သြော် မိန်းမ မိန်းမ
Wednesday, June 11, 2008 by KO WAI
မိန်မဟူဘိ ထိုကတ္ကိက မရှိမကောင်းရှိမကောင်း မပေါင်းလဲခက် ပေါင်းလဲခက်၏ ဆိုတဲ့ မန်လည်ဆရာတော်ဘရားကြီးရဲ့စာသားလို ဆရာတော်ဘုရားကြီးရဲ့ အမြင်လို ကျနော်တို့ ဘလောက်ဂါ ပုရိသ တို့ရဲ့ အမြင်လေးတွေပါ ကျန်တဲ့ဘလောက်ဂါများလဲဖတ်ပြီး ကိုယ့်အမြင်လေးတွေကိုဝေမျှရအောင် ကွန့်မန့်လေးများပွတ်ခဲ့ပါနော်
ယောင်္ကျားတွေကို နူးညံ့သိမ်မွေ့စေတဲ့ သက်ရှိဖြစ်နိုင်သလို ရိုင်းစိုင်းခက်ထန်သွားစေနိုင်တဲ့ သတ္တ၀ါတစ်မျိုးလည်းဖြစ်တယ်.
ယောင်္ကျားတွေကို နူးညံ့သိမ်မွေ့စေတဲ့ သက်ရှိဖြစ်နိုင်သလို ရိုင်းစိုင်းခက်ထန်သွားစေနိုင်တဲ့ သတ္တ၀ါတစ်မျိုးလည်းဖြစ်တယ်.
လောလောဆယ်တော့ ချစ်စရာလေးတွေလို့မြင်နေတာခက်တယ်
ဟတ် ဟတ်
(ကိုရန်)
(ကိုရန်)
မိန်းမတွေက တစ်ခါတစ်လေမှာ ကာတွန်းစာအုပ်နဲ့တူပြီး တစ်ခါတစ်လေမှာ ကျမ်းစာတစ်အုပ်လောက် ဖတ်ရခက်တယ်
(မင်းယွန်းသစ်)
မိန်းကလေးတွေက မရှိမကောင်း၊ ရှိမကောင်း
(၀င်းဇော်ထက်)
မိန်းမတွေ စိတ်က မြန်မာပြည်ရဲ့ လျှပ်စစ်မီးလိုပဲဗျ...
ကောင်းချင်ရင်ကောင်းတယ်
မကောင်းချင်ရင် ချက်ချင်း
ဗို့အားနည်းတယ်
များချင်ပြန်လဲ
ပျက်သွားလောက်အောင်ကို များတယ်
ခုလာနေပေမယ့်နက်ဖန်မလာဘူး
လာမဲ့ရက်လဲမလာ
(ဖိုးသူတော်)
မိန်းမတွေကိုကြောက်တယ်
ကျွန်တော်အတွက်တော့ မိန်းမဆိုတာ... နားလည်ရခက်တဲ့ လူသားပါပဲ။ အဲဒါကို မာယာလို့ ပြောရမလားဆိုတာကိုတော့ ကျွန်တော်လည်း မဝေခွဲတတ်ပြန်ဘူး။
ပေးဆပ်တဲ့ အချစ်တွေနဲ့ ဖြူစင်သန့်ရှင်းခဲ့တဲ့ လူသားတစ်ယောက်ကို တန်ဖိုးမထား ပစ်ပယ်ရှောင်ခွာခဲ့တာ မာယာပဲလား။ အရိပ်တကြည့်ကြည့်နဲ့ ပန်းပျိုးခဲ့တဲ့လက်ကို ရက်ရက်စက်စက် ပုတ်ထုတ်ခဲ့တာ မာယာပဲလား။ အလိုလိုက်လို့ အမိုက်စော်ကားခဲ့တာ မာယာပဲလား။ နားလည်ရခက်တဲ့ မျက်ဝန်းတွေကြားမှာ အကြင်နာတွေ ပိုခဲ့ရတဲ့ အဖြူရောင်နေ့ရက်တွေကို ပြန်စဉ်းစားရင်း... မာယာ မာယာ မာယာ...
