ကောင်မလေးသို့

အလွမ်းဆိုတာ ချက်ပြုတ်စားသောက်လို့ရင်
တစ်ဘ၀စာဟင်းလျှာမပူရတော့ဘူး

ယောင်္ကျားမှန်ရင်မျက်ရည်မကျရဘူးဆိုတဲ့
ဘယ်သကောင့်သာက သတ်မှတ်ခဲ့မှန်းမသိတဲ့
ဥပဒေသာမရှိရင် မင်းအတွက်ကျမဲ့မျက်ရည်တွေဟာ
ငါထင်တယ် ကမ္ဘာမှာ ကန္တာရဆိုတာ
အရုပ်ရေးပြရလောက်တယ်

မင်းမသိနိုင်တဲ့ ကဗျာတွေကို
မင်းမရှိတဲ့အရပ်မှာ
ရေးရေးနေရတာ
တစ်ခါတစ်ခါ ငါ့ကိုယ်ငါစိတ်ပျက်မိပါရဲ့
ဒါပေမယ့်
ဒီကဗျာတွေဟာ ဖြေသာစရာ
ဝေဒနာမေ့ဆေးလေးတွေပါဘဲကွယ်။ ။

0 ဝေဖန်ခဲ့ပါပြီ: