Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

၂၀၀၇ နှင့်စကားစမြည်

၂၀၀၇ ရေ ငါတို့ခွဲခွာရတော့မယ်။ ငါတို့ဝေးကွာရတော့မယ်......မင်းနေဖို့ရက်သိပ်မကျန်တော့ဘူးဆိုတာ မင်းသိသလို ငါလည်းသိပါတယ်.... ဘာဘဲဖြစ်ဖြစ်လေ မင်းဟာငါနဲ့ ရက်ပေါင်း ၃၀၀ ကျော်လက်တွဲ ခဲ့တဲ့ မိတ်ဆွေတွေဘဲ လေ .... ဒါပေမယ့်ကွာ မင်းဘာကိုမှ စိတ်မကောင်းမဖြစ်ပါနဲ့ ....ငါတို့ဆိုရင် ကိုယ့်နောက်ဆုံးအချိန်ကို မင်းလိုကြိုသိခွင့် ရတာမှမဟုတ်တာ....
မင်းရင်ခုန်သံတွေရပ်သွားပြီး အခြားစက္ကန့်တစ်ခုကို ခုန်လိုက်တာနဲ့ မင်းကိုကြိုခဲ့သလို ငါတို့လည်း အခြားသက္ကရာဇ် တစ်ခုကို ကြိုဆိုရအုံးမယ်ကွာ..... မင်းနေရာမှာ အစားထိုး တာဝန်ထမ်းဆောင်မယ့် မင်းရဲ့ မျိုးဆက်သစ်ဆိုပါတော့ .... ဒီအတွက်လည်း မင်းစိတ်မကောင်းမဖြစ်ပါနဲ့ သူငယ်ချင်း...... နေရာ တစ်ခုဆိုတာ ကိုယ်အမြဲတမ်းဆုပ်ကိုင် ထားစရာမှ မလိုတာဘဲ ..... အချိန်တစ်ခုကိုရောက်ရင် လွှဲပြောင်းသင့်တဲ့ သူကိုလွှဲပြောင်းပေးရတာပါဘဲံလေ.... မင်းလဲ ၂၀၀၆ ဆီက တာဝန်ပြောင်းယူခဲ့သလို ပေါ့ ..... ပြောသပြောရတာ မင်းကတော့ သက္ကရာဇ် အသစ်ကို နေရာပေးဖို့ အဆင်သင့်ဆိုတာ ငါသိပြီးသားပါ .... တို့လူတွေသာ အဲဒီမှာ ပြဿနာတက်တက်နေကြတာ ။ ခင်ဗျားမရှိတော့ပေမယ့် ခင်ဗျားရေးခဲ့တဲ့ ဒိုင်ယာရီ စာအုပ်ကိုဖတ်ပြီး သင်ခန်းစားတွေ ယူကြမယ့် မျိုးဆက်သစ်တွေကတော့ လက်ချိုးမရေ နိုင်အောင်ကိုရှိနေမှာ မို့ ခင်ဗျား ဂုဏ်ယူ လိုက်စမ်းပါ ဗျာ.... ခင်ဗျားလျှောက်ခဲ့တဲ့ သက်တမ်းမှာ အမှားတွေ ပါခဲ့ရင်တောင် ခင်ဗျားရဲ့ ဒိုင်ယာရီမှာ ရိုးရိုး သား သား မှတ်တမ်းတင်ခဲ့လိုက်ပါ..... ဒါမှဘဲ သက္ကရာဇ် အသစ်တွေဟာ ခင်ဗျားလို အမှားတွေထပ်မမှား မှာပေါ့ တကယ်တော့ သွားလေသူတွေဟာ ပြီးဆုံးသွားသူတွေမဟုတ်ဘူး လမ်းပြခဲ့သူတွေလေ .......
ခင်ဗျားလဲ ခင်ဗျားရဲ့ မျိုးဆက်သစ်အတွက် ခင်းဗျား ဒီုင်ယာရီလေးကို လက်စသပ်ပါတော့ .... ပြီးရင်တော့ အေးအေးချမ်းချမ်း အနားယူနိုင်ပါစေဗျာ..........

2 ဝေဖန်ခဲ့ပါပြီ:

    On December 17, 2007 at 10:28 AM Anonymous said...

    ဖတ်ပြီးပြီ.. Have a wonderful year ahead.. =)

     

    အစ်ကိုရေ . . . .သက်မဲ့ကို သက်ရှိတစ်ယောက်လို အရေးယူစကားပြောထားတာလေးက တော်တော်လေးမိုက်ပါတယ်ရှင် . . . . စကားလုံးတိုင်းက သင်ခန်းစာ၊တွေးစရာတွေပါနေပါတယ်။မှန်လိုက်တာအစ်ကိုရေ . . ".ခင်ဗျားမရှိတော့ပေမယ့် ခင်ဗျားရေးခဲ့တဲ့ ဒိုင်ယာရီ စာအုပ်ကိုဖတ်ပြီး သင်ခန်းစားတွေ ယူကြမယ့် မျိုးဆက်သစ်တွေကတော့ လက်ချိုးမရေ နိုင်အောင်ကိုရှိနေမှာ မို့ ခင်ဗျား ဂုဏ်ယူ လိုက်စမ်းပါ ဗျာ.... " ဟုတ်ပါတယ် ပြီးဆုံးသွားတဲ့ တစ်နှစ်တာကနေ ရတနာတို့ သင်ခန်းစာတွေ အများကြီးယူရဦးမယ်နော်