Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

နှုတ်ဆက်မှတော့ ဝေရတော့မည်
ကိုယ်သာသိလည်း ကိုယ့်ရင်ထဲမှာ..............
ပြန်လာမည့်ရက် တွက်ဆစ်ရေချိုး
နွေမိုးဆောင်းတို့ ပြောင်းခဲ့ပြီ.....

ရာသီဝန်းစက် ဘယ်လိုသွက်သွက်
မေ့မရစဲ တမ်းတဆဲမို့
ဖုန်းထဲကသူ့ အသံ ပြန်ပြန်ကြားမိသလိုလို
တစ်ခါတုန်းက သူ့အကြည့် ပြန်ပြန်မြင်မိသလိုလို

ပါတ်စပို့စ်အရွယ် ဓာတ်ပုံငယ်ကို
ခါခါထုတ်ကြည့် သူမသိလည်း
ရင်ထဲကဝေဒနာ ဖြေသာမလားရယ်လို့ပေါ့

အလွမ်းတဆစ်ဆစ်နဲ့ ဒီဖင်ဘာ
သူမရှိတဲ့ဒီဖင်ဘာ မှာ
သူအတွက်ကဗျာကို
သူလက်ဆောင်ပေးတဲ့
ဖောင်တိန်လေးနဲ့ရေးခဲ့တယ်...
ချယ်ရီတောမှာ သူပျော်မောပါစေ............

0 ဝေဖန်ခဲ့ပါပြီ: