Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

ဘယ်လောက်ဝေးဝေး
အတွေးထဲမှာ မင်းဘဲရှိတယ်

ဘယ်သူတွေဘယ်လိုလှလှ
အတိတ်တုန်းက အရိပ်ပြုံးတွေ
ငါ့ရင်ကိုလွှမ်းမိုးဆဲ ......

မင်းဘယ်နေရာ ဘယ်မှာရှိရှိ
ငါ့ရင်ထဲမှာမင်းအမြဲရှိတယ်
(မင်းရင်ထဲမှာ ငါရှိမရှိ
အရေးတကြီးမဆွေးနွေးပါဘူး)

အိုကွယ် ရှင်းရှင်းပြောရရင်
ချစ်နေဆဲ ချစ်နေမြဲ
အဆုံးထိ မမုန်းသည့်အချစ်တွေ နဲ့ပေါ့

ကဗျာဆိုတာ စကားလုံးတွေပါလို့တော့
မဆိုလိုက်နဲ့လေ
ငါ့ကဗျာတွေဟာ ရင်ထဲက အမှန်တရား
နှလုံးသားနဲ့ထုဆစ်ခဲ့တာ

ဟိသစ္စံ .......
မှန်သောစကား မေတ္တာအားကြောင့်
သည်ကဗျာအား ချစ်သူခံစားတက်ပါစေ.......

(ကဗျာမနှစ်သက်သော သူမအတွက် ကဗျာမမည် စာမပြီသော အလွမ်းစာစုအား ရေးဖွဲ့ခဲပါသည်။ အဝေး မှသူခံစားနိုင်ပါစေသား...............)

1 ဝေဖန်ခဲ့ပါပြီ:

    ဘယ်လောက်ဝေးဝေး
    အတွေးထဲမှာ မင်းဘဲရှိတယ်

    ဘယ်သူတွေဘယ်လိုလှလှ
    အတိတ်တုန်းက အရိပ်ပြုံးတွေ
    ငါ့ရင်ကိုလွှမ်းမိုးဆဲ ......

    လှလိုက်တဲ့ စကားလုံးလေးတွေ . . . .ဒီစာတွေ အရ အစ်ကိုက တော်တော်လေးကို အချစ်ကြီးတာဘဲနော် . . .ကဗျာလှလှလေးတွေ အများကြီး မွေးဖွားနိုင်ပါစေ