရမလာ...........?
ရှုပ်ပါတယ်ဗျာ အားလုံး အပေါ်ဘဲ အမြင်ပြောင်းလိုက်ရင်ကောင်းမလား.......?



6 ဝေဖန်ခဲ့ပါပြီ:

    အခြေအနေပေါ်နဲ့ လူပေါ်မူတည်တယ် ထင်တာပဲဗျာ။ ဒီလိုတော့ ပုံသေတွက်လို့ မရပါဘူးဗျာ။.... :D

     

    ကိုဝေရေ ... ငါအကြံပေးရရင် ... မင်း ဘုန်းကြီးပဲဝတ်နေသင့်တယ်ကွ ...
    ဟား ဟား

     

    ကျနော်လဲ နဲနဲတော့ ပြောင်းလဲချင်နေတယ် ဟဲ ဟဲတြ့
    ရှုပ်ပါတယ်ဗျာ အားလုံး အပေါ်ဘဲဆိုတဲ့အထဲကမှ ကိုကို မောင်မောင်တွေအပေါ် အမြင်ပြောင်းသွားလို့ ကတော့ အမယ်လေး ဘုရားဘုရား ကိုဝေရေ နာမတွေးရဲဘူးဟ :P

     

    ကိုဝေ ..ဘုန်းကြီးဝတ်ဖို့အကြံပေးတဲ့လူကို ကျေးဇူးတင်သင့်တယ်။ ကျွန်တော်ပြောရရင် မကောင်းတော့ဘူး။ နောက်တာနော်။ (သားကို ရွာဝက်လို့ခေါ်လို့။) စိတ်မဆိုးနဲ့။

    ကြားဖူးတာတစ်ခုရှိတယ်။ မိန်းမဆိုတာ မရှိမကောင်းရှိမကောင်း၊ မပေါင်းလည်းခက် ပေါင်းလည်းခက်တဲ့။ ("လည်း"ကို စာသံပေသံနဲ့ ဖတ်တဲ့အခါ တော်တော် နားထောင်ရဆိုးတယ်။) ပြန်ဖတ်ကြည့်မနေနဲ့ဦး။

     

    အင်း ......မဖတ်မိရင်ကောင်းသား
    အို.......ဖတ်မိတော့လည်း ဆင်ခြင်ရတာပေါ့........
    အင်း........ကောင်းပါတယ် အင်း......ကောင်းပါတယ်

     

    အော်..ကိုဝေက.. အားလုံး မဆိုးဘက်ချည်းး အသားပေး ရေးထားတာရော.... အကောင်းဘက်တွေလဲ ရှိပါသေးတယ်..

    အသက်ကြီးတဲ့ အမျိုးသမီးကို ချစ်သူထားမိရင်...
    ၁. ကိုယ့်ကို အမြဲ နားလည်ခွင့်လွှတ်ပေးတော့..စိတ်အမြဲချမ်းသာ ရတာလေ...
    ၂. ကိုယ့်ထက်ကြီးတော့.. ရင့်ကျက်ပီးး အစစအရာရာ တိုင်ပင်လို့လဲရတော့.. အကြံကောင်းညာဏ်ကောင်း ရတယ်လေ..

    အသက်ငယ်တဲ့ အမျိုးသမီးကျ ပြန်တော့လဲ..
    ၁. ကိုယ်ကသူ့ထက်ကြီးတော့.. ယောက်ျားသားကြီး ပီပီ ရှေ့ဆောင်လမ်းပြလို့ရတယ်.. အရာရာအားကိုး ခံရတော့.. ယောက်ျားဂုဏ်.အပြည့်ရှိတာပေါ့ဟာ..
    ၂. ကိုယ့်ထက်ငယ်တော့.. သူက လမ်းဆန်းတက်ကြွပီးး ကိုယ်လဲ အလိုလို စိတ်နုပျိုတာပေါ့..

    ရွယ်တူကျ...
    ၁. တူနယ်ဂျင်းဂျင်းလို ဆက်ဆံလို့ရတယ်..
    ၂. စိတ်ဝင်စားမှုချင်းတူတော့.. ကိုယ်ဆော့ချင်ရင်.. သူလဲ ဆော့ချင်တယ်.. နို့မို့ တစ်ယောက်က အသက်ကြီးတော့.. မဆော့ချင်တာနဲ့.. အဲ့လိုမျိုးး၇ှိတော့ဝူးး
    ၃.ပီးတော့လဲ.. တစ်ယောက်နဲ့တစ်ယောက် ဆေးနွေးတိုင်ပင် လို့ရတယ်...

    အုပ်တယ်အုပ်.. ဟီးးး