ကောင်မလေးရယ် မင်းဟာကိုယ့် ရဲ့မရိုးနိုင်တဲ့ ကဗျာလေးတစ်ပုဒ်ဘဲဆိုပါတော့ ။ အဲဒီကဗျာလေးကို ဘယ်နေရာ ဘယ်အချိန်မှာဘဲ ဖတ်ဖတ် အမှတ်တရ များစွာနဲ့ ဝေဒနာ ဒဏ်ရာဟောင်းလေးတွေ ကို မနေ့တစ်နေ့ကလို သတိရစေလို့ဘဲဖြစ်မှာပါ။ အဲဒီကဗျာတွေထဲမှာ လွတ်လပ်တဲ့ မင်းအပြုံးလေးတွေပါတယ် ....ခေါင်းမာတက် တဲ့မင်း အကျင့်စရိုက် လေးတွေလည်း ပါတယ် .... မင်းပါး ပေါ်က သနပ်ခါးစက်တွေပါတယ် ဆိုပါစို့..... ငါသောက်သုံးခွင့်မရခဲ့တဲ့ အဲဒီရနံ့တွေဟာ ကနေ့ အထိ အမှတ်တရ နေရာမှာပါနေတာတော့ ငါ့ကိုယ်ငါတောင် မယုံနိုင်တဲ့ အံ့ဖွယ်ပေါ့ .... အခုတော့လဲ ငါရှိတဲ့နေရာမှာမင်းမရှိ မင်းရှိတဲ့နေရာမှာ ငါမရှိနဲ့ ရာသီညှိလို့မရတဲ့ အလွမ်းတွေ မင်းမသိရင်လဲ ရှိပါစေတော့..... ဒီအချိန်မှာ မင်းနေရာမှာ အစားထိုးစရာ ဆိုလို့ မင်းကိုရည်စူးပြီးရေးခဲ့တဲ့ ကဗျာလေးတွေဘဲရှိပါတော့တယ်......
ငါ့အပေါ်မှာ အစိမ်းရောင်သံသယတွေရှိနေတယ်ဆိုရင်တော့ အရာရာ ကိုအချိန်က အဆုံးဖြတ်ပေးသွား ပါလိမ့်မယ်လို့ဘဲ ပြောလိုက်ပါရစေတော့..... သေချာပါတယ် တစ်နေရာမှာ ကိုယ်နဲ့မင်းပြန်တွေ့ကြရဦးမှာပါ ..... ဘယ်နည်းဘယ်ပုံ ဆုံမယ်ဆိုတာတော့ မသိနိုင်ဘူးပေါ့ အဲဒီအချိန်ဆိုရင်တော့ မင်း မှာလဲသားတွေ သမီးတွေနဲ့ဆိုတာမျိုးဖြစ်နေရောပေါ့ သားလေးမွေးရင်ကိုယ့်နာမည်ပေးပါ လို့ တော့မပြောပါဘူး...... မင်းနဲ့ငါရဲ့ ပြန်ဆုံတွေ့မယ့်နေ့ဟာ မင်းရဲ့လက်ထပ်ဖိတ်စာ ငါ့ဆီကို ပို့မယ့်နေ့ဖြစ်မှာကိုတော့ ငါအကြောက်ဆုံးပါဘဲ ခံစားမှုမပါတဲ့ မျက်နှာကြီးနဲ့ လူတကာရှေ့မှာထိုင်မနေချင်တာမို့ ငါမလာနိုင်တာ မင်းနားလည်ပါ......

ဒီနေ့ အထိ အသေချာပြောနိုင်တာက တော့
အချစ်ဆုံးကို အဆုံးထိ ချစ်သွားမယ်
ဆိုတာဘဲပေါ့.......ယုံတယ်မလား


ကြားဖူးတာလေးပါ အချစ်ဟောင်းဆိုတာ တဲ့ မတော်တော့တဲ့ အင်္ကျီ တစ်ထည်ပါဘဲတဲ့ ကဲတစ်ယောက်ထဲ ပြောရတာ ရှက်တာနဲ့ ကျန်တဲ့ရောင်းရင်တွေကိုပါနဲနဲဒုက္ခပေးလိုက်မယ် ခံပေဦးတော့ အချစ်ဟောင်းသို့  အိတ်ဖွင့်ပေးစာတွေကို ရေးသားဖို့ အဖိတ်ခေါ်ခံရတဲ့ ဘလောက်ဂါများကတော့
(၁) ကိုမျက်လုံး
(၂) ရင်ထဲမှာ ဘာညာဘာညာ
(၃) တက်စလာ
(၄) မယ်လိုဒီမောင်
(၅)တိုလီမိုလီ မင်းယွန်းသစ်
(၆) မျှားပြာ
(ရ)ခွန်မြလှိုင်
(၈) အနှင်း
(၉)လေးမ
(၁၀) မေပျို
(၁၁) ကိုပွတ်
တို့ဘဲဖြစ်ပါတယ် အကုန်ဖိတ်ရင်ကျန်တဲ့လူတွေ ဖိတ်ဆရာမကျန်မှာစိုးလို့ ကဲမရေးရင် တော့ မခင်လို့ဘဲဗျာ

1 ဝေဖန်ခဲ့ပါပြီ:

    ရက်စက်လှချည်လား... ကဝေရယ်...။ ဘယ်အငြိုးနဲ့  ဂျောက်တွန်းတာတုန်း ...။ ရန်တိုက်ပေးနေတာလားဟင်...။
    သူကျန်ရစ်ဖြစ်တာကို လူသိရှင်ကြားကြေငြာပြီးမှာ ရှက်လို့ဆိုပြီး အဖော်ညှိတာ ကောင်းသလား...။ ခင်ရင်ရေးနော်ဆိုတာနဲ့ ကလည်း ချုပ်ထားတော့ ရေးရတော့မှာပေါ့....။