တရားခြင်းမတရားခြင်း
မှန်ခြင်းမှားခြင်းကြား
ငါမှန်တယ် သူမှားတယ်
သူမှားတယ် ငါမှန်တယ်
အတ္တအသွယ်သွယ်နဲ့
ဘ၀ကိုဖလှယ်ခဲ့တာဆိုလို့
နှစ် ၂၀ ကျော်ကြာခဲ့ပေါ့။

ဒင်္ဂါးတစ်ပြားမှာ ခေါင်းနဲ့ပန်းရှိသလို့
ခင်ဗျားတို့နဲကျူပ်က မတူတဲ့ရှုထောင့်တွေမှာ
ခွထိုင်ခဲ့မိကြတာကို။

တစ်ခါတစ်ခါခက်နေတာက
အများမကြိုက်တဲ့ တဲ့စာကားကိုမှာ
ဟာတိုက်ပါးရိုက်ပြောခဲ့မိတဲ့အခါ
ငါဆိုတဲ့ငါဟာ လူကြိုက်နဲတဲ့သတ္တ၀ါ
ဖြစ်လာပါလေရော။

အများညီလည်း ဤဟာ ဤ ပါဘဲဆိုတော့လဲ
ခင်ဗျားတို့နဲ့ကျုပ်ဟာ ဘယ်မှာလာ သဟဇာတဖြစ်မှာလဲ
အများမကြိုက်တဲ့စကားလုံး တွေကိုအန်ချမိတဲ့ငါ...
အန်ဖတ်ဆိုတာချဉ်စော်နံတယ်လေ
တကယ်တော့ငါဟာလူချဉ်ဖတ်ဆိုပါတော့...။ ။


0 ဝေဖန်ခဲ့ပါပြီ: