Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

တမ်းချင်း

မဂျစ်ပြောမှ သတိရတယ် ဘလောက်ဂါတွေ က တစ်ကမ္ဘာလုံးမှာဆိုတော့ အချိန်လေးတော့သတ်မှတ် ဖို့လိုတာ
ပေါ့နော် မြန်မာစံတော်ချိန်ကိုဘဲ စံသတ်မှတ်လိုက်ရင်ကော င်းမယ်နော် အားလုံးသဘောတူမယ်ဆိုရင်ပေါ့ နောက် မသန္တာကလည်းတိုင်ဝက်အလံလွှင့်ဖို့ တိုက်တွန်းထားတယ် ဘလောက်ဂါတွေထဲ က ဒီ ဇိုင်းလေးဆွဲပြီး အကူညီပေးရင် အတော်အဆင်ပြေမယ် ကျနော်က ဒီဇိုင်းသိပ်မရ လို့ ဗျ။ ဒီနေ့ဘဲ ဗိုလ်ချုပ်တို့ကိုဂုဏ်ပြုတဲ့ ကဗျာလေးတစ် ခါထဲတင်လိုက်ပါရစေနော်

တမ်းချင်း

အဲဒီနေ့ က
ရွက်စိမ်း (၉) ရွက်
လွင့်ပြတ်ကြွေခဲ့တယ်

စနေကောင်းကင်ကြီးက
ငိုကြီးချက်မနဲ့
မျက်ရည် ဖြိုင်ဖြိုင် ကျခဲ့တယ်

ကြာတော့လည်းကြာခဲ့ပါပြီ
ဒါပေမယ့် ဒါပေမယ့်ပေါ့လေ
မီးကျိုးမောင်းပျက် စနေ
အကျည်းတန်ခဲ့ဖူးတဲ့ စနေ
အထီးကျန်အလွမ်းတွေနဲ့ စနေ
ငါတို့မေ့မရသေးတဲ့ စနေ
ငါမတွေ့လိုက်ရတဲ့ စနေနဲ့ငါ
ဆုတောင်းလိုက်ပါသည်
ထိုရွက်စိမ်း များ
ကောင်းရာ သုဂတိလားပါစေ
ကောင်းရာသုဂတိလားပါစေ.............

2 ဝေဖန်ခဲ့ပါပြီ:

    On July 16, 2007 at 6:58 PM Anonymous said...

    အာဇာနည်တွေ ကောင်းရာပဲ သွားကြမှာပါဗျာ...

     

    ကိုဝေရေ ၊ ကိုရန်အောင်မှ “အာဇာနည်နေ့ဆိုတာကို မေ့မေ့ပျောက်ပျောက် ဖြစ်အောင် အလုပ်ခံထားရတဲ့ အခြေအနေမှာ မျိုးချစ်ဘလော့ဂါများက မိမိတို့ သိသမျှတတ်သမျှနဲ့ ငုပ်လျှိုးကွယ်ပျောက်လု ဖြစ်နေတဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို နှိုးဆော်ထုတ်ဖော်ရင်း ဘလော့ဂါများက မိမိတို့ရေးထားတဲ့ ပို့စ်လေးများကို ဖြစ်စေ၊ အသစ်ရေးသားပြီး ပို့စ်လေးများကို ဖြစ်စေ တစ်နေရာတည်းမှာ စုစည်းဖော်ပြဖို့ အစီအစဉ်” လေး လုပ်ထားတဲ့ ဘလော့ ဂ်လေးထဲ ဒီကဗျာလေး ပါသွားရန် အလို့ ငှာ mail address နဲ့ ဘလော့ address လေးသွားထည့် ပေးပါလား
    http://www.weunite-weblog.blogspot.com/
    http://yanaung.blogspot.com/