ဘာကြောင့်ဘလောက်ရေးရတယ် (၄)
Friday, August 10, 2007 by KO WAI
တစ်ခါတုန်းက အထက်အညာဒေသရဲ့ ရွာတစ်ရွာမှာပညာရှိလို့ အမည်ခံထားတဲ့လူတစ်ဦး ရှိတယ်တဲ့ သူ့ကိုယ်သူ သာပညာရှိရယ်လို့ အမည်ခံထားတာ သူဘယ်လောက်ပညာရှိတယ် မရှိဘူးဆိုတာကို ဘယ်သူကမှ မသိပါဘူး အဲဒီလိုနဲ့တစ်နေ့လည်းကျရော သူ့ကိုစမ်းသပ်နိုင်မယ့် အခွင့်ရေးတစ်ခုပေါ်လာပါတယ်........
အဲဒီရွာမှာ ဘာဖြစ်သလဲဆိုတော့ ရွာထဲမှာရှိတဲ့နွားတစ်ကောင်က စဥ့်အိုးထဲမှာပေါက်နေတဲ့မြက်ကို ခေါင်းဝင် ပြီးစားလိုက်တာစားလည်းပြီးရော ခေါင်းကစဉ်းအိုးထဲက ပြန်ထုတ်လို့မရတော့ဘူး ဟားရွာထဲမှာရှိတဲ့ အားကောင်းမောင်းသန်းယောင်္ကျားတွေ ၀ိုင်းပြီးနွားခေါင်းကိုဝိုင်းထုတ် လည်းဘယ်လိုမှမရဘူး အဲဒါနဲ့ လူတစ်ယောက်က ဟာ မင်းတို့ ဘာလို့အပင်ပန်းခံနေတာလဲ ငါတို့ရွာထဲမှာ ပညာရှိကြီးတစ်ယောက်လုံးရှိတာ နွားခေါင်းချွတ်နည်းလောက်တော့ သူသိမှာပေါ့ သူ့ကိုသွားမေးကြည့်ရအောင်ဆိုတော့ အားလုံးသဘောတူတာနဲ့ စဉ်းအိုးကြီးရော နွားကိုပါ ဆွဲပြီတော့ ရွာ ထိပ်မှာနေတဲ့ပညာရှိကြီးဆီကိုသွားပါတယ်
“ဆရာကြီး ဆရာကြီးခင်ဗျား”
“ဘာလဲဟေ့”
“ကျနော်တို့တော့ ဒီလိုဒီလိုဖြစ်လာလို့ ဆရာကြီး အဲဒါဆရာကြီးများနွားခေါင်းချွတ်နည်းလေး
သိရင်မစပါ ”
“အင်း အခုထိတော့ ကျမ်းတွေထဲမှာမဖတ်ဖူးဘူး ငါရှာထားလိုက်မယ်လေ မင်းတို့နောက်နေ့မနက်
လောက်ကိုတော့ လာခဲ့ပေါ့ ဆိုတော့ ”
“ဟုတ်ကဲ့ခင်ဗျာ ကျနော်တို့နောက်နေ့မှလာခဲ့ပါ့မယ်” ဆိုပြီပြန်သွားကြပါတယ်
အဲဒီနေ့ ညမှာတော့ ဆရာကြီက ဖယောင်တိုင်နာရီတိုင်ကြီးနှစ်ထုပ်နဲ့ တစ်ညလုံးရှာပါတယ်
ဒါပေမယ့်မတွေပါဘူး
မနက်လည်းမိုးလင်ရောခပ်တည်တည်နဲ့ ထိုင်နေပါတယ် ဆေးတံကြီခဲပြီ တော့ ပေါ့လေ
ရွာသားတွေလည်းလာပြီး တော့ “ဆရာကြီးတွေ့လားခင်ဗျာ ”
“တွေ့တာပေါ့ကွာ ငါ့ စာအုပ်တွေဘာလုပ်ဖို့ထားတာလဲ နွားခေါင်းချွတ်နည်းရှိတာပေါ့”
“ဟုတ်ကဲ့ဆရာကြီးဒါဆိုဘယ်လိုလုပ်ရမလဲခင်ဗျာ”
“လွယ်ပါတယ်နွားခေါင်းကိုဖြတ်လိုက်ပေါ့ကွာ ”
ဟုတ်ကဲ့ဟုတ်ကဲ့ ဆရာကြီးခုလုပ်လိုက်ပါမယ်ဆိုပြီးပါလာတဲ့ဓားနဲ့ ဖြတ်လိုက်ပါတယ်
ဒါပေမယ့် “နွားခေါင်းကမကျွတ်သေးဘူးဆရာကြီး”
“အိုးကိုရိုက်ခွဲလိုက်ပေါ့ကွာ” “ဟုတ်ကဲ့ဆရာကြီး” ဆိုပြီးအိုကိုခွဲလိုက်တော့နွားခေါင်းလည်း
ထွက်ကျလာရော ရွားသားတွေလည်းဝမ်းသာအားရနဲ့ပြန်သွားပါတယ်
ပြီတော့ရွာလည်က ဇရပ်မှာ စုဝေးတိုင်ပင်ပါတယ် ဟာငါတို့မစဉ်းစားမိတဲ့ ဟာ ကြည့်စမ်း နှစ်ချက်ထဲ
နဲ့ အဆုံးဖြတ်ပေးသွားတာ
နွားခေါင်းကိုဖြတ်လိုက် အိုးကိုခွဲလိုက်တဲ့
ဒီလောက်တော်တဲ့ ဆရာကြီးကိုအမဲဝမ်းတွင်းသား ၂ပိသာ လောက်ကန်တော့မှ ကောင်းမယ်ဆိုပြီ ဆရာ
