Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

တစ်ခါတုန်းကပေါ့ မြင်းနှစ်ကောင်ရှိတယ် အဲဒီမြင်းနှစ်ကောင်ကလည်းအရမ်း ခင်ကြတာ တောထဲမှာဆိုရင် စားလည်းအတူ သွားလည်းအတူတူနဲ့ပေါ့ဗျာ ပျော်ပျော်ပါးပါးနေနေကြတာပေါ့ ။ တစ်နေ့ ကျတော့ မြင်းတစ် ကောင်က တောထဲကနေသတင်းတစ်ခုကြားလာတယ်....... အဲဒီသတင်းကြားလာတဲ့မြင်းက သူ့သူငယ်ချင်းကို ဆီကိုအမောတကော ပြေးလာပြီး သူကြားတဲ့သတင်းကို ပြောတာပေါ့ “ဟာသူငယ်ချင်းရေ ငါသတင်း တစ်ခု ကြားလာတယ်ကွ” “ဟာမင်းကလည်းအမောတကောနဲ့ ပြေးလာရလောက်အောင်.......... ဘာသတင်းများ ကြားခဲ့လို့လဲသူငယ်ချင်းရဲ့ ဆိုစမ်းပါဦး” ဆိုတော့ “ငါသတင်းတစ်ခုကြားလာ တယ်သူငယ်ချင်းရယ် ငါတို့တောထဲမှာ မြင်းဖမ်းတဲ့အဖွဲ့တွေရောက်နေတယ်....... ဒီင်္တော့သူငယ်ချင်းရယ် ငါတို့နှစ်ယောက် စလုံးများကံဆိုးလို့ အတူတူပါသွားရင်လည်း လိုက်သွားကြတာပေါ့................နော်...
ဒါမှမဟုတ်ငါတို့ နှစ်ယောက်ထဲက တစ်ယောက်ယောက်များ ကံဆိုးလို့ အဖမ်းခံရလို့ရှိရင် ငါ့တို့မြင်းပြက္ခဒိန်နဲ့ ပေါ့လေနှစ်စဉ်နှစ်တိုင်း ဇန်န၀ါရီလ (၁) ရက်နေ့မှာ ဟောဒီတောစပ်ကလေးမှာဆုံကြရအောင် သူငယ်ချင်း ရယ်” ဆိုပြီးသူတို့နှစ်ယောက်က သဘောတူထားကြတယ် ပထမမြင်းထင်တဲ့ အတိုင်းဘဲ တစ်နေ့မှာ မြင်းတစ်ကောင်အဖမ်းခံရပါတယ် အဲဒီလိုနဲ့တောထဲမှာ ကျန်ခဲ့တဲ့ မြင်း ကလည်းမစားနိုင်မသောက်နိုင်နဲ့ပေါ့ ဗျာ ငါ့သူငယ်ချင်းမြင်း ခမျာ........မြို့ပေါ်မှာဘယ်လိုများနေရရှာမလဲပေါ့လေ..........

ဒီလိုနဲ့ ဇန်န၀ါရီလ (၁) ရက်နေ့လည်းရောက်ကော တောထဲမှာကျန်ခဲ့တဲ့ မြင်းက တောစပ်မှာသွားစောင့် နေပါတယ် မြို့ကိုအဖမ်းခံရတဲ့မြင်းကလည်း ကတိအတိုင်း တောစပ်ကိုလာပါတယ် တောမှာကျန်ခဲ့တဲ့မြင်းက “ဟာသူငယ်ချင်းမင်း မြို့ပေါ်မှာဘယ်လိုများနေရလဲ အရိုက်အနှက်များခံရလား သူငယ်ချင်းရယ်” ဆိုတော့ “ဟာသူငယ်ချင်း ငါဟိုမှာ ငါအားလုံးအဆင်ပြေတယ်သူငယ်ချင်း ငါမြို့ပေါ်မှာ ရှိတဲ့ ဆပ်က လို့ခေါ်တဲ့ အဖွဲထဲကိုရောက်သွားတာသူငယ်ချင်းသူတို့က ငါ့ကိုကောင်းကောင်းကျွေးတယ်သူငယ်ချင်း” “မင်းအဲဒီမှာ ဘာတွေလုပ်ရလဲသူငယ်ချင်းရယ်” “ငါဟိုမှာ ဘာမှမလုပ်ရဘူးသူငယ်ချင်း သူတိုက ဆပ်က လို့ခေါ်တဲ့ အ၀ိုင်းကြီးထဲမှာ ပါတ်ပြေးရုံဘဲသူငယ်ချင်းရ” “ဘာဘဲဖြစ်ဖြစ်ပေါ့သူငယ်ချင်းရယ်မင်းလဲဒီကို ပြန်ရောက်နေမှတော့ မပြန်ပါနဲ့တော့သူငယ်ချင်းရယ် ငါတို့ အရင်လိုဘဲ တောထဲမှာ အတူတူနေကြရအောင်ကွာ နော်သူငယ်ချင်း” ဆိုတော့ “ဟားမဖြစ်ဘူးမဖြစ်ဘူးငါပြန်မှဖြစ်မယ် အခုတောင်အတော်နောက်ကျနေပြီ....... ငါပြန်မှဖြစ်မယ်” “ဟာဘာဖြစ် လို့လဲသူငယ်ချင်ရယ် မင်းမြို့ပေါ်မှာပျော်သွားပြီလားသူငယ်ချင်းရယ်ငါတို့အတူတူ ဒီတော ထဲမှာပျော်ပျော်ပါးပါးနေခဲ့တဲ့အချိန်တွေကိုမေ့သွားပြီလား” ဆိုတော့ “ငါပြောပြမယ်သူငယ်ချင်း ငါက အဲဒီဆပ်ကပ်အ၀ိုင်းကြီးပေါ်မှာပတ်ပတ်ပြေးရင် ငါ့ရဲ့ကျောပေါ်မှာဆပ်ကပ်ပိုင်ရှင်ရဲ့ သမီးလေးက ဂျွမ်းတက်တက် ကစားတယ်သူငယ်ချင်း” “တစ်နေ့တော့ သူဂျွမ်းတက်ကစားရင်းနဲ့ခြေချော်ပြီး ငါ့ကျောပေါ်ကနေ ပြုတ်ကျတယ်သူငယ်ချင်း အဲဒီမှာဆပ်ကပ်ပိုင်ရှင်က သူ့သမီးကိုကြာပွတ်နဲ့ရိုက်ပြီးဘာပြောလဲဆိုတော့ ဒီတစ်ခါ ပြုတ်ကျလို့ရှိရင် အဲဒီမြင်းနဲ့နင်နဲ့ပေးစားမယ်တဲ့ အဲဒီနေ့ထဲက ငါမပြန်ချင်တော့တာသူငယ်ချင်း” “မင်းစဉ်းစားကြည့် သူကငါ့ကျောပေါ်မှာ တက်စီးနေတာ တစ်နေ့မဟုတ်တစ်နေ့သူပြုတ်ကျမှာ ပြုတ်ကျတဲ့နေ့ငါနဲ့ရ မှာ..............”

အဲဒီလိုမဟုတ်ကဟုတ်က........... မဖြစ်နိုင်တာတွေကို မျှော်လင့်နေတဲ့လူတွေရဲ့အကြောင်းကိုလည်း ကျနော် ဘလောက်ရေး ချင်ပါတယ်

0 ဝေဖန်ခဲ့ပါပြီ: