အမေပြောတော့
မေတ္တာဆိုတာ ရောင်ပြန်ဟပ်တယ်ဆို
ပေးလိုက်ရတာဘဲ အဖတ်တင်တယ်အမေရယ်
ကျနော့်အဖြစ်က မထင်တဲ့ပုစ္ဆာကို အမေးခံရတဲ့ ကျောင်းသားလိုပါဘဲ
မေးခွန်းစာရွက်ကြည့်ပြီးရယ်
ရအခက် ငိုရအခက်နဲ့
ကျနော်သူ့ကိုဘာကြောင့်ချစ်ခဲ့လဲတော့ ကျနော်ကိုယ်တိုင်လည်း မသိခဲ့ဘူးအမေ
သေချာတာကတော့ ကျနော်သူ့ကို ချစ်နေဆဲပါ
ဒါပေမယ့်အမေရယ်
အိပ်မက်ဆိုတာနိုးရင်တော့ ပျောက်သွားရတာဘဲမဟုတ်လား
မက်ခဲ့သူစိတ်ထဲမှာတော့ စွဲကျန်ခဲ့တက်တာပေါ့
တကယ်တော့သူဟာ ကျနော့် အိပ်မက်ပါဘဲလေ။
အိပ်မက်ထဲမှာတော့ သူ့လက်ကို ဖွဖွလေးတွဲခဲ့ဖူးပါရဲ့
လက်တွေ့မှာတော့ကြင်ခွင့်ဝေးလို့ မြင်ခွင့်လေးတောင်မရတဲ့ဘဝ
ကမ္ဘာနှစ်ခြမ်းမှာမဟုတ်ပေမယ် သူနဲ့ကျနော်ဟာ
မိုင်ပေါင်း ၂၉၀၀ ကျော်ဝေးကွာနေတယ်လေ
သူသာခံစားနားဆင်တက်ရင်တော့
စက္ကန့်သံခတ်လိုက်တိုင်း သူ့နာမည်ထွက်ထွက်ကျလာတဲ့
ကျနော့်ရင်ခတ်သံတွေကို အဲဒီအကွာဝေးကနေဘဲ
နားဆင်နိုင်မှာပါ။
ဒါပေမယ့်သူနားမဆင်တက်ခဲ့ဘူးအမေ
သူ့နှလုံးသားရဲ့ အနားသတ်တွေမှာတောင်
နေခွင့်မရတဲ့ ထာဝရ အပြင်လူပါဘဲ အမေရယ်...
စည်းအပြင်ကလူဆိုပါတော့

ဖြစ်နိုင်ရင်တော့ အဲဒီရင်ခုန်သံတွေကို ဂုတ်ကခွစီးပြီး
ပါးပိတ်ရိုက်ပစ်ချင်တယ်
ကျနော်မလုပ်ရက်ဘူးအမေ သူ့ကိုချစ်တဲ့ ကျနော့်ရင်ခုန်သံတွေ
နာကျင်သွားမှာစိုးလို့ပါ....
တကယ်တော့ သူဟာ ကျနော့် ဘ၀တစ်ခုလုံးရဲ့
တစ်ခုထဲတော့အိပ်မက်ပါဘဲ အမေရယ်...

မှောင်တစ်ချက်လင်းတစ်ဝက်နဲ့
ဘ၀ကိုပက်လက်လှန်ပြီး
ရေစုန်မျှောလာလိုက်တာ
စာတက်ပေတက်မဟုတ်ပေမယ့်
စာလေးဘာလေးတော့ဖတ်တက်ခဲ့ပါရဲ့

“က” နဲ့ “အ” ကြား စကားလုံး အတက်အကျတွေမှာ
ဖြစ်တည်မှုဝါဒတွေပါပါရဲ့
လူအချင်းချင်းရိုင်းပင်းရမယ်လို့မြင်ဖူးပါရဲ့
လူသားခြင်းစာနာရမယ်လို့ ကြားဖူးပါရဲ့

ဒါပေမယ့်အမေရယ်
ကျနော်တကယ် တွေ့ ခဲ့ရတာဆိုလို့
လူသားချင်းချောက်ချ
ဘ၀တွေကို ကမောက်ကမဖြစ်အောင်လုပ်
ငါတစ်အုပ်ကောင်းစားရေးအတွက်
ဘ၀တွေကိုနင်းခြေ
လူလူချင်းအပျင်းပြေကစား
သြော်လူဆိုတာ
မျိုးတူသားကို ပါးစပ်နဲ့မစားတဲ့
ဇာတ်တူသားစား သတ္တ၀ါတွေပါလား ......

တရားခြင်းမတရားခြင်း
မှန်ခြင်းမှားခြင်းကြား
ငါမှန်တယ် သူမှားတယ်
သူမှားတယ် ငါမှန်တယ်
အတ္တအသွယ်သွယ်နဲ့
ဘ၀ကိုဖလှယ်ခဲ့တာဆိုလို့
နှစ် ၂၀ ကျော်ကြာခဲ့ပေါ့။

ဒင်္ဂါးတစ်ပြားမှာ ခေါင်းနဲ့ပန်းရှိသလို့
ခင်ဗျားတို့နဲကျူပ်က မတူတဲ့ရှုထောင့်တွေမှာ
ခွထိုင်ခဲ့မိကြတာကို။

တစ်ခါတစ်ခါခက်နေတာက
အများမကြိုက်တဲ့ တဲ့စာကားကိုမှာ
ဟာတိုက်ပါးရိုက်ပြောခဲ့မိတဲ့အခါ
ငါဆိုတဲ့ငါဟာ လူကြိုက်နဲတဲ့သတ္တ၀ါ
ဖြစ်လာပါလေရော။

အများညီလည်း ဤဟာ ဤ ပါဘဲဆိုတော့လဲ
ခင်ဗျားတို့နဲ့ကျုပ်ဟာ ဘယ်မှာလာ သဟဇာတဖြစ်မှာလဲ
အများမကြိုက်တဲ့စကားလုံး တွေကိုအန်ချမိတဲ့ငါ...
အန်ဖတ်ဆိုတာချဉ်စော်နံတယ်လေ
တကယ်တော့ငါဟာလူချဉ်ဖတ်ဆိုပါတော့...။ ။


အမှားပြင်ဆင်ချက်

ကွန်ပျူတာသည် အထီးကြီးဖြစ်ပါသည်။ ကျနော်မှားပြီးတော့ နိုင်ချင်ဇောနဲ့ ပြောမိသလိုဖြစ်သွားတယ် ၀မ်းသာသွားသော ರೆಪ್ಲುಬಿಕ್ အတွက် စိတ်မကောင်းသလို အမှတ်မှားသွားသော ရွေပြည်သူလဲ ခွင့်
လွတ်ပါခင်ဗျ
ပြင်သစ်ဘာသာစကားမှာ အရာဝတ္ထုတွေကို အထီးအမခွဲလေ့ရှိသည်။ ဥပမအိမ်ဆိုရင် အမ ဒါကြောင့် la maison
လို့သုံးတယ် ခဲတံဆိုရင်အထီး ဒါကြောင့် le crayon လို့သုံးတယ်။ ဒါနဲ့ ပြင်သစ်သင်တန်းတစ်ခုမှာ သင်တန်း သားကဆရာမကိုမေးလိုက်တယ် ။ ကွန်ပျူတာက အထီးလားအမလားပေါ့။ ဆရာမကလဲကွန်ပျူတာက အထီး လားအမလားမသိ။အဘိဓာန်ရှာကြည့်တော့လဲ မပါ ။

ဒါနဲ့ဆရာမက သင်တန်းမှာရှိတဲ့သင်တန်းသားတွေကို ယောင်္ကျားလေး၊ မိန်းကလေးခွဲလိုက်ပြီးတော ကွန်ပျူတာအထီးဖြစ်သင့်ကြောင်း အမဖြစ်သင့်ကြောင်းအဆိုနှစ်ခုတင်ခိုင်းတယ်။ အဖွဲနှစ်ဘက်စလုံးက အကြောင်းပြချက်လေးခု တင်သွင်းရမယ်တဲ့

ယောင်္ကျားများအဖွဲ့က ကွန်ပျူတာဟာ အမဖြစ်သင့်တယ်လို့တင်သွင်းတယ်
ဘာလို့လဲဆိုတော့

(၁) ကွန်ပျူတာတွေကို တီထွင်သူများသာလျှင်ကွန်ပျူတာများရဲ့ အတွင်းသဘောကိုကောင်းစွာနားလည်နိုင်ပြီး မိန်းမများရဲ့အတွင်းသဘောကိုကောင်းစွာနားလည်နိုင်သူမှာ မိန်းမများကို ဖန်ဆင်းသော ထာဝရ ဘုရားသခင် သာလျှင်ဖြစ်နိုင်သည်။ ထို့ကြောင့်ကွန်ပျူတာသည် အမသာဖြစ်သင့်သည်။
(၂) တခြားကွန်ပျူတာတွေနဲ့ ဆက်သွယ်ရာမှာသုံးတဲ့ သူတို့ရဲ့ ဘာသာစကားကို တခြားဘယ်သူမှ နားမလည် နိုင်သလို မိန်းမသားအချင်းချင်းနားလည်နိုင်တဲ့ ဘာသာစကားကိုလည်း တခြားဘယ်ယောင်္ကျားမှ နားမလည် နိုင်ပါဘူး ။ထို့ကြောင့်ကွန်ပျူတာသည် အမသာဖြစ်သင့်သည်။
(၃) ဘယ်လောက်သေးငယ်တဲ့အမှားမျိုးပင်ဖြစ်လင့်ကစားလိုအပ်လျှင်ပြန်အစဖော်လို့ရအောင် ကွန်ပျူတာရဲ့ မှတ်ဥာဏ် ထဲမှာသိမ်းထားနိုင်သလို မိန်းမသားတွေရဲ့ မှတ်ဥာဏ် ထဲမှာလဲ လိုအပ်ရင် အစဖော်နိုင်အောင် အမှားသေးသေးလေးတွေကို ရေရှည်သိမ်းထားတက်တယ်။ ထို့ကြောင့်ကွန်ပျူတာသည် အမသာဖြစ်သင့်သည်။
(၄) ကွန်ပျူတာတစ်လုံးဝယ်လိုက်တာနဲ့ နောက်ပိုင်း အပိုပစ္စည်းပေါင်း သောင်းခြောက်ထောင်အတွက်လိုက်ရတဲ့ ငွေပမာဏကများသလို မိန်းမတစ်ယောက်ယူလို့ ထပ်ကုန်ရတဲ့ငွေ ပမာဏကလဲများတယ်လေ။ ထို့ကြောင့် ကွန်ပျူတာသည် အမသာဖြစ်သင့်သည်။

အဲသလိုယောက်င်္ကျားတွေ အဆိုတင်သွင်းပြီးချိန်မှာ မိန်းမတွေဘက်က အကြောင်းပြချက်တွေကတော့

(၁) ကွန်ပျူတာက ကိုယ့်ဆီအာရုံရောက်လာအောင်ခလုပ်ဖွင့်မှရသလို ယောင်္ကျားတွေ အာရုံကိုယ့်ဆီ စိုက်အောင် သူတို့ရဲ့ ရာဂ ခလုပ်ကိုဖွင့်ရတယ်။
(၂) ကွန်ပျူတာထဲမှာ သတင်းအချက်လက်တွေရှိပေမယ့် သူ့ဘာသူ အလုပ်မလုပ်သလို ယောင်္ကျာတွေဟာလည်း သိတာတွေများပေမယ့် သူတို့ဘာသူတို့ဆို ဘာမှမလုပ်တက်ဘူး
(၃) ကွန်ပျူတာဟာ ပြဿနာတွေ ရှင်းပေးနိုင်ပေမယ့် သူတို့ကိုယ်တိုင်က ပြဿနာ အထုပ်ကြီးဖြစ်နေသလို ယောကျာင်္းတွေ ကလည်းပြဿနာကိုရှင်းမလိုလိုနဲ့ သူတို့ကိုယ်တိုင် ပြဿနာထုပ်ဖြစ်နေတယ်တာရယ်
(၄) ကွန်ပျူတာတစ်လုံးဝယ်ပြီးကာမှာ လက်ထဲရောက်ရောက်ချင်း နောင်တရတက်တာက နည်းနည်း လေးသာ စောင့်လိုက်ရင် ဒီထက်ကောင်းတဲ့ ကွန်ပျူတာရမှာဘဲဆိုတာ သိလာရသလို ယူပြီးမကြာခင်မှာဘဲ နဲနဲလေးသာ စောင့်လိုက်ရင်ဆိုတဲ့ အတွေးမျိုးပေါ်လာနိုင်တာမို့ ကွန်ပျူတာသည် အထီးသာဖြစ်သင့်ပါတယ်ဆိုဘဲ

ပြင်သစ်ဘာသာစကားမှာတော့ နိုင်နေကျအဖွဲ့က နိုင်တာမို့ ကွန်ပျူတာသည်အမသာဖြစ်သွားပါတယ်။ စာဖတ်သူတွေကတော့ဘယ်မှာ ထားချင်ပါသလဲကွန်ပျူတာကို ဟတ် ဟတ် အထီးလားအမလား

မိန်းမတွေနိုင်တာမဆန်းပါဘူး သူတို့က လေးနှစ်တစ်ကြိမ်တောင် အမျိုးသမီးထုကြီးရဲ့ သဘော တူညီချက်နဲ့ဖေဖေါ်ဝါရီမှာ တစ်ရက်တိုးပြီးစကားပြောတာကို ဟုတ်တယ်မလား



ဘ၀ကလဲညစ်ပါတ်စုပ်ပြတ်နေလိုက်တာ
နှစ်နှစ်ဆယ်ကျော်လောက်
မလျှော်ဖွတ်ဘဲ ထားခဲ့မိတာကို
ငါဖမ်းလို့မမိတဲ့စကားလုံးတွေက
ငါ့ကိုပြန်လိုက် ပြေးလိုက်ရတာ
ဟောဟဲလိုက်နေဘီ
ငါ့အဘိဓာန်နဲ့ငါဆိုပြီး
လျှောက်လိုက်တဲ့လမ်းတွေ
တစ်ခါတစ်ခါဘယ်ရောက်နေမှန်းမသိ
ငါကလူတွေကိုရယ်မောတယ်
လူတွေကငါ့ကိုရယ်မောတယ်
ဒီလိုနဲ့ဘဲ သူမှန်သလိုကိုယ်မှန်သလို
ငါကတော့ ငါမှန်တယ်ထင်နေတုန်း
လူတွေကငါမှားတယ်ပြောကြတုန်း
.......

“သူ” ဆိုတာကျနော့်ရဲ့ လက်တွေ့ဘ၀ထဲကိုဘယ်တော့မှ ၀င်ရောက်မလာတော့မယ် “သူ” ဆိုပါတော့ ။ သူနဲ့ပါတ် သက်ရင် ကျနော့်မှာ ပြောစရာအကြောင်းအရာတွေ ပြောပြစရာတွေအဆုံးစမဲ့ရှိနေတယ်လေ။ ဒါပေမယ့်သူက တော့ ကျနော့်ကိုအကြိမ်ကြိမ်ငြင်းပါယ်ခဲ့ပါတယ်။ ဒါပေမယ့်ကျနော်ကတော့ ကျနော့်နှလုံးသားရဲ့ အခန်းလွတ်တစ် ခုကို သူ့ အတွက် ယနေ့ထက်တိုင်ဖယ်ထားဆဲပါ မည်သူ့ကိုမှနေရာမပေးဝင်ခွင့်မပေးဘဲ သော့ခတ်ထားဆဲ ဆိုတာတော့ သူသိချင်မှလဲသိမှာပေါ့လေ။

သူ ဘယ်လိုပင်ငြင်းပယ်နေပါစေ သူဒီတိုင်းပြည်ကထွက်ခွာသွားသည့်အချိန်ကနေ ယနေ့အထိ Internet သုံးလို့
ရတဲ့ အချိန်တိုင်း ကာလတိုင်းမှာ သူ့အတွက် မနက်ခင်းဆုမွန်ကောင်းလေးတွေတောင်းပေးဖို့ မပျက်ကွက်အောင်
ကျိုးစားခဲ့တယ်။ ဘာကိုမှရစေတော့ရယ်လို့ ဆိုတဲ့ မျှော်လင့်ချက်မျိုးနဲ့ လုပ်ခဲ့တာ မဟုတ်ပါဘူး။ သူ့အနေနဲ့
မြန်မာပြည်နဲ့ အဝေးဆုံးမှာရှိနေတဲ့အချိန်မှာ သူ့ကို အမြဲသတိရနေတဲ့မိတ်ဆွေတစ်ယောက်က ထာဝရ ဆုလေး တွေတောင်းပေးနေတယ်ဆိုတဲ့ ခံစားချက်ကလေးနဲ့ သူကို့နွေးထွေးစေချင်ယုံသက်သက်ပါဘဲ....

ဒါပေမယ့်ဗျာ ကျနော်နောက်ဆုံးရလိုက်တဲ့ ရလဒ်ကတော့ သူ့ ဆီကစကားလုံးကြမ်းကြမ်းတွေပါဘဲ ။ သူ့ကို အငြိုး ကြီးကြီးနဲ့ ဒုက္ခပေးဖို့ လိမ်နေတာဆိုတဲ့ စကားလုံးမျိုးအထိကို ရက်ရက်စက်စက်ပြောလာတဲ့အထိဘဲလေ။ တကယ်တော့သူဘယ်လိုမှာ စိတ်ကူးလို့မရတဲ့ လူတစ်ယောက်ဆီက ဒီလိုအပြုမူတွေဟာ သူ့အတွက်စိတ် အနှောက်အယှက်ဖြစ်စရာတွေ ဆိုတာဖြစ်ခဲ့ရင် ကျနော့်ကြောင့် သူ့မနက်ခင်းတွေ အုံ့မှိုင်းခဲ့တယ်ဆိုရင် ကျနော် တကယ်ကိုစိတ်မကောင်းပါဘူးဗျာ။ ယောင်္ကျားမှန်ရင်မျက်ရည်မကျရဘူးဆိုတဲ့ ဘယ်သကောင့်သားက ချမှတ်ခဲ့ မှန်းမသိတဲ့ စည်းမျဉ်းကြီးသားမရှိခဲ့ရင် သူ့ဆီက စကားလုံးတွေကြားရတဲ့နေ့က......

တကယ်တော့ဒီကနေ့အထိ သူ့ဘက်ကမှန်ခဲ့ပါတယ်။ ပြတ်ပြတ်သားသားလဲ ပြောသင့်တာကို ပြောခဲ့ပါတယ် ။ ဒီအတွက်လဲ ကျနော်ကကျေးဇူးတင်ပါတယ် ချစ်ဟန်ဆောင်ပြီးကြိုးရှည်ရှည်နဲ့လှန်ထားတာထက်စာရင် အများကြီး ကောင်းတာဘဲလေ.....ဒါပေမယ့် မေတ္တာတရားဆိုတာ စီးပွားရေးလုပ်သလို ဒီလုပ်ငန်းကိုရှုံူးမယ်မှန်း သိနေလို့ နောက်လုပ်ငန်းတစ်ခုနဲ့ ကာမိအောင်လုပ်လို့ရတာမျိုးမှမဟုတ်ဘဲ။ အရှုံးမြတ်တွက်လို့ရတာမျိုးမှ မဟုတ်ဘဲလေ။ သူ့ဘက်က မဖြစ်နိုင်ဘူးဆိုပေမယ့် အစားထိုးခွင့်မပေးတဲ့ ကျနော့်ခံစားမှုကို ကျနော်က ဘယ်လို ပြောင်းလို့ရမလဲ။ ဒီတော့လဲဗျာ အတင်းအစားထိုးနေမယ့်အစား နှလုံးသားရဲ့ အခန်းငယ်တစ်ခုကို မပြန်လာမှန်း သိတဲ့သူအတွက် ထာဝရ ဖယ်ထားလိုက်တာ အကောင်းဆုံးဘဲမဟုတ်လား။ ကျနော်က တော့ သူ့အတွက် ဒီအခန်းလေးကို ထားဝရ သန့်စင်ထားလျှက်ပါ။

အိုဗျာ ရှင်းရှင်းပြောရရင် သူအိမ်ထောင်ပြုခဲ့ရင်တောင်မှ သေတစ်ချက်၊ ကွဲတစ်ချက်တော့ မျှော်လင့်လို့ရပါသေး တယ် ..... ဒီလိုဆုတောင်းတာမဟုတ်ဘူးနော် ဆုလဲဆုမတောင်းကောင်းပါဘူး ဒီလိုဖြစ်ခဲ့ရင်တောင်မှ သူချစ်တဲ့ သူနဲ့ ထာဝရ ပျော်ရွင်နိုင်ပါစေလို့ဆုတောင်းရင်းနဲ့ဘဲ ကျနော့်နှလုံးသား အခန်းငယ်ကို သူ့အတွက်ဖယ်ထားပေး နေမှာပါ.......