မိန်းမတိုင်းမှာ မာယာဆိုတဲ့ အမူအကျင့်လေးက အနည်းနဲ့အများတော့ ရှိကြပါတယ်။ တချို့က ထုတ်မသုံးကြပါဘူး။ တချို့က မသိမသာလေး သုံးကြပါတယ်။ တချို့ကျတော့ ရည်ရွယ်ချက်ရှိရှိနဲ့ စနစ်တကျ အကွက်ချပြီး သုံးကြပြန်တယ်။ တချို့ကတော့ တစ်စုံတစ်ခုကြောင့် မသိစိတ်မှာ မာယာလေးတွေ များနေတတ်ပါတယ်။ တချို့က မာယာများတယ်လို့ ပြောရင် စိတ်ဆိုးတတ်ကြပါတယ်။ တချို့ကျတော့ မာယာများတဲ့ မိန်းခလေးလို့ အပြောခံရရင် ဂုဏ်ယူနေတတ်ပြန်ရောဗျာ။
အင်း... မိန်းမဆိုတာ မာယာတွေနဲ့အတူ ယှဉ်တွဲနေတဲ့ လူသားတစ်မျိုးလို့ပဲ မှတ်ချက်ချမိခဲ့ရင်....
(ကိုဂျူလိုင်)်
(ဖိုးသူတော်)
မိန်းမတွေကိုကြောက်တယ်
မာယာများတယ်လိမ်ညာတယ်
လှည့်စားတယ်ငွေမက်တယ် အဆင့်အတန်းခွဲတယ်
လိုတာရှိရင် ညုတယ်
လိုချင်တာမရှိရင် ကန်တယ်
(ဇင်ကိုလတ်)်ကျွန်တော်အတွက်တော့ မိန်းမဆိုတာ... နားလည်ရခက်တဲ့ လူသားပါပဲ။ အဲဒါကို မာယာလို့ ပြောရမလားဆိုတာကိုတော့ ကျွန်တော်လည်း မဝေခွဲတတ်ပြန်ဘူး။
ပေးဆပ်တဲ့ အချစ်တွေနဲ့ ဖြူစင်သန့်ရှင်းခဲ့တဲ့ လူသားတစ်ယောက်ကို တန်ဖိုးမထား ပစ်ပယ်ရှောင်ခွာခဲ့တာ မာယာပဲလား။ အရိပ်တကြည့်ကြည့်နဲ့ ပန်းပျိုးခဲ့တဲ့လက်ကို ရက်ရက်စက်စက် ပုတ်ထုတ်ခဲ့တာ မာယာပဲလား။ အလိုလိုက်လို့ အမိုက်စော်ကားခဲ့တာ မာယာပဲလား။ နားလည်ရခက်တဲ့ မျက်ဝန်းတွေကြားမှာ အကြင်နာတွေ ပိုခဲ့ရတဲ့ အဖြူရောင်နေ့ရက်တွေကို ပြန်စဉ်းစားရင်း... မာယာ မာယာ မာယာ...
မိန်းမတိုင်းမှာ မာယာဆိုတဲ့ အမူအကျင့်လေးက အနည်းနဲ့အများတော့ ရှိကြပါတယ်။ တချို့က ထုတ်မသုံးကြပါဘူး။ တချို့က မသိမသာလေး သုံးကြပါတယ်။ တချို့ကျတော့ ရည်ရွယ်ချက်ရှိရှိနဲ့ စနစ်တကျ အကွက်ချပြီး သုံးကြပြန်တယ်။ တချို့ကတော့ တစ်စုံတစ်ခုကြောင့် မသိစိတ်မှာ မာယာလေးတွေ များနေတတ်ပါတယ်။ တချို့က မာယာများတယ်လို့ ပြောရင် စိတ်ဆိုးတတ်ကြပါတယ်။ တချို့ကျတော့ မာယာများတဲ့ မိန်းခလေးလို့ အပြောခံရရင် ဂုဏ်ယူနေတတ်ပြန်ရောဗျာ။
အင်း... မိန်းမဆိုတာ မာယာတွေနဲ့အတူ ယှဉ်တွဲနေတဲ့ လူသားတစ်မျိုးလို့ပဲ မှတ်ချက်ချမိခဲ့ရင်....
(ကိုဂျူလိုင်)်
Hey pls don't tell her what i said.. heee :P
အဟတ် သြော်မိန်းမ .......မိန်းမ ဆိုပါလား
တော်သေးတာပေါ့ မိန်းမနဲ့ယောကျာ်း၂ မျိုးပဲရှိလို့
တကယ်တော့ မိန်းမဆိုတာ ယောကျာ်လေးရဲ့ ပျောက်နေတဲ့ တစ်ဘက်ခြမ်းလေ။
ဘာမှမဟုတ်ဘူး။
အဲဒီ ပျောက်နေတဲ့ တစ်ခြမ်းကို ရှာရတဲ့ အချိန်လေးမှာ... မိန်းမ ဆိုတာ.... မာယာတွေနဲ့ပါလား ဆိုတာကို သိခွင့်ရလိုက်ပါတယ်။ လက်တွေ့ဘ၀က ပေးတဲ့ သင်ခန်းစာပေါ့။
အမျိုးသမီးထုကြီးကို လေးစားလျှက်....
ပုခက်လွှဲသော လက်ကို ရိုသေလျှက်...
ဇူလိုင်အိမ်မက်....
မိန်းမ = မ မိန်း
မ = အချွန်နဲ. “ မ ” တက်ပြီး
မိန်း = လိုချင်တာ ရရင် “ မှိန်း ” နေတက်သည် ။
ထင်တာပဲ ။း)
အိမ်က မိန်းမနဲ့ ရန်ဖြစ်ထားတယ် ထင်တယ်
ယောကျာ်းတွေ မိန်းမမကောင်းကြောင်း ပြသနာမတက်မချင်း မစဉ်းစားကြဘူးဆိုပဲ
သိသလောက် ၀င်ပြောကြည့်တာပါ
ဒါပေမဲ့ blogger တွေ ရေးထားတဲ့ မိန်းမအကြောင်း တစ်ခုမှ မလွဲဘူး ^.^
မိုက်တယ်ကွာ။ ကြိုက်တယ်။
အဟမ်း ...
နောက်ကျ နေပြီ ...
ကိုယ်က မှန်မှန်နေရင် သူ့ကို ဘာမှ ထည့်စဉ်းစားစရာ မလိုပါဘူး ... အတူတူပါပဲ ... ခွဲ စဉ်းစားဖို့ မလိုပါဘူး ....
မဟုတ်ပါဘူး...မင်းထင်သလိုမဟုတ်ပါဘူး....ဟီဟီ စိုင်းစိုင်းသီချင်းဝင်ဆိုသွားတယ် ..:D
ဟဟ....မိုက်တယ်ဗျာ။ရေးထားတာတွေအားလုံးကြိုက်တယ်
ဘာမှတော့မပြောတတ်ဘူးဗျ။မိန်းမဆိုတာမိန်းမပါဘဲ။
ဟဲဟဲ :P
မိန်းမနဲ့ယောက်ျားဆိုတာ Type မတူကြတဲ့ လူနှစ်မျိုးလို့ပဲ မြင်ပါတယ်။ မိန်းမမှာလည်း မိန်းမဆန်တဲ့ ကောင်းတဲ့အချက် မကောင်းတဲ့အချက်တွေ ရှိသလို ယောက်ျားမှာလည်း ယောက်ျားဆန်တဲ့ ကောင်းတဲ့အချက် မကောင်းတဲ့အချက်တွေ ရှိကြတာပါပဲ။ အားလုံးက လူတွေချည်းပဲ ဆိုတော့ နှစ်မျိုးစလုံးမှာ ကောင်းတဲ့လူနဲ့ မကောင်းတဲ့လူ ဆိုပြီး ရှိကြမှာပါပဲ။ ကျွန်မ အမြင်လေး ပြောကြည့်တာပါး)
မိန်းကလေးတွေအများစုက ယောင်္ကျားလေးတွေကို ဆရာလုပ်ချင်ကြတယ်။ သူတို့သိ၊ သူတို့တတ်ပေါ့ဗျာ။ ဒါပေမယ့် အနိုင်ယူတာတော့ ပေးမလုပ်နဲ့ပေါ့ဗျာ။ ဟဲဟဲ