ကြီးကိုသွားကန်တော့ပါတယ်
“ဆရာကြီးခင်ဗျာ ကျနော်တို့က ဆရာကြီးကိုရိုသေလို့အမဲဝမ်းတွင်းသား လာကန်တော့တာ ပါ လက်ခံပေးပါ
နောင်လည်းရွာကိုကူညီပါဆိုတော့”
ပညာရှိကြီးက ခပ်တည်တည်နဲ့
“မင်းတို့ရွာငါမရှိရင်ခက်တယ်တဲ့”
ဒီလိုလူမျိုးတွေအကြောင်းကိုလည်းကျနော် ဘလောက်ရေးချင်ပါတယ်

ဒီပုံပြင်လေး အခုမှ ဖတ်မိလို့ comment ရေးလိုက်ပါတယ်ခင်ဗျာ။ လက်တွေ့ ဘ၀ကို ထင်ဟပ်နေတယ်လို့ ကျနော်မြင်ပါတယ်။ ဒီထဲမှာ ရွာသားတွေရဲ့ စိတ်ဓါတ်ကြည့်ရင် အမှားအမှန်ကို ကိုယ်ပိုင်ဆုံးဖြတ် ဆင်ချင်တတ်တဲ့ အလေ့အကျင့် မရှိဘူးဆိုတာ ပြသနေပါတယ်။ တကယ်တော့ လူတွေဟာ သူ့ကို ပညာရှိကြီးဆိုတဲ့ ဂုဏ်ပုဒ်ကိုသာ ကြည့်ပီး မျက်ကန်းယုံကြည် ကိုးကွယ်လိုက်တဲ့ အနေအထားမှာ ရှိပါတယ်။ အဲဒီရွာသားတွေရဲ့ အကျင့်ဆိုးတွေ ဒီနေ့ မြန်မာပြည်ကြီးမှာ အမြစ်တွယ်နေပါတယ်။ ကျနော်တို့ မြန်မာတွေ မိမိဦးနောက်ကို အသုံးမချနိုင်ဘူးဆိုတာ လက်တွေ့ မြင်နေရပါတယ်ဗျာ။
ဥပမာပေါ့နော် လူတစ်ယောက်က တစ်နဲ့ တစ်ပေါင်းရင် နှစ်ရတယ်လို့ အဆိုတင်သွင်းတယ် ဆိုပါစို့။ အဲဒီအဖြေဟာ နှစ်တကယ်ရလား မရဘူးလားဆိုတာ မိမိဦးနောက်ကို အသုံးပြု စဉ်းစား အဖြေထုတ်ရမှာပါ။ အဲဒီလူဟာ ကလေးလေးလည်း ဖြစ်ချင်ဖြစ်မယ်၊ မိန်းမလည်းဖြစ်ချင် ဖြစ်မယ်။ ဆရာဝန်လည်းဖြစ်ချင် ဖြစ်မယ်။ အဲဒါတွေက အဓိက မဟုတ်ပါဘူး။ အဖြေမှန်လား မှားဆိုတာက အဓိကပါ။ ဒါပေမယ့် အခု ကျနော်တို့ လူမျိုးတွေက ဆရာဝန်လို ဘွဲ့ရပြောမှ အဖြေမှန်တယ်လို့ မျက်ကန်းယုံကြည်နေကျပါတယ်။ ကလေးငယ်တွေ၊ မိန်းမတွေ က အဆိုတင်သွင်းရင် မစဉ်းစားပဲ မှားတယ်လို့ ချက်ချင်း ငြင်းတဲ့ အဆင့်မှာ ရှိပါတယ်။
ဟိုအပတ်တုံးက အစ်ကိုဝေ နဲ့ ဒေါ်ခင်မျိုးချစ် ကိတ်စ္စကြည့်ရင် သိသာပါတယ်။ အစ်ကိုဝေအ အဆိုပြုချက်ပေါ်မှာ ဒေါ်ခင်မျိုးချစ်ဟာ အမှားအမှန် သူ့ဦးနောက်နဲ့ ဆင်ခြင် ဆုံးဖြတ်သင့်ပါတယ်။ ဒါပေမယ့် သူက နအဖလူလို့ ထင်ပြီး ချက်ချင်း ပုဂ္ဂိုလ်ရေး တိုက်ခိုက်လာပါတယ်။ အစ်ကိုကဒေါင်းအနေနဲ့လည်း အကျိုးသင့်အကြောင်းသင့် ဆွေးနွေး သင့်တယ်ထင်ပါတယ်။ ဒါပေမယ့် သူ ဒေါ်ခင်မျိုးချစ်ကို ပြောလိုက်တာ စာတကြောင်းပဲ ရှိပါတယ်။ အစ်ကိုဝေ ဟာ ဒီမိုကရေစီ ဘက်က လူပါတဲ့။ အဲလိုပြောလိုက်တာနဲ့ အစ်ကို့ တင်ပြချက်တွေက အမှန်တွေ ဖြစ်သွားရောလား။ အဲဒီအဆင်အလာတော့ ပြင်သင့်ပြီ ထင်ပါတယ်။ အခုလို အင်တာနက်ခေတ်ကြီးမှာ မဖြစ်သင့်ဘူးလို့လဲ ယူဆပါတယ်။
ဟုတ်ကဲ့ အစ်ကိုဝေ အနေနဲ့ ဆက်လက်ဆွေးနွေးမယ်လို့တော့ မမျှော်လင့်ပါဘူး။ ရိုးသားစွာ ပြောကြားချင်းပါ။
ပြုံးမိပါတယ်။