Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

ပန်ကြားလွာ(၂)

အားလုံးသော ဘလောက်ဂါ ရောင်းရင်း အပေါင်းသင်းတို့ရေ အာဇာနည်နေ့တုန်းက အာဇာနည်များကိုဝိုင်းဝန်း အလေးပြုခဲ့ ကြပြီး ဘလောက်ဂါတွေ ရဲ့ စည်းလုံးမှု ကိုဖော်ပြနိုင်ခဲ့ မှုဟာဝမ်းသာ စရာ အင်မတန်တန်ကောင်းပြီး ချစ်စရာအင်မတန်ကောင်းတဲ့ အဖြစ်ကလေးပါ ဘဲ အာဇာနည်နေ့ ပြီးတော့ လည်းမကြာခင်မှာ ဘလော့ဂ်ဒေး ကို ရောက်တော့မှာဖြစ်သလိုကျနော်တို့မြန်မာပြည်တွင်က ဘလောက်ဂါတွေ စုပေါင်းပြီးတော့ MICTမှာဟောပြော ပွဲလုပ်ဖို့လည်းကြိုးစားနေကြတယ်လို့ ကြားရတယ်ခင်ဗျ ။ ဟောပြောပွဲဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ ဘ လော့ဂ် ဂါတွေရဲ့ ကြိုးပမ်းမှုကိုတော့ ကျနော့် အနေနဲ့ အသိမှတ်ပြုသလို အခြားသော ရောင်းရင်းတွေ လည်းအသိမှတ် ပြုကြမယ်လို့ ထင်ပါတယ်။ ကျနော်အနေနဲ့ ကျနော့်ရဲ့အရည်ချင်းမပြည့်ဝမှုကြောင့် ယင်းပွဲ ကိုကူညီပံ့ပိုးနိုင်မှုမရှိချင်မှလည်းရှိမယ်။ သို့သော်လည်းပဲ ကမာ့္ဘဘလော့ဂ်ဒေး ကိုဂုဏ်ပြုသည့်အနေနှင်ကျနော်
တို့ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ ဘလောက်ရေးဖြစ်ကြတယ် ဘယ်လိုခံယူချစ်မျိုးနဲ့ဘလော့ဂ်ရေးဖြစ်ကြတယ် ဆို တာ လေးကို အသီးသီးဝေမျှလိုက်လိုရှိရင် ကျနော်တို့ ဘလော့ဂ်ဂါတွေပိုများနွေးထွေးတဲ့ ပါတ်ဝန်းကျင်လေး တစ် ခုကိုများ ဖန်းတီးနိုင်မလားလို့ စဉ်းစားမိတယ် ခင်ဗျ။

ဒီပိုစ့်နဲ့ပါတ်သက်ပြီးကျနော်အနေနဲ့ အမှားအယွင်းရှိရင်အားလုံးကိုတောင်ပန် သလိုဝေဖန်ဆရာ ထောက်ပြစရာ ရှိရင်တော့ အားလုံးကိုဝေဖန်အကြံပေးစေလိုပါကြောင်းအကယ်၍အပန်းမကြီးဘူးဆိုရင်တော့

(၁) ကိုကဒေါင်း
(၂) ကိုရဲမွန်
(၃) မယ်လိုဒီမောင်
(၄) အိမ်ခြံမြေ
(၅) ညလေး
တို့ကိုအရင်ဆုံးပြောပြစေလိုကြောင်းပါခင်ဗျာ.......................

5 ဝေဖန်ခဲ့ပါပြီ:

    On July 22, 2007 at 9:54 AM Anonymous said...

    ဦးဝေကတော့ လုပ်ပီ အချွန်နဲ့မထားတယ်... ဒါပေမယ့် ကောင်းပါတယ်... အင်း ရေးဖြစ်တာကတော့............... ပို့စ်တင်ရင် လာဖတ်လိုက်ပါလို့။ :P

     

    ဟုတ်ပ။ ဒီ ကံစမ်းမဲကလည်း မထိုးပဲနဲ့ ပေါက်နေပါရော့လား။
    ဒါနဲ့ ဘလောက်ဂါနေ့ က ဘယ်နေ့တုန်းဗျ။ မနှစ်က ဒီအချိန် ကျွန်တော် ဘလောက်ဂါ မဖြစ်သေးဘူး။။

     

    ရေးသားပြီး ဖြစ်ကြောင်း သတင်းပို့အပ်ပါသည်။

     

    ကောင်းပါတယ် ရေးမယ်လေ ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ ဘလောက်ရေးဖြစ်ကြတယ် ဘယ်လိုခံယူချစ်မျိုးနဲ့ဘလော့ဂ်ရေးဖြစ်ကြတယ် ဆို တာ လေးကို အသီးသီးဝေမျှလိုက်လိုရှိရင်ဘယ်လိုပြောမလဲ သူများတွေရဲ့ အမြင်နဲ့ မှတ်ချက်လေးတွေလဲ သိရတော့ ရင်းနှီးနွေးထွေးတဲ့ အပြင် အဓိပ္ပါယ်ပိုရှိလာတော့ ပေါ့ နော်ဘာညာ သာရကာ နေကြာ ကွာစိ ရေးမယ် ဒါပေသိ ခဏစောင့် ပါနော်

     

    ကိုဝေရေ ကျွန်တော် ရေးပြီးကြောင်း လာရောက် အကြောင်းကြားပါတယ်ခင်ဗျာ။

    http://kadaung.blogspot.com/2007/08/blog-post_06.html