သတင်းစာပိတ်ပြီ

တစ်စုံတစ်ရာသော ခံစားမှုပေါင်းများစွာ၏ ထိုးနှက်မှုကို ခံစားရသောအခါ ဝေဒနာများဖြစ်ပေါ်လာလေသည် ။
ထိုဝေဒနာများစုပေါင်းမိသောအခါ ဒဏ်ရာဒဏ်ချက်များ ဖြစ်ပေါ်လာရပြန်၏။
ထိုဒဏ်ချက်များ၏ နှိပ်စက်မှုကိုများ စွာခံစားရသော အခါ ခံစားမှုတို့ သေဆုံးသွားရပြန်ပါသည်

သူမသိသော အကြောင်းအရာ သူမဖတ်သောကဗျာတို့ကို သူ့အတွက် ရေးရဖန်များသော အခါ............
သို့မဟုတ်ကျနော်ပြောချင်းသည်များကို ခံစားနားလည်ပေးမည့် သူများ ပျောက်ဆုံးသွားသည့်အခါ..............
လူပေါင်းများစွား၏ ကြားတွင် တစ်ယောက်တည်း အထီးကျန်ရပ်နေရဖန်များသော အခါ..............

ကျနော်၏ ချစ်လှစွာသော စာလုံးလေးများကို မြေမြုတ်သဂြိုလ် လိုက်ပေသည်...............
နှစ်သိမ့်ဆုများအား အထူးအစီစဉ်အဖြစ် အားလုံးရဲ့ ရင်ထဲမှအပူလုံးများ ငြိမ်းချမ်းစေရန်အလို့ ငှာ ရေခဲ ၁၀ ပေါင်
ပေးမည်ဖြစ်ပြီး ယင်းရေခဲများကိုမူ မိမိအစီအစဉ်ဖြင့် ကိုယ်တိုင်းသွား ယူရမည် သွားယူရမည့်နေရာမှာ မြောက်ဝန်
ရိုးစွန်းဖြစ်သည်။

ပြိုင်ပွဲဝင်စာမူများကိုမူ နောက်တနင်္ဂနွေထက်နောက်မကျဘဲ မိမိသက်ဆိုင်ရာဘလောက်များတွင် ရေးသားပေးကြ
ပါရန်မေတ္တာရပ်ခံပါသည်။
တီတီညလေးက တက်တော့လဲ ရေရတော့မှာပေါ့ ခက်တာက ကျနော်ကလည်း ဘလောက်ရေးသက်က သိပ်မ ကြာရသေးတဲ့အထဲမှာ စိတ်ကူးပေါက်မှထထရေးတော့ ရွေးစရာလည်းသိပ်တော့မရှိပါဘူး မရှိရှိတဲ့ အထဲကဘဲ ရွေးပေး ရမှာပေါ့ နော် ကဲတီတီရေ ရွေးပြီနော်................
(၁) ကောင်မလေးသို့.... ဆိုတဲ့ ကဗျာလေးကိုတော့ သဘောကျမိသလိုလိုပါဘဲ
(၂) ဘာကြောင့်ဘလောက်ရေးရတယ် (၂) လည်းကိုယ့်ဘာသာကိုယ် သဘောကျမိသား ကျားခေါင်းပေါ်က ယင်ကောင်ဖြစ်ကြည့်ချင်လိုက်တာနော်..........
(၃) မျိုးဆက်ဟောင်းများသို့ပေးစာ ဆိုတာလေးကိုတော့ တော်တော်များများကြိုက်လို့ ကျနော်လည်း ကြိုက် လိုက် မယ်နော်...........
(၄) စစ်မွေ ဆိုတဲ့ ကဗျာလေးရယ် စစ်ဆိုတာဘယ်သူ့ အတွက်မှမကောင်းဘူးလေ..............
(၅) တမ်းချင်း လေးလည်းကြိုက်ပါတယ် ဗျာ ...........

ကျနော်တော့ ဘယ်သူ့ကိုမှမတက်တော့ဘူး ဒါပေ မယ့် ၀မ်းသာတော့မစောနဲ့နော် ဟီ ဟိ ဂျောက်ချစရာရှိလို့
ဒီတစ်ခါ အားလုံးကိုဂျောက်ချမယ် နော် ဘလောက်ဂါ အတော်များများက ကျောင်းတွေပြီး ပြီဆိုတော့ ကျောင်းနဲ့
ဝေးနေကြပြီပေါ့ နော်.......... ကျောင်းတော်အမှတ်တရလေး လာတော့မယ်..................... နော် အားလုံး အတွက် ဘလောက်ဂါတွေ စုပြီး စာစီစာကုံး ပြိုင်ပွဲ လေးဆင်နွဲရအောင်နော်

လူတိုင်း စီပွားရေးမှာဘဲဖြစ်ဖြစ် နယ်ပယ်ဒေသတစ်ခုမှာဘဲ ဖြစ်ဖြစ် ခေါင်းဆောင်ဖြစ်ချင်တဲ့ အိပ်မက်ကို မက်ဖူးကြပါတယ် ဒီတော့ ငယ်ဘ၀ ကလောက်ဂါများ ဘာခေါင်းဆောင်များ ဖြစ်ချင်ကြဖူး ကြလဲဆိုတာ အားလုံး လည်းသိသွားအောင် နောက်မိတ်ဆွေတို့ဖြစ်ချင်တဲ့ နယ်ပယ်မှာဖြစ်ခွင့်ရရင် ဘာတွေလုပ်ပေးချင်တယ် ဆိုတာ
လေးတွေကို ပါ ပြောပြရင်း ပိုမိုရင်းနှီးရအောင် ``ကျနော်ခေါင်းဆောင် ဖြစ်ခဲ့သော်..... ´´ ဆိုတာလေးရေး ကြရအောင် ဘလောက်ဂါအားလုံးကို ဖိတ်ခေါ်ပါတယ်ခင်ဗျ

ပထမဆုကို
ဘလောက်ဂါ ဂုရုမကြီးဘာညာကိုယ်တိုင်ချီးမြင့်မည်ဟု သိရပါသည် သို့သော် ဘာပေးမည်ဆိုသည်ကို အထူးလျို့ ၀ှက်ထားပါသဖြင့် သတင်းထောက်စိုးဇီယာ အား စုံ စမ်းပေးဖို့ဝိုင်းဝန်းတိုက်တွန်းပါ
ဒုတိယဆုကို
နာမည်ကြီး
ဘလောက်ဂါ နေဘုန်းလတ် နှင့် နေ့လည်စာအတူစားခွင့် သို့သော် အမျိုးသားဘလောက်ဂါများဆုရ
ရှိခဲ့သော် ဆုရသူမှ နေ့လည်စာကုန်ကျစရိတ်ကျခံရမည်ဖြစ်သည်....။( အတည်မပြုနိုင်သော သတင်းအရ နာမည်ကြီးဘလောက်ဂါ ဘာလာဂေါက်မှ သူပေးချင်သည်ဆိုပြီး နေဘုန်းလတ်မှနေရာဖယ်မပေးသဖြင့် နက်ဖြန်
ညနေတွင် ဓားချင်းခုတ်ရန်ချိန်းဆိုထားသည်ဟုသိရ)
တတိယဆုကိုမူ
ဘလောက်မယ် မမယ်လိုဒီမှ သူနှင့်အတူ ကော်ဖီသောက်ခွင့် ပေးမည်ဖြစ်သည်ဟုကြော်ငြာထားပါသည် သို့သော် မမယ်လိုဒီအနေနှင့် တတိယဆုအတွက်ဆုရွေးချယ်ရန် သူ့စိတ်ကြိုက်ရွေးချယ်ခွင့်တောင်းထားပါသဖြင့် ပြိုင်ပွဲဝင်အမျိုးသားဘလောက်ဂါများ တတိယဆုအတွက်မျှော်လင့်ချက်ကောင်းကြောင်းနီးစပ်ရာ ဘလောက်ဂါ အသိုင်းဝိုင်းမှသတင်းထွက်
( အမှတ်ပေးဒိုင်များအဖြစ်မူ ကိုနေဘုန်းလတ် ၊ ကိုညီလင်းဆက် ၊ မဘာညာ ၊ တီင်္တီညလေး နှင့် မမယ်လိုဒီတို့ အား အကူညီတောင်းခံထားပါသည် ) မှတ်ချက် ထိုသူများမအားပါက အားသည့်အချိန်မှ ဆုစာရင်းကြော်ငြာ ပြီ
ပေးချင်သည်အချိန်မှ ဆုပေးပါမည်..........................
ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီ
ဘလောက်ဂါများအား နီစပ်ရာေ၇ာမနီးစပ်ရာရော ပြိုင်ပွဲဝင်ရန် ဇွတ်ရောအတင်းရောတိုက်တွန်းပေးကြပါနော်
ပြီးပါပြီ

အော်မေ့တော့မလို့ ဒိုင်အဖွဲ့ပါပြိုင်ပွဲဝင်မည် ကွိ ကွိ




ကျနော်တို့ဆီမှာပေါ့လေ .....သိပ်မကြာခင်ရက်ပိုင်း လေးတုန်က ဒီဇယ်ဈေးတွေ တက်သွားတယ်ပေါ့ ဒါတွေကို
ဘလောက်တွေပေါ်မှာလဲ အတော်လေးရေးကြတာ တွေ့ ရသားဗျ။ ဘလောက်တစ်ခုကဆိုရင် ဘာပြောသလဲဆို
တော့ ဒါဟာ Boiling frog effect လို ဖြစ်နေတယ် လို့တောင်ပြော ကြတယ်ဗျ။ ဘလော့ရှင် ဆိုလိုချင်တဲ့ သ
ဘော ကတော့ ဗျာ တဖြည်းဖြည်းနဲ့ ဖားလေးတွေဟာ ရေပူမှန်းမသိပူလာပြီး သေသွားရသလိုမျိုးလို့ ဆိုလိုချင် ပုံရတယ်ဗျ။
ဒါပေမယ့်ပေါ့ဗျာ လက်ရှိအခြေအနေနဲ့ ဒီသီအိုရီကသိပ်မဆိုင်ဘူးလို့ ကျနော်တော့ထင်တယ်ဗျ။ ဘာလို့ လဲ ဆိုတော့ Boiling frog effect ဆိုတာက တဖြည်းဖြည်းနဲ့ ပြောင်းလဲသွားတဲ့ အဖြစ်မျိုးကို ဆိုလိုချင်တာ ကို
အခုကြုံတွေ့ရတဲ့ဟာက လျှပ်တပြက် ဖြစ်သွားတာလေ ။ (ဆက်မရေးခင်ပြောချင်တာက ကျနော် နိုင်ငံရေး သမား မဟုတ်ပါ ဒါကြောင်းယင်ကိစ္စကို နိုင်ငံရေးအရ ဝေဖန်ခြင်း မဟုတ်ပါ တွေးမိတာလေးနဲ့ အဆင်ပြေနိုင်တာ လေးကို စဉ်းစားပြီးပြောကြည့်ခြင်းပါ) ။
နောက်ပြီးပေါ့လေ ဓာတ်ဆီဈေးတက်တဲ့ ဟာကိုပေါ့ ဘယ်သူတွေက လက်ခံသည်ဖြစ်စေ လက်မခံသည် ဖြစ်စေ ကျနော့်အနေနဲ့ကတော့လက်ခံနိုင်တယ်... ဘာလို့လဲဆိုတော့ ဓာတ်ဆီဈေးကိုပေါ့လေ ကမာ့္ဘ ပေါက် ဈေးထက် လျှော့ချပြီး ရောင်းနေတာဟာ တိုင်းပြည်အတွက်အရှုံးပေါ်နေပြီး ဒီင်္လိုဈေးလျှော့ရောင်းခြင်းအား ဖြင့် လူထုတစ်ရပ်လုံးအတွက် အကျိုးရှိနေတာမဟုတ်ဘဲ လူတန်းစားတစ်ခုအတွက်ဘဲ အကျိုးရှိနေတဲ့ သဘော ရှိတယ် ။ အနည်းဆုံးတော့ဗျာ ကားစီးနိုင်တဲ့ လူတန်းစားအတွက်ဘဲ အကျိုးရှိနေတယ် ။ ကားတစ်စီးကို ဂါလံ (၆၀) ပေါ့ အစိုးရက ပေါက်ဈေးထက်လျှော့ချပြီးထုတ်ပေးတယ်။ တကယ်တော့ ဂါလံ (၆၀) ကုန်အောင်သုံးတဲ့ ကားကနည်းတယ်လေ ။ ဒီတော့ပိုတဲ့ဓာတ်ဆီကိုပြန်ရောင်းတော့ မှောင်ခိုဈေးကွက်ဖြစ်လာရော။ အခုပေါ့လေ အစိုးရကတက်လိုက်တဲ့ ဓာတ်ဆီဈေးက အပြင်ပေါက်ဈေးလောက်တောင်မရှိသေးဘူးလေ ဒီတော့ ဓာတ်ဆီဈေး တက်တဲ့ဟာ လက်ခံနိုင်စရာရှိပါတယ်။
ဒါပေမယ့်ပေါ့ဗျာ ဓာတ်ဆီဈေးကိုပေါ့ ရုတ်တရက်ထိုးတက်လိုက်တဲ့ အခါကျတော့ နည်းနည်းတော့ ရိုက်ခက် သွားတာပေါ့ ဘယ်လိုရိုက်ခက်သွားသလဲဆိုတော့ Transportation cost တွေတက်သွားတယ် ဒီရိုက် ခတ်မှုနဲ့ တပြိုင်နက် transportation cost တက်တော့ ကုန်ဈေးနှုန်းတွေတက်လာမယ် ဒီတော့ဘာတွေ ဆက်ဖြစ်လာသလဲဆိုတော့ Inflation (ငွေကြေးဖောင်းပွမှု) ဖြစ်လာမယ် Inflation ဟာ စီးပွားရေး လုပ်ငန်းရှင်တွေအတွက်ခုသာခံသာရှိအောင် ကိုင်တွယ်လို့ရနိုင်ပေမယ့် ၀န်ထမ်းပေါ့ ( ကုမ္ပဏီ၊ အစိုးရ ) သူတို့ အတွက်မှာတော့သွားရေးလာရေးကအစ ကုန်ကျစရိတ်တက်သွာတယ် ၀င်ငွေထွက်ငွေ မမျှတာတွေဖြစ် နိုင်တယ် စီပွားရေးလုပ်ငန်းဆိုတာတောင် Small business တွေဆိုအထိနာနိုင်တယ် Inflation ဖြစ်လာတော့ Investment ပိုလုပ်ရမယ် ဒီတော့ အရင်းနှီးကို ထပ်မဖြည့်နိုင်ရင် လုပ်ငန်းလည်ပတ်မှု နှေးကွေးသွားမယ့် သဘောရှိတယ်။ ဒီတော့ အခြေခံကျတဲ့ လောင်စာဈေးနှုန်းပြောင်းလဲမှုဟာ င်္စီးပွားရေးဖြစ်စဉ်တစ်ခုလုံးကို ရိုက်ခက်တဲ့သဘောရှိတယ် Domino effect လို့ဘဲ ဆိုရမယ်နဲ့ တူတယ်နော်။ ဒါပေမယ် ဆူနာမီ effect ဗျ ချက်ခြင်းဖြစ်သွားတော့ဘာ လုပ်လို့လုပ်ရမှန်းကိုမသိဘူးဖြစ်ကုန်တာပြီးတော့ ဒီ wave ကြောင့် အားလုံး Shock ရသွားတယ်လေ။
ဒီတော့ ဓာတ်ဆီဈေးတက်တာဟာ မကောင်းသလို ဖြစ်နေတယ်။ တကယ်တော့ ဒီလိုလေးတွေ ဆိုရင်တော့ ပို
အဆင်ပြေနိုင်မလားလို့ပါ နော် အားလုံးဆွေးနွေပေးပါ ဘာလို့လဲဆိုတော့ ကျနော့်ထက် စီးပွားရေး သဘောတရားကိုကျွမ်းကျင်သူတွေရဲ့အမြင်လေးတွေကိုလိုချင်လို့ပါ
ကျနော်ကတော့ ဒီလိုကုစားချင်တယ် ဗျ ...........
(၁) အိမ်စီးကားနဲ့ လိုင်းကားတွေ အတွက် ဈေးနှုန်းနှစ်မျိုးပြောင်းလဲသတ်မှတ်လိုက်မယ်ဆိုရင်ပေါ့ နေ့စဉ်ခရီးသွားလာနေကြတဲ့ ကျနော်တို့လိုပြည်သူတွေ အတွက်လည်းအသက်ရူချောင်း တိုင်ပြည်လည်း ၀င်ငွေတိုးပေါ့ ....
(၂) အိမ်းစီကားတွေကို ထုတ်ပေးနေတဲ့ ဂါလံ (၆၀) ကတကယ်တော့ မကုန်ကြဘူးဗျ ဒီတော့ ပိုတဲ့ ဆီကိုရောင်းစား ကြတယ် ဒီတော့ကြားခံမှောင်ခိုဈေးကွက်ပေါ်လာတယ် မှောင်ခိုကနေမှ တကယ့်စားသုံးသူ လက်ထဲကိုရောက်ရတယ် ဒီတော့အိမ်းနီးနားချင်းနိုင်ငံတွေရဲ့ လောင်စာပေါက်ဈေးနဲ့ တွက်ပြီးလို သလောက် ရောင်းပေးလိုက်ရင် မှောင်ခိုဈေးကွက်လည်းပျောက် စားသုံးသူလက်ထဲလည်း တိုက်ရိုက်ရောက် တိုင်းပြည်လည်း ၀င်ငွေတိုး ဈေးနှုန်းလည်းတည်ငြိမ်မယ် ဘာလို့လဲဆိုတော့ အစိုးရက ဒီဇယ်ဈေး မတက်ခင်ကကိုဘဲ အပြင်မှာ က ၃၂၀၀ လောက်ပေါက်တာကို ၃၀၀၀ နဲ့သာ လိုသလောက်ရောင်းပေးနိုင်ရင် ဈေးနှုန်းငြိမ်တာပေါ့အရင်ထဲကိုက ကုန်စည်သယ်ယူပို့ဆောင်ရေးနဲ့ ဟိုင်ဝေးခရီး သွားလုပ်ငန်းတွေက အပြင်ဆီပေါက်ဈေးနဲ့ယူထားကြတာဆိုတော့ လိုသလောက်သာရောင်းနိုင်ရင် transportation cost လည်းမတက် တိုင်ပြည်ဝင်ငွေလည်းတိုးပေါ့နော်....
နောက်ဆရာကြီး ဒေါက်တာခင်မောင်ကြည် ပြောသလိုပေါ့လေ အစိုးရက ပညာရှင်တွေအနေနဲ့ Inflation ကို
ုထိန်းနိုင်အောင် ဒီလိုဆုံးဖြတ်မှုမျိုးကို လုပ်တာဆိုရင် အထက်ပါနည်းလမ်းများနှင့်ကုစားလိုက်မယ်ဆိုရင် Inflation ကို အလိုလျှောက်ထိန်းနိုင်သွားလိမ့်မယ် သေချာတယ် ဗျာ။ လောလောဆယ်ကားဈေးတွေ ပြုတ်ကျသွားမယ် ကာဝယ်ပြီး Invest မလုပ်တော့ဘူး ဒါဆိုဒီကထွက်လာတဲငွေတွေဟာ တခြား စီပွားရေးလုပ်ငန်းတွေအပေါ်ကို flow ဖြစ်သွားမယ်ဒီတော့ ငွေကြေးလှည့်ပါတ်မှုကောင်းလာမယ် ဒါဆိုရင် ငွေသေတွေက နေ လုပ်ငန်းတွေမှငွေရှင်တွေအနေ နဲ့ လှည့်သွားရင် ငွေကြေးဖောင်းပွမှု ပြဿနာတွေလည်း ပြေလည်နိုင်တယ် လို့ထင်ကြောင်း.....
ယင်းသုံးသပ်ချက်များမှာ လက်တလောအခြေနေပေါ်တွင်မှီတည်ပြီး သုံးသပ်ထားခြင်းဖြစ်ပါသဖြင့် အမှား မှန်ကို
ကျနော့်အနေနဲ့ သေချာစွာ မပြောနိုင်ကြောင်း ဒါကြောင့်အားလုံးဝိုင်းဝန်းဆွေနွေးခြင်းဖြင့် ယင်း ဆူနာမီ effect အတွက် အကောင်းဆုံး ကုစားနည်းလေးကို
ရနိုင်စေရန်ရည်ရွယ် ကာ ရေးသားခြင်းသား ဖြစ်ပါသည်.................

ကိုတာရာသို့

မနေ့ညကပေါ့
လူနံပါတ် ၁၃ တဲ့ ခင်ဗျားရေးတဲ့ စာအုပ်
ကိုတာရာ ခင်ဗျားကတော့ သွားရှာပြီ........

ခင်ဗျားသတင်းကြားတဲ့ နေ့က
ချောင်းနဲနဲဆိုးနေတယ် ခေါင်းနဲနဲကိုက်နေတယ်
အများနဲ့ အတူဝမ်းမနဲနိုင်တာ ခင်ဗျားနားလည်ပေးပါဗျာ

ကျုပ်ဒီလိုပြောတော့
ခင်ဗျားပရိတ်သက်ကတော့ သောက်မြင်ကပ်မှာပေါ့
ကျုပ်လည်းသူတို့လို အတ္တနဲ့လူ လေဗျာ
ဒါပေမယ့်အမှန်တရားကို ကားနဲ့တော့လဲမစီးဘူး
သိက္ခာကို ဈေးမကစားဘူး
ခင်ဗျာအနုပညာမှာ ဒါမျိုးတွေတွေ့ရတယ်
ဒါကြောင့်ကျနော်သဘောကျတာ

ဘာတဲ့ခင်ဗျားပြောခဲ့တာ
(ပလုံ)
ရေထဲကိုကျသွားတာလဲဖြစ်နိုင်တယ်
ရေထဲကပြန်တက်လာတာလဲဖြစ်နိုင်တယ်
အဲဒီလိုအတွေးတေကိုသဘောကျတယ်
ဒီလိုအတွေးတွေနဲ့ခင်ဗျားကို
စကားပြောခွင့်မရတာတော့
စိတ်မကောင်းဖြစ်မိသား

ကိစ္စတော့မရှိပါဘူ အနှေးနဲ့အမြန်
ခင်ဗျာဆီကျနော်လာမှာဘဲလေ ။ ။

ပန်ကြားလွာ

ကျနော်မကြာမကြာ ဘလောက်များပေါ်တွင် ကဗျာ ရေးဖြစ်ပါသည်။ထိုကဗျာများသည်ကျနော်၏ နှလုံးသားမှ
မွေးဖွားလာခြင်းမဟုတ်ပါ။ ထိုကြောင့်ထိုကဗျာများသည် ကျနော်၏ လက်ချောင်းများဖြင့်ရေးသားခဲ့သော
ကဗျာများသာ ဖြစ်ပါသည်။ ထိုကဗျာများ တွင်စကားလုံး များရေးဖွဲ့တက်စေရန် ကျနော်၏ နှလုံးသားအတွင်း
သို့ စကားလုံးများသွတ်သွင်းပေးခဲ့ သော အဝေးရောက်တစ်ယောက်သောသူအား အထူးကျေးဇူးတင်ပါသည်။
ထို့ကြောင့်ထိုကဗျာ များသည်ကျနော်နှင့် မသက်ဆိုင်သော ကျနော်ရေး ကဗျားများဖြစ်ပါသည်။ အကြောင်း
တစ်စုံတစ်ရာကြောင့်ထိုကဗျာများကိုနှစ်သက် ပါက သူမအားချီးမွမ်းကြရန်နှင့် အကြောင့် တစ်စုံတစ်ရာကြောင့်
နှစ်သက်ခြင်းမရှိပါက ကျနော်၏ အရေးသားညံ့ဖျင်း မှုသာ ဖြစ်ပါကြောင်းအားလုံးအား အသိပေးအပ်ပါသည်။

ထို့ကြောင့်ထိုကဗျာများသည် ကျနော်ရေး၍ သူမပိုင်သော ကဗျာများဖြစ်ပါသည်။ ထိုကဗျာများကိုနှစ်သက် ပါက
သို့မဟုတ် ကူးယူခြင်းများပြုလုပ်လိုပါက သူမ၏လိပ်စာဖြစ်သည့်
အမှတ် ၁၅၀၀ အနှုတ် ၁ ၊ မေတ္တာမဲ့လမ်း
မကြင်နာတက်သူများရပ်ကွက်
ဥပေက္ခာမြို့

သို့ စာဖြင့်ရေးသား၍ ဖြစ်စေ သွားရောက်၍ ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။
တစ်ခါတုန်းက အထက်အညာဒေသရဲ့ ရွာတစ်ရွာမှာပညာရှိလို့ အမည်ခံထားတဲ့လူတစ်ဦး ရှိတယ်တဲ့ သူ့ကိုယ်သူ သာပညာရှိရယ်လို့ အမည်ခံထားတာ သူဘယ်လောက်ပညာရှိတယ် မရှိဘူးဆိုတာကို ဘယ်သူကမှ မသိပါဘူး အဲဒီလိုနဲ့တစ်နေ့လည်းကျရော သူ့ကိုစမ်းသပ်နိုင်မယ့် အခွင့်ရေးတစ်ခုပေါ်လာပါတယ်........

အဲဒီရွာမှာ ဘာဖြစ်သလဲဆိုတော့ ရွာထဲမှာရှိတဲ့နွားတစ်ကောင်က စဥ့်အိုးထဲမှာပေါက်နေတဲ့မြက်ကို
ခေါင်းဝင် ပြီးစားလိုက်တာစားလည်းပြီးရော ခေါင်းကစဉ်းအိုးထဲက ပြန်ထုတ်လို့မရတော့ဘူး ဟားရွာထဲမှာရှိတဲ့ အားကောင်းမောင်းသန်းယောင်္ကျားတွေ ၀ိုင်းပြီးနွားခေါင်းကိုဝိုင်းထုတ် လည်းဘယ်လိုမှမရဘူး အဲဒါနဲ့ လူတစ်ယောက်က ဟာ မင်းတို့ ဘာလို့အပင်ပန်းခံနေတာလဲ ငါတို့ရွာထဲမှာ ပညာရှိကြီးတစ်ယောက်လုံးရှိတာ နွားခေါင်းချွတ်နည်းလောက်တော့ သူသိမှာပေါ့ သူ့ကိုသွားမေးကြည့်ရအောင်ဆိုတော့ အားလုံးသဘောတူတာနဲ့ စဉ်းအိုးကြီးရော နွားကိုပါ ဆွဲပြီတော့ ရွာ ထိပ်မှာနေတဲ့ပညာရှိကြီးဆီကိုသွားပါတယ်
“ဆရာကြီး ဆရာကြီးခင်ဗျား”

“ဘာလဲဟေ့”
“ကျနော်တို့တော့ ဒီလိုဒီလိုဖြစ်လာလို့ ဆရာကြီး အဲဒါဆရာကြီးများနွားခေါင်းချွတ်နည်းလေး
သိရင်မစပါ ”
“အင်း အခုထိတော့ ကျမ်းတွေထဲမှာမဖတ်ဖူးဘူး ငါရှာထားလိုက်မယ်လေ မင်းတို့နောက်နေ့မနက်
လောက်ကိုတော့ လာခဲ့ပေါ့ ဆိုတော့ ”
“ဟုတ်ကဲ့ခင်ဗျာ ကျနော်တို့နောက်နေ့မှလာခဲ့ပါ့မယ်” ဆိုပြီပြန်သွားကြပါတယ်
အဲဒီနေ့ ညမှာတော့ ဆရာကြီက ဖယောင်တိုင်နာရီတိုင်ကြီးနှစ်ထုပ်နဲ့ တစ်ညလုံးရှာပါတယ်
ဒါပေမယ့်မတွေပါဘူး
မနက်လည်းမိုးလင်ရောခပ်တည်တည်နဲ့ ထိုင်နေပါတယ် ဆေးတံကြီခဲပြီ တော့ ပေါ့လေ
ရွာသားတွေလည်းလာပြီး တော့ “ဆရာကြီးတွေ့လားခင်ဗျာ ”
“တွေ့တာပေါ့ကွာ ငါ့ စာအုပ်တွေဘာလုပ်ဖို့ထားတာလဲ နွားခေါင်းချွတ်နည်းရှိတာပေါ့”
“ဟုတ်ကဲ့ဆရာကြီးဒါဆိုဘယ်လိုလုပ်ရမလဲခင်ဗျာ”
“လွယ်ပါတယ်နွားခေါင်းကိုဖြတ်လိုက်ပေါ့ကွာ ”
ဟုတ်ကဲ့ဟုတ်ကဲ့ ဆရာကြီးခုလုပ်လိုက်ပါမယ်ဆိုပြီးပါလာတဲ့ဓားနဲ့ ဖြတ်လိုက်ပါတယ်
ဒါပေမယ့် “နွားခေါင်းကမကျွတ်သေးဘူးဆရာကြီး”
“အိုးကိုရိုက်ခွဲလိုက်ပေါ့ကွာ” “ဟုတ်ကဲ့ဆရာကြီး” ဆိုပြီးအိုကိုခွဲလိုက်တော့နွားခေါင်းလည်း
ထွက်ကျလာရော ရွားသားတွေလည်းဝမ်းသာအားရနဲ့ပြန်သွားပါတယ်
ပြီတော့ရွာလည်က ဇရပ်မှာ စုဝေးတိုင်ပင်ပါတယ် ဟာငါတို့မစဉ်းစားမိတဲ့ ဟာ ကြည့်စမ်း နှစ်ချက်ထဲ
နဲ့ အဆုံးဖြတ်ပေးသွားတာ
နွားခေါင်းကိုဖြတ်လိုက် အိုးကိုခွဲလိုက်တဲ့
ဒီလောက်တော်တဲ့ ဆရာကြီးကိုအမဲဝမ်းတွင်းသား ၂ပိသာ လောက်ကန်တော့မှ ကောင်းမယ်ဆိုပြီ ဆရာ
ကြီးကိုသွားကန်တော့ပါတယ်

“ဆရာကြီးခင်ဗျာ ကျနော်တို့က ဆရာကြီးကိုရိုသေလို့အမဲဝမ်းတွင်းသား လာကန်တော့တာ ပါ လက်ခံပေးပါ
နောင်လည်းရွာကိုကူညီပါဆိုတော့”
ပညာရှိကြီးက ခပ်တည်တည်နဲ့
“မင်းတို့ရွာငါမရှိရင်ခက်တယ်တဲ့”


ဒီလိုလူမျိုးတွေအကြောင်းကိုလည်းကျနော် ဘလောက်ရေးချင်ပါတယ်