ဘာကြောင့်ဘလောက်ရေးသလိုဆိုတာကို ကျနော်လည်းပြောရမယ်ဆိုပြီး တီတီညလေးက လာလာပြောနေ တော့ ကျနော်လည်းမလွှဲသာ မရှောင်သာရေးရတော့မှာ ပေါ့နော် အင်းကျနော်က လည်းလူများ ကိုသွားဂျောက် ချတာကို ဒီတော့ ကျနော် ပုံပြင်လေးတစ်ပုဒ်ပြောပြမယ် နော်

တစ်ခါတုန်းကတော့ဗျာ ပေကုန်းရွာနဲ့ ထန်းတောရွာဆိုတဲ့ ရွာနှစ်ရွာ ရှိသတဲ့ တစ်နေ့တော့ ပေကုန်းရွာ သူကြီးက ထန်းတောရွာသူကြီးကိုစာလှမ်းရေးတယ် ဗျ။
“ ထန်းတောရွာ သူကြီးမင်းခင်ဗျာ ကျနော် လေးစားစွာစာရေးလိုက်ပါတယ် ကျနော်တို့ရွာ နှစ်ရွာ ရဲ့ ခင်မင်ရင်းနှီး မှုလည်းပိုမို ခိုင်မြဲ အောင်ကျနော်တို့ရွာနှစ်ရွာ ချစ်ကြည်ရေးဘောလုံးပွဲကန်ကြရအောင်” ပေါ့နောက်သူ့ အနေနဲ့ ဘောလုံးကွင်းပြင်ဆင်ထားမည့်အကြောင်း ဘယ်နေ့ ဘယ်နေ့ မှာ ဘောလုံးကစားမယ့်လူတွေကိုခေါ်ခဲ့ ဖို့ပေါ့ စာထဲမှာ အဲဒါမျိုးတွေပေါ့လေ

စာကိုလည်းဖတ်ပြီရော ထန်းတောရွာသူကြီးက အတော်စိတ်ညစ်ပါတယ် ဘာလို့လဲဆိုတော့ ထန်းတောရွာ သူကြီးက သူ့တစ်သက်မှာဘောလုံးကန်တယ်ဆိုတာကို ဘယ်တုန်းကမှ မမြင်ဖူး ပါဘူး ဒီတော့ နဲနဲ လည်လည် ၀ယ်ဝယ်ရှိမယ့် ရာအိမ်ခေါင်းငမှုံကိုခေါ်လိုက်ပါတယ် ပြီတော့ မှ ထန်းတောရွာသူကြီးက ဒီမှာကွာ ဟိုဘက်ရွာ ကပေကုန်းရွာသူကြီး ရေးလိုက်တဲ့စာ ဘာမှန်းလည်းမသိဘူး စာထဲမှာ ဘောလုံးကန်တယ်ဆိုတာလဲပါတယ် လူ ၁၁ ယောက်ခေါ်ခဲ့ ရမယ်ဆိုတာလဲပါတယ် ဒီတော့ ငမှုံ က သူကြီး ဘောလုံးကန်တယ်ဆိုတာရှိတယ်သူကြီး ကျနော်သိတယ် အေးအဲဒါဆိုရင်လုပ်စမ်းပါကွာ ဆိုတော့ ရတယ် ဒါကို ကျနော်စီစဉ်လိုက်မယ်ဒါပေမယ့် အဲဒီနေ့ကျရင်တော့ သူကြီးပါလိုက်ခဲ့ နော် အေးပါ ကွာ လုပ်စမ်းပါဆိုတော့

ငမှုံက ရွာထဲက လူငယ်တွေကိုစုဘောလုံးကန်ဖို့ စီစဉ်ပြီးတော့ ပေကုန်းရွာသြူုကီးချိန်းတဲ့နေ့ရောက်တော့ သွားကန်တဲ့ အခါကျတော့ တစ်ဘက်တစ်ဂိုးစီနဲ့ သရေကျပါ တယ်

ဘောလုံးပွဲလည်းပြီးရော ပေကုန်းရွာသူကြီးက ကျှေဇူးတင်စကားပြောပါတယ် ထန်းတောရွာသူကြီးဦးဆောင်တဲ့
ဘောလုံးသမားအဖွဲ ဟာဆိုရင်ဖြင့် သန့်သန့်ရှင်းရှင်းနဲ့ ကစားသွားတာ အားရကျေနပ်စရာကောင်းကြောင်း ဒီလို ကစားပွဲတွေကနေ ရွက်ပုန်းသီးလူငယ်လေးတွေထွက်လာပြီး တိုင်ပြည်ဂုဏ်ဆောင်အားကစား သမားတွေမပေါ် ထွက်လာဘူးလို့ မပြောနိုင်ကြောင်း စသဖြင့်ပြောပြီတော ထန်းတော့ရွာသူကြီးကိုလည်းကျှေဇူးတင်စကားချီးမြင့် ပါဦးဆိုတော့

ထန်းတောရွာသူကြီးက စင်ပေါ်ကိုတက်လာပြီး
“ကျနော်အတော်စိတ်မကောင်ဖြစ်ပါတယ် ကျနော်တသက်မှာ ဘောလုံးတစ်လုံးကိုလူ ၁၂ ယောက် ၀ိုင်းလုတဲ့ဟာတစ်ခါမှမတွေ့ဖူးပါဘူး နောင်နှစ်များမှာတော့ တစ်ယောက်ကိုဘောလုံးတစ်လုံး စီမတက်နိုင်ရင် တောင် မှ နှစ်ယောက်ကိုဘောလုံးတစ်လုံးလောက်ဖြစ်အောင်ကြိုးစားပါ့မယ်လို့ ကတိပေးပါတယ်ခင်ဗျ လို့ပြောရင်နဲ့နိဂုံးချုပ်လိုက်ပါသတဲ့

အဲဒီလိုဘာမှန်းညာမှန်းမသိစွတ်ရွတ်ပြောတက်တဲ့လူတွေရဲ့ အကြောင်းကို ဘလောက်ရေးချင်ပါကြောင်း-----

2 ဝေဖန်ခဲ့ပါပြီ:

    On July 30, 2007 at 7:09 PM Anonymous said...

    အင် ဘာ့ကြောင့် ဘလော့ဂ်ရေးလဲ တင်ခိုင်းတာ ကောင်းကောင်းရေးဘူး လာနောက်နေတယ်။ ဒုတိယပိုင်းမှာ ပါအောင်ရေးပါ ဒါပဲ..

    ဘာပဲပြောပြောရီရတယ်။ ဘောလုံးက တစ်ယောက်ကို တစ်လုံးစီ ပေးလိုက်ရင် ပိုကြည့်ကောင်းသွားမယ်။ ဟုတ်သားပဲ တစ်သင်းကို ၁၁ ယောက်နဲ့ ဘောလုံးက တစ်လုံးတည်းပေးထားတော့ ခင်မျာတွေ မောရှာမှာပဲနော်... ဘောလုံးနောက် ပြေးလိုက်နေရလို့လေ..

    တစ်ယောက် တစ်လုံးစီ ကန်တဲ့ချိန်ကျရင် ဦးဝေက ဒိုင်လုပ်.. :P ဟားး ဟားးးးးး

     

    ဟာသလေးကရီရပါတယ်။ မိမိလေးစားရတဲ့ လူတွေအကြောင်းကိုလည်း တစ်ခြားလူတွေအတုယူရအောင် ဝေငှပေးစေချင်တယ်။