Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

ပန်ကြားလွာ

ကျနော်မကြာမကြာ ဘလောက်များပေါ်တွင် ကဗျာ ရေးဖြစ်ပါသည်။ထိုကဗျာများသည်ကျနော်၏ နှလုံးသားမှ
မွေးဖွားလာခြင်းမဟုတ်ပါ။ ထိုကြောင့်ထိုကဗျာများသည် ကျနော်၏ လက်ချောင်းများဖြင့်ရေးသားခဲ့သော
ကဗျာများသာ ဖြစ်ပါသည်။ ထိုကဗျာများ တွင်စကားလုံး များရေးဖွဲ့တက်စေရန် ကျနော်၏ နှလုံးသားအတွင်း
သို့ စကားလုံးများသွတ်သွင်းပေးခဲ့ သော အဝေးရောက်တစ်ယောက်သောသူအား အထူးကျေးဇူးတင်ပါသည်။
ထို့ကြောင့်ထိုကဗျာ များသည်ကျနော်နှင့် မသက်ဆိုင်သော ကျနော်ရေး ကဗျားများဖြစ်ပါသည်။ အကြောင်း
တစ်စုံတစ်ရာကြောင့်ထိုကဗျာများကိုနှစ်သက် ပါက သူမအားချီးမွမ်းကြရန်နှင့် အကြောင့် တစ်စုံတစ်ရာကြောင့်
နှစ်သက်ခြင်းမရှိပါက ကျနော်၏ အရေးသားညံ့ဖျင်း မှုသာ ဖြစ်ပါကြောင်းအားလုံးအား အသိပေးအပ်ပါသည်။

ထို့ကြောင့်ထိုကဗျာများသည် ကျနော်ရေး၍ သူမပိုင်သော ကဗျာများဖြစ်ပါသည်။ ထိုကဗျာများကိုနှစ်သက် ပါက
သို့မဟုတ် ကူးယူခြင်းများပြုလုပ်လိုပါက သူမ၏လိပ်စာဖြစ်သည့်
အမှတ် ၁၅၀၀ အနှုတ် ၁ ၊ မေတ္တာမဲ့လမ်း
မကြင်နာတက်သူများရပ်ကွက်
ဥပေက္ခာမြို့

သို့ စာဖြင့်ရေးသား၍ ဖြစ်စေ သွားရောက်၍ ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

2 ဝေဖန်ခဲ့ပါပြီ:

    အဲဒီလိပ်စာက ဘယ်နိုင်ငံမှန်းလဲ မသိဘူး နော်။ ကဲပါ စာတော့ ရေးချင်ဘူး အီးမေးလ်လေးမစပါလား xxx@ahmone.com တို့ ဘာတို့ :P

     
    On August 18, 2007 at 5:26 PM Anonymous said...

    မောင်ကလဲ သူ့ခမျာ လိပ်စာပျောက်နေလို့ ဖြစ်ပါလိမ့်မယ် ဟုတ်လား ဦးဝေ.... :P