ကျနော်တို့ဆီမှာပေါ့လေ .....သိပ်မကြာခင်ရက်ပိုင်း လေးတုန်က ဒီဇယ်ဈေးတွေ တက်သွားတယ်ပေါ့ ဒါတွေကို
ဘလောက်တွေပေါ်မှာလဲ အတော်လေးရေးကြတာ တွေ့ ရသားဗျ။ ဘလောက်တစ်ခုကဆိုရင် ဘာပြောသလဲဆို
တော့ ဒါဟာ Boiling frog effect လို ဖြစ်နေတယ် လို့တောင်ပြော ကြတယ်ဗျ။ ဘလော့ရှင် ဆိုလိုချင်တဲ့ သ
ဘော ကတော့ ဗျာ တဖြည်းဖြည်းနဲ့ ဖားလေးတွေဟာ ရေပူမှန်းမသိပူလာပြီး သေသွားရသလိုမျိုးလို့ ဆိုလိုချင် ပုံရတယ်ဗျ။
ဒါပေမယ့်ပေါ့ဗျာ လက်ရှိအခြေအနေနဲ့ ဒီသီအိုရီကသိပ်မဆိုင်ဘူးလို့ ကျနော်တော့ထင်တယ်ဗျ။ ဘာလို့ လဲ ဆိုတော့ Boiling frog effect ဆိုတာက တဖြည်းဖြည်းနဲ့ ပြောင်းလဲသွားတဲ့ အဖြစ်မျိုးကို ဆိုလိုချင်တာ ကို
အခုကြုံတွေ့ရတဲ့ဟာက လျှပ်တပြက် ဖြစ်သွားတာလေ ။ (ဆက်မရေးခင်ပြောချင်တာက ကျနော် နိုင်ငံရေး သမား မဟုတ်ပါ ဒါကြောင်းယင်ကိစ္စကို နိုင်ငံရေးအရ ဝေဖန်ခြင်း မဟုတ်ပါ တွေးမိတာလေးနဲ့ အဆင်ပြေနိုင်တာ လေးကို စဉ်းစားပြီးပြောကြည့်ခြင်းပါ) ။
နောက်ပြီးပေါ့လေ ဓာတ်ဆီဈေးတက်တဲ့ ဟာကိုပေါ့ ဘယ်သူတွေက လက်ခံသည်ဖြစ်စေ လက်မခံသည် ဖြစ်စေ ကျနော့်အနေနဲ့ကတော့လက်ခံနိုင်တယ်... ဘာလို့လဲဆိုတော့ ဓာတ်ဆီဈေးကိုပေါ့လေ ကမာ့္ဘ ပေါက် ဈေးထက် လျှော့ချပြီး ရောင်းနေတာဟာ တိုင်းပြည်အတွက်အရှုံးပေါ်နေပြီး ဒီင်္လိုဈေးလျှော့ရောင်းခြင်းအား ဖြင့် လူထုတစ်ရပ်လုံးအတွက် အကျိုးရှိနေတာမဟုတ်ဘဲ လူတန်းစားတစ်ခုအတွက်ဘဲ အကျိုးရှိနေတဲ့ သဘော ရှိတယ် ။ အနည်းဆုံးတော့ဗျာ ကားစီးနိုင်တဲ့ လူတန်းစားအတွက်ဘဲ အကျိုးရှိနေတယ် ။ ကားတစ်စီးကို ဂါလံ (၆၀) ပေါ့ အစိုးရက ပေါက်ဈေးထက်လျှော့ချပြီးထုတ်ပေးတယ်။ တကယ်တော့ ဂါလံ (၆၀) ကုန်အောင်သုံးတဲ့ ကားကနည်းတယ်လေ ။ ဒီတော့ပိုတဲ့ဓာတ်ဆီကိုပြန်ရောင်းတော့ မှောင်ခိုဈေးကွက်ဖြစ်လာရော။ အခုပေါ့လေ အစိုးရကတက်လိုက်တဲ့ ဓာတ်ဆီဈေးက အပြင်ပေါက်ဈေးလောက်တောင်မရှိသေးဘူးလေ ဒီတော့ ဓာတ်ဆီဈေး တက်တဲ့ဟာ လက်ခံနိုင်စရာရှိပါတယ်။
ဒါပေမယ့်ပေါ့ဗျာ ဓာတ်ဆီဈေးကိုပေါ့ ရုတ်တရက်ထိုးတက်လိုက်တဲ့ အခါကျတော့ နည်းနည်းတော့ ရိုက်ခက် သွားတာပေါ့ ဘယ်လိုရိုက်ခက်သွားသလဲဆိုတောTransportation cost တွေတက်သွားတယ် ဒီရိုက် ခတ်မှုနဲ့ တပြိုင်နက် transportation cost တက်တော့ ကုန်ဈေးနှုန်းတွေတက်လာမယ် ဒီတော့ဘာတွေ ဆက်ဖြစ်လာသလဲဆိုတော့ Inflation (ငွေကြေးဖောင်းပွမှု) ဖြစ်လာမယ် Inflation ဟာ စီးပွားရေး လုပ်ငန်းရှင်တွေအတွက်ခုသာခံသာရှိအောင် ကိုင်တွယ်လို့ရနိုင်ပေမယ့် ၀န်ထမ်းပေါ့ ( ကုမ္ပဏီ၊ အစိုးရ ) သူတို့ အတွက်မှာတော့သွားရေးလာရေးကအစ ကုန်ကျစရိတ်တက်သွာတယ် ၀င်ငွေထွက်ငွေ မမျှတာတွေဖြစ် နိုင်တယ် စီပွားရေးလုပ်ငန်းဆိုတာတောင် Small business တွေဆိုအထိနာနိုင်တယ် Inflation ဖြစ်လာတော့ Investment ပိုလုပ်ရမယ် ဒီတော့ အရင်းနှီးကို ထပ်မဖြည့်နိုင်ရင် လုပ်ငန်းလည်ပတ်မှု နှေးကွေးသွားမယ့် သဘောရှိတယ်။ ဒီတော့ အခြေခံကျတဲ့ လောင်စာဈေးနှုန်းပြောင်းလဲမှုဟာ င်္စီးပွားရေးဖြစ်စဉ်တစ်ခုလုံးကို ရိုက်ခက်တဲ့သဘောရှိတယ် Domino effect လို့ဘဲ ဆိုရမယ်နဲ့ တူတယ်နော်။ ဒါပေမယ် ဆူနာမီ effect ဗျ ချက်ခြင်းဖြစ်သွားတော့ဘာ လုပ်လို့လုပ်ရမှန်းကိုမသိဘူးဖြစ်ကုန်တာပြီးတော့ ဒီ wave ကြောင့် အားလုံး Shock ရသွားတယ်လေ။
ဒီတော့ ဓာတ်ဆီဈေးတက်တာဟာ မကောင်းသလို ဖြစ်နေတယ်။ တကယ်တော့ ဒီလိုလေးတွေ ဆိုရင်တော့ ပို
အဆင်ပြေနိုင်မလားလို့ပါ နော် အားလုံးဆွေးနွေပေးပါ ဘာလို့လဲဆိုတော့ ကျနော့်ထက် စီးပွားရေး သဘောတရားကိုကျွမ်းကျင်သူတွေရဲ့အမြင်လေးတွေကိုလိုချင်လို့ပါ
ကျနော်ကတော့ ဒီလိုကုစားချင်တယ် ဗျ ...........
(၁) အိမ်စီးကားနဲ့ လိုင်းကားတွေ အတွက် ဈေးနှုန်းနှစ်မျိုးပြောင်းလဲသတ်မှတ်လိုက်မယ်ဆိုရင်ပေါ့ နေ့စဉ်ခရီးသွားလာနေကြတဲ့ ကျနော်တို့လိုပြည်သူတွေ အတွက်လည်းအသက်ရူချောင်း တိုင်ပြည်လည်း ၀င်ငွေတိုးပေါ့ ....
(၂) အိမ်းစီကားတွေကို ထုတ်ပေးနေတဲ့ ဂါလံ (၆၀) ကတကယ်တော့ မကုန်ကြဘူးဗျ ဒီတော့ ပိုတဲ့ ဆီကိုရောင်းစား ကြတယ် ဒီတော့ကြားခံမှောင်ခိုဈေးကွက်ပေါ်လာတယ် မှောင်ခိုကနေမှ တကယ့်စားသုံးသူ လက်ထဲကိုရောက်ရတယ် ဒီတော့အိမ်းနီးနားချင်းနိုင်ငံတွေရဲ့ လောင်စာပေါက်ဈေးနဲ့ တွက်ပြီးလို သလောက် ရောင်းပေးလိုက်ရင် မှောင်ခိုဈေးကွက်လည်းပျောက် စားသုံးသူလက်ထဲလည်း တိုက်ရိုက်ရောက် တိုင်းပြည်လည်း ၀င်ငွေတိုး ဈေးနှုန်းလည်းတည်ငြိမ်မယ် ဘာလို့လဲဆိုတော့ အစိုးရက ဒီဇယ်ဈေး မတက်ခင်ကကိုဘဲ အပြင်မှာ က ၃၂၀၀ လောက်ပေါက်တာကို ၃၀၀၀ နဲ့သာ လိုသလောက်ရောင်းပေးနိုင်ရင် ဈေးနှုန်းငြိမ်တာပေါ့အရင်ထဲကိုက ကုန်စည်သယ်ယူပို့ဆောင်ရေးနဲ့ ဟိုင်ဝေးခရီး သွားလုပ်ငန်းတွေက အပြင်ဆီပေါက်ဈေးနဲ့ယူထားကြတာဆိုတော့ လိုသလောက်သာရောင်းနိုင်ရင် transportation cost လည်းမတက် တိုင်ပြည်ဝင်ငွေလည်းတိုးပေါ့နော်....
နောက်ဆရာကြီး ဒေါက်တာခင်မောင်ကြည် ပြောသလိုပေါ့လေ အစိုးရက ပညာရှင်တွေအနေနဲ့ Inflation ကို
ုထိန်းနိုင်အောင် ဒီလိုဆုံးဖြတ်မှုမျိုးကို လုပ်တာဆိုရင် အထက်ပါနည်းလမ်းများနှင့်ကုစားလိုက်မယ်ဆိုရင် Inflation ကို အလိုလျှောက်ထိန်းနိုင်သွားလိမ့်မယ် သေချာတယ် ဗျာ။ လောလောဆယ်ကားဈေးတွေ ပြုတ်ကျသွားမယ် ကာဝယ်ပြီး Invest မလုပ်တော့ဘူး ဒါဆိုဒီကထွက်လာတဲငွေတွေဟာ တခြား စီပွားရေးလုပ်ငန်းတွေအပေါ်ကို flow ဖြစ်သွားမယ်ဒီတော့ ငွေကြေးလှည့်ပါတ်မှုကောင်းလာမယ် ဒါဆိုရင် ငွေသေတွေက နေ လုပ်ငန်းတွေမှငွေရှင်တွေအနေ နဲ့ လှည့်သွားရင် ငွေကြေးဖောင်းပွမှု ပြဿနာတွေလည်း ပြေလည်နိုင်တယ် လို့ထင်ကြောင်း.....
ယင်းသုံးသပ်ချက်များမှာ လက်တလောအခြေနေပေါ်တွင်မှီတည်ပြီး သုံးသပ်ထားခြင်းဖြစ်ပါသဖြင့် အမှား မှန်ကို
ကျနော့်အနေနဲ့ သေချာစွာ မပြောနိုင်ကြောင်း ဒါကြောင့်အားလုံးဝိုင်းဝန်းဆွေနွေးခြင်းဖြင့် ယင်း ဆူနာမီ effect အတွက် အကောင်းဆုံး ကုစားနည်းလေးကို
ရနိုင်စေရန်ရည်ရွယ် ကာ ရေးသားခြင်းသား ဖြစ်ပါသည်.................

10 ဝေဖန်ခဲ့ပါပြီ:

    ဘာမှ အားကိုးပြီး လာရှင်းပြနဲ့ စခန်းရောက်မှ ရှင်း ငှက်ငှက်ငှက် အဟီး စတာ
    “ဓာတ်ဆီဈေးတက်တဲ့ ဟာကိုပေါ့ ဘယ်သူတွေက လက်ခံသည်ဖြစ်စေ လက်မခံသည် ဖြစ်စေ ကျနော့်အနေနဲ့ကတော့လက်ခံနိုင်တယ်...”
    လက်ခံရင်တော့ လေသဲပဲ သူကကိုယ်ပိုင်ကားစီးနိုင်လို့ ဒွတ်ခမရောက်ဘူးထင်ပါရဲ့
    “ဒီတော့အိမ်းနီးနားချင်းနိုင်ငံတွေရဲ့ လောင်စာပေါက်ဈေးနဲ့ တွက်ပြီးလို သလောက် ရောင်းပေးလိုက်ရင် မှောင်ခိုဈေးကွက်လည်းပျောက် စားသုံးသူလက်ထဲလည်း တိုက်ရိုက်ရောက် တိုင်းပြည်လည်း ၀င်ငွေတိုး ဈေးနှုန်းလည်းတည်ငြိမ်မယ်”
    အဲဒါကတော့ ပုံလာလာပြောတိုင်းယုံလို့ ထင်တာပဲ ငှက်ငှက်ငှက် အဲဒါတွေကို မသိတာမှ မဟုတ်တာ အိပ်ချင်ယောင်ဆောင်နေပါတယ်ဆို တူကလဲ တညိုး
    “(၁) အိမ်စီးကားနဲ့ လိုင်းကားတွေ အတွက် ဈေးနှုန်းနှစ်မျိုးပြောင်းလဲသတ်မှတ်လိုက်မယ်ဆိုရင်ပေါ့ နေ့စဉ်ခရီးသွားလာနေကြတဲ့ ကျနော်တို့လိုပြည်သူတွေ အတွက်လည်းအသက်ရူချောင်း တိုင်ပြည်လည်း ၀င်ငွေတိုးပေါ့ ....”
    အဲလိုမိုး ဘယ်နိုင်ငံမှာရှိလဲ ဒီမိုကရေစီ မဆန်လိုက်တာ ခွဲခြားခွဲခြားနဲ့


    ချိတ်မချိုးနဲ့ ဆွေးနွေးဆိုလို့ ၀င်လာလျှာရှည်တာပါ (အမြင်မတူတာတော့ တတ်နိုင်ဘူးနော်)

     

    အမြဲလာပါတယ် ကိုဝေသတင်းစာရယ်.. ကော်မန့်နဲ့ဆီပေါက်မှာသာ မအော်ခဲ့မိတာပါ. မြန်မာဘလော့ အခု ၁၀၀ ကျော်ကို လက်လှမ်းမှီသလောက် ၀င်ဝင်ဖတ်ဖြစ်ပါတယ်။

    ဒီလိုလေး အဆင်ပြေမလား ဆိုတော့.. ဖားသားလဲ မစားတဲ့အတွက် ဖားက ဖြည်းဖြည်းချင်း နွေးလာတဲ့ ရေကြောင်း သေတာလား.. ဘာကြောင့် သေတာလဲ ဆိုတာတော့ မသိဘူး..ဟီး.. ဘယ်လိုသေတယ်ဆိုတာ ဖားသေကြီးတွေပဲ သိမှာပေါ့နော်..း)

    ဓာတ်ဆီဈေး ဂက်စ်ဈေးတွေ တက်တာကလည်း ဘာကြောင့်ဆိုတာ မသိဘူး။ အိမ်မှာ နွားလှည်းကလွဲလို့ ဆီထည့်ရတယ်ဆိုလို့ ဟင်းကြော်တဲ့ ဒယ်အိုးပဲရှိလို့လေ.. နောက် မီးသွေးနဲ့ ထင်းပဲ သုံးတော့ ဂက်စ်လဲ သိဘူး.. ဟီး..နောက်တာနော်... အမြဲလာလည်ပါတယ်။

     

    ကိုဝေ့စဉ်းစားမိသမျှတင်ပြပေးတာလဲကောင်းပါတယ်။ဒါပေမယ့်…….

    ဓာတ်ဆီဈေး နှစ်မျိုးသတ်မှတ်တာ က ဆေးမြီးတိုနည်းလမ်းပါ။ရေရှည်မှာအလုပ်ဖြစ်မည်မဟုတ်ပါ။
    ကျွန်တော့်ရဲ့ စွမ်းအင်ပို့ (စ)တွေ ဖြစ်တဲ့ ထိုင်း၊တရုတ်၊အိန္ဒိယတို့ ကိုရောင်းစားတဲ့ မြန်မာ့လောင်စာပမာဏတွေကို လာဖတ်စေချင်ပါတယ်။LDC တင်ဟုတ်ရိုးလား ပို့ (စ) မှာလဲ စီးပွားရေးအင်တာပရိုက်(စ)တွေအရှုံးပေါ်အောင်လုပ်လို့ တိုင်းပြည်စီးပွားရေးကျရဲ့ တဲ့အကြောင်းသုံးသပ်ပြခဲ့ပါတယ်။
    အရင်တစ်ခါ ဓာတ်ဆီဈေး ၁၅၀၀ တင်လိုက်ထဲက နောက်တစ်ခါ ပြည်ပပေါက်ဈေးအတိုင်းတိုက်ရိုက်တင်တော့မယ်လို့ ကျွန်တော်တွက်ခဲ့ပြီးသားပါ.။ ဦးကျော်ဆန်းလဲအရင်တစ်ခါသတင်းစာရှင်းလင်းပွဲမှာ အရိပ်အမြွတ်ပြောသွားခဲ့ပါတယ်။

    ခက်တာက မြန်မာပြည်ရဲ့ လူတစ်ဦးချင်းဝင်ငွေနဲ့ ထိုင်းကလူတစ်ဦးချင်းဝင်ငွေလဲမတူပါ။
    တပြည်လုံးကိုယ်ပိုင်ကားစီးနိုင်တဲ့အချိုးနဲ့ အများပြည်သူ စီးနေတဲ့ယာဉ်အချိုးကအဆမတန်ကွာပါတယ်။ ဆိုပါတော့ တပြည်လုံး၂၀%ပဲကိုယ်ပိုင်ကားစီးနိုင်တယ်လို့ ။
့ပြည်သူတွေသုံးနေရတဲpublic transport ကုန်စည်စီးဆင်းနေတဲ့ ယာဉ်တွေအတွက် ၆၀ကျပ်နဲ့ ဆက်ရောင်းပေးနေရင်လဲ ၈၀% အရှုံးပေါ်နေဦးမှာပါပဲ.

    နိုင်ငံစီးပွားရေး ကျဆင်းတဲ့၆၀% ဟာ အစိုးရ အင်တာပရိုက်(စ)တွေ အရှုံးပေါ်နေတာ ကြောင့်ပါ။ အဲဒိထဲမှာဒီဓာတ်ငွေ့ နဲ့ စွမ်းအင်အင်တာပရိုက်(စ) က ပြည်ပပို့ ကုန် ကနေ ၀င်ငွေ အများဆုံးပါ။ သဘာဝဓာတ်ငွေ့ ထွက်နေတဲ့မြန်မာနိုင်ငံ က၁၀၀% ကို ထိုင်းကိုရောင်းတယ်။ Natural Gas နဲ့  Crude Oil တွေ ကို Liquefied Petroleum Gas နဲ့ ဓာတ်ဆီကုန်ချောတွေကို မထုတ်နိုင်တော့ ပြည်ပကနိုင်ငံခြားငွေနဲ့ တင်သွင်းရတယ်။ မြန်မာနိုင်ငံက မိအေးနှစ်ခါနာဖြစ်သွားပြီ.။ အကောင်းဆုံးဖြေရှင်းရမယ့်နည်းလမ်းက ကိုယ်ပိုင်သယံဇာတနဲ့ ကိုယ်ပိုင်ကုန်ချော ထုတ်နိုင်ရမယ်။ ပြည်တွင်းလောင်စာဖူလုံမှ ပြည်ပတင်ပို့ ဖို့စဉ်းစားရမယ်။ ပြည်ပရောင်းလို့ ရတဲ့ဝင်ငွေတွေကလဲပြည်သူ့ လက်ထဲတစ်ကယ်မရောက်ဘူး။အများပြည်သူအတွက်မသုံးဘူး။
    ကျွန်တော်တို့ နိုင်ငံမှာ အမြော်အမြင်ရှိတဲ့ အုပ်ချုပ်သူခေါင်းဆောင် တွေအမြန်လိုအပ်နေပါပြီ။

    Mg Yin

     

    ဗမာပြည်မှာ နောက်ထပ်ထိုင်းကPTTဓါတ်ငွေ့သိုက်တွေ့တယ်။ ဒါပေမယ့် ပြည်သူပြည်သားတွေမသုံးရဘူး။ တိုင်းပြည်မှာ လောက်လောက်ငင ဖြန့်ဖြူးပြီးမှ ပိုလျှံလို့ ထုတ်ရောင်းတယ်ဆိုရင်တော့ တစ်မျိုးပေါ့။ အခုဟာ က တိုင်းပြည်မှာ လောက်လောက်ငင မဖြန့်ဖြူးပဲ။ ထွက်သမျှကို ပဲ အပြင်ကို ဒေါ်လာမက်ပြီး၊ (ကိုယ့်ပိုက်ဆံလိုပဲ တိုင်းပြည်ပိုက်ဆံလို့ သူတို့က မမှတ်ကြပါ) ရှိသမျှကို ထုတ်ရောင်းတဲ့ အခါကြတော့၊ ပြည်တွင်းမှာ မလောက်မင တွေ ဖြစ်ကုန်တာပါ။ ကုစားစရာနည်းလမ်းက တစ်နည်းပဲရှိပါတယ်။ ပြည်တွင်းမှာ အဖိုးနှုန်းချိုသာစွာနဲ့ လောက်ငအောင် ဖြန့်ဖြူးဖို့ပါပဲ။ နောက်တစ်ခု ပြောချင်တာကတော့ ကျနော် အခုရောက်နေတဲ့ bangkok တစ်ခုလုံး မီးရနေတဲ့ ဟာက ဗမာပြည်က ပေးတဲ့ CNG နဲ့ လည်ပတ်နေတာဖြစ်ပါတယ်။ ဘယ်လောက်ရင်နာဖို့ကောင်းသလဲဆိုတာပါ။

     

    ဘာပြန်ပြောရမှန်းကို မသိဘူး …
    ဈေးနှုန်းတွေကို နိုင်ငံတကာအတိုင်းတိုးပါတယ်လို့ပြောချင်ရင် … လူတစ်ဦးချင်းစီရဲ့ဝင်ငွေကိုလဲ နိုင်ငံတစ်ကာအတိုင်းရကြရဲ့လားဆိုတာကို လေ့လာဖို့လိုပါတယ်။ လူလိုနားလည်တတ်မယ်ဆိုရင်ပေါ့ …
    နောက်ပြီး ပြည်သူလူထုကို စာနာထောက်ထားမယ်ဆိုရင်ပေါ့ …။

     

    ဖြစ်နေတဲ့ ကိစ္စကို လက်မခံလို့မှ မရတာ။ မှောင်ခိုဈေးကွက်ရဲ့ အဓိက က ကုန်ပစ္စည်း မလုံလောက်မှုက စတာပါ။ အစိုးရဈေး ၃၀၀၀နဲ့ လိုအပ်တဲ့ ပြည်သူတွေအားလုံးကို ရောင်းပေးနိုင်မလား..
    မရောင်းနိုင်ရင် မလုံလောက်ရင် မှောင်ခိုဈေးကွက်က ပေါ်လာဦးမှာပဲ.. အရင်က ၁၅၀၀ မှောင်ခိုဈေးက ၃၂၀၀..အခု ၃၀၀၀ဆိုတော့ မှောင်ခိုဈေးက ဘယ်လောက်ဖြစ်လာမလဲ..ဆီဈေးတစ်ခုထဲတင် မဟုတ်ဘူး.. ကုန်ပစ္စည်းတွေ အားလုံးမှာ အစိုးရထုတ်ဈေးဆိုတဲ့ ဈေးနှုန်းနဲ့ ပြည်သူတွေ လောက်ငှအောင် မထုတ်ပေးနိုင်သရွေ့ ဒီပြဿနာ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။

     

    အပေါ်မှာ ပြောသွားကြတာက တော်တော်ကို စုံနေပြီ။ သိုးလေးလည်း အဲဒီလိုပဲ ထင်ပါတယ်။ စာကိုတော့ တော်တော်ဖတ်လိုက်ရတယ်။ မနေ့က နက်ကျလို့၊ ဒီနေ့မှ သေချာဖတ်ရတယ်။ အခုတော့ ငြိမ်းချမ်းစွာ လမ်းလျှောက်လို့ လှုပ်ရှားနေကြတယ်နော်။

     

    ကိုဝေ - ခင်ဗျားဖို့ Comment ရေးရင်း ရှည်သွားလို့ ကျွန်တော့် အိုအေစစ်မှာ Post အဖြစ်တင်လိုက်ပါတယ်။ လာဖတ်ပါဦး။ ဆွေးနွေးပါဆိုလို့ ဆွေးနွေးထားတယ်ဗျာ။

     

    ကျနော့်အီးမေးကိုတခြားလူကပို့လို့ရပြီးခင်ဗျားမှမရရင်တော့ခင်ဗျားကိစ်စပါဘဲ။ ခင်ဗျားအာဘော်နဲ့ကိုဝေညီလေးနဲ့တော်တော်တူလို့ မှားတာဝမ်းနဲပါတယ်၊
    ရေနံဈေးဟာဒေါ်လာ၃၀ ကနေ ၇၀ကျော်တက်လာတာမှန်ပါတယ်၊ ရေနံကုန်ပဏီတွေအပြင် ဓါတ်ဆီ ဒီဇယ်ဆီစက်ဆီကုန်ပဏီတွေတအားချမ်သာလာတယ်၊ ဓါတ်ဆီ ဒီဇယ်ဆီထုတ်လုပ်မှုစရိတ်ဟာ ရေနံက၂၀%လောက်ဘဲရှိတယ်။ ရေနံဈေးတက်လို့ဓါတ်ဆီ ဒီဇယ်ဈေးတက်ရင်ဓါတ်ဆီ ဒီဇယ်ထုတ်တဲ့လူတွေချမ်းသာတာပါ၊ (နအဖလဲပါတယ်)
    ကဘာ့ဈေးနဲ့ကြည့်ရင် - အမေရိကန်ဟာေ၇နံ၆၀% နိုင်ငံခြားကသွင်းရတယ် ၁ ဂါလံကိုဩဂုတ်၁၄ ရက်ငွေလဲနှုန်းနဲု့၃၈၇၀ကျပ်လောက်နဲ့ရောင်းတယ်၊ ထားပါတော့ဒီနေ့နှုန်းနဲ့ ၆၀၀၀ ထား၊ အမေရိကန်အနဲဆုံးလစာကသိန်း၂၀ ကျော်ရှိတယ်၊ ဒီဆီဈေးကိုသုံးနိုင်တာပေါ့ ဗမာပြည်မှာကတလဂါလံ၆၀ တလကို၁ သိန်း ဂသောင်း ကုန်မယ်၊ ဘာနဲ့သွားစားကြမှာတုံး၊
    ကိုဝေ အလုပ်သမားတယောက်ရဲ့ဝင်ငွေဟာ ဆံဘယ်နှပြည်၊ ဘတ်စ်ကားခဘယ်နှခေါက်၊လုံခြည်ဘယ်နှထည် ၀ယ်နိုင်မယ်ဆိုတာကိုတွက်ပြီးမှ ဓါတ်ဆီ ဒီဇယ်ဈေးတက်တာကောင်းပါတယ်လို့ပြောပါဗျာ၊

     

    ကျနော့်အီးမေးကိုတခြားလူကပို့လို့ရပြီးခင်ဗျားမှမရရင်တော့ခင်ဗျားကိစ်စပါဘဲ။ ခင်ဗျားအာဘော်နဲ့ကိုဝေညီလေးနဲ့တော်တော်တူလို့ မှားတာဝမ်းနဲပါတယ်၊
    ရေနံဈေးဟာဒေါ်လာ၃၀ ကနေ ၇၀ကျော်တက်လာတာမှန်ပါတယ်၊ ရေနံကုန်ပဏီတွေအပြင် ဓါတ်ဆီ ဒီဇယ်ဆီစက်ဆီကုန်ပဏီတွေတအားချမ်သာလာတယ်၊ ဓါတ်ဆီ ဒီဇယ်ဆီထုတ်လုပ်မှုစရိတ်ဟာ ရေနံက၂၀%လောက်ဘဲရှိတယ်။ ရေနံဈေးတက်လို့ဓါတ်ဆီ ဒီဇယ်ဈေးတက်ရင်ဓါတ်ဆီ ဒီဇယ်ထုတ်တဲ့လူတွေချမ်းသာတာပါ၊ (နအဖလဲပါတယ်)
    ကဘာ့ဈေးနဲ့ကြည့်ရင် - အမေရိကန်ဟာေ၇နံ၆၀% နိုင်ငံခြားကသွင်းရတယ် ၁ ဂါလံကိုဩဂုတ်၁၄ ရက်ငွေလဲနှုန်းနဲု့၃၈၇၀ကျပ်လောက်နဲ့ရောင်းတယ်၊ ထားပါတော့ဒီနေ့နှုန်းနဲ့ ၆၀၀၀ ထား၊ အမေရိကန်အနဲဆုံးလစာကသိန်း၂၀ ကျော်ရှိတယ်၊ ဒီဆီဈေးကိုသုံးနိုင်တာပေါ့ ဗမာပြည်မှာကတလဂါလံ၆၀ တလကို၁ သိန်း ဂသောင်း ကုန်မယ်၊ ဘာနဲ့သွားစားကြမှာတုံး၊
    ကိုဝေ အလုပ်သမားတယောက်ရဲ့ဝင်ငွေဟာ ဆံဘယ်နှပြည်၊ ဘတ်စ်ကားခဘယ်နှခေါက်၊လုံခြည်ဘယ်နှထည် ၀ယ်နိုင်မယ်ဆိုတာကိုတွက်ပြီးမှ ဓါတ်ဆီ ဒီဇယ်ဈေးတက်တာကောင်းပါတယ်လို့ပြောပါဗျာ၊