Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

အလင်းထဲက ခံစားမှုတွေ
အမှောင်မကျရင် တော်ပါဘီ.......

မှန်တယ်ထင်လို့
လွတ်လွတ်လပ်လပ်ပြောမိတာ
ခွင့်ပြုပေးပါခင်ဗျာ
အမှားပါရင်လည်း ဝေဖန်နိုင်ပါတယ်....

ခင်ဗျားနဲ့ကျနော်
သဘောထားကွဲလွဲတဲ့အခါ
လက်ဘက်ရည်သောက်ရင်း
ဆွေးနွေးကြည့်ကြတာပေါ့..........

ညှိမရတော့လဲ လက်ဆွဲနှုတ်ဆက်
မိတ်ဖွဲနိုင်ပါတယ်
ဘာဘဲဖြစ်ဖြစ်ဗျာ လူထဲကလူတွေဘဲ
ခင်ဗျားနဲ့ ကျနော်လည်း
လွတ်လပ်စွာသဘောထားကွဲလွဲမှာပေါ့....

အရေးကြီးတာက
မနက်ဖြန်မှာ ခင်ဗျားနဲ့ကျနော်
အလုပ်အကြောင်းပြန်ဆွေးနွေးဖို့ပါဘဲ.....
ကဲကဲ နောက်ဆုံး လက်ကျန်
လဘက်ရည်လေး အေးတော့မယ်.....

0 ဝေဖန်ခဲ့ပါပြီ: