တီတီညလေးက တက်တော့လဲ ရေရတော့မှာပေါ့ ခက်တာက ကျနော်ကလည်း ဘလောက်ရေးသက်က သိပ်မ ကြာရသေးတဲ့အထဲမှာ စိတ်ကူးပေါက်မှထထရေးတော့ ရွေးစရာလည်းသိပ်တော့မရှိပါဘူး မရှိရှိတဲ့ အထဲကဘဲ ရွေးပေး ရမှာပေါ့ နော် ကဲတီတီရေ ရွေးပြီနော်................
(၁) ကောင်မလေးသို့.... ဆိုတဲ့ ကဗျာလေးကိုတော့ သဘောကျမိသလိုလိုပါဘဲ
(၂) ဘာကြောင့်ဘလောက်ရေးရတယ် (၂) လည်းကိုယ့်ဘာသာကိုယ် သဘောကျမိသား ကျားခေါင်းပေါ်က ယင်ကောင်ဖြစ်ကြည့်ချင်လိုက်တာနော်..........
(၃) မျိုးဆက်ဟောင်းများသို့ပေးစာ ဆိုတာလေးကိုတော့ တော်တော်များများကြိုက်လို့ ကျနော်လည်း ကြိုက် လိုက် မယ်နော်...........
(၄) စစ်မွေ ဆိုတဲ့ ကဗျာလေးရယ် စစ်ဆိုတာဘယ်သူ့ အတွက်မှမကောင်းဘူးလေ..............
(၅) တမ်းချင်း လေးလည်းကြိုက်ပါတယ် ဗျာ ...........

ကျနော်တော့ ဘယ်သူ့ကိုမှမတက်တော့ဘူး ဒါပေ မယ့် ၀မ်းသာတော့မစောနဲ့နော် ဟီ ဟိ ဂျောက်ချစရာရှိလို့
ဒီတစ်ခါ အားလုံးကိုဂျောက်ချမယ် နော် ဘလောက်ဂါ အတော်များများက ကျောင်းတွေပြီး ပြီဆိုတော့ ကျောင်းနဲ့
ဝေးနေကြပြီပေါ့ နော်.......... ကျောင်းတော်အမှတ်တရလေး လာတော့မယ်..................... နော် အားလုံး အတွက် ဘလောက်ဂါတွေ စုပြီး စာစီစာကုံး ပြိုင်ပွဲ လေးဆင်နွဲရအောင်နော်

လူတိုင်း စီပွားရေးမှာဘဲဖြစ်ဖြစ် နယ်ပယ်ဒေသတစ်ခုမှာဘဲ ဖြစ်ဖြစ် ခေါင်းဆောင်ဖြစ်ချင်တဲ့ အိပ်မက်ကို မက်ဖူးကြပါတယ် ဒီတော့ ငယ်ဘ၀ ကလောက်ဂါများ ဘာခေါင်းဆောင်များ ဖြစ်ချင်ကြဖူး ကြလဲဆိုတာ အားလုံး လည်းသိသွားအောင် နောက်မိတ်ဆွေတို့ဖြစ်ချင်တဲ့ နယ်ပယ်မှာဖြစ်ခွင့်ရရင် ဘာတွေလုပ်ပေးချင်တယ် ဆိုတာ
လေးတွေကို ပါ ပြောပြရင်း ပိုမိုရင်းနှီးရအောင် ``ကျနော်ခေါင်းဆောင် ဖြစ်ခဲ့သော်..... ´´ ဆိုတာလေးရေး ကြရအောင် ဘလောက်ဂါအားလုံးကို ဖိတ်ခေါ်ပါတယ်ခင်ဗျ

ပထမဆုကို
ဘလောက်ဂါ ဂုရုမကြီးဘာညာကိုယ်တိုင်ချီးမြင့်မည်ဟု သိရပါသည် သို့သော် ဘာပေးမည်ဆိုသည်ကို အထူးလျို့ ၀ှက်ထားပါသဖြင့် သတင်းထောက်စိုးဇီယာ အား စုံ စမ်းပေးဖို့ဝိုင်းဝန်းတိုက်တွန်းပါ
ဒုတိယဆုကို
နာမည်ကြီး
ဘလောက်ဂါ နေဘုန်းလတ် နှင့် နေ့လည်စာအတူစားခွင့် သို့သော် အမျိုးသားဘလောက်ဂါများဆုရ
ရှိခဲ့သော် ဆုရသူမှ နေ့လည်စာကုန်ကျစရိတ်ကျခံရမည်ဖြစ်သည်....။( အတည်မပြုနိုင်သော သတင်းအရ နာမည်ကြီးဘလောက်ဂါ ဘာလာဂေါက်မှ သူပေးချင်သည်ဆိုပြီး နေဘုန်းလတ်မှနေရာဖယ်မပေးသဖြင့် နက်ဖြန်
ညနေတွင် ဓားချင်းခုတ်ရန်ချိန်းဆိုထားသည်ဟုသိရ)
တတိယဆုကိုမူ
ဘလောက်မယ် မမယ်လိုဒီမှ သူနှင့်အတူ ကော်ဖီသောက်ခွင့် ပေးမည်ဖြစ်သည်ဟုကြော်ငြာထားပါသည် သို့သော် မမယ်လိုဒီအနေနှင့် တတိယဆုအတွက်ဆုရွေးချယ်ရန် သူ့စိတ်ကြိုက်ရွေးချယ်ခွင့်တောင်းထားပါသဖြင့် ပြိုင်ပွဲဝင်အမျိုးသားဘလောက်ဂါများ တတိယဆုအတွက်မျှော်လင့်ချက်ကောင်းကြောင်းနီးစပ်ရာ ဘလောက်ဂါ အသိုင်းဝိုင်းမှသတင်းထွက်
( အမှတ်ပေးဒိုင်များအဖြစ်မူ ကိုနေဘုန်းလတ် ၊ ကိုညီလင်းဆက် ၊ မဘာညာ ၊ တီင်္တီညလေး နှင့် မမယ်လိုဒီတို့ အား အကူညီတောင်းခံထားပါသည် ) မှတ်ချက် ထိုသူများမအားပါက အားသည့်အချိန်မှ ဆုစာရင်းကြော်ငြာ ပြီ
ပေးချင်သည်အချိန်မှ ဆုပေးပါမည်..........................
ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီ
ဘလောက်ဂါများအား နီစပ်ရာေ၇ာမနီးစပ်ရာရော ပြိုင်ပွဲဝင်ရန် ဇွတ်ရောအတင်းရောတိုက်တွန်းပေးကြပါနော်
ပြီးပါပြီ

အော်မေ့တော့မလို့ ဒိုင်အဖွဲ့ပါပြိုင်ပွဲဝင်မည် ကွိ ကွိ




3 ဝေဖန်ခဲ့ပါပြီ:

    ဦးဦးသတင်းစာနှင့် စိတ်ကူးရှင့်
    ပြိုင်ပွဲကို တကယ်သေချာလုပ်မယ်ဆို ဒီလိုဘယ်ရမလဲရှင့်။
    သတ်မှတ်နောက်ဆုံးရက်တော့ ရှိရမှာပေါ့။ ဟုတ်ဘူးလား။ ဟဲဟဲ... ပြိုင်ပွဲဝင်ဖို့တော့ မသေချာဘူး။ ဖြစ်ချင်ခဲ့တာက ယောက်ျားခေါင်းဆောင်ပုဂ်ဂိုလ်မို့... ဒီတော့ ဒီတော့... ရေးရမှာလား၊မရေးရဘူးလား။

     
    On August 25, 2007 at 7:02 PM Anonymous said...

    လုပ်ပြန်ပြီ ငယ်တည်းက စာစီစာကုံးဆို အမှတ်ဘယ်တော့မှ ပြည့်တာမဟုတ်ဘူး တ၀က်တောင် အနိုင်နိုင်ရယ် ရေးဘူးနော် အကဲဖြတ်ပဲ လုပ်မယ်လေ ကောင်းကောင်းလေး ဖြတ်ပေးမယ်... :P ရတယ်ဟုတ်...

     

    ကိုဝေရေ ချစ်ကြည်ရေး ဆိုလို့ လာခဲ့ပါတယ်။ တတိယဆုကိုတော့
    စိတ်ဝင်စားတယ်ဗျို့  ...း)) မာဖီးယားဂိုဏ်းခေါင်းဆောင် ဖြစ်ချင်တာဆိုတော့ အင်း .... ဟတ် ဟတ် ဟတ် ...။