တွေးစရာလေးတွေ

တစ်ခါတစ်ခါလည်းဗျာ ဟိုတွေး ဒီတွေးတွေးမိတဲ့ ဟာတွေ စဉ်းစားရင်းနဲ့ပေါ့လေ ဟုတ်တာတွေရော မဟုတ် တဟုတ် တွေရော ဘလောက်ပေါ်မှာ ရေးမိတက် သဗျ ။ ဒီတော့လည်း လွန်တာရှိရင်လည်း တောင်းပန်တယ်ဗျာ ဒီနေ့လည်း စဉ်းစားမိတာလေး နဲနဲတော့ရေးလိုက်ဦးမယ်.........

ကျနော်တို့ဆီမှာပေါ့မြန်မာစာ စာမေးပွဲတွေမှာ ဖြေရတဲ့ဟာ စာစီစာကုံးဆိုပါတော့ ဒီမှာက စစ်ရင် ဘယ်လိုစစ်သလဲလို့ဆိုတော့ လက်ရေးဘယ်လောက်လှရင် ဘယ်နှစ်မှတ် အကြောင်းရာနဲ့ ဆီလျှော်တဲ့ ဥပမာတွေ ပေးနိုင်ရင် ဘယ်နှစ်မှတ် ၀ါကျဖွဲ့ထုံးမှန်ရင်ဘယ်နှစ်မှတ် စသဖြင့်ပေါ့လေ အမှတ်ပေးကြတယ် ဒီတော့ မြန်မာစာ စာစီစာကုံး ရေးသားခြင်းမှာက လက်ရေးလှပြိုင်ပွဲဝင်သလိုဖြစ်နေတယ် ပေါ့လေ ။ အဲ ဒီဟာ ဗျာ အတော်ကိုစိတ်ပျက်ဖို့ကောင်းတယ်လို့ ကျနော်ကတော့ထင်တာဘဲ.... ဘာလို့လဲဆိုတော့ မြန်မာစာ လက်ရေးလှခြင်းမလှခြင်းက မြန်မာစာ တက်ခြင်းမတက်ခြင်းနဲ့ ဘာမှမဆိုင်ဘူးလို့ထင်တာဘဲ နောက်တစ်ခု ကပေါ့လေ ခေါင်းစဉ်နဲ့ ဆီလျှော်တာကိုအကိုးအကားတွေ နဲ့ ရေးတဲ့ ဟာ တကယ်တော့ သိပ်ပြီးတော့ အရေးမကြီးလှဘူးဗျ ဘာလို့လဲ ဆိုတော့ အဲ ဒါဟာ စာစီစာကုံးရေးတဲ့ သူတစ်ယောက်ရဲ့ talent နဲ့ ပေါ့ ဘာမှ ဆိုင်တဲ့ အချက်အလက်တွေမဟုတ်ဘူး ကျနော်ဗျာ စာအုပ်တစ်အုပ်ဖတ်လိုက်ရတယ် ဆရာကျော်ဝင်း ဘာသာပြန်တဲ့ ဟားဗတ်အကြိုက် အက်ဆေးများဆိုတဲ့ ဟာပေါ့ သူတို့ဆီကပေါ့လေ ကျောင်းသားတွေရေးတဲ့ စာစီစာကုံးတွေက ဗျာ တစ်ကယ့်ကိုတိုတို လေးတွေဗျ ။ ဒါပေမယ့် ထိတာတော့တစ်ကယ်ထိတယ် နော် သူတို့ ရဲ့ အမှတ်ပေး စည်းမျည်းကိုက ကြည့်လေ သတ်ပုံမှားတာတွေ လက်ရေးလှတာ မလှတာတွေက အဓိက ထား ပြီး အမှတ်မပေးပါဘူးတဲ့ အဲဒီလို သတ်ပုံမှားတာတွေသိပ်များမှ အမှတ်က နဲ နဲဘဲ လျော့တယ်တဲ့ သူတို့ ကတဲ့ သူတို့ ပေးလိုက်တဲ့ ခေါင်းစဉ်ကိုပေါ့လေ ကျောင်းသား အနေနဲ့ သူ့ရဲ့ ပင်ကိုယ်အရည်အသွေးနဲ့ပြန်ပြီးတော့ တုံ့ပြန်တဲ့ရှုထောင့်တွေကို အဓိကထားပြီတော့ သုံးသပ်ပါတယ်တဲ့ ....... ကဲ အဓိက ထားတဲ့ အချက်တွေက ဘယ်လောက်ကွာသွားသလဲ ကျုပ်တို့ဆို ရေးလိုက်ရတာ စာစီစာကုံးတစ်ပုဒ်ဆို စာမျက်နှာပေါင်းများစွာ ဒါပေမယ့် ဘာတွေများအကျိုးရခဲ့သလဲ ......စာရေးတယ်ဆိုတာ ကိုယ်ပေးချင်တဲ့ message ကို တခြားလူ တွေ နားလည်အောင် ပေးခြင်းလေ စာဖတ်ရတာ အဆင်ပြေပြီးနားလည်ဖို့ ကအဓိက အပြင်မှာ ဘယ်သူက များ သဒ္ဒါမှန် အောင်စာရေးနေလို့လဲ
ဒီမှာက စာသင်တဲ့ ဟာက ထားရမယ့် ဦးတည်ချက်တွေက primary and secondary လွဲနေတဲ့ဟာတွေက အတော်လေးကိုများတယ်လို့ ကျနော်ထင်တယ်ဗျာ ......
ကျန်တာကို အသာထား အင်္ဂလိပ်စာ သင်တဲ့ ဟာပေါ့ သူငယ်တန်းထဲက သင်လိုက်တာတက္ကသိုလ်သာ ပြီးရော အင်္ဂလိပ်စာကိုကောင်းကောင်းမတက်ဘူး ..... A ဆိုရင် တစ်ခု တစ်ကောင် တစ်ယောက် ဆိုတာ မျိုးလောက်နဲ့ဘဲပြီးနေရတာကို ....တကယ်တော့ A ကိုပေါ့ လေ အများကိန်းမှာလဲ သုံးတယ် ဆိုတာကို .... သိတဲ့ သူကခပ်ငယ်ငယ်ကျောင်းသားဘ၀မှာ အတော်ကိုနည်းတာ A dog is an animal. ဆိုပါတော့ ခွေး ဆိုတာ တိရစ္ဆာန်ဘဲ လို့ပြောတာပေါ့ ........ ကျနော်တို့မှာ က အင်္ဂလိပ်စာ သင်တဲ့ ဟာအင်္ဂလိပ်စာ တက်ဖို့ပေါ့ ရှင်းရှင်းလေး ကျောင်းသားစိတ်ဝင်စားမယ့် ဟာ ထည့်ပေါ့အိုဗျာ ခပ်ရိုင်းရိုင်းပြောရ ရင် သင်ရိုးမှာ ကမ္ဘာကျော် ရည်း စား စာများကို ထည့်တော့ရောဘာဖြစ်တုန်း ...... အခုတော့ ဒီမှာ သွားပြီးတော့ ကျောင်းသားက လည်း စာအုပ်မြင်တာနဲ့စိတ်ကုန်ရတဲ့ စာမျိုးဆိုလည်းဟုတ်သေးဘူးထင်တာဘဲ.....
သင်္ချာသင်တယ် ဗျာ ကျနော်တို့ကို ဂျီသြမေထရီ သင်တဲ့ ဟာ လမ်းဖြတ်ကူးဖို့ သင်တာမဟုတ်ဘူး စဉ်း စားနည်းကိုသင်တာ ဟုတ်တယ်မလား ....လမ်းဖြတ်ကူတာက တည့်တည့်ကူးရင်မြန်မြန်ရောက်တယ် တစောင်းကူးရင်နှေးတယ်ဆိုတာ လူမပြေနဲ့ခွေး တောင် သိတယ် ဒါပေမယ့် ကိုယ့်ဘာသာကို ဘာကြောင့် အသင်ခံရမှန်းမသိတဲ့ ဘ၀နောက်ရှိသေးတယ် ဘာရှိတ် တို ဘာဂရိတ် တို့ ကျူပ်တို့ မှာ စာမေးပွဲအမှတ်ကောင်း
အောင်သာ တွက်ခဲ့ရတာ အခုထိကျောင်းသာ ပြီးသွားတယ် ဘယ်မှာ သုံးရမှန်းကိုမသိဘူးကဲ အမှတ်ကောင်းတာ နဲ့ စာတော်တယ်ဆိုတာဟာ တစ်ခြားစီဗျ ။ အဲ ဒီလိုဟာတွေကို အမှန်အကန် သိပြီး တော့ တက်တဲ့ ဟာက မှ တကယ်စာတော်တာ အခုတော့ ဗျာ အမှတ်ကောင်းတယ် သွားဂျောင်းဆေးကျောင်း ၊ အမှတ်နဲတယ် သွား သင်္ချာ ... ရူပဗေဒ ဒီလောက်ခက်တဲ့ ဟာတွေကိုဗျာ အမှတ်နဲ့တဲ့ ဟာ သွားထားတယ်ဆိုတော့ အကုန်လုံးပြီးရောပေါ့..........ကဲမောပြီဗျာ ....ရေတစ်ခွက်လောက်
(ဝေဖန်မှုနှင့် ထောက်ပြမှုများကိုကြိုဆိုလျှက်)

3 ဝေဖန်ခဲ့ပါပြီ:

    ကိုဝေပြောတာ အမှန်ပါပဲ။ ခက်တာက ငယ်ငယ်ကတည်းက အဲလို တစ်လမ်းသွားပညာရေးစနစ်နဲ့ သင်လာခဲ့ရတာလေ။ တက္ကသိုလ်ရောက်တော့ လည်း ထူးမခြားနားဆိုတော့ အခုချိန်မှာ လာစဉ်းစားခိုင်းရင်တောင် အူကြောင်ကြောင်ဖြစ် နေတယ်ဗျာ။ ဘယ်လိုလုပ်ရမလဲဟင်။

     

    ဟုတ်တယ်....မှန်တယ်...ထောက်ခံတယ်....။ ရော့..ရေ....။ ဟူး...မောလိုက်တာ...။

     

    ဒီပို့စ်ကတော့.. ကျွန်တော့် သဘောနဲ့ တထပ်ထဲ တူတယ်။ ပညာရေး စနစ်က အဲဒီမှာ လွဲတာပဲ။ သင်္ချာ၊ ရှုပဗေဒ၊ ဓာတုဗေဒတို့ဆိုတာ တကယ်ခက်တဲ့ ဘာသာရပ်တွေဗျ။ အတော်ဆုံးဆိုတဲ့ ကျောင်းသားတွေကို အဲဒီဘာသာရပ်တွေကို သင်ခိုင်းရမှာ။ အခုတော့ အတွေးအမြင်တွေ လွဲမှားပြီး ဆရာဝန်၊ အင်ဂျင်နီယာမှ အဟုတ်ထင်နေကြတော့ ဘယ်မှာလဲ မြန်မာလူမျိုး သိပ္ပံပညာရှင်...........။