ဒီရက်ပိုင်း ဘော်ဒါအပေါင်းဆီကနေ ဇွတ်ကြီးရော အတင်းကြီးရော အမေးခံနေရတဲ့မေးခွန်းတစ်ခုရှိတယ်ဗျ။ ငြင်းလို့ လဲမရ ပြောလို့လည်းမယုံ ဘယ်လိုပုံဘယ်လိုနည်းနဲ့ ဖြေရှင်းရမှန်းကို တိတော့ဘူး ချိတ်ညစ်တယ်....ကိုဝေ အသည်း ကွဲနေလားတဲ့ မကွဲဘူးဆိုလည်းမရ ဇွတ် .... ဟုတ်ပါဘူးဆိုတာတောင် ဟုတ်ရင်လည်းရှက်ဆရာမလိုပါဘူး ဆိုတဲ့ ကျနော် အစ်ကိုလိုခင်ရတဲ့ ဆရာကပါသေး ဂျီတော့ မက်ဆေ့တွေ ဒါမှမဟုတ် ဘလောက်က ကဗျာတွေ စာတွေ ကြောင့်ဖြစ်မယ်ထင်ပါရဲ့ ဂျီတော့က စာတွေကတော့ သီချင်းစာသားတွေကို ခပ်တည်တည်နဲ့ကူးထည့်ထားတာပါ ဟတ် ဟတ် စိုးရိမ်တာကိုတော့ကျေးဇူးဗျား.......နော် တကယ်တော့ လူတစ်ဦးရဲ့ ဘ၀ အထူးသဖြင့် အမျိုးသားတွေမှာပေါ့ မိန်းကလေးတွေနဲ့ပါတ်သက်ပြီး ဖြတ်သန်းရတဲ့ အဆင့် (၃) ဆင့်ရှိသတဲ့......( ပြင်ညာရှိစကား မှတ်သားထားနော် ဟတ် ဟတ် ) (၁) ... ပထမအဆင့်က အမျိုးသမီးတစ်ယောက်က အမျိုးသားတစ်ယောက်ကို ၀မ်းနည်းအောင်လည်းလုပ်နိုင် .......................................တယ် ၀မ်းသာအောင်လည်းလုပ်နိုင်တယ်ဆိုတဲ့အဆင့်မျိုးပေါ့ဗျာ ..... (၂) ... ပထမအဆင့်က အမျိုးသမီးတစ်ယောက်က အမျိုးသားတစ်ယောက်ကို ပျော်ရွင်အောင်သာ ဖန်းတီနိုင် .......................................ပြီး စိတ်ဆင်းရဲစရာ ၀မ်းနဲစရာ အဖြစ်မျိုးတွေကို ဖန်တီးနိုင်မှုမရှိတဲအဆင့်ပေါ့.... (၃) ... တတိယအဆင့် မှာတော့ ၀မ်းနဲအောင်ကော ၀မ်းသာအောင်ကော မလုပ်နိုင်တော့ဘူးဆိုတဲ့ အဆင့် မျိုး ပေါ့ဗျာ အင်မတန်ရင့်ကျက်တဲ့ အဆင့်ပေါ့..... ဒီလိုအဆင့် (၃) ဆင့်ကို ဖြတ်သန်းရလေ့ရှိတယ်ဗျ အဲဒီ အဆင့်(၃) ဆင့်နဲ့ရင်ဆိုင်တဲ့ အခါမှာ အသက်အရွယ်ထက် ပြဿနာတစ်ခုကို ဖြေရှင်းတဲ့နေရာ သို့မဟုတ် ဆုံးရှုံးမှုကိုကြုံတွေ့ရတဲ့ အခါမှာ ထားလေ့ထားထရှိတဲ့ ထိုသူရဲ့ စိတ်နေစိတ်ထားအ အဓိက ကျတယ်ဆိုပါတော့ တစ်ချို့ဆိုရင် စီးပွားရေး မှာလဲအောင်မြင်ပါရဲ့ အသက်တွေလည်း လူငယ်သက်တမ်းတွေကို ဖြတ်သန်းလာပါ ရက်ကယ်နဲ့ ပထမ အဆင့်ကို မကျော်နိုင်တဲ့သူတွေရှိတယ်ဗျ....တတိယ အဆင့်သမားတော့ မတွေ့ဖူးသေးဘူး ဗျ .... ဒါပေမယ့် ဒုတိယ အဆင့်လောက်မှာတော့ရှိမှ နေသာထိုင်သာရှိတာ ဟေ့ မဟုတ်လို့ကတော့ လွယ်ဘူး ... ကျနော်ကော ဘယ်အဆင့်မှာလို့ သူငယ်ချင်းတို့ထင်လဲဗျ ကိုယ့်ကိုကိုယ်တော့ ... ဟတ် ဟတ် ဟတ်

2 ဝေဖန်ခဲ့ပါပြီ:

    ဘယ်နယ် အသဲကွဲသလား တဲ့ မေးခွန်းကလည်း.. နောက်ဖြေတဲ့သူကလည်း မကွဲဘူးတဲ့ တော်တော်ခက်ကြတာဘဲ။ အသဲဆိုတာ နဂိုထဲက ၂ခြမ်းကွဲနေ ပြီးထပ်တူညီပုံစံရှိနေကြတာများ တော်တော် ကသိကအောက်မေးခွန်းနဲ့  အဖြေ... :-)
    နောက်တာနော် ပြုံးပျော်နိုင်ကြပါစေ

     

    အိမွန်တာတော့ဘယ်အဆင့်လည်းမသိသေးဘူး ဟီဟီ