တီတီ ညလေးက ဒုတိယပိုင်းမှာ ဘာကြောင့် ဘလောက်ရေးရတယ်ဆိုတာလေးကို ထည့်ရေးပေးပါဆိုတာနဲ့ ကျနော်လည်းဘာကြောင့် ဘလောက်ရေးဖြစ်တယ်ဆိုတာလေး နဲနဲပြောမယ်နော်

ရေးဖြစ်တာကတော့ ရိုးရိုးလေးပါဘဲ။ ကျနော်တို့ ကလူသားတွေလေ လူဆိုတာချစ်တတ်တယ် ..မုန်းတတ်တယ်.. ပြီးတော့ ပါတ်ဝန်းကျင် ကြောင့်.. အချစ်ကြောင့်.. တစ်စုံတစ်ရာသောအကြောင်းတွေကြောင့် လူသားသန်းပေါင်းများစွာတို့ရဲ့နုနယ်လှတဲ့ နှလုံးသားလေးတွေဟာ ခပ်ပါးပါးလေးကွဲအက်နေတက်တယ် ဆိုတာ ကျနော်ပြောစရာတောင်လိုမယ်မထင်ဘူးနော် .......အဲဒီထဲကမှ တစ်ချို့ဒဏ်ရာလေးတွေကပျောက်သွားတယ်.. အမာရွတ်ကလေးတွေတော့ ကျန်ခဲ့တက်တာပေါ့နော်... တစ်ချို့ဒဏ်ရာလေးတွေကျတော့လည်း လတ်လတ် ဆတ်ဆတ်ကလေးတွေ ရှိနေတက်ကြပြန်ရော
ကိုဝေဆိုတဲ့ ငနဲဆီမှာလဲ လူသန်းပေါင်းများစွာနည်းတူ အထိခိုက်အပွန်းရှလွယ်တဲ့ နှလုံးသားတစ်စုံကို ပိုင်ဆိုင်ထားတယ်လေ......ကျနော်ရဲ့ ဘယ်ဘက်ရင်အုံအောက်က အထိခိုက်များစွာနဲ့ မှေးစက်နေသော
နှလုံးသားဆီသို့ ဦးနှောက်ဟူသောမိတ်ဆွေတစ်ယောက် အလည်ရောက်လာပြီး ယင်းဒဏ်ရာများအကြောင်း
ကိုမှတ်တမ်းတင်ရန် တိုက်တွန်းသောအခါ ကျနော်၏ ဘလောက်သတင်းစာတွင်...................

ကဲကဲ ဒုတိယပိုင်းလေးဆက်လိုက်ကြရအောင်နော်..............

တစ်ခါတုန်းက တောကြီးတစ်ခုမှာ ယင်ကောင်တစ်ကောင်ရှိတယ်တဲ့ ။ အဲဒီယင်ကောင်ကိုတောထဲမှာရှိတဲ့ ဘယ်
သတ္တ၀ါကမှ ဂရုမစိုက်ကြပါဘူး ။ သမင်တွေနားသွားရင်လည်း သမင်တွေက “သွားသွားမလာနဲ့” ခွေးအတွေနား သွားတော့လည်း မင်း ငါတို့နားမလာနဲ့ ဆိုပြီးတော့ ဘယ်ကောင်ကမှ သူ့ကိုအရေးလုပ်ပြီးမဆက်ဆံကြဘူးလေ.......

အဲဒီတော့ယင်ကောင်က စဉ်းစားတယ် ငါကိုဘာလို့ ဘယ်ကောင်မှဂရုမစိုက်တာလဲ ။ အော်.....ငါ့မှာ ပါဝါမရှိလို့။ ဒီတော့ပါဝါကို ငါလိုက်ရှာရမယ် ဆိုပြီး သူပါဝါကိုလိုက်ရှာပါတယ်။ အဲဒီမှာ ဘာသွားတွေ့လဲဆိုတော့ တောထဲမှာ သူပါဝါကို လိုက်ရှာနေတုန်း ကျားကြီးတစ်ကောင် အိပ်နေတာကို သွားတွေ့တယ်။ ဒီတော့သူက ယင်ကောင်ပြုံးလေးပြုံးလိုက်တယ်(ယင်ကောင်ပါဆိုမှနော်)
“တွေ့ပြီ ငါလိုချင်တဲ့ ပါဝါကို”
သူက ကျားရဲ့ ကိုယ်ပေါ်မှာနားလိုက် ...လက်ကလေးပေါ်မှာနားလိုက် .. ထပျံလိုက်... သိပ်လည်းကြာကြာ မနားရဲဘူး... နိုးလာပြီးလှမ်းဟပ်လိုက်မှာလည်းစိုးတာကို... နောက်တော့ ကျားခေါင်းပေါ်မှာနားပြီး ကျားနိုးတဲ့အထိစောင့်ပါတယ် ။ခဏနေလို့ ကျားလည်းနိုးရော “ အရှင်ကျားမင်း အရှင်ဟာ တောသုံးထောင်ကိုအပိုင်စားရတဲ့ ကျားမင်းဆိုတာကို တချို့ သတ္တ၀ါတွေက မယုံကြဘူး ။ ကျနော်မျိုးကြီးကတော့ ယုံတယ် ဘာလို့လဲဆိုတော့ အရှင်သာတစ်ချက် ဟိန်းဟောက်လိုက်မယ်ဆိုရင် ဘယ်သတ္တ၀ါကများအံတုရဲလို့လဲ အရှင့်ရဲ့ခြေရင်းမှာ ပြားပြားဝပ်ရတာဘဲမဟုတ်လား .....” ကျား က “ ဟ .. မင်းဘယ်သူလဲ ဘယ်ကနေစကားပြောနေတာလဲ” “ကျနော်မျိုးယင်ကောင်ပါအရှင်ကျားမင်း.. အရှင့်ရဲ့ခေါင်းပေါ်ကနေစကားပြောနေတာပါ ” “မင်းမဆိုးဘူး.. စကားပြောကောင်းတယ် မင်းကိုပီအေ ခန့်မယ်” အဲဒီလိုနဲ့ ကျားရဲ့ပီအေ ဖြစ်သွားတဲ့ယင်ကောင်ကို သမင်တွေကလည်းကြောက်ရပါတယ် ... ခွေးအတွေကလည်းကြောက်ရပါတယ် ... တခြားသတ္တ၀ါတွေကလည်းကြောက်ရပါတယ်... ဘာလို့လဲဆိုတော့ ကျားခေါင်းပေါ်ကယင်ကောင်ဖြစ်သွားပြီလေ......................

အဲဒီလိုနေရာယူတက်တဲ့လူတွေရဲ့ အကြောင်းကိုလည်းကျနော်ဘလောက်ရေးချင်ပါတယ်။

1 ဝေဖန်ခဲ့ပါပြီ:

    On August 5, 2007 at 10:21 AM Anonymous said...

    ဦးဝေ တယ် စကားပြောကောင်းပါ့လား ဒါ့ကြောင့် ကျားခေါင်းပေါ် တတ်ထိုင်နေနိုင်တာ ထင်ပါ့။ :P
    ဒါ့ကြောင့် ဘလော့ဂ်ရေးဖြစ်တယ်ပေါ့။ ရှဲ့ရှဲ့
    နှစ်ပိုင်း ခွဲတင်ပေးတဲ့အတွက် အပိုင်း (၃) ရှိသေးလား :D